အသိပညာ

ကျွန်တော် နမ်းလို့ မဝသေးတဲ့ ပါးတစ်ခြမ်း

ကျွန်တော့် မိန်းမက သူ ကိုယ်ဝန်ရှိနေပြီ လို့ပြောတော့ကျွန်တော် မြန်မာ ဗီဒီယို ကားထဲကမင်းသားတွေ ပျော်သလိုမျိုး ဟိုလျောက်ပြေး ဒီလျောက်ပြေး ၊ဟိုအော်ဒီအော် ပုံစံမျိုးနဲ့မပျော်ခဲ့ပါဘူး။

မိန်းမကလည်း သူကိုယ်ဝန်ရှိနေတာကိုရုပ်ရှင်ထဲကလို နား နားကပ်ပြီးမပြောပါဘူး ကြေးအိုး ဆိုင်မှာကြေးအိုးစားရင်းပလုပ်ပလောင်းနဲ့ ပြောတာ၊ကိုယ်ဝန်ရှိနေပြီထင်တယ်တဲ့ကျွန်တော်လည်း ဟုတ်လားပျော်စရာကြီးပေါ့၊လို့ပြောလိုက်တယ်ဒီလောက်ပါပဲ အာထရာ စောင်းရိုက်ကြည့်တော့ သမီးလေးလို့သိရတယ် ငါ သမီးလေးရတော့မယ်၊ကလေးအဖေ ဖြစ်တော့မယ် ဒီထက်ကြိုးစား ရတော့မယ်ဆိုတဲ့အသိ တော့ ရှိလာတာအမှန်ပဲ။

သမီးလေးကိုSSC ရွှေဂုံတိုင် ဆေးရုံမှာမွေးတာမိန်းမမွေးခန်း ဝင်တော့ စိတ်တော့ပူသား ၊မိန်းမ နေကောင်းဖို့ နဲ့သမီးလေး ကောင်းကောင်းမွန်မွန်ဖြစ်ဖို့ ရုပ်ရှင်ထဲကကလေးအဖေတွေလိုဆပ်ပြာသည်လင်ပျောက်သလိုတော့မဖြစ်ပါဘူး။

မွေးခန်း ထဲက နပ်(စ်) မကဘေဘီ ချောစုဝင်းရှိလားတ ဲ့ဒီနပ်(စ်)မ ကငါ မိန်းမ ကို ဘေဘီလို့ခေါ်တာသူဘယ်လိုများသိသွားသလည်းပေါ့ ဟုတ် ကျွန်တော်ပါ ကျွန်တော်ပါ ရော့ — မွေးခန်း အသုံးစာရိတ် ဘောက်ချာ ကလေးရောလူကြီးရောကျန်းမါပါတယ် ကလေးကိုအရင်မပြသေးဘူး၊ဘောက်ချာအရင်ပြတာ ဘောက်ချာကြည့် လိုက်တော့ ၅၀၀၀၀၀(၅) သိန်း ကျတယ် ဟယ် တန်ဖိုးရှိလိုက်တဲ့ ငါ့ သမီးလေးပါလားဆိုပြီးငွေ သွားသွင်းရတယ်။

ငွေသွင်းပြီးတော့မှ ကလေးကိုပြတာ ၊ငွေ သာမသွင်းရင် ကလေးကို ပြန်ပေးဆွဲ မယ့်သဘောရှိတယ်။သမီးလေးမြင်တော့ အော် ငါ ကလေးအဖေဖြစ်ပြီ ငါ သမီးလေး တစ်ယောက်ရပြီပေါ့ ။

ဖြစ်ချင်တော့ သမီးလေး ၂ ရက် နေတော့ အသားဝါ လို့ကလေးဆေးရုံကြီးကိုတင်ရတယ် ကလေးတွေနေ မကောင်းဖြစ်ရင် ကိုယ်သာဖြစ်လိုက်ချင်တယ်၊မိန်းမက ရွှေဂုံတိုင်ဆေးရုံမှာ ၊သမီးက ကလေးဆေးရုံကြီးမှာ ကျွန်တော် က သမီးလေးတက်တဲ့ ကလေးဆေးရုံလိုက်သွားလိုက်တယ် ယောက္ခက သူ့ သမီးကို စိတ်ပူ ကျွန်တော်က ကျွန်တော့သမီးကို စိတ်ပူပေါ့။

