ၾကားသိရသမွ်

အရက်ဆိုင် မှာ စားပွဲထိုးလုပ်ခဲ့ရပေမယ့် ငယ်ဘဝ အိပ်မက်ကို တည်ဆောက်နိုင်ခဲ့တဲ့ မြန်မာလူငယ်တဦး

ကျွန်တော်ငယ်ငယ်က အိမ်က အတော်ဆင်းရဲတယ်။ ကျွန်တော် ၄ တန်းအောင်တော့ အိမ်က စားသောက်ဆိုင်ကလေး စ ဖွင့်တယ်။ နယ်ဘက်ဖြစ်လို့ အစားအသောက်ထက် အရက် ဘီယာ ပိုရောင်းရတယ်။ အဲ့တုန်းက ကျူ ရှင်မနေဘူး

ဆိုင်မှာပဲ စားပွဲထိုးရတယ်။ညနေ ၅ နာရီဆို ဆိုင်ထဲ လူ စ စည်ပြီ။ ရွာက အရက်သမားတွေ စ စုနေလောက်ပြီလို့ ပြောလို့ရတယ်။ ဆိုင်ထဲ တဖွဲဖွဲ ဝင်လိုက် ထွက်လိုက်ပါပဲ။ ဂရမ်း၊ rc၊ မန်းလေးရမ်၊ ဟိုက်ကလက်၊ မြန်မာ၊ မန်းလေး၊ ဘီယာချမ်း၊ မေမြို့ဝိုင်၊ မန်ကျည်း၊ ကော်ဝီ အစုံပဲ ( မှတ်မိသလောက် )။ ဆိုင်မှာ စားပွဲထိုးရင်း ကျောင်းတက်ရင်းပါပဲ။နွေရာသီ ရောက်တော့ ရွာမှာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်တယ်။ အမေကပို့တော့ တက်ဖြစ်တယ်။ အဲ့မှာပဲ ကျွန်တော် စ ခွဲခြားဆက်ဆံခံရတာပါပဲ။ ကျွန်တော်တို့ကို စာသင်ပေးတဲ့ ဦးဇင်းက ” မိစ္ဆာဇီဝ အသက်မွေးမှု လုပ်ငန်း ၅ မျိုး ” အကြောင်း စ သင်တယ်။ အဲ့မှာ အချက် ၅ ချက် ရှိတယ်။

ဒါပေမဲ့ အရက်ရောင်းတာ မကောင်းဆိုးဝါး လုပ်ငန်းဖြစ်ကြောင်းကို တသီချင်း ကျွန်တော့်ကို တည့်တည့်ကြီး ကြည့်ပြီးပြောတော့တာပါပဲ။ ကျွန်တော်မှတ်မိတယ်။ အဲ့ဦးဇင်းက စသင်ကတည်းက ကျွန်တော့်ကို စိုက်ကြည့်နေတာ။ အတန်းထဲက ကျောင်းသား၊ကျောင်းသူ ကိုရင် သီလရှင် အကုန် ကျွန်တော့်ကို ရွှံ့ရှာတဲ့ အကြည့်နဲ့ ဝိုင်းကြည့်ကြတော့တာပဲ။ကျွန်တော် အရမ်းရှက်မိတယ်။ လူတေ ကျွန်တော့်ကို သတိမထားမိတဲ့ အချိန် ကျွန်တော် မျက်ရည်ကျတော့တာပါပဲ။ အဲ့သည့်နေ့က ကျွန်တော့်ကို ဘယ်သူမှ စကား မပြောတော့။ ကျွန်တော်လည်း တစ်ယောက်တည်း ကြိတ်ငိုခဲ့တယ်။ ညနေရောက်တော့ အရက်သမားတေနဲ့ စကားပြောရင်း ရယ်မိတာပါပဲ။နောက်နေ့ ယဉ်ကျေးလိမ္မာသင်တန်း ရောက်တော့ ကျွန်တော့်ကို ဆရာမတစ်ချို့ ခွဲခြားဆက်ဆံတာပါပဲ။ ကွယ်ရာမှာ ကျွန်တော့်ကို ခေါ်တဲ့နာမည်က “အရက်ဆိုင်က ကောင်” တဲ့။ ဆရာမတေ ဘာကြောင့် ကျွန့်တော့်ကို ခွဲခြားဆက်ဆံမှန်း ကျွန်တော် နားမလည်ဘူး။

