အခ်စ္ေရး

သင့်ကို ရက်ရက်စက်စက် ထားခဲ့သူကို ကျေးဇူးတင်ရမယ့် အကြောင်းအရင်းများ

အချစ်ဆိုတာ ချစ်သူတွေ ထားတိုင်းလည်း တွေ့ရတတ်တာမျိုးလည်း မဟုတ်ပါဘူး။ အချစ်ဆိုတာ သိပ်ကို ဆန်းကြယ်ပါတယ်။ သင့်ကို ပစ်ပစ်ခါခါ ပြောပြီး လမ်းခွဲသွားတာမျိုးနဲ့ သင့်ကို ဘာမှ ရေရေရာရာ မပြောဘဲ လမ်းခွဲသွားတာမျိုးလည်း ရှိတတ်ပါတယ်။

သင့်နဲ့ မကိုက်ညီတဲ့ ချစ်သူတွေဆိုတာ သင့်နားမှာ ကြာကြာ ရှိနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အချစ်ကြီး ချစ်ခဲ့လို့ အမုန်းကြီး မုန်းမယ့်အစား ကျေးဇူးတောင် တင်သင့်ပါသေးတယ်။ ဘာလို့လဲဆိုရင်တော့….

(၁) ကံကောင်းခြင်းတွေ ပေးသွားလို့

မကောင်းတဲ့သူတွေက ကောင်းတဲ့သူတွေနားမှာ ကြာကြာ ရှိမနေနိုင်ပါဘူး။ ဒါကြောင့် သင့်ဆီမှာ မနေနိုင်ကြတာပါ။ သင့်ဘက်က အချစ်တွေ ပေးခဲ့ပေးမယ့် မထိုက်တန်တဲ့သူကတော့ ရမှာ မဟုတ်ပါဘူး။ ဒီလို မတူညီမှုက သင့်ကို ကြာရင် စိတ်ညစ်ရစေမှာပါ။

ချစ်သူ ဖြစ်နေပြီး စိတ်ဆင်းရဲမှုတွေ ရနေတာထက်စာရင် သင့်ကို စွန့်သွားတာက သင့်အတွက် ပိုကောင်းပါတယ်။ ဒါကြောင့် သင်က မတူညီလို့ အဆင်မပြေ ဖြစ်နေတဲ့ စုံတွဲတွေထက်စာရင် ကံကောင်းတဲ့သူလို့ ဆိုနိုင်ပါတယ်။

(၂) မြန်မြန် စွန့်ခွာသွားလို့

မကောင်းတဲ့သူ သင့်ဆီက မြန်မြန် ထွက်သွားတာ ကောင်းပါတယ်။ တစ်နှစ်ပဲ အတူရှိခဲ့သည် ဖြစ်စေ၊ နှစ်နှစ်ပဲ အတူရှိသည် ဖြစ်စေ၊ သင့်အနားမှာ တစ်သက်လုံး ရှိမနေတာ ပိုကောင်းတယ် မဟုတ်လား။

သင့်အနားမှာ ရှိနေပြီး ဖောက်ပြန်တာတွေနဲ့ သင့်ကို စိတ်ဆင်းရဲအောင် လုပ်နေတာထက် စာရင် အခုလို ပြတ်သားသွားတာက သင့်အတွက် ကံကောင်းမှု ပါပဲ။ သင်တို့ ချစ်သူဖြစ်တဲ့ အချိန်ထက် ကြာတဲ့အချိန်အထိ စိတ်ညစ်စေတာ မဟုတ်ဘဲ မြန်မြန် ဇာတ်လမ်းဖြတ်သွားလို့ ကျေးဇူးတောင် တင်သင့်ပါတယ်။

(၃) ပိုပြီး သန်မာလာစေလို့

အချစ်ကြီး ချစ်လို့ အမုန်းကြီးမုန်းတာက သင့်ကို သက်သာစေမယ့် အရာတော့ မဟုတ်ပါဘူး။ သင့်အတွက် ပူလောင်စေတဲ့ အရာပဲမို့ အတွေ့အကြုံတစ်ခုလို မှတ်လိုက်တာက သင့်ကို အပူသက်သာစေမှာပါ။

ဒီလို အခြေအနေမျိုး ရှိနိုင်တယ်ဆိုတာနဲ့ ဒီလို လူမျိုးတွေ သင့်ဘဝထဲကို ဝင်လာတယ်ဆိုတဲ့ အသိတွေကို ဒီလို အခြေအနေကြောင့် သင်ရသွားမှာပါ။ သင့်မှာ နာကျင်စရာ ရှိလေ သင်လည်း ပိုသန်မာလေပါပဲ။ ဒါကြောင့်မို့ မုန်းမယ့်အစား ကျေးဇူးတင်လိုက်တာ သင့်ကို သက်သာရာ ရစေမှာပါ။

(၄) ကိုယ့်တန်ဖိုးကို သိစေလို့

လူတစ်ယောက် ကိုယ့်ကို စွန့်ခွာသွားတဲ့အချိန်က ကိုယ့်ကိုယ်ကို ပြန်သိစေတဲ့ အချိန်ပါပဲ။ ကိုယ်က လူတစ်ယောက်အပေါ် ကောင်းလား ဆိုးတတ်လားဆိုတာတွေအပြင် ဘယ်လို အပြုအမူတွေ လုပ်မိခဲ့လဲဆိုတာပါ တွေးမိတဲ့အချိန်လည်း ဖြစ်ပါတယ်။

သင်က သူ့အပေါ် စိတ်သန့်သန့်နဲ့ ချစ်ခဲ့ပြီး ဆိုးခဲ့တာတွေကလည်း အပြစ်ဖြစ်စရာ မဟုတ်ဘဲ ချစ်သူလို့ တွေးပြီး ဆိုးတာတွေ ဆိုရင် သင်က ပိုပြီးတောင် အဲ့လူအကြောင်း သိလာမှာပါ။ သင်နဲ့ သူက ထိုက်တန်တဲ့ ချစ်သူ မဟုတ်တာကို သိလာရတာကလည်း အခုလို သူစွန့်ခွာသွားလို့ပါပဲ။

(၅) အချစ်စစ်နဲ့ ဆုံနိုင်လို့

အချစ်က ဆန်းကြယ်ပါတယ်။ ကိုယ်က အချစ်တုနဲ့ ရှိနေလို့ အချစ်စစ်ကို မမြင်နိုင်တာဆိုတဲ့ အခြေအနေလည်း ရှိနေတတ်ပါသေးတယ်။ အချစ်စစ်ဆိုတာ အဆင်မပြေတာတွေကို ညှိနှိုင်းသူ၊ ပြဿနာတွေကို အတူဖြေရှင်းသူနဲ့ ဘာအကြောင်းနဲ့မှ မထားခဲ့သူမျိုး ဖြစ်ပါတယ်။

ဒါကြောင့် သင့်ကို စွန့်ပစ်သွားတာက အချစ်စစ်မဟုတ်လို့ အချစ်စစ်ကို တွေ့ဆုံဖို့ သင့်မှာ အခွင့်အရေးတွေ ရှိနေပါတယ်နော်။

Kham

Credit

Unicode