NLD ပါတီဖျက်သိမ်းခံရရင် ကြုံရနိုင်တဲ့ အကျိုးဆက်
NLD ပါတီကို အကြောင်းပြချက်တခုခုနဲ့ ဖျက်သိမ်းလိုက်မယ်ဆိုရင် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့
တုန့်ပြန်မှုတွေကို ရင်ဆိုင် လာရလိမ့်မယ်လို့ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ NLD ပါတီ တာဝန်ရှိသူတချို့က ပြောဆိုလိုက်ပါတယ်။
NLD ပါတီကို ဖျက်သိမ်းဖို့ သင့်မသင့် စဉ်း စားဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်
ဥက္ကဌက သောကြာနေ့မှာ ပြောဆို လိုက်ပြီးနောက် အခုလို တုန့်ပြန် ပြောဆိုသံတွေ ထွက်ပေါ်လာတာပါ။
ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က မေး မြန်း တင်ပြထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲ မသမာမှုတွေ ရှိခဲ့တဲ့အတွက်ဆိုပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဖျက်သိမ်းမလား၊
မဲမသမာမှု ကျုးလွန်ခဲ့တဲ့ ပါတီ တာဝန်ရှိပုဂ္ဂိုလ်တွေကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အေရးယူမလား ဆိုတာကို
စဉ်းစားဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီက ဖွဲ့ထားတဲ့ ရွေး ကောက်ပွဲကော်မရှင်ရဲ့ ဥက္ကဌ ဦးသိန်းစိုးက ပြောဆိုခဲ့တာပါ။
နေပြည်တော်မှာ သောကြာနေ့ကျင်းပတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံတဲ့
အစည်းအေ၀းအတွင်း ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အဲဒီလို ပြောသွားတာပါ။
ဒီလိုသာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော် မရှင်က NLD ပါတီကို ဖျက်သိမ်းတာမျိုး လုပ်လာမယ်ဆိုရင် နိုင်ငံတကာရဲ့
ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ တွေ့လာရလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ၊
လတ္တေလာ တိမ်းရှောင်နေရတဲ့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်အမတ် တဦးက ခုလို မှတ်ချက်ပေးပါတယ်။
” နိ်ုင်ငံတကာ အနေနဲ့ကပါ အသံတွေက ပိုထွက်လာမယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဂ်ပန္လို နိုင်ငံမျိုးကလည်း
ဆုပေးဒဏ်ပေး ပုံစံမျိုးကနေတဆင့် ဂျပန်ကလုပ်နေတဲ့ စီးပွားရေးအကူအညီဘာညာ ရပ်ဆိုင်းတာမျိုးလုပ်ဖို့ အခုတွေ့နေရပြီလေ။
ဟိုတုန်းက ဘာမွ မပြောခဲ့တဲ့ ကိုရီးယားဆိုလည်းအခု တော်တော်ပြင်းပြင်းထန်ထန် လုပ်လာခဲ့ပြီ။ အဲဒီတော့ အဲလိုနိုင်ငံမျိုးတွေကအစ ဒီလိုပါလာတယ်ဆိုတော့ ..
ကျနော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအ တွက်ကတော အတော်ဝမ်းသာစရာပဲ။ အဲဒီတော့ NLD ကို ဖျက်သိမ်းလိုက်မယ်ဆိုရင်
ဒီနိုင်ငံတွေက ဒီအခြေအနေထက် ပိုပြီးပြင်းထန်တဲ့ ထိရောက်တဲ့ တုန့်ပြန်မှုတွေ လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျ။ ”
စစ်ကောင်စီက အာဏာသုံးပြီး ဘယ္လို ဖိနှိပ်မှုမျိုးကို လုပ်လာသည်ဖြစ်ပါစေ NLD ပါတီကေတာ့ ဆက်လက်ရှင်သန်နေဦးမှာ
ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းထဲက လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ NLD ပါတီ မြို့နယ်ဥက္ကဌ အမျိုးသမီးတဦးက ပြောပါတယ်။
အာဏာသိမ်းပြီးကတည်းက ဖျက်ဖို့ ဦး တည်နေတယ်လို့လည်း ကျမတို့က ကြိုတင်ပြီးတော့ တွေးထားပါတယ်။
ဒါပေမဲ့ သူတို့ဖြစ်ချင်တိုင်း အာဏာနဲ့ သူတို့ ဖိနှိပ်ထားသည်ဖြစ်စေ၊ NLD ပျက်မသွားဘူးလို့ ကျမယုံကြည်ထားတယ်။
လှုပ်ရှားမှုလည်း သေ မသွားပါဘူးရှင့်။ ကျမတို့ ဆက်ပြီးတော့ လှုပ်ရှားနေမှာပဲ ၊ အဓိကေတာ့ ကျမတို့က NLDဆိုတဲ့ နာမည်နဲ့
နေရာယူဖို့ အလုပ်လုပ်နေတာမဟုတ်ဘူး။ ပြည်သူအတွက် လိုအပ်တဲ့ အလုပ္ကိုပဲ လုပ်ကြမှာပဲ။
အဲဒီတော့ NLD က သေမသွားဘူး ဆက်ပြီးတော့ ရှင်သန်နေမယ်ဆိုတာ ကျမပြောချင်တာ။
၁၉၉၀ ရွေးကောက်ပွဲအလွန်ကာလ အရင် စစ်အစိုးရလက်ထက်တုန်းကလည်း NLD ပါတီ ခေါင်းဆောင်တွေကို ဖိနှိပ်ပြီး
ဖျက်သိမ်းဖို့အထိ ကြိုစားခဲ့ပေမယ့် အောင် မြင်မှု မရခဲ့သလိုပဲ ၊ ခုလည်း NLD ပါတီက လူထုကြား ဆက်ပြီးလှုပ်ရှားနေဦးမှာ ဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်အမတ်က ပြောပါတယ်။
ဒီသတင်းကတော့ ဖြစ်လာလိမ့်မယ်ဆိုတာ ကြိုပြီးတော့ တွက်ထားတယ်။ ဟိုတုန်းက ၈၈ တုန်းကပုံစံမျိုးပေါ့နော်
ပါတီရဲ့ အဓိက EC ၊ CEC ပြီးရင် ပါတီအဖွဲ့၀င်တွေကို ဖမ်းမယ် ထောင်ချမယ်ဆိုတာကိုတော့ မျှော်လင့်ပြီးသားပါ။
ဒီခြေတွေလက်တွေ ပျက်သွားမလားဆိုတာတော့ – ပါတီအနေနဲ့ ပျက်သွားမယ်လို့ ကျနော်အနေနဲ့ မထင်ပါဘူး ။
ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ Cell တွေ အကုန္လုံးက အောက်ခြေအထိ ရှိပြီးသားပါ။
၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက မဲမသမာမှုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပေမယ့် ပြီးခဲ့တဲ့
နိုဝင်ဘာ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟတ်တဲ့ ရွေးကောက်ပွဲဖြစ်ပြီး ၊ မဲမသမာမှုဆိုတဲ့ စွပ်စွဲချက်နဲ့
စစ္တပ္က အာဏာသိမ်းဖို့ လုပ္တာဟာ ကျိုးကြောင်းခိုင်လုံမှု မရှိကြောင်း ANFREL ခေါ်အာရှ လွတ်လပ်တဲ့ရွေးကောက်ပွဲစောင့်ကြည့်ရေး ကွန်ယက်အဖွဲ့က ဒီသီတင်းပတ်ထဲ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
VOA Burmese