unicode
ရုပ်ရည်မမျှပေမယ့် ချစ်ရည်တူမျှကြလို့ တီဗွီထဲမှာတောင် ထုတ်လွှင့်ပြသခံရတဲ့ ချစ်သူစုံတွဲ
အချစ်ဆိုတာ မျက်စိမရှိပါဘူး … ဒါပေမယ့် မျက်စိရှိလို့သာ မြင်မြင်ချင်း ချစ်တယ်ဆိုတာ ဖြစ်လာတာပါ။ အချစ်ဆိုတာ မျက်စိမရှိဘူးဆိုတဲ့ အဓိပ္ပါယ်က တကယ်တော့ ကိုယ်ချစ်တဲ့သူဆိုရင် ဘယ်လိုပဲ ချို့ယွင်းချက်တွေ၊ ပြစ်ချက်တွေရှိနေနေ မမြင်ဘူးလို့ ဆိုလိုတာပါ။ ဒီအချက်ကို ဖိလစ်ပိုင်နိုင်ငံသား Roger Casugay နဲ့ ဒက်ချ်နတ်သမီးလေးတို့ရဲ့ ချစ်ပုံပြင်က သက်သေခံနေပါလိမ့်မယ်။
Viral သတင်းမှာ ဖော်ပြထားချက်အရ Roger Casugay အမည်ရ ဖိလစ်ပိုင်နိုင်ငံသားဟာ ဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်းပဲ အသားရေက မည်းတဲ့ဘက်မှာ ပါပါတယ်။ ရုပ်ရည်အားဖြင့်လည်း မြင်တဲ့အတိုင်းပါဘဲ စွဲဆောင်မှုရှိတဲ့ ရုပ်ရည်မျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အရပ်အမောင်းကတော့ ကောင်းပြီး၊ ကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ ယောက်ျားပီသတယ်လို့ ဆိုရမှာပါ။
Roger ကတော့ ရေလွှာလှိုင်းစီးနည်းပြတစ်ယောက် ဖြစ်ပြီး၊ လူမှုရေးမှာ အလွန်ဖော်ရွေတယ်လို့ ဆိုပါတယ်။ ဒီမှာတင် ဟော်လန်နိုင်ငံသူ Lisa Verweij နဲ့ ဖိလစ်ပိုင်မှာ စတင်စုံတွေ့ခဲ့ပါတယ်။ စတင်စုံစည်းကာစက သူမရဲ့ အတွေးထဲမှာ Roger ဟာ ရုပ်ဆိုးဆိုး အမျိုးသားတစ်ယောက်ပါဘဲ။ ဒါပေမယ့် သူရဲ့ ဖော်ရွေမှုကြောင့် ရင်းနီးခဲ့ပါတယ်။
မကြာမီ ကာလမှ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေ ရှိလာခဲ့ပြီး၊ Roger ကလည်း သူတတ်ကျွမ်းတဲ့ ရေလွှာလှိုင်းစီးနည်းကို သင်ပေးဖို့ အခွင့်အခါ စောင့်နေခဲ့ပါတယ်။ ဒါပေမယ့် Lisa က သူ့ရဲ့ မြင်ကွင်းကနေ ပျောက်ချင်းမလှ ပျောက်သွားခဲ့လို့ မနီလာကို ပြန်သွားတာလား၊ ဒါမှမဟုတ် ဇာတိမြေကိုပဲ အပြီးပြန်သွားတာလား ဆိုပြီး လွမ်းကျန်ခဲ့ရပါသေးတယ်။ နောက်မှ Lisa ကို သူ့သူငယ်ချင်းတွေနဲ့ ပြန်တွေ့ချိန်မှာ Roger တစ်ယောက် အားတင်းပြီး မိတ်ဆက်စကားဆိုခဲ့ရာကနေတဆင့် မိတ်ဆွေတွေဖြစ်လာခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ နှစ်ယောက်သားမှာ ဘာခြားနားချက်မှ မရှိတော့ဘဲ၊ ရုပ်ရည်တွေ၊ အသားရေတွေကို မမြင်တော့ပဲ ချစ်သူတွေဘဝကို ရောက်သွားခဲ့ပါတယ်။သူတို့တစ်တွေဟာ ရုပ်ရည်မမျှပေမယ့် ချစ်ရည်တွေ တူမျှခဲ့လို့ အများရဲ့ အားကျရတဲ့ စုံတွဲတစ်တွဲ ဖြစ်ခဲ့ပါတယ်။
သူတို့နှစ်ယောက်အကြောင်းကို ပြည်တွင်း ရုပ်သံတစ်ခုကနေ ထုတ်လွှင့်ရသည်အထိ နာမည်ကြီးခဲ့ပါတယ်။ သူတို့နှစ်ယောက်နဲ့ပတ်သက်တဲ့ မှတ်တမ်းဗွီဒီယိုဖိုင်ကို အောက်မှာ ဖော်ပြထားပါတယ်။
Zawgyi

&;