ကြားသိရသမျှ

မိန်းကလေးအများစုမသိသေးတဲ့ ယောက်ျားတို့ဖောက်ပြန်တဲ့အကြောင်းများ

ကျနော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ် အိမ်ကပေးစားတာမဟုတ်ဘူး ချစ်လို့ယူထားတဲ့ မိန်းမတစ်ယောက်သူ့မှာရှိတယ် တစ်နှစ်ကျော်‌လောက်ပေါင်းပြီး ဒီကောင် နောက်တစ်ယောက်နဲ့ဇယားကပ်ရော

ဒီအဖြစ်အပျက်ကမျိုးစောင့်ဥပဒေတွေဘာတွေ မပြဌာန်းခင် လွန်ခဲ့တဲ့ 3နှစ်လောက်အရင်ကပေါ့ မိန်းမကသိတော့တငိုငိုတရီရီနဲ့၊ကွာရှင်းမယ်မပေါင်းဘူးလုပ်ရော၊သူ့ပတ်ဝန်းကျင် သူ့အသိုင်းအဝိုင်းကပါ ဒီကောင့်ကို ရွံပြီးလုံးဝလက်မခံတော့ အဲဒီမယားအငယ်လေးနဲ့ တခြားမြို့မှာ လုပ်ကိုင်စားသောက်ပြီးနေတယ်

သူ့ပထမမိန်းမက ရိုးရိုးအေးအေး စက်ဆရာမ ကောင်မလေးက အလှကြီးမဟုတ်ပေမယ့် ဖြူဖြူသွယ်သွယ် ရိုးရိုးယဉ်ယဉ်ချစ်စရာလေး၊

နောက်ယူလိုက်တဲ့ မယားငယ်က KTVကဆော်၊ သူ့ပထမမယားရဲ့ခြေဖျားမမီဘူး။ကိုယ်လဲသိသိချင်းက ဒီကောင့်ကိုရွံပြီးစကားမပြောဘူး။အဲဒီလိုဖြစ်ပြီး 2နှစ်လောက်ကြာပြီးတော့ မန်းလေးသွားရင်းတစ်ရက်ဈေးချိုထဲမှာအမှတ် မထင် ဒီကောင်နဲ့ပက်ပင်း သွားတိုးတယ်

(ဈေးထဲမှာ ပစ္စည်းတွေလာသွင်းတာတဲ့) ကိုယ့်ကိုအတင်းခေါ်ပြီး မုန့်လိုက်ကျွေးပြီး သူ့ဖြစ်ကြောင်းကုန်စင် သေချာပြောပြတော့မှ ကိုယ်လဲသိတော့တယ်

မင်းစဉ်းစားကြည့်ကွာ ငါ့အလုပ်ကပြန်လာရင် ညနေ7နာရီလောက်၊ သူစက်ချုပ်နေတယ် ထမင်းစားမယ်ပြောရင် ကြောင်အိမ်ထဲမှာခူးပြီးသား ထုတ်စားလိုက်လို့ စက်ခုံကမထပြောတယ်။မနက်အလုပ်သွားရမယ့်ငါက အစောကြီးအိပ်ရတာ 10နာရီဆို အိပ်ချင်ပြီ အိပ်ယာလာခင်းပေးတာမရှိသလို ၊

သူကိုယ်တိုင်လဲ အိပ်ယာထဲမဝင်ဘူး ည11ခွဲ 12လောက်ထိ သူ့စက်တဂျုံးဂျုံးနင်းလို့ပြီးမှ အိပ်ယာထဲဝင်တယ်

အဲဒီအချိန် ငါသူ့အနားကပ်ရင် သူကမကြိုက်ဘူး တနေကုန်စက်နင်းရလို့ ပင်ပန်းတယ် အိပ်ချင်ပြီဆိုပြီး တန်းအိပ်တယ် ဘယ်မလဲငါ့အတွက်အချိန်?? 10ခါမှာ 1ခါ 2ခါလောက်ပဲ လက်ခံတယ်။မနက် ငါအလုပ်သွားရင် သူကအိပ်‌ကောင်းတုန်း ငါ့မှာ Breakfast ဆိုတာမရှိဘူး ငါအလုပ်ကို ဒီအတိုင်းသွားရတယ် နေ့လည်ထမင်းစားပြန်လာရင်၊