ကျွန်တော်က ဘာတေများ အမှားလုပ်မိလို့လဲ။

ဘုမသိ ဘမသိ ကိုယ်နဲ့ တခါမှ မသိတဲ့ လူနှစ်ယောက်မွေးလို့ လူလာ ဖြစ်တယ်။ သူတို့ကို အဖေ အမေလို့ ကျွန်တော်ခေါ်တယ်။ သူတို့က ကျွန်တော့်ကို ချစ်သလို ကျွန်တော်လည်း သူတို့ကို ချစ်တယ်လေ။ သူတို့က ကျွန်တော့်ကို ကျောင်းထားတယ်။ ကျွန်တော်က လိမ်လိမ်မာမာနေတယ်။ စာကြိုးစားခဲ့တယ်။ မိဘ အလုပ်ကို ဝိုင်းကူလုပ်ပေးခဲ့တာပါပဲ။ဒီလိုနဲ့ ၅ တန်း တနှစ်ကုန်တယ်။ နွေရာသီ ရောက်တယ်။ နေ့လယ်ဆို အားနေတော့ ၇ တန်း ဆရာမတစ်ယောက်ဆီက ရေခဲချောင်း ယူရောင်းတယ်။ တချောင်း လေးဆယ်နဲ့ ယူ ငါးဆယ်နဲ့ ပြန်ရောင်းတာပါပဲ။ ဘာရယ်လို့ မသိဘူး။ အတန်း ထဲက ကောင်မလေးတွေ ကျွန်တော်နဲ့ ရေခဲပုန်းကို မြင်တော့ ပြုံးစိစိလုပ်သွားကြတယ်။ ကျွန်တော်ကတော့ ခက်တည်တည်ပါပဲ။တနေ့ ကျွန်တော်က PCO ဖုန်းဆိုင်ဘေးမှာ ရေခဲချောင်းရောင်းနေတာ။

အင်ဂျင်နီယာ တယောက် ကျွန်တော့် ရေခဲချောင်း ကို ယူစားပြီး ပိုက်ဆံမပေးဘူး။ ကျွန်တော်လည်း ဇွတ်တောင်းတာပေါ့။ သူက စ သလိုလို နဲ့ ထွက်သွားတယ်။ ကျွန်တော်က မရမက အင်္ကျ ီ လိုက်ဆွဲတောင်းတော့မှ တွန်းလိုက်တယ်။ ပြီးတော့မှ ဆဲ ဆိုပြီး ပိုက်ဆံပေးသွားတာ။ ဘယ်သူမှ ဒါကို ကောင်းကောင်းမမြင်ပါဘူး။

ပညာတတ်ပေမဲ့ လူတစ်ယောက်ကို စိတ်ဆင်းရဲအောင်လုပ်မှ ပျော်တဲ့သူတွေရှိပါ့လားလို့ သင်ခန်းစာ ရလိုက်တယ်။ ညနေရောက်တော့ ထုံးစံအတိုင်းပါပဲ ။ ဆိုင်မှာ စားပွဲထိုးရတာပါပဲ။အဖေ့အမျိုးတွေက ကျွန်တော့်ကို နှိမ်တယ်ဗျ။

“အရက်ခွက် ကိုင်ပြီး ကြီးလာတဲ့ကောင် ကြီးရင် ဘာဖြစ်လာမှာ မို့လို့လဲတဲ့။ “အဲ့စကားကတော့ အသည်းနာတယ်ဗျ။ အမျိုးအရင်းကြီး စော်ကားလို့။၆တန်းကျတော့လည်းတူတူပါပဲ။ ကျောင်းပိတ်ရင် ရေခဲချောင်း ရောင်း။ ညကျတော့ စားပွဲထိုး။ ၇တန်းတက်တော့လည်း အင်္ဂလိပ်စာသင်တဲ့ဆရာက မင်းဘာမှ မတတ်ဘူး။ အဆင့်မရှိဘူးတဲ့။ အဲ့သည့်အချိန်က တော်တော်လေးကြေကွဲသွားတယ် ။ ရွာက လာတဲ့ကောင်ဆိုတော့ ရွာကြောင်းမှာ အင်္ဂလိပ်စာ ကောင်းကောင်း မသင်ပေးခဲ့ရဘူ။ မြို့ရောက်တော့ ကျောင်းမှာ grammar မသင်ရတဲ့အပြင် အနှိမ်ခံတော့ ကြေကွဲမိတာပေါ့။

ဒါပေမဲ့ မငိုတော့ပါဘူး။ မရတာ ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာ။ ဘေးရွာကကောင်တေလည်း ရတာမှ မဟုတ်ဘဲ။ အားမငယ်မိပါဘူး။ အဲ့သည့်တုန်းက အဆင့် ၅၇၊ ၅၈ အမြဲရတယ်။ လူကတော့ ၅၈ ယောက်ပါပဲ။ ၇တန်း နွေရာသီရောက်တော့ အဆင့်တက်သွားတယ်။

ရေခဲချောင်းမရောင်းတော့ဘူး ထော်လာဂျီ စပယ်ယာလိုက်ရတယ်။ အုတ်၊ သဲ၊ ကျောက်၊ ထုံး၊ ဘိလပ်မြေ အကုန်လိုက်တင်ဘူးတယ်။

