ၾကားသိရသမွ်

ဂျူးလူမျိုးများ ကလေးပျိုးထောင်နည်း

အစ္စရေး လူမျိုးလိုလည်း ခေါ်ကြပါတယ်။ ဂျူးလူမျိုးများဟာ ကမ္ဘာ့ရှေးအကျဆုံးသော လူမျိုးထဲမှာ ပါ၀င်ပါတယ်။ သမိုင်တစ်လျှောက်
မှာလည်း အမျိုးမျိုးဖိနိပ်ခံရပြီး တိုင်းပြည်ပျောက်ဆုံးသွားတဲ့အထိ ဆုံးရူံးခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျူးလူမျိုးကို ကမ္ဘာမှာ ဥာဏ်ပညာအကောင်းဆုံးလူမျိုးလို့ သတ်မှတ်ကြပါတယ်။

၂၀၁၅ခုနှစ် ကမ္ဘာတစ်ခွင်မှာ ဂျူးလူမျိုး လူဦးရေး ၁၄.၂ သန်းရှိပါတယ်။ကမ္ဘာ့လူဦးရေရဲ့ ၀.၂%ရှိတဲ့ ဂျူးလူမျိုးဟာ….ဂျူးလူမျိုးများဟာ ၂၀ ရာစုအတွင်း နိူဘယ်စုရှင်များရဲ့ ငါးပုံတစ်ပုံ ၊ အမေရိကန်နိုင်ငံ သြဇာအရှိဆုံးသူများစားရင်းထဲက ၅၀% ၊ အမေရိကန် နာမည်အကြီးဆုံးသော ပါမောက္ခတွေထဲမှာ ၃၀% ၊ အမေရိကန် စာပေ၊ တေးဂီတ၊ ပြဇာတ်လောက မှာ ၆၀%၊

ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်များ စာရင်းထဲမှာ ၅၀%၊ Forbes စားရင်းအရ ကမ္ဘာ့အချမ်းသာဆုံးသော ပုဂ္ဂိုလ် ၄၀ ထဲမှာ ဂျူးလူမျိုးက ၁၈ ဦး တို့ဟာ ဂျူးလူမျိုးဖြစ်ကြသလို၊ သမိုင်းမှာ အလွန်ကျော်ကြားကြတဲ့ အိုင်စတိုင်း၊ ကားလ်မတ်စ်၊ တာအို၀င် စသည်တို့ဟာ ဂျူးလူမျိုးဖြစ်ကြပါတယ်။

သုတေသနအရ ဒီလိုအောင်မြင်ရတဲ့ အကြောင်းရင်းအားလုံးထဲမှာ ဂျူးလူမျိုးတို့ရဲ့ မိသားစုနီတိနဲ့ ကလေးပြုစုပျိုးထောင်တဲ့နည်းလမ်းများဟာ အဓိကကျတယ်လို့ဆိုပါတယ်။ သူတို့ဘာတွေကို တန်ဖိုးထားလို့ ကလေးများကို ဘယ်လိုသင်ကြားပျိုးထောင်ကြပါသလဲ။

၁။ ကိုယ့်ကိုယ်ကို ရပ်တည် အားကိုးစေခြင်း

ကောင်းမွန်တဲ့ ကလေးပညာရေးဟာ တိုးတက်မူ အားလုံး ၊ ကောင်းကျိုးအားလုံးရဲ့ အခြေခံဖြစ်တယ်လို့ ဂျူးတို့က ယုံကြည်ပါတယ်။ ကလေးတွေရဲ့ လွတ်လပ်တဲ့တွေးခေါ်မူနဲ့ ကိုယ့်ကိုကို ရပ်တည်နိုင်မူ၊ မိမိကိုယ်ကို အားကိုးတတ်မူကို အလေးထား ပျိုးထောင်ပါတယ်။

ကလေးကို အချစ်လွန်ကဲတာမျိုး၊ ပိုးမွေးသလို မွေးတာမျိုးကို လုံး၀ဆန့်ကျင်တယ်။ သူတို့စကားပုံတစ်ခုက ဒီလိုဆိုပါတယ်။ “ ၅ နှစ်ကလေးဟာ သင့်ရဲ့ အရှင်သခင်၊ ၁၀ နှစ်ကလေးဟာ သင့်ရဲ့ကျွန်၊ ၁၅ နှစ်ကလေးဟာ အဖေနဲ့တန်းတူဖြစ်သွားပြီ” တဲ့။ ဆိုလိုတာက ၅ နှစ်ကလေးဆိုရင် အတတ်နိုင်ဆုံး ချစ်မယ်။ ပျိုးထောင်မယ်။

၁၀ ကျရင် သူနိုင်တဲ့၀န်ကို ထမ်းခိုင်းမယ်။ မိဘများက သူနိုင်သမျှ အချိန်ရရင်ရသလို ခိုင်းရမယ်။ ၁၅ နှစ်ကျရင် ကိုယ်ပိုင်ဆုံးဖြတ်တတ်စေရမယ်။

