ရာသီဥတု_ဘာ့ကြောင့်ပျက်စီးရသလဲ
ကံကို ရိုးမယ်စွတ်လို့ မရဘူး။
ကံထက် အရေးကြီးတာ လူတွေရဲ့ စိတ်နေသဘောထား ပိုအရေးကြီးတယ်။
လူတွေရဲ့ စိတ်ဓာတ်တွေဟာ အောက်တန်းကျလာပြီ။
အပြစ် မကင်းတဲ့ စိတ်ဓါတ်တွေ။
ဒီကနေ့ခေတ်ပဲကြည့် …လူတွေရဲ့စိတ်ဓါတ်ဟာ ဆိုးသွမ်းသောင်းကျန်းလာတဲ့ အနေအထားမျိုး ရှိလာတယ်။
ထစ်ခနဲရှိရင် ရိုက်ကြမယ် နှက်ကြမယ်သတ်ကြမယ် ဖြတ်ကြမယ်။
လူတွေရဲ့ စိတ်ဓါတ်တွေက ပိုပြီးတော့ ရိုင်းပျလာတယ်။
အဲ့ဒီလို ရိုင်းပျလာတဲ့ စိတ်ဓါတ်တွေကြောင့် သက်တမ်းက တိုသထက် တိုလာမှာပဲ။
ဒါ သဘာဝ ပဲ နော်။ရာသီဥတုတွေက ဆိုးသထက် ဆိုးလာမှာ။ ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ဒီလောက် ပူတာ မကြုံဖူးဘူး။
အခုတစ်ခါ ပူလာပြီ။ ဒါ ရာသီဥတု ပျက်ပြားတာ။
ဒီရာသီဥတု ဘာကြောင့် ပျက်တာတုန်းဆိုရင် လူတွေရဲ့ လုပ်ရပ်တွေကြောင့်ပဲ ပျက်တာ။
ကမ္ဘာမြေပြင်ပေါ်မှာ နေတဲ့လူတွေဟာအကျင့်ပျက်လာပြီဆိုရင် ရေမြေတွေဟာလည်းဖောက်ပြန် ပျက်စီးကုန်တယ်။
ဖောက်ပြန်ပျက်စီးတဲ့ ရေမြေတွေကို အမှီပြုပြီးအသက်ရှင်သန်ရတဲ့ လူတွေရဲ့ အသက်တွေလည်းထိခိုက်လာတယ်။
ဒီလို ဆက်စပ်ပြီးတော့ နေတယ်ပေါ့နော်။
ကိုယ်လုပ်တာ ကိုယ်ရပြီးတော့ ကိုယ်ခံရတဲ့သဘောပဲ။
မလုပ်တဲ့လူတွေ ရှိသော်လည်း လုပ်တဲ့လူတွေ များလာတဲ့အခါ …
ကောင်းတဲ့လူတွေ ရှိသော်လည်း မကောင်းတဲ့လူတွေက များလာလို့ရှိရင် …မကောင်းတာက ပိုဖြစ်လာမှာပဲ။ဒါ ထင်ရှားတယ်။
ဘယ်ခေတ်ပဲဖြစ်ဖြစ် လူများရာကနေ အားလုံးဟာ ခံကြရတာဖြစ်တယ်ပေါ့။
လောဘတွေ ကြီးလာတယ်။
ဒေါသတွေ ကြီးလာတယ်။
အမှန် မသိတဲ့ မောဟတွေ …လုပ်သင့်တာနဲ့ မလုပ်သင့်တာ၊ မလုပ်သင့်တာကို လုပ်သင့်တယ် ထင်တယ် …လုပ်သင့်တာကိုကျတော့ မလုပ်သင့်ဘူးထင်ပြီးမှားယွင်းခြွတ်ချော်မှုတွေ များလာတဲ့
ဒီကနေ့ ခေတ်ကာလကြီးဟာ ဆုတ်ခေတ်လို့ပြောရတဲ့ကာလမျိုးပဲ ဖြစ်တယ်ပေါ့။ ။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