ညနေရောက်ရင်တော့ စားပွဲထိုးပါပဲ။ ၈ တန်းလည်း ထိုနည်းလည်းကောင်း ပါပဲ။ကိုးတန်းရောက်တော့ စားပွဲထိုးတယ် ကျောင်းတက်တယ်။ ကျူ ရှင်မနေဘူး။ brighter grammar ကိုယ့်ဘာသာ self-study လုပ်တယ်။ တစ်နှစ်လုံး အင်္ဂလိပ်စာ ကောင်းအောင် သေချာလုပ်တယ်။ ကျူရှင်မနေတော့ လပတ် နှစ်ဝက်ကအစ အဆုံးထိ မေးခွန်းမရပါဘူး။ ကျန်တဲ့ကျောင်းသားတေတော့ ရကြတယ်။ အဲ့ကောင်တေက ကျွန်တော့ကို အမှတ်ပြည့် ရသွားမှာကြောက်လို့ ဘယ်တော့မှ မေးခွန်းကို ပြောမပြခဲ့ကြပါဘူး။ ပြောမပြပေးတဲ့ကောင်တွေကို ကျွန်တော် ပြဿ နာ မရှာတဲ့အပြင် ပြုံ းပြနေကျပါ။

ဆယ်တန်းရောက်တော့ ကျွန်တော်ချစ်တဲ့ ထော်လာဂျီလေးကို အိမ်ကရောင်းတယ်။ ပြီးတော့ သူရိန်နန်းကို ပို့တယ်။ Day တက်တာပါ။ ဘော်ဒါလည်း မနေနိုင်ပါဘူး။ သူရိန်နန်းဘေးက ဘုန်းကြီးကျောင်းမှာ ကပ်နေရတာပါပဲ။

အဆောင်က သူငယ်ချင်းတွေ မနက်စာ စားလို့မကောင်းကြောင်းညည်းရင် ကျွန်တော်ကပြုံးတယ်။ မနက်တိုင်း မနက်စာ မစားရတာကိုး။ နေ့လယ်စာ ကျောင်းမှာစားတယ်။ ညစာတော့ ထမင်းနဲ့ ဟင်းပေါင်းပေါ့။ ငှက်သိုက်ဆိုတာတော့ တခါမှ စိတ်ကူးမယဉ်မိ။အဆောင်ကသူငယ်ချင်းတေ ည စာကြာကြာကြည့်ရလို့ ညည်းတဲ့အခါ ကျွန်တော် ပြုံးတယ်။ ကျွန်တော်က မီးပျက်ရင် စာကြည့်မီးအိမ်ကလေးက သေးတော့ကောင်းကောင်းမမြင်ရဘူး။ အဲ့အချိန် သူရိန်နန်းလမ်းကြားက ဇရပ်နားမှာ ထိုင်ကျက်နေကျ။ security ဦးလေးကြီးများကို ကောင်းကောင်းမှတ်မိတယ်။

ဆယ်တန်း အောင်တော့ 4D။ အမေနဲ့အဖေ အရက်ဆိုင်ပိတ်ပြီ။ အကြောင်းက သူ့သားကို ဆေးကျောင်းတက်စေချင်လို့။ အထင်တော့မကြီးပါနဲ့ ဆေးကျောင်းကို နောက်ဆုံးအမှတ်နဲ့ မီတာပါ။ ကျွန်တော်က ပြတ်တယ်၊ ဆေးလိုင်း စိတ်မဝင်စားဘူး။ environmental science စိတ်ဝင်စားတာ။ ဖောင်ဖြည့်ရက်နီးတော့ မိန်းထဲကို အင်္ဂလိပ်စာထူးချွန် လျှောက်တယ်။ ပြီးမှ es ဘက် ကူးမယ်ပေါ့။ ခွင့်ပြုတဲ့ အဖေနဲ့အမေ ကျေးဇူးကြီးပါတယ်။Eng ထူးချွန်တက်ပါတယ်။ ပထမနှစ် ဝေလေလေ ပါပဲ။ ဒုတိယနှစ် ဒုတိယ semester မှာ zool ဌာနက Dr.ဒေါ်မီမီကျော်နဲ့ တွေ့ပြီးတဲ့ နောက် လမ်းစတွေ့တယ်။

environmental science အကြောင်း သင်ယူတယ်။ ပြီးတော့ နိုင်ငံခြား scholarship လျှောက်ဖို့ တိုက်တွန်းတယ်။အဲ့ sem မှာပဲ စာသေချာလုပ်တယ်။ indo ကို ဒီနိုင်ငံက Asean Universities Network ထဲပါတဲ့ MU က ကျောင်းသား နှစ်ယောက်လွှတ်ပေးတယ်။ ကံကကောင်းတော့ နူတ်ဖြေစာမေးပွဲအောင်သွားတယ် ( လုံးဝ ကံကောင်းတာပါ ) ရန်ကုန်ကိုတောင် တခါမှ မရောက်ဖူးတဲ့ ကောင် ဘန်ကောက်တောင် transit နဲ့ ရောက်ဖူးသွားတယ်။ indo မှာ အတွေ့အကြူံ အများကြီး ရခဲ့တယ်။

