ဗဟုသုတ

စိတ်တွေ အရမ်း ပင်ပန်းလာတဲ့အခါ အပြည့်အ၀ ပြန်အနားပေးနိုင်မယ့် နည်းလမ်းများ

တစ်ခါတစ်လေမှာ ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတဲ့ အခြေအနေမျိုးတွေကို ကြုံဖူးကြမှာပါ။ နေ့စဉ် တွေ့ကြုံနေရတဲ့ လူမှုရေး၊ စီးပွါးရေး၊ အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေး စသဖြင့် ရှုပ်ထွေးလှတဲ့ အရာတွေကြားမှာ ပိတ်မိနေရင်း အားအင်တွေ ကုန်ဆုံးလာနိုင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ စိတ်ပင်ပန်းမှုလေးတွေကို ဒီလိုနည်းလမ်းလေးတွေနဲ့ အနားပေးကြည့်ပါ။

ကိုယ့်ကိုယ်ကို အချိန်ပေးပါ

ရှေ့ဆက်လျှောက်ဖို့ အားအင်တွေ ကုန်ခမ်းနေပြီလို့ ခံစားလာရတဲ့အခါ သင့်ကိုယ်သင် အနားပေးလို့ ရပါတယ်။ တစ်ချိန်လုံး ဘဝအတွက်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် မနားမနေ ကြိုးစားနေစရာ မလိုပါဘူး။ ကိုယ့်ကိုယ်ကို ခဏလောက် အချိန်ပေးပြီး ရှေ့ဆက်ဖို့ ပြန်လည်အားမွေးသင့်ပါတယ်။ ဒီလို လုပ်လိုက်တာက သင့်အတွက် ဘာလုပ်သင့်တယ်ဆိုတဲ့ ပိုကောင်းမွန်တဲ့ အတွေးတွေကိုတောင် ရလာနိုင်ပါသေးတယ်။ ဒီတော့ အရမ်းပင်ပန်းလာတဲ့အချိန်မှာ ကော်ဖီလေးတစ်ခွက်၊ စာအုပ်လေးတစ်အုပ်နဲ့ ဇိမ်ယူပြီး ကိုယ့်ကိုယ်ကို အနားပေးတာမျိုး လုပ်သင့်ပါတယ်နော်။

ခရီးထွက်ပါ

ကိုယ့်အရမ်း လမ်းပျောက်နေပြီ၊ အရမ်းလည်း ပင်ပန်းလွန်းလှပြီဆိုတဲ့ အခြေအနေမျိုးမှာ ခရီးထွက်ကြည့်ပါ။ မတူညီတဲ့ နေရာဒေသသစ်တွေက သင့်ကို စိတ်သစ်ကိုယ်သစ်နဲ့ ပြန်လည်လန်းဆန်းလာစေမှာ ဖြစ်ပါတယ်။ ခရီးလမ်းမှာ တွေ့ကြုံရတဲ့ အရာတွေက သင့်ရဲ့ အတွေးအမြင်တွေကို ပြောင်းလဲသွားစေ နိုင်ပါတယ်။ ဒီတော့ အရမ်း စိတ်တွေမွမ်းကျပ် ပင်ပန်းလာတဲ့အချိန်မျိုးမှာ ခရီးတိုလေးဖြစ်ဖြစ်၊ ခရီးရှည်ပဲဖြစ်ဖြစ် တစ်ခုလောက် သွားကြည့်ဖို့ အကြံပြုချင်ပါတယ်။

စိတ်ပျော်ရာလေးတွေ လုပ်ကြည့်ပါ

လူက အလုပ်မှာလည်း စိတ်မဝင်စားတော့ဘူး ဒါမှမဟုတ် စိတ်ဖိစီးမှုတွေ အရမ်းများနေပြီဆိုရင်တော့ ကိုယ့်စိတ်အလိုကိုလိုက်ပြီး စိတ်ပျော်ရာလေးတွေ လုပ်ကြည့်ပါ။ ဥပမာ – သူငယ်ချင်းတွေနဲ့ night out ထွက်တာမျိုး၊ စိတ်ထွက်ပေါက်တစ်ခုခု ရှာတာမျိုး၊ တစ်ခါတစ်လေ အမူးသောက်ပစ်လိုက်တာမျိုး၊ ကလပ်သွားတာမျိုး စသဖြင့် လုပ်ခွင့်ရှိပါတယ်။ ဒါဟာ ကိုယ့်စိတ်ကို ပြန်လည်ပျော်ရွှင်လာအောင် ကုသနည်းပါပဲ။ လူတွေဟာ တစ်ခါတစ်လေမှာ စိုးရိမ်မှုတွေသိပ်မထားပဲ ပျော်ရွှင်ကြည့်လို့ ရပါတယ်နော်။

