အခ်စ္နွင့္ဘဝ

ကျေးဇူးပြုပြီးတော့ စာနာပါ တစ်ဘဝစာမှ မဟုတ်ရင် ချစ်တယ်ဆိုတဲ့စကားကို မပြောလိုက်ပါနဲ့

ကျေးဇူးပြုပြီးတော့ စာနာပါ တစ်ဘဝစာမှ မဟုတ်ရင် ချစ်တယ်ဆိုတဲ့စကားကို မပြောလိုက်ပါနဲ့

အချစ်ကြောင့် ဘဝတွေပါ ပျက်သွားတယ် တဲ့

အစက ရယ်မိတယ်

ဘာလို့ ဒီလောက် တုံးအရတာလဲပေါ့

ပြီးတော့မှ စာနာမိတယ်

သူ ဘယ်လောက်များ မျှော်လင့်ခဲ့မိသလဲပေါ့

ကျေးဇူးပြုပြီးတော့ ပျော်စေပျက်စေဆိုရင်

တစ်ဖက်လူရဲ့နှလုံးသားကို မကစားပါနဲ့

ကိုယ့်ဘက်က ဘာရယ်မဟုတ်ပေမယ့်

တစ်ဖက်မှာ မျှော်လင့်ချက်တွေ

ဆက်ပြီး ရှင်သန်ဖို့ခက်ခဲတယ်

တချို့ အနာဂတ်တွေအတွက်

ကြိုတွေးပြီး စိတ်ကူးယဉ်နေတဲ့ လူတွေအတွက်

အနာဂတ်တွေ ပျောက်တတ်သလို

လမ်းတွေလဲ ပျောက်တတ်ပါတယ်

ချစ်တယ် ဆိုတဲ့စကားဟာ

အများကြီးဆိုတာထက်

ပိုပြီး လေးနက်တတ်ပါတယ်

ပေးဆပ်ပြီးချစ်တတ်တဲ့သူအပေါ်

အရမ်းကြီး အနိုင်မယူနဲ့

တစ်နေ့နေ့ သူ့တန်ဖိုးသိလာတဲ့အခါ

ကိုယ်က သူနဲ့ မဆုံနိုင်အောင်

ဝေးနေတာမျိုး ဖြစ်နေတတ်တယ်

 

ကိုယ့်အပေါ် အရိပ်တကြည့်ကြည့်နဲ့

ဂရုတစ်စိုက်ချစ်တတ်တဲ့သူကို

ကျေးဇူးပြုပြီးတော့ ပြန်ကြင်နာဖို့ မမေ့ပါနဲ့

စိတ်ကုန်သွားတဲ့အခါ မင်းဘာကြီးပဲ

ဖြစ်နေဖြစ်နေ ပြန်လှည့်မကြည့်တော့မှာ စိုးတယ်

အချစ်မှာ အတတ်နိုင်ဆုံးရိုးသားပါ

ပွင့်လင်းပါ တကယ်မချစ်နိုင်ပါပဲနဲ့တော့

ခ်စ္တယ္ဆိုတဲ့စကားကို

အပျော်သဘောပဲဖြစ်ဖြစ် မပြောနဲ့

တချို့ အချစ်တွေက ဘဝတွေပါ

ရင်းထားတတ်တယ်လေ

ဘဝတွေ မျှော်လင့်ချက်တွေ

ပြီးတော့ အနာဂတ်တွေပါ စိတ်ကူးထိုင်ယဉ်နေတတ်တဲ့

အစွဲအလန်းကြီးတတ်တဲ့

ကောင်မလေးတစ်ယောက်

အချစ်ကို သိပ်ကြောက်သွားခဲ့ဖူးသလိုမျိုး

နောက်ထပ် ဘယ်သူ့ကိုမှ ထပ်မဖြစ်စေချင်တော့ဘူး ။

ကျေးဇူးပြုပြီးတော့ စာနာပါ

တစ်ဘဝစာမှ မဟုတ်ရင် ချစ်တယ်ဆိုတဲ့စကားကို မပြောလိုက်ပါနဲ့ ။

Credit

Unicode

ကျေးဇူးပြုပြီးတော့ စာနာပါ တစ်ဘဝစာမှ မဟုတ်ရင် ချစ်တယ်ဆိုတဲ့စကားကို မပြောလိုက်ပါနဲ့