တတိယနှစ် ပထမ semester ရောက်တော့ ၂၀၁၈ နှစ်လပိုင်းက International Conference on Burma/ Myanmar Studies – 2 ( ICBMS 2 ) မှာ penal discussion မှာ panel member တယောက်အနေနဲ့ CSR policy ကဏ္ဍကို ဆွေးနွေးခွင့်ရခဲ့တယ်။ ပြီးတော့ မဲခေါင်မြစ်နဲ့ ပတ်သက်ပြီးတော့ လေ့လာတဲ့ သ ုတေသနအဖွဲ့ထဲမှာ ပါဝင်ခွင့်ရပြီ။ဒါကတော့ ကျွန်တော့်အိပ်မက်ပါ။ ငယ်ငယ်ကတည်းက environmental ကို ဝါသနာပါတဲ့ကောင် အိပ်မက်တွေ ဖြစ်လာခဲ့ပြီ။ ဒီနှစ် ၃လပိုင်း ၁၇ ကစလို့ ကျွန်တော့ ဇာတိ မြစ်ငယ်က ကလေးတေကို အင်္ဂလိပ်စာ four skills သင်တန်း အခမဲ့ ဖွင့်ပေးနိုင်ခဲ့တယ်။ IPA တောင် သင်ပေးခဲ့သေးတယ်။ ကလေးတေပျော်တယ်။ ကျွန်တော်လည်း ပျော်တယ်။ အခုတော့ စွယ်တော်က ဆည်မြောင်းရုံးထဲမှာ အဲ့နားက ကလေး တွေ မယ်သီလရှင်တွေကို အခမဲ့ သင်တန်းတစ်ခု ထပ်ပေးနေတယ်။ မြေဖြူကို အားရပါးရ ကိုင်ရင်း။ ပျော်ပျော်ကြီး စာသင်နေပါတယ်။

ကျွန်တော့်ကို ငယ်ငယ်က “အရက်ခွက် ကိုင်ပြီး ကြီးလာတဲ့ကောင် ကြီးရင် ဘာဖြစ်လာမှာ မို့လို့လဲ ” ဆိုတဲ့ အမျိုးတေ သူတ့ိုသားသမီးကို မြေဖြူ ကိုင်ပြီး စာသင်ပေးဖိ့ု လာပြောနေကြတယ်။ ကျွန်တော့်တပည့်တွေ ကျွန်တော့်ကို ကန်တော့တာ ဟိုဦးဇင်းမြင်တော့ အံသြနေလေရဲ့။ ယဉ်ကျေးလိမ္မာသင်တန်းမှာ ကျွန်တော့်ကို ခွဲခြားဆက်ဆံခဲ့တဲ့ ဆရာမတေလည်း အခုတော့ အံသြနေလေရဲ့။ ကိုးတန်းတုန်းက မေးခွန်းတွေ မေးမိလို့ မသိဘူးပြောတဲ့ သူငယ်ချင်းတွေ ဘက ကျောင်းမှာ ပညာဒါန လုပ်နေတဲ့ ကျွန်တော့်ဆီ ၁၀တန်းစာတွေ လာလာမေးနေလေရဲ့။

grammar သင်မပေးဘဲ နှိမ်ခဲ့တဲ့ ဆရာကြီး မြေးကို ကျွန်တော် Phonetics ကောင်းကောင်း သင်ပေးခဲ့တယ်။ အရက်ခွက်ကိုင် ကြီးလာတဲ့ ကျွန်တော်တောင် အခု ကျွန်တော့်ဒေသအတွက် အကျိုးရှိတဲ့ မြေဖြူ ကိုင်တဲ့ လက် ဖြစ်လာခဲ့ပြီ။ ကိုယ့်ကိုယ်ကို တွေးရင်း ဝမ်းသာမိပါတယ်။

မကူညီခဲ့တဲ့ လူအားလုံးကို အခုကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ မကူညီခဲ့လု့ိ အခု သူတစ်ပါးကို ကောင်းကောင်း ကူညီ တတ်တဲ့လူဖြစ်လာပါပြီ။ ဘွဲ့ရပြီးရင်လည်း ကျောင်းဆရာပဲ လုပ်မယ်။ ကလေးတွေရဲ့ အိပ်မက်တေကို ပံ့ပိုး ပေးမယ် because ” Every child is special.”ကျွန်တော် တိုက်တွန်းချင်တာက ကလေးသူငယ်တွေ လိင်အကြမ်းဖက်ခံရတာ၊ လမ်းဘေးရောက်နေတာတွေကို အမြန်ဆုံး ထိန်းသိမ်းဖို့လိုလာပါပြီ။ လုံခြုံစိတ်ချရတဲ့ စာသင်ခန်းထဲ ပို့ဖို့ လိုလာပါပြီ။ အခု လမ်းဘေးမှာ ပလပ်စတစ်ကောက်နေတဲ့ ကလေးတွေ နောင်တချိန်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ ဖြစ်လာနိုင်ပါတယ်။ ကလေးတိုင်းကို မှန်မှန်ကန်ကန်ပြုစုပြိုးထောင်နိုင်ရင် အနာဂတ်က လှပ နေပါပြီ။