သမီးလေး သူငယ်တန်း စ ထားတဲ့ နေ့ သမီးက မျက်နှာငယ်လေးနဲ့အတန်းဖေါ်တွေကြားထဲမှာ သမီးလေးရေ ဒါ လောက သင်ခန်းစာအစပဲ၊ငါ့ သမီးလေး အဆင်ပြေမှာပါဆိုပြီးသမီးကို ကျောင်းခန်းထဲပို့လိုက်တယ်၊ကျွန်တော် နောက်ကို လုံးဝလှည့်မကြည့်ဘူး ၊သမီးလေး ကို ထားခဲ့ရတာကို မကြည့်ရဲလို့ မနေနိင်လို့လှည့်ကြည့်လိုက်တော့သမီးက ကျွန်တော့ကို့ ကြည့်နေတာ ၊။

ကျွန်တော်ကြည့်နေတာလည်းသိသွားရောပါပါး ဆိုပြီး ပြေးထွက်လာတယ် ၊ကျွန်တော်ကလည်း သမီးလေးဆိုပြီးပြေးဖက် လိုက်တယ် သမီး လေး ပါးပေါ်မှာကျွန်တော်လိမ်းပေးလိုက်တဲ့ သနပ်ခါး ပါးကွက်လေး ၊မျက်ရည်ကြောင့် နှစ်ခြမ်း ကွဲသွားသလိုကျွန်တော့် ရဲ့အသဲတွေလည်း ကွဲနေပါပြီ။

ကျွန်တော့် ကို ဖက်ပြီး ပါးပါး ပြန်လိုက်ခဲ့မယ် သမီး… ပါပါး အခန်းအပြင်ကစောင့်နေမယ်နော်၊ပါးပါး ဘယ်မှ မသွားဘူးဆိုပြီးအခန်းထဲပြန်ပို့ရတယ်။

မိုးဖွဲဖွဲ လေးကျပြီ း မိုးမင်းကြီးကကျွန်တော်တို့သားအဖ ကိုပိုပြီး ကြေကွဲအောင်များ လုပ်နေရော့သလား၊ကျွန်တော့် သမီးလေးကို ဖက်ပြီးကျောင်းခန်းထဲ လိုက်ပို့ တဲ့ အခန်း ကိုရုပ်ရှင်ရိုက် ရင် သမီးရော ကျွန်တော်ရောအကယ်ဒမီ ရမှာ သေချာတယ်။သမီးကို ပို့ပြီး ၊ကျွန်တော်ကားပေါ်ရောက်တဲ့ အထိချက်ချင်း မပြန်သေးဘူး။

ကား စတီယာတိုင် ပေါ်မှာ ခေါင်းကို မှောက်ပြီးမျက်ရည်ကျခဲ့တယ်ဆိုတာကို ဝန်ခံပါရစေ။စဉ်းစားကြည့်လေ လာတုန်းက သမီးလေးနဲ့ ၊အခုတစ်ယောက်တည်းပြန်ရမှာကျောင်းခန်းထဲက ကမ္ဘာမကြေ သီချင်းသံကြားမှ ငါ့သမီးလေး သီချင်းဆိုနေပြီဆိုပြီးအိမ်ပြန်ခဲ့ရတယ်။

အခု သမီး က ၁၄ နှစ်ဟိုတလော ကသူ့ရဲ့ဖုန်း ring မြည်နေလို့ကိုင်လိုက်တော့ ဟဲလို ဟိုဘက်က ကျွန်တော့အသံကြားသွားလို့ ထင်တယ် ဦးလေး ၊အဲ အန်ကယ် ရည်မွန်ရှိလား ခင်မျတဲ့။ယောကျာၤး တွေဆိုတာ သံလိုက် သဘောရှိတယ် အဖို နဲ့အမ လောက်ပဲ ကပ်ချင်တဲ့သဘော ငါ့ ကိုများ အန်ကယ်တဲ့ ၊တော်သေးတာပေါ့Dady မခေါ်လို့။

