နှုတ်ခမ်းနီဆိုးစရာတောင်မလိုဘဲ သဘာဝအတိုင်း ပန်းသွေးရောင်နှုတ်ခမ်းသားလေးပိုင်ဆိုင်ဖို့
သဘာဝအတိုင်း ပန်းသွေးရောင်သန်းတဲ့နှုတ်ခမ်းမျိုး အမျိုးသမီးတိုင်း လိုချင်တပ်မက်ကြတဲ့အရာပါ။ အမျိုးသမီးတို့ရဲ့ အလှအပဆိုရာမှာ ပန်းသွေးရောင်သန်းတဲ့ နှုတ်ခမ်းသားလည်း တစ်ခုအပါဝအင်ဖြစ်ပါတယ်။
ပန်းသွေးရောင်သန်းတဲ့နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးမယ်ဆိုရင် စာဖတ်သတို့လည်း သဘောကျနှစ်ခြိုက်မယ်မျှော်လင့်ပါတယ်။
အဲဒီအတွက် အဆင့် ၃ ဆင့်လုပ်ပေးရပါမယ်။
ပထမဦးဆုံး နှုတ်ခမ်းသားပေါ်က အမည်းရောင်အလွှာကို ဖယ်ရှားရပါမယ်။
အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ဆား စားပွဲတင်ဇွန်း ၁ ဇွန်း လိုပါမယ်။
ပါဝင်ပစ္စည်းနှစ်မျိုးကိုရောပြီး သေချာမွှေပေးပါ။ ပြီးရင် ၀ါဂွမ်းစစွတ်ပြီး နှုတ်ခမ်းပေါ်မှာ လိမ်းပေးပါ။ ပြီးရင် လက်ချောင်းနဲ့ စက္ကန့် ၆၀ လောက်ပွတ်ပေးပါ။ အချိန်ခဏလေးအတွင်းမှာပဲ နှုတ်ခမ်းသားက နူးညံ့ပြီး ချေမွတ်လာမှာပါ။ ပြီးရင် အဝတ်စကို ရေစွတ်ပြီး နှုတ်ခမ်းကို သုတ်ချလိုက်ပါ။
ဒုတိယအဆင့်ကတော့ အိမ်မှာလုပ်မဲ့ နှုတ်ခမ်းနီပါပဲ။ နေ့စဉ် ၃ ကြိမ် (သို့) ၄ ကြိမ်လောက်လိမ်းပေးရမှာပါ။
ပျားရည် စားပွဲတင်ဇွန်း ၃/၄ ၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း လိုပါမယ်။
ပါဝင်ပစ္စည်းတွေကိုရောပြီး သေချာမွှေပေးပါ။ ပြီးရင် အဖုံးပါတဲ့ ပုလင်းအသေးတစ်လုံး (သို့) ခွက်တစ်လုံးထဲထည့်ထားပါ။ နှုတ်ခမ်းသားခြောက်သွေ့လာပြီလို့ထင်တဲ့အခါမှာ နှုတ်ခမ်းပေါ်မှာလိမ်းပေးပါ။ ဘယ်အချိန်သုံးပေးပေးအဆင်ပြေပါတယ်။
တတိယအဆင့်တော့ ညဖက်မှာလိမ်းပေးရမယ့်သဘာဝနှုတ်ခမ်းနီပါ။ ဗီတာမင် E တောင့် ၁ လုံးထဲက အဆီကို ယူပါ။ ပြီးရင် နှုတ်ခမ်းပေါ်မှာလိမ်းပေးပြီး အိပ်ပေးရမှာဖြစ်ပါတယ်။
သဘာဝအတိုင်းပန်းသွေးရောင်သန်းတဲ့ နှုတ်ခမ်းသားလေးကို ရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။
Credit:mystylemyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်…