Source Kwee

တစ္ခါတစ္ေလမွာ ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္ မရွိတဲ့ အေျခအေနမ်ိဳးေတြကို ႀကဳံဖူးၾကမွာပါ။ ေန႔စဥ္ ေတြ႕ႀကဳံေနရတဲ့ လူမႈေရး၊ စီးပြါးေရး၊ အခ်စ္ေရး၊ ေပါင္းသင္းဆက္ဆံေရး စသျဖင့္ ရႈပ္ေထြးလွတဲ့ အရာေတြၾကားမွာ ပိတ္မိေနရင္း အားအင္ေတြ ကုန္ဆုံးလာႏိုင္ပါတယ္။ ဒီေတာ့ ကိုယ့္ရဲ႕ စိတ္ပင္ပန္းမႈေလးေတြကို ဒီလိုနည္းလမ္းေလးေတြနဲ႔ အနားေပးၾကည့္ပါ။

ကိုယ့္ကိုယ္ကို အခ်ိန္ေပးပါ

ေရွ႕ဆက္ေလွ်ာက္ဖို႔ အားအင္ေတြ ကုန္ခမ္းေနၿပီလို႔ ခံစားလာရတဲ့အခါ သင့္ကိုယ္သင္ အနားေပးလို႔ ရပါတယ္။ တစ္ခ်ိန္လုံး ဘဝအတြက္ဆိုတဲ့ ရည္႐ြယ္ခ်က္ေၾကာင့္ မနားမေန ႀကိဳးစားေနစရာ မလိုပါဘူး။ ကိုယ့္ကိုယ္ကို ခဏေလာက္ အခ်ိန္ေပးၿပီး ေရွ႕ဆက္ဖို႔ ျပန္လည္အားေမြးသင့္ပါတယ္။ ဒီလို လုပ္လိုက္တာက သင့္အတြက္ ဘာလုပ္သင့္တယ္ဆိုတဲ့ ပိုေကာင္းမြန္တဲ့ အေတြးေတြကိုေတာင္ ရလာႏိုင္ပါေသးတယ္။ ဒီေတာ့ အရမ္းပင္ပန္းလာတဲ့အခ်ိန္မွာ ေကာ္ဖီေလးတစ္ခြက္၊ စာအုပ္ေလးတစ္အုပ္နဲ႔ ဇိမ္ယူၿပီး ကိုယ့္ကိုယ္ကို အနားေပးတာမ်ိဳး လုပ္သင့္ပါတယ္ေနာ္။

ခရီးထြက္ပါ

ကိုယ့္အရမ္း လမ္းေပ်ာက္ေနၿပီ၊ အရမ္းလည္း ပင္ပန္းလြန္းလွၿပီဆိုတဲ့ အေျခအေနမ်ိဳးမွာ ခရီးထြက္ၾကည့္ပါ။ မတူညီတဲ့ ေနရာေဒသသစ္ေတြက သင့္ကို စိတ္သစ္ကိုယ္သစ္နဲ႔ ျပန္လည္လန္းဆန္းလာေစမွာ ျဖစ္ပါတယ္။ ခရီးလမ္းမွာ ေတြ႕ႀကဳံရတဲ့ အရာေတြက သင့္ရဲ႕ အေတြးအျမင္ေတြကို ေျပာင္းလဲသြားေစ ႏိုင္ပါတယ္။ ဒီေတာ့ အရမ္း စိတ္ေတြမြမ္းက်ပ္ ပင္ပန္းလာတဲ့အခ်ိန္မ်ိဳးမွာ ခရီးတိုေလးျဖစ္ျဖစ္၊ ခရီးရွည္ပဲျဖစ္ျဖစ္ တစ္ခုေလာက္ သြားၾကည့္ဖို႔ အႀကံျပဳခ်င္ပါတယ္။

စိတ္ေပ်ာ္ရာေလးေတြ လုပ္ၾကည့္ပါ

လူက အလုပ္မွာလည္း စိတ္မဝင္စားေတာ့ဘူး ဒါမွမဟုတ္ စိတ္ဖိစီးမႈေတြ အရမ္းမ်ားေနၿပီဆိုရင္ေတာ့ ကိုယ့္စိတ္အလိုကိုလိုက္ၿပီး စိတ္ေပ်ာ္ရာေလးေတြ လုပ္ၾကည့္ပါ။ ဥပမာ – သူငယ္ခ်င္းေတြနဲ႔ night out ထြက္တာမ်ိဳး၊ စိတ္ထြက္ေပါက္တစ္ခုခု ရွာတာမ်ိဳး၊ တစ္ခါတစ္ေလ အမူးေသာက္ပစ္လိုက္တာမ်ိဳး၊ ကလပ္သြားတာမ်ိဳး စသျဖင့္ လုပ္ခြင့္ရွိပါတယ္။ ဒါဟာ ကိုယ့္စိတ္ကို ျပန္လည္ေပ်ာ္႐ႊင္လာေအာင္ ကုသနည္းပါပဲ။ လူေတြဟာ တစ္ခါတစ္ေလမွာ စိုးရိမ္မႈေတြသိပ္မထားပဲ ေပ်ာ္႐ႊင္ၾကည့္လို႔ ရပါတယ္ေနာ္။

Source Kwee