ယောကျာၤးလေးတစ်ယောက်ရဲ့ အသံကြားတော့လို့အပ်သည့်အသံထက် ၆ ဆ လောက်မြင့်လိုက်ပြီး အေး ခဏ ကိုင်ထားဆိုပြီး ၊ရုပ်ရှင်ထဲက ဦးသိန်း မောင်လေသံနဲ့ဖုန်းနားကပ်ပြီး ရည်မွန် လို.တစ်ချက်အော်ခေါ်လိုက်တယ် ဟို ဘက်က တစ်ယောက်လည်းလန့်သွားအောင်လို့။

သမီးကလည်း အခြေအနေကို ရိပ်မိနေတဲ့သဘောရှိတယ်ရေဒီယို ဟာသရရွှင်ဆေး ထဲကမိန်းမတစ်ယောက်ရဲ့ အသံမျိုးနဲ့ ရှင်— ပါပါး ဆိုပြီး ဖုန်းဆီအလာသမီးလမ်းလျောက်ရာလမ်းကိုကျွန်တော့် စိုက်ကြည့်နေလို့ သမီး သူ့ ခြေထောက်အချင်းချင်းတောင်ခလုပ်တိုက်တယ် ။

သမီးက လိုင်းမမိလို့ အခန်းထဲသွားပြောတာ ဘယ်ရမလဲ ကျွန်တော်က တံခါးကို နားနဲ့ ကပ်ပြီးနားအထောင် သမီးက အခန်းထဲကအထွက် တံခါးပြန်အဖွင့် နှစ်ယောက်သားတိုက်မိလို့ရှက်ရမ်းရမ်းပြီး ဟောက်လိုက်ရတယ်။ဘယ်လိုဖြစ်နေတာလည်းယောက်ယက်ကို ခတ်နေတာပဲလို့၊အမှန် ယောက်ယက်ခတ်နေတာက ကျွန်တော်ပါ။

သမီးက ဧည့်ခန်းထဲဖုန်းသွားပြောတာ ဘယ်ရမလဲ အောင်မျိုးအေးပဲ ဧည့်ခန်းထဲ တံမြက်စီး လှဲချင်ယောင်ဆောင်ပြီးနားထောင်နေတာပေါ့။သမီးက နဂါးမင်းနဲ့ ဖွတ်ကျား စစ်ခင်းတော့မယ့်အခြေအနေကို သိသွားတယ်ထင်တယ် အော်အေး အော်အေးအေး အော်အေး ဆိုပြီးဖုန်းချပြီး ပွဲကို အမြန်ဆုံး သိမ်းပစ်လိုက်တယ်။

ဘယ်သူလဲသမီး ကျောင်း ကပါ ၊ကျောင်းမတက်လို့စာမေးတာ ရိုးနေပြီ ဒါငါ့အကွက်တွေ ပထမစာမေးမယ်၊ပြီးရင် ထမင်းစားပြီးပြီလားမေးမယ် ၊ပြီးရင်ဂရုစိုက်နော်ဆိုပြီး ဖုန်းချသွားမယ်။

သမီးကိုတော့မပြောပါဘူး ၊စိတ်ထဲကပဲ ပြောနေတာပါ။မချောစု သမီးဖုန်း ကိုလည်း ဂရုစိုက်ဦး တိုးတိုးတိတ်တိတ်မှာထားရတယ်။သမီးက ငယ်ပါသေးတယ် ၊ကျွန်တော့်က စိုးရိမ်လွန်နေတာပါ။

အော် သမီးသမီး အချိန်တန်ရင်တော့ သမီးလေးနဲ့ခွဲရမှာပါလေ —-လို့တွေးမိရင်း…တကယ်တော့ —သမီး လေးဟာ ကျွန်တော် နမ်း လို့ မဝသေးတဲ့ပါးတစ်ခြမ်းပါ။Credit to Maung Pinlal

ကြၽန္ေတာ့္ မိန္းမက သူ ကိုယ္ဝန္ရွိေနၿပီ လို႔ေျပာေတာ့ကြၽန္ေတာ္ ျမန္မာ ဗီဒီယို ကားထဲကမင္းသားေတြ ေပ်ာ္သလိုမ်ိဳး ဟိုေလ်ာက္ေျပး ဒီေလ်ာက္ေျပး ၊ဟိုေအာ္ဒီေအာ္ ပုံစံမ်ိဳးနဲ႔မေပ်ာ္ခဲ့ပါဘူး။

