ကိုယ်ဘက်က ဘယ်လောက် ချစ်နေပါစေ.. သူဘက်က တန်ဖိုးမထားရင် အမှိုက်ပဲ

မိန်းမတယောက် ယောက်ျားတယောက်ကို တကယ်ချစ်တယ်ဆိုရင်

သေအောင်ဆိုးလည်း သီးခံတယ် အပြစ်တွေလုပ်လည်း ခွင့်လွှတ်တယ်

အချိုးမပြေလည်းပြုပြင်ယူတယ်အားနည်းချက်ရှိလည်းနားလည်ပေးတယ်

ကိုယ့်ကိုဂရုမစိုက်ရင်တောင် အလုပ်ရှုတ်နေလို့ဆိုပြီး ဖြည့်တွေးတယ်

သူကြောင့် ကိုယ်တနေ့လုံးငိုရတာကို သူကြောင့်ကိုယ် တစ်နာရီလောက် ရယ်မောရတာကို ပြန်တွေးပြီးတော့ ပိုပြီးချစ်တက်ကြတယ်

အများစုကပြောကြတယ် မိန်းမဆိုတာ ကိုယ့်ကိုမျက်ရည်ကျအောင်

ငိုစေအောင်လုပ်တဲ့သူကိုမှ ပိုပြီးချစ်တက် ကြတယ်တဲ့

အဲ့ဒါမှားတယ် မျက်ရည်ကျအောင်လုပ်တဲ့ သူမှ ချစ်တာ မဟုတ်ဘူး

မိန်းမဆိုတာ သူတကယ်ချစ်မှသာ ယောက်ျားတယောက် အတွက် မျက်ရည်အကျခံတာပါ

မချစ်မှန်းမချစ်လို့ကတော့ တဘက်ယောက်ျား ကိုယ့်ကိုသေအောင်ချစ်ပြနေလည်း ရင်တောင်မခုန်ဘူး

သဲသဲလှုပ်အောင် ချစ်ပြလေ အမြင်ကပ်လေပဲ အနားကမခွာလေ ပိုပြီး

ကြည့်မရလေပဲ ကိုယ့်အပေါ် ဂရုစိုက်လေ ချေချင်လေ ကိုယ်ကြောင့်

ယောက်ျားကြီးတန်မဲ့ ငိုရင်တောင် ဘာလားဟ ရူးကြောင်ကြောင်နဲ့

ယောက်ျားကြီးတန်မဲ့နဲ့ မျက်ရည်လွယ်တယ် ဆိုပြီးတော့တောင်

$မြင်ကပ်ပုဒ်မ ထပ်တိုးသွားနေအုံးမယ်

ကိုယ့်မှမရလို့ သေပါမယ်ပြောတောင် သေစေဆိုပြီး ငုတ်တုတ်ထိုင်ကြည့်မဲ့ သူမျိုးတွေ

အနုဆုံး နှလုံးသားနဲ့ အမာဆုံး စိတ်ဓာတ်ကို ပိုင်တဲ့မိန်းမတွေ

တခါတခါ မိန်းမတွေစိတ်က သိပ်ဆန်းကြယ်တယ်

အဲ့လိုချစ်တက်တဲ့ မိန်းမ စိတ်ကုန် စိတ်ပျက် သွားတဲ့အခါ ဥပက္ခာပြုလိုက်ပြီ ဆိုရင်လည်း သိပ်ကြောက်ဖို့ကောင်းတယ်

Shar Htut




















Shar Htut

Leave a Comment