သူကစက်ခုံမှာ နေ့လည်စာကို ညကချက်ထားတဲ့ဟင်းနဲ့စားရတယ် ဒါက တစ်ရက်နှစ်ရက်မဟုတ်ဘူးသားကြီး!! နေ့စဉ်ရက်ဆက်ဆိုတော့ မင်းစဉ်းစားကြည့်ပါ

ဒါတွေက အိမ်အတွင်းဖြစ်နေတာ ပတ်ဝန်းကျင်ကဘာမှမသိဘူး အားလုံးသိတာက မိန်းမကောင်းရဲ့သားနဲ့ ငါကဖောက်ပြန်တဲ့ ၊ယောက်ျား‌ပေါ့ကွာ ဖောက်ပြန်တဲ့ယောက်ျား ငါဖြစ်သွားပေမယ့် အခုငါပျော်တယ်ကွ

ထမင်းချိန် ထမင်းမှန်တယ် ငါလိုအပ်ချိန် ငါ့ဘေးနားမှာခုယူထားတဲ့မိန်းမ အမြဲတမ်း Standby ရှိနေပေးတယ် အခု၊

ငါဈေးထဲမှာပစ္စည်းသွင်းပြီး ရှာကျွေးတယ် သူကအိမ်မှာ အိမ်ဆိုင်လေးဖွင့်ထားတယ် ဘယ်သူတွေ ဘယ်လိုထင်ထင် ငါလုပ်ခဲ့တာအတွက် ငါနောင်တမရဘူး တဲ့။သူစကားတွေနားထောင်ပြီး ကိုယ့်မှာဆွံ့အ,သွားတာ နော် ဘာပြန်ပြောရမှန်းကိုမသိတော့တာ ဟိုနေ့ကပဲရေးတာ ယောက်ျားတွေက ၊

အပြုအစုကောင်းတဲ့ မိန်းမမျိုးရှာဖွေယူရင် မယားယူတာလား ကျွန်ဝယ်တာလား တချို့ကမေးကြတယ်လို့

ယောက်ျားတွေ မိန်းမဘာကြောင့်ယူတာလဲ?? ဒီမေးခွန်းရဲ့အဖြေကို တချို့မိန်းမ‌တွေမသိဘူး တခြားယောက်ျားတွေတော့ မသိဘူး ၊

ကိုယ်ကတော့ မဟာပုရိသဝါဒထင်ထင် ဘယ်လိုထင်ထင် ထင်ချင်သလိုချင် သူချက်ကျွေးတဲ့ ထမင်းဟင်းလေးစားချင်လို့၊သူ့ထိုးပေးတဲ့ မီးပူကျလေးဝတ်ချင်လို့ သူချွဲတာလေးတွေ သူဂျီကျတာလေးတွေ ဒါလေးတွေကိုလိုချင်လို့ မယားယူတာ ရှင်းရှင်းပဲ

ကျွန်ဝယ်တယ်ထင်ရင် ကျွန်စိတ်ရှိလို့ အဲသလိုထင်တယ်လို့ပဲ သတ်မှတ်တယ်ကိုယ်က၊ သူလုပ်ပေး ချက်ကျွေးနေတာကိုချည်း ကိုယ်က အခန့်သင့်ထိုင်စားနေတာမဟုတ်ဘူးလေ

ကိုယ်လဲ အိမ်ထောင်ဦးစီးဆိုတဲ့တာဝန်ကိုယူပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းပေးနေရတာပဲ၊ အဲဒီတော့ကိုယ်တွေယောက်ျားတွေ ကိုယ့်မယားထံက ပြန်လိုချင်တာက မိန်းမဆန်တဲ့ အပြောအဆိုအပြုအမူမျိုး