မိန္းမကလည္း သူကိုယ္ဝန္ရွိေနတာကို႐ုပ္ရွင္ထဲကလို နား နားကပ္ၿပီးမေျပာပါဘူး ေၾကးအိုး ဆိုင္မွာေၾကးအိုးစားရင္းပလုပ္ပေလာင္းနဲ႔ ေျပာတာ၊ကိုယ္ဝန္ရွိေနၿပီထင္တယ္တဲ့ကြၽန္ေတာ္လည္း ဟုတ္လားေပ်ာ္စရာႀကီးေပါ့၊လို႔ေျပာလိုက္တယ္ဒီေလာက္ပါပဲ အာထရာ ေစာင္း႐ိုက္ၾကည့္ေတာ့ သမီးေလးလို႔သိရတယ္ ငါ သမီးေလးရေတာ့မယ္၊ကေလးအေဖ ျဖစ္ေတာ့မယ္ ဒီထက္ႀကိဳးစား ရေတာ့မယ္ဆိုတဲ့အသိ ေတာ့ ရွိလာတာအမွန္ပဲ။

သမီးေလးကိုSSC ေ႐ႊဂုံတိုင္ ေဆး႐ုံမွာေမြးတာမိန္းမေမြးခန္း ဝင္ေတာ့ စိတ္ေတာ့ပူသား ၊မိန္းမ ေနေကာင္းဖို႔ နဲ႔သမီးေလး ေကာင္းေကာင္းမြန္မြန္ျဖစ္ဖို႔ ႐ုပ္ရွင္ထဲကကေလးအေဖေတြလိုဆပ္ျပာသည္လင္ေပ်ာက္သလိုေတာ့မျဖစ္ပါဘူး။

ေမြးခန္း ထဲက နပ္(စ္) မကေဘဘီ ေခ်ာစုဝင္းရွိလားတ ဲ့ဒီနပ္(စ္)မ ကငါ မိန္းမ ကို ေဘဘီလို႔ေခၚတာသူဘယ္လိုမ်ားသိသြားသလည္းေပါ့ ဟုတ္ ကြၽန္ေတာ္ပါ ကြၽန္ေတာ္ပါ ေရာ့ — ေမြးခန္း အသုံးစာရိတ္ ေဘာက္ခ်ာ ကေလးေရာလူႀကီးေရာက်န္းမါပါတယ္ ကေလးကိုအရင္မျပေသးဘူး၊ေဘာက္ခ်ာအရင္ျပတာ ေဘာက္ခ်ာၾကည့္ လိုက္ေတာ့ ၅၀၀၀၀၀(၅) သိန္း က်တယ္ ဟယ္ တန္ဖိုးရွိလိုက္တဲ့ ငါ့ သမီးေလးပါလားဆိုၿပီးေငြ သြားသြင္းရတယ္။

ေငြသြင္းၿပီးေတာ့မွ ကေလးကိုျပတာ ၊ေငြ သာမသြင္းရင္ ကေလးကို ျပန္ေပးဆြဲ မယ့္သေဘာရွိတယ္။သမီးေလးျမင္ေတာ့ ေအာ္ ငါ ကေလးအေဖျဖစ္ၿပီ ငါ သမီးေလး တစ္ေယာက္ရၿပီေပါ့ ။

ျဖစ္ခ်င္ေတာ့ သမီးေလး ၂ ရက္ ေနေတာ့ အသားဝါ လို႔ကေလးေဆး႐ုံႀကီးကိုတင္ရတယ္ ကေလးေတြေန မေကာင္းျဖစ္ရင္ ကိုယ္သာျဖစ္လိုက္ခ်င္တယ္၊မိန္းမက ေ႐ႊဂုံတိုင္ေဆး႐ုံမွာ ၊သမီးက ကေလးေဆး႐ုံႀကီးမွာ ကြၽန္ေတာ္ က သမီးေလးတက္တဲ့ ကေလးေဆး႐ုံလိုက္သြားလိုက္တယ္ ေယာကၡက သူ႔ သမီးကို စိတ္ပူ ကြၽန္ေတာ္က ကြၽန္ေတာ့သမီးကို စိတ္ပူေပါ့။

