ကိုယ့်လက်ကို တွဲထားတဲ့အချိန်မှ အရင်လူကို မေ့နိုင်ရဲ့လား မမေးပါနဲ့
ကိုယ့်လက်ကို တွဲထားတဲ့အချိန်မှာ အရင်လူကို မေ့နိုင်ရဲ့လား မမေးပါနဲ့ ဘယ်သူ့ကို ပိုချစ်လဲ မနှိုင်းယှဉ်ပါနဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးဖြတ်ရာ ရောက်သလို သူများအပေါ်လည်း မယုံကြည်သလိုပဲ မေ့ဖို့ထပ်ချစ်တာ မဟုတ်သလို ထပ်ချစ်လို့ မေ့သွားတာလည်း မဟုတ်ဘူး ကိုယ်ဟာအရင်လူကို အရူးအမူး အသည်းအသန် ခံစားခဲ့ရရင်တောင် အတိတ်ဟာ အတိတ်ပါ သူ့ကို မရလို့ သူချစ်ချစ် မချစ်ချစ် ဘဝကိုတယောက်တည်း ဖြတ်သန်းတော့မယ်တို့ အသစ်ထပ်မရှာတော့ဘူး ဆိုတာတို့က ဒီခေတ်မှာ ပုံပြင်တွေ ဇာတ်လမ်းတွေထဲမှာတောင် ရှာမရတော့ပါဘူး
လူတွေက သိပ်ပြီး သံယောဇဉ် တွယ်တတ်ကြသလို တယောက်တည်းလည်း အကြာကြီး မနေတတ်ပါဘူး တချိန်မဟုတ် တချိန်တော့ လက်တွဲဖော်ဆိုတာကို နှလုံးသားရဲ့အလိုဆန္ဒအရ ရှာဖွေကြတာပါပဲ
အဲဒီအခါ အရင်လူဆိုတဲ့ အာရုံဟောင်းကြီးက တော်တော်ဇယားနောက်ပါတယ် အထူးသဖြင့် သူ့ကြောင့် အချိန်တွေ အကြာကြီး နာကျင်ဖူး ခံစားဖူးတဲ့အခါ နောက်လူရဲ့ သံသယမေးခွန်းတွေကို အမေးခံရတာ ကိုယ့်ကို မယုံကြည်သလိုပါပဲ အရင်လူထက် လက်ရှိလူကို ပိုချစ်သွားပြီး တသက်လုံးမခွဲကြတဲ့ အတွဲတွေ အများကြီးပဲ လက်ရှိဘေးမှာ ရှိတဲ့သူကိုပဲ အကောင်းဆုံး ပေးဆပ်ပြီး ချစ်ချင်ကြတာ
ကိုယ့်မှာ အတိတ်ရှိသလို သူ့မှာလဲ အတိတ်ဆိုတာရှိမှာပဲ… အတိတ်ဆိုတာ ထိုင်ငိုနေဖို့ မဟုတ်ဘူးလေ အချစ်ဆိုတာ မသေမချင်း ကြိမ်ဖန်များစွာဖြစ်ပေါ်နေဦးမှာပါ မင်းကိုချစ်တာ နောက်ဆုံးပါလို့ မင်းလည်းအာမခံရဲမှာမဟုတ်သလို ကိုယ်လည်း အာမမခံနိုင်ဘူး မင်းကောင်းသရွေ့ လက်တွဲမယ်မင်းချစ်နေသရွေ့ ပြန်ချစ်မယ် ဘဝဟာ ရိုးရိုးရှင်းရှင်းလေးပါပဲကွယ်
Credit
Unicode