အချစ်ကြောင့် ဘဝတွေပါ ပျက်သွားတယ် တဲ့

အစက ရယ်မိတယ်

ဘာလို့ ဒီလောက် တုံးအရတာလဲပေါ့

ပြီးတော့မှ စာနာမိတယ်

သူ ဘယ်လောက်များ မျှော်လင့်ခဲ့မိသလဲပေါ့

ကျေးဇူးပြုပြီးတော့ ပျော်စေပျက်စေဆိုရင်

တစ်ဖက်လူရဲ့နှလုံးသားကို မကစားပါနဲ့

ကိုယ့်ဘက်က ဘာရယ်မဟုတ်ပေမယ့်

တစ်ဖက်မှာ မျှော်လင့်ချက်တွေ

ဆက်ပြီး ရှင်သန်ဖို့ခက်ခဲတယ်

တချို့ အနာဂတ်တွေအတွက်

ကြိုတွေးပြီး စိတ်ကူးယဉ်နေတဲ့ လူတွေအတွက်

အနာဂတ်တွေ ပျောက်တတ်သလို

လမ်းတွေလဲ ပျောက်တတ်ပါတယ်

ချစ်တယ် ဆိုတဲ့စကားဟာ

အများကြီးဆိုတာထက်

ပိုပြီး လေးနက်တတ်ပါတယ်

ပေးဆပ်ပြီးချစ်တတ်တဲ့သူအပေါ်

အရမ်းကြီး အနိုင်မယူနဲ့

တစ်နေ့နေ့ သူ့တန်ဖိုးသိလာတဲ့အခါ

ကိုယ်က သူနဲ့ မဆုံနိုင်အောင်

ဝေးနေတာမျိုး ဖြစ်နေတတ်တယ်

ကိုယ့်အပေါ် အရိပ်တကြည့်ကြည့်နဲ့

ဂရုတစ်စိုက်ချစ်တတ်တဲ့သူကို

ကျေးဇူးပြုပြီးတော့ ပြန်ကြင်နာဖို့ မမေ့ပါနဲ့

စိတ်ကုန်သွားတဲ့အခါ မင်းဘာကြီးပဲ

ဖြစ်နေဖြစ်နေ ပြန်လှည့်မကြည့်တော့မှာ စိုးတယ်

အချစ်မှာ အတတ်နိုင်ဆုံးရိုးသားပါ

ပွင့်လင်းပါ တကယ်မချစ်နိုင်ပါပဲနဲ့တော့

ချစ်တယ်ဆိုတဲ့စကားကို

အပျော်သဘောပဲဖြစ်ဖြစ် မပြောနဲ့

တချို့ အချစ်တွေက ဘဝတွေပါ

ရင်းထားတတ်တယ်လေ

ဘဝတွေ မျှော်လင့်ချက်တွေ

ပြီးတော့ အနာဂတ်တွေပါ စိတ်ကူးထိုင်ယဉ်နေတတ်တဲ့

အစွဲအလန်းကြီးတတ်တဲ့

ကောင်မလေးတစ်ယောက်

အချစ်ကို သိပ်ကြောက်သွားခဲ့ဖူးသလိုမျိုး

နောက်ထပ် ဘယ်သူ့ကိုမှ ထပ်မဖြစ်စေချင်တော့ဘူး ။

ကျေးဇူးပြုပြီးတော့ စာနာပါ

တစ်ဘဝစာမှ မဟုတ်ရင် ချစ်တယ်ဆိုတဲ့စကားကို မပြောလိုက်ပါနဲ့ ။

Credit