Life Style

ရင့်ကျက်လာတယ်ဆိုတာ တကယ်တော့ ဟန်ဆောင်တတ်လာတာပါပဲ

တစ်ခုခုကိုတမ်းတမ်းစွဲလိုချင်ပေမယ့် မျက်နှာလွဲ ဂဲပစ်ပြီး မလိုချင်ပါဘူးလို့ ခပ်တည်တည်ညာနိုင်တာမျိုးပေါ့ ကိုယ်တကယ် လိုချင်ပေမယ့် ကိုယ်မရနိုင်မှန်းသိတဲ့အခါ မလိုချင်ပါဘူးလို့ ညာရတာလဲများပြီလေ ဒါကိုပဲ ရင့်ကျက်လာလိုက်တာလို့ ခေါင်းစဉ်တွေ တပ်လာကြတာ

ရင့်ကျက်ဖို့အတွက် အသက်အရွယ်နဲ့လဲ မဆိုင်ဘူး ဖိုမ သဘာဝနဲ့လဲ မဆိုင်ဘူး ရင့်ကျက်လောက်တဲ့ ဒဏ်ရာဒဏ်ချက်တွေပဲ လိုတာပါ ငယ်ငယ်ရွယ်ရွယ်နဲ့ ရင့်ကျက်သွားပါတယ်ဆိုတဲ့ လူတွေရဲ့ အတိတ်ကို ကြည့်တဲ့အခါ အသက်အရွယ်နဲ့ မမျှတဲ့ လောကဓံတွေ အများကြီးရှိတယ်

သူများကလေးတွေ မိဘရင်ခွင်မှာ နွေးနွေးထွေးထွေး နေနေတဲ့အချိန် သူတို့မှာ ဘဝအတွက် ကြိုးစားရုန်းကန်နေရခဲ့တာလေ သူများကလေးတွေ လိုချင်တာ တလိုက်ရုံနဲ့ ရနေတဲ့အချိန် သူတို့ လိုချင်တာတွေကို မလိုချင်ယောင်ဆောင်ပြီးနေတတ်လာတာ ပြီးတော့ ကိုယ်တကယ်မပျော်တဲ့အရပ်မှာတောင် ပြုံးပြီးနေတတ်လာတာပေါ့

ခုဆို ကျွန်မလဲ တော်တော်လေး ရင့်ကျက်လာပါပြီ ကိုယ်မပျော်တဲ့အရပ်မှာ ပြုံးပြုံးလေး နေတတ်လာသလို ကိုယ် လိုချင်တာတွေ ရမလာတဲ့အခါ မလိုချင်ပါဘူးလို့ ခပ်တည်တည်လေး ပြောတတ်လာပြီ ရင့်ကျက်မှုလို့ ခေါင်းစဉ်တပ်ထားပေမယ့် တကယ်တမ်းကျတော့ ဟန်ဆောင်ရတာပါပဲ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

Credit

Unicode