လူတွေဟာ ကိုယ်တကယ် မြတ်မြတ်နိုးနိုး ချစ်တဲ့သူနဲ့ ဆုံမိတဲ့အခါ ပြောင်းလဲလာတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေက ကိုယ့်ကိုယ် တကယ်ချစ်တယ်လို့ ထင်မိပေမယ့် တကယ်တမ်းမှာတော့ အထင်နဲ့ လက်တွေ့ တစ်ခြားစီဖြစ်နေတတ်တာမျိုးလည်း ရှိနေတတ်ပါတယ်။
ဒီအချက်တွေက သူ သင်နဲ့ပတ်သက်ပြီး ဘယ်တော့မှ ပြောင်းလဲလာမှာမဟုတ်ဘူးဆိုတာကို ဖော်ပြလို့နေပါတယ်။
ကိုယ့်အမှားကို ဘယ်တော့မှ မမြင်တတ်ဘူး
ကိုယ့်အမှားကို ကိုယ်မြင်တတ်တဲ့သူဟာ လူတော်တစ်ယောက် ဖြစ်သလို ကိုယ့်အမှားကို သူများပြောပြလို့ နားလည်လက်ခံတဲ့သူဟာလည်း ထက်မြက်တဲ့သူ တစ်ယောက်ပါပဲ။
ဒါပေမယ့် သင့်ချစ်သူက ဘာကိစ္စပဲ ဖြစ်ဖြစ် သူ့အမှားကိုတော့ မမြင်တတ်သလို သင်ထောက်ပြတာကိုလည်း လက်မခံတတ်သူ တစ်ယောက်ဖြစ်နေပြီဆိုရင်တော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် မပြောင်းလဲနိုင်တဲ့ လက္ခဏာရပ်ပါ။
နောက်ပြီး တစ်ခုခုဆို သင့်ကိုပဲ အပြစ်ဖို့မယ်၊ နာကျင်စေမယ်၊ ကတိတွေ ထပ်တလဲလဲ မတည်ဘူးဆိုတာတွေက သင့်အတွက်ကြောင့်နဲ့ သူ ဘယ်အရာမှ ပြောင်းလဲမလာဘူးဆိုတာ ဖော်ပြနေပါတယ်။
ချစ်သူအချင်းချင်း စိတ်အခန့်မသင့်မှုတွေနဲ့ ပြသနာလေးတွေ ဖြစ်လာတဲ့အခါ ညှိနှိုင်းတတ်ဖို့ လိုအပ်ပါတယ်။
တကယ်လို့ သင်ချစ်သူက ညှိနှိုင်းခြင်းဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ကို နားမလည်ဘူး၊ ညှိနှိုင်းချင်စိတ်မရှိပဲ တစ်ခုခုဆို ဒေါသပဲ ကြီးတတ်တဲ့ သူမျိုးတွေက အမှားအမှန်ကို ခွဲခြားနိုင်စွမ်း နည်းကြပါတယ်။ နောက်ပြီး ဒါဟာ သင့်အတွက်နဲ့ သူ ပြောင်းလဲမပေးနိုင်ဘူးဆိုတာကို ဖော်ပြနေတာပါ။
သင့်ဘက်ကို ဘယ်တော့မှ မကြည့်တတ်ဘူး
ကိုယ်အဆင်ပြေဖို့ တစ်ခုတည်း ကြည့်ပြီး တစ်ဖက်လူရဲ့ အခြေအနေကို မကြည့်တတ်တဲ့ သူတွေကို တစ်ကိုယ်ကောင်းဆန်တတ်တဲ့ သူအဖြစ် သတ်မှတ်ကြပါတယ်။
သင့်ချစ်သူက သူအဆင်ပြေဖို့ တစ်ခုတည်းကိုပဲ ကြည့်ပြီး သင်ဘာကြီးပဲ ဖြစ်နေနေ အရေးမစိုက်ဘူးဆိုရင်တော့ ဒါကို အချစ်လို့ ခေါ်လို့မရနိုင်ပါဘူး။ ဒီလိုလူတွေဟာ ပြောင်းလဲဖို့ အတော်လေး ခက်ခဲပါတယ်။
သင့်ကို ဂရုမစိုက်ဘူး
