ရွှေဘိုဈေးကြီး မီးလောင်သဖြင့် တဈေးလုံးနီးပါး မီးလောင်ပြာကျ၊ရှို့မီးဖြစ်ကြောင်း မြို့ခံများပြော
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ မြို့မဈေးကြီး၌ ယနေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ဈေးဆိုင်ခန်းအမြောက်အများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
ရွှေဘိုမြို့မဈေးကြီးမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်နေသည့် ဝန်ထမ်းများကို ဈေးလျှော့ ရောင်းချပေးနေသော ဈေးတစ်ခုဖြစ်ပြီး စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များကို ဈေးမရောင်းကြောင်း စာကပ်ထားသော ဆိုင်ခန်းအများအပြား ရှိနေသည့် ဈေးကြီးတစ်ခုလည်း ဖြစ်သည်။
မီးလောင်မှုသည် ရှို့မီးဖြစ်ကြောင်း၊ ဈေးကြီးအနီးတွင် ရွှေဘိုမြို့၏ ဗဟိုမီးသတ်ဌာနရှိနေသော်လည်း ထိရောက်စွာ မီးငြိမ်းသတ်နိုင်ခြင်းမရှိသဖြင့် တဈေးလုံးနီးပါး မီးလောင်ပြာကျခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုမြို့ခံများက ပြောသည်။
“ရွှေဘိုဈေး မီးလောင်တာ ကျနော်တို့ အထည်ဆိုင်တခုလုံး ပြာကျသွားပါတယ်။
unicode
သူ့ဆိုင်လေး ကြည့်ပြီးငိုနေတဲ့ အန်တီကြီးရယ်
မီးမလောင်ပဲကျန်ခဲ့တဲ့ လက်ဖက်တွေကြား
ငူငူကြီး ထိုင်နေတဲ့ အဒေါ်ကြီးရယ်
ရွှေဘိုဈေးကြီး မီးလောင်သဖြင့် တစျေးလုံးနီးပါး မီးလောင်ပြာကျ၊ရှို့မီးဖြစ်ကြောင်း မြို့ခံများပြော
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ မြို့မစျေးကြီး၌ ယနေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ စျေးဆိုင်ခန်းအမြောက်အများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
ရွှေဘိုမြို့မစျေးကြီးမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်နေသည့် ဝန်ထမ်းများကို ဈေးလျှော့ ရောင်းချပေးနေသော စျေးတစ်ခုဖြစ်ပြီး စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များကို စျေးမရောင်းကြောင်း စာကပ်ထားသော ဆိုင်ခန်းအများအပြား ရှိနေသည့် စျေးကြီးတစ်ခုလည်း ဖြစ်သည်။
မီးလောင်မှုသည် ရှို့မီးဖြစ်ကြောင်း၊ စျေးကြီးအနီးတွင် ရွှေဘိုမြို့၏ ဗဟိုမီးသတ်ဌာနရှိနေသော်လည်း ထိရောက်စွာ မီးငြိမ်းသတ်နိုင်ခြင်းမရှိသဖြင့် တစျေးလုံးနီးပါး မီးလောင်ပြာကျခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုမြို့ခံများက ပြောသည်။
“ရွှေဘိုစျေး မီးလောင်တာ ကျနော်တို့ အထည်ဆိုင်တခုလုံး ပြာကျသွားပါတယ်။ ဘာမှမရလိုက်ပါဘူး။ ကိုယ့်ဆိုငိ မီးလောင်နေတာကို အဝေးကနေလက်ပိုက်ပဲ ကြည့်နေနိုင်ခဲ့တယ်။ အခုချိန်မှာ အသက်ပေးထားရသူ အဖမ်းဆီးခံနေရသူတွေနဲ့ ယှဉ်ရင် ကိုယ့် ဆုံးရှုံးမှုက မပြောပပါဘူး”ဟု ရွှေဘိုမြို့စျေးကြီးမှ အထည်ဆိုင်ပိုင်ရှင်တစ်ဦးက ၎င်း၏လူမှုကွနိရက်စာမျက်နှာတွင် ရေးသားထားသည်။
&;