၂ ။ စာအုပ်ချစ်တဲ့ဓလေ့

ကလေးများသိတတ်ခါစအရွယ်မှာပဲ ဂျူးမိသားစုများဟာ ပျားရည်တစ်စက် တို့ထားတဲ့ ကျမ်းစာအုပ်ကို ကလေးအားနှမ်းရူပ်စေပါတယ်။ ဆိုလိုရင်းကတော့ စာအုပ်ဟာ အလွန်ချိုမြိန်ကြောင်း၊ နှစ်သက်စရာ အလွန်ကောင်းကြောင်း သိစေတဲ့ သဘောပါ။

ဂျူးမိသားစုတိုင်းလိုလို စာအုပ်စင်ထားရှိပြီး စာအုပ်စင်များကို ခေါင်းအုံးဘက်မှာ ထားရပါတယ်။ စာအုပ်ဆိုတာ ချစ်ရုံတင်နဲ့ မပြီးပဲ လေးစားရတဲ့သဘောပါရှိပါတယ်။

သူတို့ကိုသူတို့လည်း စာအုပ်ချစ်တဲ့လူမျိုးလို့ တင်စားကြတယ်။ သုတေသန စာတမ်းအရ အသက် ၁၄ နှစ်အထက် ဂျူးကလေးများဟာ တစ်လအနည်းဆုံး စာအုပ်တစ်အုပ်ဖတ်ပြီးတယ်လို့ဆိုပါတယ်။

၃။ ဥာဏ်ပညာကို အလေးထားတတ်အောင် ပျိုးထောင်ပေးခြင်း

ဂျူးမိသားစုထဲမှာ ကလေးများနည်းနည်းအသိရှိလာပြီဆိုရင် မိခင်ဖြစ်သူက ဒီလိုမေးမြန်းလေ့ရှိတယ်။ “တကယ်လို့ သားရဲ့အိမ်က မီးလောင်သွားတယ်၊ ပစ္စည်းတွေလည်း ဘာမှမကျန်အောင် အလုခံရတယ်။

သားဘာကိုယူပြီးထွက်ပြေးမလဲ” တဲ့ ၊ ကလေးက ရွှေတို့ ၊ ငွေတို့ ဖြေဆိုရင် မိခင်က ပြန်စဉ်းစားအုံး၊ အဲဒီပစ္စည်းဟာ အရောင်မရှိဘူး၊ အနံ့အရသာလည်း မရှိဘူးလို့ ပြန်ပြောလေ့ရှိပါတယ်။ သားက “ ဥာဏ်ပညာ” လို့ ဖြေဆိုနိုင်တဲ့ အထိ မိခင်က တစ်ဖြည်းဖြည်း လမ်းကြောင်းပေးပါတယ်။

ကျနော်တို့ ဆီက ပညာရွှေအိုး လူမခိုးနဲ့ ခတ်ဆင်ဆင်တူပါတယ်။ ဒါပေမဲ့ ကျနော်တို့က ကလေးတွေ သူဖာသာသူသိစေတာမျိုးမဟုတ်ပဲ မိဘနဲ့ဆရာများက တိုက်ရိုက်ပြောပြတာများနေပါတယ်။

၄။ စာအုပ်အများကြီးကို ၀န်တင်ထားတဲ့ “လား” မဖြစ်ပါစေနဲ့

စာတအားဖတ်တော့ ဒီစကားပုံ ပေါ်ပေါက်လာတယ်လို့ ယူဆရပါတယ်။ ကလေးများကို ငယ်ငယ်ကတဲက စာဖတ်အောင် သွန်သင်ပေးကြတယ်။ ပြီးရင် စဉ်းစား တတ်အောင် ပျိုးထောင်ပေးကြပါတယ်။

သူတို့အယူအဆအရ ဖတ်မှတ်လေ့လာခြင်းဟာ အတုခိုးခြင်းတစ်မျိုးသာဖြစ်ပြီး စဉ်းစားတွေးခေါ်တတ်ခြင်း၊ ကိုယ်ပိုင်အမြင်ရှိခြင်းနဲ့ အသစ်ဖန်တီးတတ်ခြင်းသည်သာ အဓိကကျတယ်လို့ ယူဆပါတယ် ။ ဗဟုသုတ ကြွယ်ဝြပီး ဘာမှမလုပ်တတ်တဲ့သူကို စာအုပ်ကို၀န်တင်ထားတဲ့ “ လား” လို့ စကားပုံနဲ့ ခိုင်းနိူင်းထားပါတယ်။

၅။ တွေးခေါ်ခြင်းဆိုတာ သံသယနဲ့ အဖြေတို့ ပူးပေါင်းပြီးဖြစ်ပေါ်လာတာပါ။

ဒါလည်းသူတို့ရဲ့ နာမည်ကြီးစကားပုံပါ။ မိဘစကား၊ ဆရာစကားအပါအ၀င် ဘယ်သူပြောတာပဲဖြစ်ဖြစ် သံသယ အရင်၀င်ခိုင်းပါတယ်။ သံသယ၀င်မှပဲ အဖြေမှန်ထွက်တဲ့သဘောပါ။

ကျနော်တို့ဆီက ပြောတဲ့အတိုင်း နာခံမှ လိမ္မာမယ်ဆိုတဲ့ အယူအဆနဲ့ ကွဲလွှဲပါတယ်။ မိဘများ အထောက်အကူ ဖြစ်ဖို့ တင်ပြပေးလိုက်ပါတယ်။ နှစ်သက်နိုင်ကြပါစေ။

Ref: WeChat