Uncategorized

ထမင်းပေါင်းအိုး နဲ့ ဒန်ပေါက် ချက်နည်း

ထမင်းပေါင်းအိုး နဲ့ ဒန်ပေါက် ချက်နည်း

အိမ်မှာပဲ ထမင်းပေါင်းအိုးနဲ့ ဒန်ပေါက်ချက်တဲ့နည်း လေး ပြောပြပါ လို့ ပြောကြ လို့ ဖော်ပြ ပေးလိုက်ပါတယ်။ ထမင်း ပေါင်းအိုး နဲ့ ဒန်ပေါက် ချက်နည်း

လိုအပ်တဲ့ ပစ္စည်းများံ —— ၁။ ဒန်ပေါက်ဆန် ၂။ နို့စိမ်း ၃။ ထောပတ်(အပူပေးထားပါ) ၄။ ပဲစိမ်း ၊ စပျစ် စေ့ခြောက် ၊သီဟို စေ့ ၅။ သကြား ၊ ဆား ၊ ကြက်သားမှုန့် ၊ ဆီ ၊ ကြက်သွန်ကြော် ၊

၆။ ဒန်ပေါက် အရောင်ဆေးရည် ၇။ ဒန်ပေါက်မဆလာ (ဖာလာစေ့.နာနတ်ပွင့်.သစ်ဂျပိုးခေါက်..ကရဝေးရွက်.

ပြုလုပ်ပုံ အဆင့်ဆင့်ံ —- ၁။ ဒန်ပေါက်ဆန် ကို ရေဆေးပြီး နာရီဝက်ခန့် ရေစိမ်ထားပါ… ၂။ရေနွေးအိုးကို အိုးကြီးကြီးနဲ့ကိုယ်ချက်မယ့် အချိုးအစားပေါ် မူတည်ပြီး ရေများများနဲ့ ဆူအောင် တည်ပါ..

၃။ ရေထဲကို သစ်ဂျပိုးခေါက် ၊ ဖာလာ ၊ နာနတ် ၊ ကရဝေး အနည်းငယ် နဲ့ ဆား နည်းနည်းထည့်ပြုတ်ပေးပါ။ ၄။ ရေဆူလာရင် စိမ်ထားတဲ့ ဆန်ကို ထည့်ပြီး မွှေပေးပါ… ဆန်က ရှည်ထွက်လာပြီး မာတင်းတင်းလေး ဆိုရင် ရေစစ်ပြီး ပေါင်းမယ့် အိုးထဲကို ထည့်ပါ..

၅။ ပြီးရင်… ထောပတ် အပူပေးထားတာကို လောင်းထည့်ပါ။ ၆။ နို့်စိမ်း ၊ သီဟိုစေ့ ၊ စပျစ်သီး ပဲစိမ်း တွေကိုထည့်ပါ.. ။ ဆား သကြား ကြက်သားမှုန့်ကိုလည်း ချက်တဲ့ ဆန်ပေါ် မူတည်ပြီး ထည့်ပေးပါ..

၇။ ပြီးရင် အပေါ်ကနေ ဒန်ပေါက် အရောင်ကို ကွက်ကြား လောင်းထည့် ပေးပါ. ၈။ အရောင်ထည့်ပြီးရင် ကြက်သွန်ကြော်နဲ့ ဒန်ပေါက် မဆလာ ကို အပေါ်ဆုံး ကနေတင်ပြီး ဆီ အနည်းငယ် လောင်းထည့်လိုက်ပါ…

၉။ ပြီးရင် မီးခလုတ်နှိပ်ပြီး ၄၅ မိနစ်ဆို ကျက်ပါပြီ…

ကြက်သားချက် အတွက်က တော့ – ကြက်သားကိုတော့ ညကတည်း က ဒိန်ချဉ်ရယ် မဆလာရယ် အချိုအငံနဲ့ နယ်ပြီး ရေခဲသေတ္တာထဲနှ ပ်ပါ…

– မနက်ကျရင် ကြက်သွန်ဖြူ/နီ ဆီသပ်ပြီး အရောင်မှုှုန့် ထည့်ကာ ကြက်သားချက်ပါ… – ကြက်းသားကျက်ပြီ ဆိုရင် ကြက်သွန်ကြော်တွေ ကို များများထည့်ပြီး မဆလာ ထည့် လိုက်ရင် ရှယ်ကြက်သားဟင်းနဲ့ ဒန်ပေါက် ရပါပြီ…

(ဆန်ကိုဆယ်ပြီးပြုတ်ထားတဲ့အပူငွေ့မသေခင် အိုးထဲကိုထည့်တာတွေ အမြန်ဆုံးလုပ်ပါ)..