သမီးေလး သူငယ္တန္း စ ထားတဲ့ ေန႔ သမီးက မ်က္ႏွာငယ္ေလးနဲ႔အတန္းေဖၚေတြၾကားထဲမွာ သမီးေလးေရ ဒါ ေလာက သင္ခန္းစာအစပဲ၊ငါ့ သမီးေလး အဆင္ေျပမွာပါဆိုၿပီးသမီးကို ေက်ာင္းခန္းထဲပို႔လိုက္တယ္၊ကြၽန္ေတာ္ ေနာက္ကို လုံးဝလွည့္မၾကည့္ဘူး ၊သမီးေလး ကို ထားခဲ့ရတာကို မၾကည့္ရဲလို႔ မေနနိင္လို႔လွည့္ၾကည့္လိုက္ေတာ့သမီးက ကြၽန္ေတာ့ကို႔ ၾကည့္ေနတာ ၊။

ကြၽန္ေတာ္ၾကည့္ေနတာလည္းသိသြားေရာပါပါး ဆိုၿပီး ေျပးထြက္လာတယ္ ၊ကြၽန္ေတာ္ကလည္း သမီးေလးဆိုၿပီးေျပးဖက္ လိုက္တယ္ သမီး ေလး ပါးေပၚမွာကြၽန္ေတာ္လိမ္းေပးလိုက္တဲ့ သနပ္ခါး ပါးကြက္ေလး ၊မ်က္ရည္ေၾကာင့္ ႏွစ္ျခမ္း ကြဲသြားသလိုကြၽန္ေတာ့္ ရဲ႕အသဲေတြလည္း ကြဲေနပါၿပီ။

ကြၽန္ေတာ့္ ကို ဖက္ၿပီး ပါးပါး ျပန္လိုက္ခဲ့မယ္ သမီး… ပါပါး အခန္းအျပင္ကေစာင့္ေနမယ္ေနာ္၊ပါးပါး ဘယ္မွ မသြားဘူးဆိုၿပီးအခန္းထဲျပန္ပို႔ရတယ္။

မိုးဖြဲဖြဲ ေလးက်ၿပီ း မိုးမင္းႀကီးကကြၽန္ေတာ္တို႔သားအဖ ကိုပိုၿပီး ေၾကကြဲေအာင္မ်ား လုပ္ေနေရာ့သလား၊ကြၽန္ေတာ့္ သမီးေလးကို ဖက္ၿပီးေက်ာင္းခန္းထဲ လိုက္ပို႔ တဲ့ အခန္း ကို႐ုပ္ရွင္႐ိုက္ ရင္ သမီးေရာ ကြၽန္ေတာ္ေရာအကယ္ဒမီ ရမွာ ေသခ်ာတယ္။သမီးကို ပို႔ၿပီး ၊ကြၽန္ေတာ္ကားေပၚေရာက္တဲ့ အထိခ်က္ခ်င္း မျပန္ေသးဘူး။

ကား စတီယာတိုင္ ေပၚမွာ ေခါင္းကို ေမွာက္ၿပီးမ်က္ရည္က်ခဲ့တယ္ဆိုတာကို ဝန္ခံပါရေစ။စဥ္းစားၾကည့္ေလ လာတုန္းက သမီးေလးနဲ႔ ၊အခုတစ္ေယာက္တည္းျပန္ရမွာေက်ာင္းခန္းထဲက ကမာၻမေၾက သီခ်င္းသံၾကားမွ ငါ့သမီးေလး သီခ်င္းဆိုေနၿပီဆိုၿပီးအိမ္ျပန္ခဲ့ရတယ္။

အခု သမီး က ၁၄ ႏွစ္ဟိုတေလာ ကသူ႔ရဲ႕ဖုန္း ring ျမည္ေနလို႔ကိုင္လိုက္ေတာ့ ဟဲလို ဟိုဘက္က ကြၽန္ေတာ့အသံၾကားသြားလို႔ ထင္တယ္ ဦးေလး ၊အဲ အန္ကယ္ ရည္မြန္ရွိလား ခင္မ်တဲ့။ေယာက်ာၤး ေတြဆိုတာ သံလိုက္ သေဘာရွိတယ္ အဖို နဲ႔အမ ေလာက္ပဲ ကပ္ခ်င္တဲ့သေဘာ ငါ့ ကိုမ်ား အန္ကယ္တဲ့ ၊ေတာ္ေသးတာေပါ့Dady မေခၚလို႔။

