ဗဟုသုတ

ကိုယ့္အားကိုယ္ကိုးတတ္တဲ့ ေမလဖြားေတြရဲ႕ စိတ္ဝင္စားစရာ အေၾကာင္းအရာမ်ား…

ကိုယ့္အားကိုယ္ကိုးတတ္တဲ့ ေမလဖြားေတြရဲ႕ စိတ္ဝင္စားစရာ အေၾကာင္းအရာမ်ား…

(၁) အလုပ္ၾကိဳးစားသူေတြ

ေမလမွာေမြးတဲ့သူေတြဟာ ဘဝရဲ႕ ဘယ္အခ်ိန္မွာဘာျဖစ္ရမယ္ဆိုတဲ့ ရည္မွန္းခ်က္ သတ္သတ္မွတ္မွတ္ရွိျပီး ကိုယ္ရည္မွန္းထားတာေတြ တကယ္ျဖစ္လာေအာင္ အျပင္းအထန္ အားထုတ္ၾကိဳးစားတတ္ၾကတဲ့သူေတြပါ။ အလုပ္ေတြ ပင္ပန္းလို႕ နားေနတဲ့အခါမွာေတာင္ ငါဘာမွမလုပ္ဘဲေနမိေနျပီလားဆိုျပီး ေတြးပူေနတတ္သူေတြပါ။

(၂) ခံစားလြယ္သူေတြ

စကားတစ္ခြန္းေၾကာင့္ ခ်က္ခ်င္းဝမ္းနည္းသြားနိုင္၊ ခ်က္ခ်င္းစိတ္ဆိုးေဒါသျဖစ္နိုင္ျပီး၊ ခ်က္ခ်င္းေၾကကြဲသြားနိုင္တဲ့သူေတြပါ။ အဲ့ဒီလို စိတ္ခံစားလြယ္ေပမယ့္ စိတ္လည္းျပန္ေျပလြယ္တာေၾကာင့္ ဒီအခ်က္က သူတို႕ရဲ႕ အားနည္းခ်က္လိုျဖစ္ေနျပီး လူေတြရဲ႕ ဒါကိုအသံုးခ်တာခံရတတ္ပါတယ္။

(၃) ေခါင္းမာတဲ့သူေတြ

သူတို႕ ခံယူထားတဲ့အျမင္နဲ႕ခံယူခ်က္ကို လြယ္လြယ္နဲ႕ေျပာင္းလဲတတ္သူေတြမဟုတ္လို႕ သူတို႕နဲ႕ အျမင္မတူတဲ့အေၾကာင္းအရာေတြ သြားမေျပာတာအေကာင္းဆံုးျဖစ္ပါတယ္။ ဟိုလိုလုုပ္၊ ဒီလိုလုပ္ဆိုျပီး ဆရာလာလုပ္တာမ်ိဳး လံုးဝလက္မခံတတ္တဲ့သူ၊ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္နဲ႕ လြတ္လြတ္လပ္လပ္ေနတတ္သူေတြျဖစ္ပါတယ္။

(၄) ပိုက္ဆံျဖဳန္းတတ္သူေတြ

ကိုယ္လိုခ်င္တာေတြဝယ္ဖို႕ ဘယ္တုန္းကမွ လက္မတြန္႕တဲ့သူေတြ၊ ကိုယ္ခ်စ္တဲ့သူေတြအတြက္ ကိုယ္စုထားတဲ့ ပိုက္ဆံေတြသံုးပစ္ဖို႕လည္း ဝန္မေလးတတ္တဲ့သူေတြျဖစ္ပါတယ္။ ၁၂ ရာသီေတြထဲမွာ ေမလဖြားေတြက အားလံုးထက္ ပိုက္ဆံအျဖဳန္းနိုင္ဆံုးေတြျဖစ္ပါတယ္။

(၅) ကိုယ္ထူကိုယ္ထစိတ္ဓာတ္ရွိသူေတြ

က်ရံႈးခ်ိန္မွာ ကိုယ့္ကို လာကယ္တင္ဖို႕ တစ္ေယာက္ေယာက္ကိုေစာင့္ေနတတ္တဲ့သူမ်ိဳးမဟုတ္ဘဲ အခက္အခဲေတြအားလံုးကို ကိုယ့္အားကိုယ္ကိုးျပီးေျဖရွင္းတတ္တဲ့သူေတြျဖစ္ပါတယ္။ ကိုယ့္ကို ကူညီမယ့္သူေတြကို ရွာေနမယ့္အစား ကိုယ့္အားကိုယ္ကိုးမယ္ဆိုတဲ့ စိတ္မ်ိဳးရွိသူေတြျဖစ္ပါတယ္။

(၆) ခရီးသြားရတာအရမ္းၾကိဳက္တယ္

ကမၻာၾကီးကို ခရီးထြက္ဖို႕ေမြးဖြားလာသလားမွတ္ရေလာက္ေအာင္ ခရီးထြက္ရတာ အရမ္းၾကိဳက္တဲ့သူေတြျဖစ္ပါတယ္။ တန္ဖိုးၾကီးပစၥည္းေတြ ဝယ္ရတာထက္၊ တျခားနည္းလမ္းေတြနဲ႕ ဘဝကိုကုန္ဆံုးရတာထက္၊ ခရီးထြက္ျပီး အမွတ္တရေတြဖန္တီးရတာကိုသာ အၾကိဳက္ဆံုးျဖစ္ပါတယ္။