Unicode

အရက်ဆိုင် မှာ စားပွဲထိုးလုပ်ခဲ့ရပေမယ့် ငယ်ဘဝ အိပ်မက်ကို တည်ဆောက်နိုင်ခဲ့တဲ့ မြန်မာလူငယ်တဦး

ကျွန်တော်ငယ်ငယ်က အိမ်က အတော်ဆင်းရဲတယ်။ ကျွန်တော် ၄ တန်းအောင်တော့ အိမ်က စားသောက်ဆိုင်ကလေး စ ဖွင့်တယ်။ နယ်ဘက်ဖြစ်လို့ အစားအသောက်ထက် အရက် ဘီယာ ပိုရောင်းရတယ်။ အဲ့တုန်းက ကျူ ရှင်မနေဘူး။

ဆိုင်မှာပဲ စားပွဲထိုးရတယ်။ညနေ ၅ နာရီဆို ဆိုင်ထဲ လူ စ စည်ပြီ။ ရွာက အရက်သမားတွေ စ စုနေလောက်ပြီလို့ ပြောလို့ရတယ်။ ဆိုင်ထဲ တဖွဲဖွဲ ဝင်လိုက် ထွက်လိုက်ပါပဲ။ ဂရမ်း၊ rc၊ မန်းလေးရမ်၊ ဟိုက်ကလက်၊ မြန်မာ၊ မန်းလေး၊ ဘီယာချမ်း၊ မေမြို့ဝိုင်၊ မန်ကျည်း၊ ကော်ဝီ အစုံပဲ ( မှတ်မိသလောက် )။ ဆိုင်မှာ စားပွဲထိုးရင်း ကျောင်းတက်ရင်းပါပဲ။နွေရာသီ ရောက်တော့ ရွာမှာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်တယ်။ အမေကပို့တော့ တက်ဖြစ်တယ်။ အဲ့မှာပဲ ကျွန်တော် စ ခွဲခြားဆက်ဆံခံရတာပါပဲ။ ကျွန်တော်တို့ကို စာသင်ပေးတဲ့ ဦးဇင်းက ” မိစ္ဆာဇီဝ အသက်မွေးမှု လုပ်ငန်း ၅ မျိုး ” အကြောင်း စ သင်တယ်။ အဲ့မှာ အချက် ၅ ချက် ရှိတယ်။

ဒါပေမဲ့ အရက်ရောင်းတာ မကောင်းဆိုးဝါး လုပ်ငန်းဖြစ်ကြောင်းကို တသီချင်း ကျွန်တော့်ကို တည့်တည့်ကြီး ကြည့်ပြီးပြောတော့တာပါပဲ။ ကျွန်တော်မှတ်မိတယ်။ အဲ့ဦးဇင်းက စသင်ကတည်းက ကျွန်တော့်ကို စိုက်ကြည့်နေတာ။ အတန်းထဲက ကျောင်းသား၊ကျောင်းသူ ကိုရင် သီလရှင် အကုန် ကျွန်တော့်ကို ရွှံ့ရှာတဲ့ အကြည့်နဲ့ ဝိုင်းကြည့်ကြတော့တာပဲ။ကျွန်တော် အရမ်းရှက်မိတယ်။ လူတေ ကျွန်တော့်ကို သတိမထားမိတဲ့ အချိန် ကျွန်တော် မျက်ရည်ကျတော့တာပါပဲ။ အဲ့သည့်နေ့က ကျွန်တော့်ကို ဘယ်သူမှ စကား မပြောတော့။ ကျွန်တော်လည်း

တစ်ယောက်တည်း ကြိတ်ငိုခဲ့တယ်။ ညနေရောက်တော့ အရက်သမားတေနဲ့ စကားပြောရင်း ရယ်မိတာပါပဲ။နောက်နေ့ ယဉ်ကျေးလိမ္မာသင်တန်း ရောက်တော့ ကျွန်တော့်ကို ဆရာမတစ်ချို့ ခွဲခြားဆက်ဆံတာပါပဲ။ ကွယ်ရာမှာ ကျွန်တော့်ကို ခေါ်တဲ့နာမည်က “အရက်ဆိုင်က ကောင်” တဲ့။ ဆရာမတေ ဘာကြောင့် ကျွန့်တော့်ကို ခွဲခြားဆက်ဆံမှန်း ကျွန်တော် နားမလည်ဘူး