သူရဲ့ စိတ်ကိုပဲ အဓိက ဦးစားပေးတတ်တဲ့ သူဖြစ်ပြီး တစ်ခါတစ်လေ အချိန်အကြာကြီး အဆက်အသွယ် မလုပ်ပဲ နေနေပြီး သူလိုအပ်တဲ့ အချိန်မှ ပေါ်လာတတ်တာမျိုး၊ သင်နဲ့အတူ အပြင်တွေ ဘာတွေသွားရင်တောင် သူသွားချင်တဲ့ နေရာ၊ သူဖြစ်ချင်တဲ့ အရာတွေကိုပဲ ဦးစားပေးတတ်တာမျိုးပေါ့။
ဒါက တကယ်တော့ သင့်ကို ချစ်နေတာမျိုးမဟုတ်ပဲ သူ့ကိုယ်သူပဲ ပိုချစ်နေတဲ့ ကိုယ့်အတွက်ပဲ သိတဲ့ သူမျိုးဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေက ကိုယ့်အတွက်ကလွဲရင် ဘယ်သူ့အတွက်မှ သိတဲ့ သူမျိုးတွေ မဟုတ်ပါဘူး။
Khin
Credit
Unicode
သင့်အတွက် သူဘယ်တော့မှ ပြောင်းလဲပေးမှာ မဟုတ်ကြောင်း ပြသနေတဲ့ အချက်များ
လူတွေဟာ ကိုယ်တကယ် မြတ်မြတ်နိုးနိုး ချစ်တဲ့သူနဲ့ ဆုံမိတဲ့အခါ ပြောင်းလဲလာတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေက ကိုယ့်ကိုယ် တကယ်ချစ်တယ်လို့ ထင်မိပေမယ့် တကယ်တမ်းမှာတော့ အထင်နဲ့ လက်တွေ့ တစ်ခြားစီဖြစ်နေတတ်တာမျိုးလည်း ရှိနေတတ်ပါတယ်။
ဒီအချက်တွေက သူ သင်နဲ့ပတ်သက်ပြီး ဘယ်တော့မှ ပြောင်းလဲလာမှာမဟုတ်ဘူးဆိုတာကို ဖော်ပြလို့နေပါတယ်။
ကိုယ့်အမှားကို ဘယ်တော့မှ မမြင်တတ်ဘူး
ကိုယ့်အမှားကို ကိုယ်မြင်တတ်တဲ့သူဟာ လူတော်တစ်ယောက် ဖြစ်သလို ကိုယ့်အမှားကို သူများပြောပြလို့ နားလည်လက်ခံတဲ့သူဟာလည်း ထက်မြက်တဲ့သူ တစ်ယောက်ပါပဲ။
ဒါပေမယ့် သင့်ချစ်သူက ဘာကိစ္စပဲ ဖြစ်ဖြစ် သူ့အမှားကိုတော့ မမြင်တတ်သလို သင်ထောက်ပြတာကိုလည်း လက်မခံတတ်သူ တစ်ယောက်ဖြစ်နေပြီဆိုရင်တော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် မပြောင်းလဲနိုင်တဲ့ လက္ခဏာရပ်ပါ။
နောက်ပြီး တစ်ခုခုဆို သင့်ကိုပဲ အပြစ်ဖို့မယ်၊ နာကျင်စေမယ်၊ ကတိတွေ ထပ်တလဲလဲ မတည်ဘူးဆိုတာတွေက သင့်အတွက်ကြောင့်နဲ့ သူ ဘယ်အရာမှ ပြောင်းလဲမလာဘူးဆိုတာ ဖော်ပြနေပါတယ်။
ချစ်သူအချင်းချင်း စိတ်အခန့်မသင့်မှုတွေနဲ့ ပြသနာလေးတွေ ဖြစ်လာတဲ့အခါ ညှိနှိုင်းတတ်ဖို့ လိုအပ်ပါတယ်။
တကယ်လို့ သင်ချစ်သူက ညှိနှိုင်းခြင်းဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို နားမလည်ဘူး၊ ညှိနှိုင်းချင်စိတ်မရှိပဲ တစ်ခုခုဆို ဒေါသပဲ ကြီးတတ်တဲ့ သူမျိုးတွေက အမှားအမှန်ကို ခွဲခြားနိုင်စွမ်း နည်းကြပါတယ်။ နောက်ပြီး ဒါဟာ သင့်အတွက်နဲ့ သူ ပြောင်းလဲမပေးနိုင်ဘူးဆိုတာကို ဖော်ပြနေတာပါ။