အသိပညာ

လူငယ္အမ်ားစုလြဲမွားေနေသာအရွက္အေၾကာက္တရားမ်ား

ခုေခတ္လူငယ္ အမ်ားစု အရွက္ အေၾကာက္တရားနဲ႔ ပတ္သက္လာရင္ တလြဲ ဆံပင္ ေကာင္းေနၾကတယ္။ ရွက္ရ ေၾကာက္ရမယ္ ဆိုတာ ဘာကို ရွက္သင့္လို႔ ဘာ‌ကိုေၾကာက္ ရမွန္း မသိရွာၾကေပ။

ကိုယ္ေတြ႕ ႀကဳံရ သေလာက္ ေျပာရရင္ မိဘကို အာခံၿပီး တုန႔္ျပန္ရမွာ ကို က်ေတာ့ မရွက္ မေၾကာက္ မိဘကို ကိုယ္လုပ္မိတဲ့ အမွား ၀န္ခ်ေတာင္းပန္ ရမွာ ၊ ေက်းဇူ းဂုဏ္ကို ရွိခိုး ရမွာေတာ့ ရွက္ၾက ေၾကာက္ၾက တယ္။

မိဘကြယ္ရာမွာ ရည္းစားနဲ႔ အေလ လိုက္လို႔ ျဖစ္ခ်င္ရာျဖစ္ေနၿပီး မိဘကိုေတာ့ မသိေအာင္ လိမ္ၾက ညာၾက ရတာ မရွက္ၾက မေၾကာက္ၾက၊ အေၾကာင္းအက်ိဳး အေကာင္းအဆိုး ေဝဖန္ပိုင္းျခားေစဖို႔ မိဘကို အမွန္တိုင္း ႐ိုး႐ိုးသားသား ၀န္ခံ ရမွာေတာ့ ရွက္ၾက ေၾကာက္ၾကတယ္။

မိေကာင္းဖခင္ သားသမီးပီပီ စကားကို ယဥ္ယဥ္ေက်းေက်း ခ်ိဳခ်ိဳသာသာေျပာဖို ႔ရာေတာ့ ရွက္တာလိုလို ေၾကာက္တာ လိုလိုနဲ႔ ေအာက္တန္း က်တဲ့ ဗရမ္းဗတာ ႐ိုင္းစိုင္း ယုတ္မာတဲ့ စကားေျပာဖို ႔က်ေတာ့ မရွက္ၾက မေၾကာက္ၾကဘူး။

လမ္းမွာ စတုဒီတာ အလႉလုပ္ေန တာေတြ႕လို႔ ဒါနပိုေျမာက္ေအာင္ ထမင္း၀င္စား ရမွာ ကိုေတာ့ ရွက္တာလိုလို ေၾကာက္တာလိုလိုနဲ႔၊ ဟိုတယ္ေတြ တည္းခိုခန္းေတြ မွာ ရည္းစားနဲ႔သြားၿပီး သာယာေနၾကတာေတာ့ မရွက္ၾက မေၾကာက္ၾက ဘူး။

လမ္းမွာ ရဟန္းသံဃာနဲ႔ ေတြ႕ဆုံတဲ့ အခါ ေခါင္းေလးငုံ လက္အုပ္ ကေလးခ်ီၿပီး ေရွာင္ကြင္း ရမွာေတာ့ ရွက္တာလိုလို ေၾကာက္တာ လိုလို၊ ေခါင္းလည္းမငုံ႔ လက္အုပ္လည္း မခ်ီပဲ ေရွာင္သူ ကေရွာင္၊ ဆိုင္ကယ္ ၊ ကား ေမာင္းလာ သူကလည္း အရွိန္ ေလွ်ာ့ရမွန္း မသိတဲ့ အဂါရ၀ စိတ္ဓာတ္ ကိုေတာ့ မရွက္မေၾကာက္ၾက ဘူး။

Facebook မွာ ဆိုလည္း အရွက္အေၾကာက္ ထားရမယ့္ ေနရာက် မရွက္ၾက မေၾကာက္ၾက တာေတြ အမ်ားအျပား ရွိေနၾက တယ္။

လုပ္သင့္ လုပ္ထိုက္တဲ့ ေကာင္းတာ မွန္သမွ်ကို ရဲ႕ရဲဝံ့ဝံ့ လုပ္ရဲၿပီး မလုပ္သင့္ မလုပ္ထိုက္တဲ့ မေကာင္းတာေတြကို မလုပ္ရဲ ျခင္းကသာ စစ္မွန္တဲ့ အရွက္ အေၾကာက္ျဖစ္ တယ္။