ကျွန်တော်က ဘာတေများ အမှားလုပ်မိလို့လဲ။ ဘုမသိ ဘမသိ ကိုယ်နဲ့ တခါမှ မသိတဲ့ လူနှစ်ယောက်မွေးလို့ လူလာ ဖြစ်တယ်။ သူတို့ကို အဖေ အမေလို့ ကျွန်တော်ခေါ်တယ်။ သူတို့က ကျွန်တော့်ကို ချစ်သလို ကျွန်တော်လည်း သူတို့ကို ချစ်တယ်လေ။ သူတို့က ကျွန်တော့်ကို ကျောင်းထားတယ်။ ကျွန်တော်က လိမ်လိမ်မာမာနေတယ်။ စာကြိုးစားခဲ့တယ်။ မိဘ အလုပ်ကို ဝိုင်းကူလုပ်ပေးခဲ့တာပါပဲ။ဒီလိုနဲ့ ၅ တန်း တနှစ်ကုန်တယ်။ နွေရာသီ ရောက်တယ်။ နေ့လယ်ဆို အားနေတော့ ၇ တန်း ဆရာမတစ်ယောက်ဆီက ရေခဲချောင်း ယူရောင်းတယ်။ တချောင်း လေးဆယ်နဲ့ ယူ ငါးဆယ်နဲ့ ပြန်ရောင်းတာပါပဲ။ ဘာရယ်လို့ မသိဘူး။ အတန်း ထဲက ကောင်မလေးတွေ ကျွန်တော်နဲ့ ရေခဲပုန်းကို မြင်တော့ ပြုံးစိစိလုပ်သွားကြတယ်။ ကျွန်တော်ကတော့ ခက်တည်တည်ပါပဲ။တနေ့ ကျွန်တော်က PCO ဖုန်းဆိုင်ဘေးမှာ ရေခဲချောင်းရောင်းနေတာ။

အင်ဂျင်နီယာ တယောက် ကျွန်တော့် ရေခဲချောင်း ကို ယူစားပြီး ပိုက်ဆံမပေးဘူး။ ကျွန်တော်လည်း ဇွတ်တောင်းတာပေါ့။ သူက စ သလိုလို နဲ့ ထွက်သွားတယ်။ ကျွန်တော်က မရမက အင်္ကျ ီ လိုက်ဆွဲတောင်းတော့မှ တွန်းလိုက်တယ်။ ပြီးတော့မှ ဆဲ ဆိုပြီး ပိုက်ဆံပေးသွားတာ။ ဘယ်သူမှ ဒါကို ကောင်းကောင်းမမြင်ပါဘူး။

ပညာတတ်ပေမဲ့ လူတစ်ယောက်ကို စိတ်ဆင်းရဲအောင်လုပ်မှ ပျော်တဲ့သူတွေရှိပါ့လားလို့ သင်ခန်းစာ ရလိုက်တယ်။ ညနေရောက်တော့ ထုံးစံအတိုင်းပါပဲ ။ ဆိုင်မှာ စားပွဲထိုးရတာပါပဲ။အဖေ့အမျိုးတွေက ကျွန်တော့်ကို နှိမ်တယ်ဗျ။

“အရက်ခွက် ကိုင်ပြီး ကြီးလာတဲ့ကောင် ကြီးရင် ဘာဖြစ်လာမှာ မို့လို့လဲတဲ့။ “အဲ့စကားကတော့ အသည်းနာတယ်ဗျ။ အမျိုးအရင်းကြီး စော်ကားလို့။၆တန်းကျတော့လည်းတူတူပါပဲ။ ကျောင်းပိတ်ရင် ရေခဲချောင်း ရောင်း။ ညကျတော့ စားပွဲထိုး။ ၇တန်းတက်တော့လည်း အင်္ဂလိပ်စာသင်တဲ့ဆရာက မင်းဘာမှ မတတ်ဘူး။ အဆင့်မရှိဘူးတဲ့။ အဲ့သည့်အချိန်က တော်တော်လေးကြေကွဲသွားတယ် ။ ရွာက လာတဲ့ကောင်ဆိုတော့ ရွာကြောင်းမှာ အင်္ဂလိပ်စာ ကောင်းကောင်း မသင်ပေးခဲ့ရဘူ။ မြို့ရောက်တော့ ကျောင်းမှာ grammar မသင်ရတဲ့အပြင် အနှိမ်ခံတော့ ကြေကွဲမိတာပေါ့။

ဒါပေမဲ့ မငိုတော့ပါဘူး။ မရတာ ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာ။ ဘေးရွာကကောင်တေလည်း ရတာမှ မဟုတ်ဘဲ။ အားမငယ်မိပါဘူး။ အဲ့သည့်တုန်းက အဆင့် ၅၇၊ ၅၈ အမြဲရတယ်။ လူကတော့ ၅၈ ယောက်ပါပဲ။ ၇တန်း နွေရာသီရောက်တော့ အဆင့်တက်သွားတယ်။