ႏႈတ္ခမ္းနီဆိုးစရာေတာင္မလိုဘဲ သဘာ၀အတိုင္း ပန္းေသြးေရာင္ႏႈတ္ခမ္းသားေလးပိုင္ဆိုင္ဖို႔
သဘာ၀အတိုင္း ပန္းေသြးေရာင္သန္းတဲ့ႏႈတ္ခမ္းမ်ိဳး အမ်ိဳးသမီးတိုင္း လိုခ်င္တပ္မက္ၾကတဲ့အရာပါ။ အမ်ိဳးသမီးတို႔ရဲ့ အလွအပဆိုရာမွာ ပန္းေသြးေရာင္သန္းတဲ့ ႏႈတ္ခမ္းသားလည္း တစ္ခုအပါ၀အင္ျဖစ္ပါတယ္။
ပန္းေသြးေရာင္သန္းတဲ့ႏႈတ္ခမ္းသားေလးကို ပိုင္ဆိုင္ႏိုင္ဖို႔ နည္းလမ္းေကာင္းတစ္ခုကို မွ်ေ၀ေပးမယ္ဆိုရင္ စာဖတ္သတို႔လည္း သေဘာက်ႏွစ္ၿခိဳက္မယ္ေမွ်ာ္လင့္ပါတယ္။
အဲဒီအတြက္ အဆင့္ ၃ ဆင့္လုပ္ေပးရပါမယ္။
ပထမဦးဆံုး ႏႈတ္ခမ္းသားေပၚက အမည္းေရာင္အလႊာကို ဖယ္ရွားရပါမယ္။
အုန္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
ဆား စားပြဲတင္ဇြန္း ၁ ဇြန္း လိုပါမယ္။
ပါ၀င္ပစၥည္းႏွစ္မ်ိဳးကိုေရာၿပီး ေသခ်ာေမႊေပးပါ။ ၿပီးရင္ ၀ါဂြမ္းစစြတ္ၿပီး ႏႈတ္ခမ္းေပၚမွာ လိမ္းေပးပါ။ ၿပီးရင္ လက္ေခ်ာင္းနဲ႔ စကၠန္႔ ၆၀ ေလာက္ပြတ္ေပးပါ။ အခ်ိန္ခဏေလးအတြင္းမွာပဲ ႏႈတ္ခမ္းသားက ႏူးညံ့ၿပီး ေခ်မြတ္လာမွာပါ။ ၿပီးရင္ အ၀တ္စကို ေရစြတ္ၿပီး ႏႈတ္ခမ္းကို သုတ္ခ်လိုက္ပါ။
ဒုတိယအဆင့္ကေတာ့ အိမ္မွာလုပ္မဲ့ ႏႈတ္ခမ္းနီပါပဲ။ ေန႔စဥ္ ၃ ႀကိမ္ (သို႔) ၄ ႀကိမ္ေလာက္လိမ္းေပးရမွာပါ။
ပ်ားရည္ စားပြဲတင္ဇြန္း ၃/၄ ၊ သံလြင္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္း၊ အုန္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္း လိုပါမယ္။
ပါ၀င္ပစၥည္းေတြကိုေရာၿပီး ေသခ်ာေမႊေပးပါ။ ၿပီးရင္ အဖံုးပါတဲ့ ပုလင္းအေသးတစ္လံုး (သို႔) ခြက္တစ္လံုးထဲထည့္ထားပါ။ ႏႈတ္ခမ္းသားေျခာက္ေသြ႔လာၿပီလို႔ထင္တဲ့အခါမွာ ႏႈတ္ခမ္းေပၚမွာလိမ္းေပးပါ။ ဘယ္အခ်ိန္သံုးေပးေပးအဆင္ေျပပါတယ္။
တတိယအဆင့္ေတာ့ ညဖက္မွာလိမ္းေပးရမယ့္သဘာ၀ႏႈတ္ခမ္းနီပါ။ ဗီတာမင္ E ေတာင့္ ၁ လံုးထဲက အဆီကို ယူပါ။ ၿပီးရင္ ႏႈတ္ခမ္းေပၚမွာလိမ္းေပးၿပီး အိပ္ေပးရမွာျဖစ္ပါတယ္။
သဘာ၀အတိုင္းပန္းေသြးေရာင္သန္းတဲ့ ႏႈတ္ခမ္းသားေလးကို ရရွိပိုင္ဆိုင္ႏိုင္ၾကပါေစရွင္။
Credit:mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္…