မိန်းမတချို့ ဘာကြောင့် အပျိုကြီးဘဝနဲ့ ကျန်ရစ်ဖြစ်ကြသလဲဆိုတော့ မိန်းမတွေ မိန်းမမဆန်တော့တဲ့အတွက် ၊

မိန်းမတချို့ ကျန်ရစ်ဖြစ်ကြတာတဲ့ ကိုယ်ပြောတာမဟုတ် စာရေးဆရာကြီးတစ်ယောက် ပြောတာ။အဓိက ကိုယ်ပြောချင်တာဘာလဲဆိုတော့၊

ဖောက်ပြန်တဲ့ယောက်ျားတိုင်း မမှားဘူးလို့ အားပေးတာမဟုတ်သလို ကိုယ့်ယောက်ျား ခြံခုန်တာခံရတဲ့မိန်းမတိုင်းကလဲ မှန်နေတယ်လို့ပြောရင် ကိုယ်လက်မခံဘူး။ခုတေလာ အငယ်ထားလို့ ကွိသွားတဲ့ ယောက်ျားနဲ့ သူ့ပထမအမျိုးသမီးရဲ့ အိမ်ထောင်ရေးအခြေအနေက ဘယ်လိုရှိသလဲ၊

ဒါကိုကိုယ်လဲမသိဘူး သူတို့နှစ်ယောက်မှာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာကို ဝေဖန်နေတာလဲ မဟုတ်ဘူး

သိစေချင်တာက ကိုယ့်ဘော်ဒါရဲ့ဖြစ်ရပ်ကရတဲ့ သင်ခန်းစာတစ်ခုကို တချို့အိမ်ထောင်ရှင်တွေကို သဘောပေါက်နားလည်စေချတာ။အဲဒီသင်ခန်းစာက ယောက်ျားတွေ တကယ်မက်တာ ရုပ်ရည်လဲမဟုတ်ဘူး ဖင်လဲမဟုတ်ဘူး နို့လဲမဟုတ်ဘူး မရိုသေတဲ့စကားပြောရရင် မီးပိတ်လိုက်ရင် အားလုံးအတူတူပဲ။ (ရိုင်းသွားရင် ကန်တော့)၊

ဒီလိုရေးမှလဲ တချို့လူပြိန်းသဘောပေါက်မှာ၊ ယောက်ျားတွေ မက်တာက အပြုအစု အယုအယ အချွဲအနွဲ့ ဒါပဲ

ငါတို့ကတော့ စိတ်ထဲရှိတဲ့ ဘွင်းဘွင်းပဲ စားချင်စား မစားချင်နေ အိညောင် အိညောင်လုပ်ပြီး ကြင်နာတာတွေ ယုယတာတွေ မလုပ်ဘူးဆိုရင် သာယာတဲ့ Family Lifeကို စိတ်ကူးမယဉ်နဲ့။ဘာကြောင့်လဲဆိုတော့ သာယာတဲ့ အိမ်ထောင်သည်ဘဝတိုင်းကိုကြည့်ရင် ဝတ်ကျေတန်ကျေဆိုတာမရှိပဲ ဂရုစိုက်မှု ကြင်နာမှု ယုယမှုတွေနဲ့ပဲ တည်ဆောက်ထားကြတာကိုတွေ့ရမယ်

ပြောသာပြော ရေးသာရေးရတာပါ အပြုစု အယုအယ မိန်းမကကောင်းပါလျက် ခြံခုန်နေတဲ့နွားတွေလဲ အများကြီးရှိတာမို့၊

ခုရေးတဲ့ Postက အားလုံးကိုရည်ရွယ်တယ်လို့ မမှတ်ယူစေချင်ဘူး တချို့တလေအတွက်ပေါ့ဗျာ။မြင်တာလေးပြောမိတာပါနော်

Credit