ဒါေၾကာင့္ အရွက္ အေၾကာက္တရားေတြနဲ႔ တလြဲ ဆံပင္ေကာင္း မေနၾကပါနဲ႔လို႔ ဆႏၵျပဳရင္း

ေမတၱာျဖင့္

ခရက္ဒစ္

Unicode

ခုခေတ်လူငယ် အများစု အရှက် အကြောက်တရားနဲ့ ပတ်သက်လာရင် တလွဲ ဆံပင် ကောင်းနေကြတယ်။ ရှက်ရ ကြောက်ရမယ် ဆိုတာ ဘာကို ရှက်သင့်လို့ ဘာ‌ကိုကြောက် ရမှန်း မသိရှာကြပေ။

ကိုယ်တွေ့ ကြုံရ သလောက် ပြောရရင် မိဘကို အာခံပြီး တုန့်ပြန်ရမှာ ကို ကျတော့ မရှက် မကြောက် မိဘကို ကိုယ်လုပ်မိတဲ့ အမှား ဝန်ချတောင်းပန် ရမှာ ၊ ကျေးဇူ းဂုဏ်ကို ရှိခိုး ရမှာတော့ ရှက်ကြ ကြောက်ကြ တယ်။

မိဘကွယ်ရာမှာ ရည်းစားနဲ့ အလေ လိုက်လို့ ဖြစ်ချင်ရာဖြစ်နေပြီး မိဘကိုတော့ မသိအောင် လိမ်ကြ ညာကြ ရတာ မရှက်ကြ မကြောက်ကြ၊ အကြောင်းအကျိုး အကောင်းအဆိုး ဝေဖန်ပိုင်းခြားစေဖို့ မိဘကို အမှန်တိုင်း ရိုးရိုးသားသား ဝန်ခံ ရမှာတော့ ရှက်ကြ ကြောက်ကြတယ်။

မိကောင်းဖခင် သားသမီးပီပီ စကားကို ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာပြောဖို့ရာတော့ ရှက်တာလိုလို ကြောက်တာ လိုလိုနဲ့ အောက်တန်း ကျတဲ့ ဗရမ်းဗတာ ရိုင်းစိုင်း ယုတ်မာတဲ့ စကားပြောဖို့ကျတော့ မရှက်ကြ မကြောက်ကြဘူး။

လမ်းမှာ စတုဒီတာ အလှူလုပ်နေ တာတွေ့လို့ ဒါနပိုမြောက်အောင် ထမင်းဝင်စား ရမှာ ကိုတော့ ရှက်တာလိုလို ကြောက်တာလိုလိုနဲ့၊ ဟိုတယ်တွေ တည်းခိုခန်းတွေ မှာ ရည်းစားနဲ့သွားပြီး သာယာနေကြတာတော့ မရှက်ကြ မကြောက်ကြ ဘူး။

လမ်းမှာ ရဟန်းသံဃာနဲ့ တွေ့ဆုံတဲ့ အခါ ခေါင်းလေးငုံ လက်အုပ် ကလေးချီပြီး ရှောင်ကွင်း ရမှာတော့ ရှက်တာလိုလို ကြောက်တာ လိုလို၊ ခေါင်းလည်းမငုံ့ လက်အုပ်လည်း မချီပဲ ရှောင်သူ ကရှောင်၊ ဆိုင်ကယ် ၊ ကား မောင်းလာ သူကလည်း အရှိန် လျှော့ရမှန်း မသိတဲ့ အဂါရ၀ စိတ်ဓာတ် ကိုတော့ မရှက်မကြောက်ကြ ဘူး။

Facebook မှာ ဆိုလည်း အရှက်အကြောက် ထားရမယ့် နေရာကျ မရှက်ကြ မကြောက်ကြ တာတွေ အများအပြား ရှိနေကြ တယ်။

လုပ်သင့် လုပ်ထိုက်တဲ့ ကောင်းတာ မှန်သမျှကို ရဲ့ရဲဝံ့ဝံ့ လုပ်ရဲပြီး မလုပ်သင့် မလုပ်ထိုက်တဲ့ မကောင်းတာတွေကို မလုပ်ရဲ ခြင်းကသာ စစ်မှန်တဲ့ အရှက် အကြောက်ဖြစ် တယ်။

ဒါကြောင့် အရှက် အကြောက်တရားတွေနဲ့ တလွဲ ဆံပင်ကောင်း မနေကြပါနဲ့လို့ ဆန္ဒပြုရင်းး

မေတ္တာဖြင့်