ခရက္ဒစ္ အန္တီေမ

Unicode

ကိုယ့်အားကိုယ်ကိုးတတ်တဲ့ မေလဖွားတွေရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာများ…

(၁) အလုပ်ကြိုးစားသူတွေ

မေလမှာမွေးတဲ့သူတွေဟာ ဘဝရဲ့ ဘယ်အချိန်မှာဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက် သတ်သတ်မှတ်မှတ်ရှိပြီး ကိုယ်ရည်မှန်းထားတာတွေ တကယ်ဖြစ်လာအောင် အပြင်းအထန် အားထုတ်ကြိုးစားတတ်ကြတဲ့သူတွေပါ။ အလုပ်တွေ ပင်ပန်းလို့ နားနေတဲ့အခါမှာတောင် ငါဘာမှမလုပ်ဘဲနေမိနေပြီလားဆိုပြီး တွေးပူနေတတ်သူတွေပါ။

(၂) ခံစားလွယ်သူတွေ

စကားတစ်ခွန်းကြောင့် ချက်ချင်းဝမ်းနည်းသွားနိုင်၊ ချက်ချင်းစိတ်ဆိုးဒေါသဖြစ်နိုင်ပြီး၊ ချက်ချင်းကြေကွဲသွားနိုင်တဲ့သူတွေပါ။ အဲ့ဒီလို စိတ်ခံစားလွယ်ပေမယ့် စိတ်လည်းပြန်ပြေလွယ်တာကြောင့် ဒီအချက်က သူတို့ရဲ့ အားနည်းချက်လိုဖြစ်နေပြီး လူတွေရဲ့ ဒါကိုအသုံးချတာခံရတတ်ပါတယ်။

(၃) ခေါင်းမာတဲ့သူတွေ

သူတို့ ခံယူထားတဲ့အမြင်နဲ့ခံယူချက်ကို လွယ်လွယ်နဲ့ပြောင်းလဲတတ်သူတွေမဟုတ်လို့ သူတို့နဲ့ အမြင်မတူတဲ့အကြောင်းအရာတွေ သွားမပြောတာအကောင်းဆုံးဖြစ်ပါတယ်။ ဟိုလိုလုုပ်၊ ဒီလိုလုပ်ဆိုပြီး ဆရာလာလုပ်တာမျိုး လုံးဝလက်မခံတတ်တဲ့သူ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လွတ်လွတ်လပ်လပ်နေတတ်သူတွေဖြစ်ပါတယ်။

(၄) ပိုက်ဆံဖြုန်းတတ်သူတွေ

ကိုယ်လိုချင်တာတွေဝယ်ဖို့ ဘယ်တုန်းကမှ လက်မတွန့်တဲ့သူတွေ၊ ကိုယ်ချစ်တဲ့သူတွေအတွက် ကိုယ်စုထားတဲ့ ပိုက်ဆံတွေသုံးပစ်ဖို့လည်း ဝန်မလေးတတ်တဲ့သူတွေဖြစ်ပါတယ်။ ၁၂ ရာသီတွေထဲမှာ မေလဖွားတွေက အားလုံးထက် ပိုက်ဆံအဖြုန်းနိုင်ဆုံးတွေဖြစ်ပါတယ်။

(၅) ကိုယ်ထူကိုယ်ထစိတ်ဓာတ်ရှိသူတွေ

ကျရှုံးချိန်မှာ ကိုယ့်ကို လာကယ်တင်ဖို့ တစ်ယောက်ယောက်ကိုစောင့်နေတတ်တဲ့သူမျိုးမဟုတ်ဘဲ အခက်အခဲတွေအားလုံးကို ကိုယ့်အားကိုယ်ကိုးပြီးဖြေရှင်းတတ်တဲ့သူတွေဖြစ်ပါတယ်။ ကိုယ့်ကို ကူညီမယ့်သူတွေကို ရှာနေမယ့်အစား ကိုယ့်အားကိုယ်ကိုးမယ်ဆိုတဲ့ စိတ်မျိုးရှိသူတွေဖြစ်ပါတယ်။

(၆) ခရီးသွားရတာအရမ်းကြိုက်တယ်

ကမ္ဘာကြီးကို ခရီးထွက်ဖို့မွေးဖွားလာသလားမှတ်ရလောက်အောင် ခရီးထွက်ရတာ အရမ်းကြိုက်တဲ့သူတွေဖြစ်ပါတယ်။ တန်ဖိုးကြီးပစ္စည်းတွေ ဝယ်ရတာထက်၊ တခြားနည်းလမ်းတွေနဲ့ ဘဝကိုကုန်ဆုံးရတာထက်၊ ခရီးထွက်ပြီး အမှတ်တရတွေဖန်တီးရတာကိုသာ အကြိုက်ဆုံးဖြစ်ပါတယ်။

ခရက်ဒစ် အန်တီမေ