ရေခဲချောင်းမရောင်းတော့ဘူး ထော်လာဂျီ စပယ်ယာလိုက်ရတယ်။ အုတ်၊ သဲ၊ ကျောက်၊ ထုံး၊ ဘိလပ်မြေ အကုန်လိုက်တင်ဘူးတယ်။ ညနေရောက်ရင်တော့ စားပွဲထိုးပါပဲ။ ၈ တန်းလည်း ထိုနည်းလည်းကောင်း ပါပဲ။ကိုးတန်းရောက်တော့ စားပွဲထိုးတယ် ကျောင်းတက်တယ်။ ကျူ ရှင်မနေဘူး။ brighter grammar ကိုယ့်ဘာသာ self-study လုပ်တယ်။ တစ်နှစ်လုံး အင်္ဂလိပ်စာ ကောင်းအောင် သေချာလုပ်တယ်။ ကျူရှင်မနေတော့ လပတ် နှစ်ဝက်ကအစ အဆုံးထိ မေးခွန်းမရပါဘူး။ ကျန်တဲ့ကျောင်းသားတေတော့ ရကြတယ်။ အဲ့ကောင်တေက ကျွန်တော့ကို အမှတ်ပြည့် ရသွားမှာကြောက်လို့ ဘယ်တော့မှ မေးခွန်းကို ပြောမပြခဲ့ကြပါဘူး။ ပြောမပြပေးတဲ့ကောင်တွေကို ကျွန်တော် ပြဿ နာ မရှာတဲ့အပြင် ပြုံ းပြနေကျပါ။

ဆယ်တန်းရောက်တော့ ကျွန်တော်ချစ်တဲ့ ထော်လာဂျီလေးကို အိမ်ကရောင်းတယ်။ ပြီးတော့ သူရိန်နန်းကို ပို့တယ်။ Day တက်တာပါ။ ဘော်ဒါလည်း မနေနိုင်ပါဘူး။ သူရိန်နန်းဘေးက ဘုန်းကြီးကျောင်းမှာ ကပ်နေရတာပါပဲ။

အဆောင်က သူငယ်ချင်းတွေ မနက်စာ စားလို့မကောင်းကြောင်းညည်းရင် ကျွန်တော်ကပြုံးတယ်။ မနက်တိုင်း မနက်စာ မစားရတာကိုး။ နေ့လယ်စာ ကျောင်းမှာစားတယ်။ ညစာတော့ ထမင်းနဲ့ ဟင်းပေါင်းပေါ့။ ငှက်သိုက်ဆိုတာတော့ တခါမှ စိတ်ကူးမယဉ်မိ။အဆောင်ကသူငယ်ချင်းတေ ည စာကြာကြာကြည့်ရလို့ ညည်းတဲ့အခါ ကျွန်တော် ပြုံးတယ်။ ကျွန်တော်က မီးပျက်ရင် စာကြည့်မီးအိမ်ကလေးက သေးတော့ကောင်းကောင်းမမြင်ရဘူး။ အဲ့အချိန် သူရိန်နန်းလမ်းကြားက ဇရပ်နားမှာ ထိုင်ကျက်နေကျ။ security ဦးလေးကြီးများကို ကောင်းကောင်းမှတ်မိတယ်။

ဆယ်တန်း အောင်တော့ 4D။ အမေနဲ့အဖေ အရက်ဆိုင်ပိတ်ပြီ။ အကြောင်းက သူ့သားကို ဆေးကျောင်းတက်စေချင်လို့။ အထင်တော့မကြီးပါနဲ့ ဆေးကျောင်းကို နောက်ဆုံးအမှတ်နဲ့ မီတာပါ။ ကျွန်တော်က ပြတ်တယ်၊ ဆေးလိုင်း စိတ်မဝင်စားဘူး။ environmental science စိတ်ဝင်စားတာ။ ဖောင်ဖြည့်ရက်နီးတော့ မိန်းထဲကို အင်္ဂလိပ်စာထူးချွန် လျှောက်တယ်။ ပြီးမှ es ဘက် ကူးမယ်ပေါ့။ ခွင့်ပြုတဲ့ အဖေနဲ့အမေ ကျေးဇူးကြီးပါတယ်။Eng ထူးချွန်တက်ပါတယ်။ ပထမနှစ် ဝေလေလေ ပါပဲ။ ဒုတိယနှစ် ဒုတိယ semester မှာ zool ဌာနက Dr.ဒေါ်မီမီကျော်နဲ့ တွေ့ပြီးတဲ့ နောက် လမ်းစတွေ့တယ်။

environmental science အကြောင်း သင်ယူတယ်။ ပြီးတော့ နိုင်ငံခြား scholarship လျှောက်ဖို့ တိုက်တွန်းတယ်။အဲ့ sem မှာပဲ စာသေချာလုပ်တယ်။ indo ကို ဒီနိုင်ငံက Asean Universities Network ထဲပါတဲ့ MU က ကျောင်းသား နှစ်ယောက်လွှတ်ပေးတယ်။ ကံကကောင်းတော့ နူတ်ဖြေစာမေးပွဲအောင်သွားတယ် ( လုံးဝ ကံကောင်းတာပါ ) ရန်ကုန်ကိုတောင် တခါမှ မရောက်ဖူးတဲ့ ကောင် ဘန်ကောက်တောင် transit နဲ့ ရောက်ဖူးသွားတယ်။ indo မှာ အတွေ့အကြူံ အများကြီး ရခဲ့တယ်။