Credit – TZMK

ထမင္းေပါင္းအိုး နဲ႔ ဒန္ေပါက္ ခ်က္နည္း

အိမ္မွာပဲ ထမင္းေပါင္းအိုးနဲ႔ ဒန္ေပါက္ခ်က္တဲ့နည္း ေလး ေျပာျပပါ လို႔ ေျပာၾက လို႔ ေဖာ္ၿပ ေပးလိုက္ပါတယ္။ ထမင္း ေပါင္းအိုး နဲ႔ ဒန္ေပါက္ ခ်က္နည္း

လိုအပ္တဲ့ ပစၥည္းမ်ားံ —— ၁။ ဒန္ေပါက္ဆန္ ၂။ နို႔စိမ္း ၃။ ေထာပတ္(အပူေပးထားပါ) ၄။ ပဲစိမ္း ၊ စပ်စ္ ေစ့ေျခာက္ ၊သီဟို ေစ့ ၅။ သၾကား ၊ ဆား ၊ ၾကက္သားမႈန္႔ ၊ ဆီ ၊ ၾကက္သြန္ေၾကာ္ ၊

၆။ ဒန္ေပါက္ အေရာင္ေဆးရည္ ၇။ ဒန္ေပါက္မဆလာ (ဖာလာေစ့.နာနတ္ပြင့္.သစ္ဂ်ပိုးေခါက္..ကရေဝးရြက္.

ျပဳလုပ္ပုံ အဆင့္ဆင့္ံ —- ၁။ ဒန္ေပါက္ဆန္ ကို ေရေဆးၿပီး နာရီဝက္ခန္႔ ေရစိမ္ထားပါ… ၂။ေရေႏြးအိုးကို အိုးႀကီးႀကီးနဲ႔ကိုယ္ခ်က္မယ့္ အခ်ိဳးအစားေပၚ မူတည္ၿပီး ေရမ်ားမ်ားနဲ႔ ဆူေအာင္ တည္ပါ..

၃။ ေရထဲကို သစ္ဂ်ပိုးေခါက္ ၊ ဖာလာ ၊ နာနတ္ ၊ ကရေဝး အနည္းငယ္ နဲ႔ ဆား နည္းနည္းထည့္ျပဳတ္ေပးပါ။ ၄။ ေရဆူလာရင္ စိမ္ထားတဲ့ ဆန္ကို ထည့္ၿပီး ေမႊေပးပါ… ဆန္က ရွည္ထြက္လာၿပီး မာတင္းတင္းေလး ဆိုရင္ ေရစစ္ၿပီး ေပါင္းမယ့္ အိုးထဲကို ထည့္ပါ..

၅။ ၿပီးရင္… ေထာပတ္ အပူေပးထားတာကို ေလာင္းထည့္ပါ။ ၆။ နို့္စိမ္း ၊ သီဟိုေစ့ ၊ စပ်စ္သီး ပဲစိမ္း ေတြကိုထည့္ပါ.. ။ ဆား သၾကား ၾကက္သားမႈန္႔ကိုလည္း ခ်က္တဲ့ ဆန္ေပၚ မူတည္ၿပီး ထည့္ေပးပါ..

၇။ ၿပီးရင္ အေပၚကေန ဒန္ေပါက္ အေရာင္ကို ကြက္ၾကား ေလာင္းထည့္ ေပးပါ. ၈။ အေရာင္ထည့္ၿပီးရင္ ၾကက္သြန္ေၾကာ္နဲ႔ ဒန္ေပါက္ မဆလာ ကို အေပၚဆုံး ကေနတင္ၿပီး ဆီ အနည္းငယ္ ေလာင္းထည့္လိုက္ပါ…

၉။ ၿပီးရင္ မီးခလုတ္ႏွိပ္ၿပီး ၄၅ မိနစ္ဆို က်က္ပါၿပီ…

ၾကက္သားခ်က္ အတြက္က ေတာ့ – ၾကက္သားကိုေတာ့ ညကတည္း က ဒိန္ခ်ဥ္ရယ္ မဆလာရယ္ အခ်ိဳအငံနဲ႔ နယ္ၿပီး ေရခဲေသတၱာထဲႏွ ပ္ပါ…

– မနက္က်ရင္ ၾကက္သြန္ျဖဴ/နီ ဆီသပ္ၿပီး အေရာင္မႈႈန္႔ ထည့္ကာ ၾကက္သားခ်က္ပါ… – ၾကက္းသားက်က္ၿပီ ဆိုရင္ ၾကက္သြန္ေၾကာ္ေတြ ကို မ်ားမ်ားထည့္ၿပီး မဆလာ ထည့္ လိုက္ရင္ ရွယ္ၾကက္သားဟင္းနဲ႔ ဒန္ေပါက္ ရပါၿပီ…

(ဆန္ကိုဆယ္ၿပီးျပဳတ္ထားတဲ့အပူေငြ႕မေသခင္ အိုးထဲကိုထည့္တာေတြ အျမန္ဆုံးလုပ္ပါ)..

Credit – TZMK