ေယာက်ာၤးေလးတစ္ေယာက္ရဲ႕ အသံၾကားေတာ့လို႔အပ္သည့္အသံထက္ ၆ ဆ ေလာက္ျမင့္လိုက္ၿပီး ေအး ခဏ ကိုင္ထားဆိုၿပီး ၊႐ုပ္ရွင္ထဲက ဦးသိန္း ေမာင္ေလသံနဲ႔ဖုန္းနားကပ္ၿပီး ရည္မြန္ လို.တစ္ခ်က္ေအာ္ေခၚလိုက္တယ္ ဟို ဘက္က တစ္ေယာက္လည္းလန႔္သြားေအာင္လို႔။

သမီးကလည္း အေျခအေနကို ရိပ္မိေနတဲ့သေဘာရွိတယ္ေရဒီယို ဟာသရ႐ႊင္ေဆး ထဲကမိန္းမတစ္ေယာက္ရဲ႕ အသံမ်ိဳးနဲ႔ ရွင္— ပါပါး ဆိုၿပီး ဖုန္းဆီအလာသမီးလမ္းေလ်ာက္ရာလမ္းကိုကြၽန္ေတာ့္ စိုက္ၾကည့္ေနလို႔ သမီး သူ႔ ေျခေထာက္အခ်င္းခ်င္းေတာင္ခလုပ္တိုက္တယ္ ။

သမီးက လိုင္းမမိလို႔ အခန္းထဲသြားေျပာတာ ဘယ္ရမလဲ ကြၽန္ေတာ္က တံခါးကို နားနဲ႔ ကပ္ၿပီးနားအေထာင္ သမီးက အခန္းထဲကအထြက္ တံခါးျပန္အဖြင့္ ႏွစ္ေယာက္သားတိုက္မိလို႔ရွက္ရမ္းရမ္းၿပီး ေဟာက္လိုက္ရတယ္။ဘယ္လိုျဖစ္ေနတာလည္းေယာက္ယက္ကို ခတ္ေနတာပဲလို႔၊အမွန္ ေယာက္ယက္ခတ္ေနတာက ကြၽန္ေတာ္ပါ။

သမီးက ဧည့္ခန္းထဲဖုန္းသြားေျပာတာ ဘယ္ရမလဲ ေအာင္မ်ိဳးေအးပဲ ဧည့္ခန္းထဲ တံျမက္စီး လွဲခ်င္ေယာင္ေဆာင္ၿပီးနားေထာင္ေနတာေပါ့။သမီးက နဂါးမင္းနဲ႔ ဖြတ္က်ား စစ္ခင္းေတာ့မယ့္အေျခအေနကို သိသြားတယ္ထင္တယ္ ေအာ္ေအး ေအာ္ေအးေအး ေအာ္ေအး ဆိုၿပီးဖုန္းခ်ၿပီး ပြဲကို အျမန္ဆုံး သိမ္းပစ္လိုက္တယ္။

ဘယ္သူလဲသမီး ေက်ာင္း ကပါ ၊ေက်ာင္းမတက္လို႔စာေမးတာ ႐ိုးေနၿပီ ဒါငါ့အကြက္ေတြ ပထမစာေမးမယ္၊ၿပီးရင္ ထမင္းစားၿပီးၿပီလားေမးမယ္ ၊ၿပီးရင္ဂ႐ုစိုက္ေနာ္ဆိုၿပီး ဖုန္းခ်သြားမယ္။

သမီးကိုေတာ့မေျပာပါဘူး ၊စိတ္ထဲကပဲ ေျပာေနတာပါ။မေခ်ာစု သမီးဖုန္း ကိုလည္း ဂ႐ုစိုက္ဦး တိုးတိုးတိတ္တိတ္မွာထားရတယ္။သမီးက ငယ္ပါေသးတယ္ ၊ကြၽန္ေတာ့္က စိုးရိမ္လြန္ေနတာပါ။

ေအာ္ သမီးသမီး အခ်ိန္တန္ရင္ေတာ့ သမီးေလးနဲ႔ခြဲရမွာပါေလ —-လို႔ေတြးမိရင္း…တကယ္ေတာ့ —သမီး ေလးဟာ ကြၽန္ေတာ္ နမ္း လို႔ မဝေသးတဲ့ပါးတစ္ျခမ္းပါ။Credit to Maung Pinlal