တတိယနှစ် ပထမ semester ရောက်တော့ ၂၀၁၈ နှစ်လပိုင်းက International Conference on Burma/ Myanmar Studies – 2 ( ICBMS 2 ) မှာ penal discussion မှာ panel member တယောက်အနေနဲ့ CSR policy ကဏ္ဍကို ဆွေးနွေးခွင့်ရခဲ့တယ်။ ပြီးတော့ မဲခေါင်မြစ်နဲ့ ပတ်သက်ပြီးတော့ လေ့လာတဲ့ သ ုတေသနအဖွဲ့ထဲမှာ ပါဝင်ခွင့်ရပြီ။ဒါကတော့ ကျွန်တော့်အိပ်မက်ပါ။ ငယ်ငယ်ကတည်းက environmental ကို ဝါသနာပါတဲ့ကောင် အိပ်မက်တွေ ဖြစ်လာခဲ့ပြီ။ ဒီနှစ် ၃လပိုင်း ၁၇ ကစလို့ ကျွန်တော့ ဇာတိ မြစ်ငယ်က ကလေးတေကို အင်္ဂလိပ်စာ four skills သင်တန်း အခမဲ့ ဖွင့်ပေးနိုင်ခဲ့တယ်။ IPA တောင် သင်ပေးခဲ့သေးတယ်။ ကလေးတေပျော်တယ်။ ကျွန်တော်လည်း ပျော်တယ်။ အခုတော့ စွယ်တော်က ဆည်မြောင်းရုံးထဲမှာ အဲ့နားက ကလေး တွေ မယ်သီလရှင်တွေကို အခမဲ့ သင်တန်းတစ်ခု ထပ်ပေးနေတယ်။ မြေဖြူကို အားရပါးရ ကိုင်ရင်း။ ပျော်ပျော်ကြီး စာသင်နေပါတယ်။

ကျွန်တော့်ကို ငယ်ငယ်က “အရက်ခွက် ကိုင်ပြီး ကြီးလာတဲ့ကောင် ကြီးရင် ဘာဖြစ်လာမှာ မို့လို့လဲ ” ဆိုတဲ့ အမျိုးတေ သူတ့ိုသားသမီးကို မြေဖြူ ကိုင်ပြီး စာသင်ပေးဖိ့ု လာပြောနေကြတယ်။ ကျွန်တော့်တပည့်တွေ ကျွန်တော့်ကို ကန်တော့တာ ဟိုဦးဇင်းမြင်တော့ အံသြနေလေရဲ့။ ယဉ်ကျေးလိမ္မာသင်တန်းမှာ ကျွန်တော့်ကို ခွဲခြားဆက်ဆံခဲ့တဲ့ ဆရာမတေလည်း အခုတော့ အံသြနေလေရဲ့။ ကိုးတန်းတုန်းက မေးခွန်းတွေ မေးမိလို့ မသိဘူးပြောတဲ့ သူငယ်ချင်းတွေ ဘက ကျောင်းမှာ ပညာဒါန လုပ်နေတဲ့ ကျွန်တော့်ဆီ ၁၀တန်းစာတွေ လာလာမေးနေလေရဲ့။

grammar သင်မပေးဘဲ နှိမ်ခဲ့တဲ့ ဆရာကြီး မြေးကို ကျွန်တော် Phonetics ကောင်းကောင်း သင်ပေးခဲ့တယ်။ အရက်ခွက်ကိုင် ကြီးလာတဲ့ ကျွန်တော်တောင် အခု ကျွန်တော့်ဒေသအတွက် အကျိုးရှိတဲ့ မြေဖြူ ကိုင်တဲ့ လက် ဖြစ်လာခဲ့ပြီ။ ကိုယ့်ကိုယ်ကို တွေးရင်း ဝမ်းသာမိပါတယ်။

မကူညီခဲ့တဲ့ လူအားလုံးကို အခုကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ မကူညီခဲ့လု့ိ အခု သူတစ်ပါးကို ကောင်းကောင်း ကူညီ တတ်တဲ့လူဖြစ်လာပါပြီ။ ဘွဲ့ရပြီးရင်လည်း ကျောင်းဆရာပဲ လုပ်မယ်။

ကလေးတွေရဲ့ အိပ်မက်တေကို ပံ့ပိုး ပေးမယ် because ” Every child is special.”ကျွန်တော် တိုက်တွန်းချင်တာက ကလေးသူငယ်တွေ လိင်အကြမ်းဖက်ခံရတာ၊ လမ်းဘေးရောက်နေတာတွေကို အမြန်ဆုံး ထိန်းသိမ်းဖို့လိုလာပါပြီ။ လုံခြုံစိတ်ချရတဲ့ စာသင်ခန်းထဲ ပို့ဖို့ လိုလာပါပြီ။ အခု လမ်းဘေးမှာ ပလပ်စတစ်ကောက်နေတဲ့ ကလေးတွေ နောင်တချိန်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ ဖြစ်လာနိုင်ပါတယ်။ ကလေးတိုင်းကို မှန်မှန်ကန်ကန်ပြုစုပြိုးထောင်နိုင်ရင် အနာဂတ်က လှပ နေပါပြီ။