cele
လ..ခုကာလမှာ ကိုယ်နဲ့ရင်းနှီးခင်မင်တဲ့သူကိုတောင် ငွေချေးပေးဖို့ အရမ်းခက်ခဲနေကြတာ..
Unicode
လိုင်းပေါ်မှာခေတ်စားနေတဲ့ လိမ်နည်းတစ်မျိုးကို သတိထားဖို့ပြောလာတဲ့ ဆောင်းယွန်းစံ
သရုပ်ဆောင်တစ်ယောက် အဖြစ်ရပ်တည်နေတဲ့ ဆောင်းယွန်းစံကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုတွေ ရိုက်ကူးထားသူဖြစ်ပြီး နောက်ပိုင်းမှာဆိုရင်တော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တာ ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ဆောင်းယွန်းက ပြည်သူတွေနဲ့ တစ်သားတည်း
ရပ်တည်ကာ စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူများကို စေတနာရှင်များနဲ့ စုပေါင်းကာ အလှူ အတန်းတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်
သူမရဲ့ပြည်သူပရိသတ်တွေ အားလုံး အဆင်ပြေကြစေရန် အတွက် ဘဏ်နဲ့ပက်သက်တဲ့ သတင်းအချက် အလက်တွေကို တင်ပေးနေ
တာလည်း တွေ့ရပါတယ်။မကြာသေးခင် အချိန်ကလည်း သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ အခုလိုင်းပေါ်မှာ ခေတ်စားနေတဲ့
လိမ်နည်းတွေကို ပြောပြပေးနေတာ ဖြစ်ပါတယ်
ညီမလေးတစ်ယောက်က အလိမ်ခံလိုက်ရတာမို့ တစ်ခြားသူတွေ ထပ်မဖြစ်စေဖို့အတွက် သူမကိုအကူအညီတောင်းလို့ ပရိသတ်တွေ
ကို သတိပေးစကားဆိုလာတာ ပဲဖြစ်ပါတယ်။“ခုလိုင်းပေါ်မှာ ခေတ်စားနေတဲ့လိမ်နည်းတစ်ခုလေး..စဘော်ပေးပီး ငွေချေးပေးတယ်ဆိုတာလေ..ခုကာလမှာ ကိုယ်နဲ့ရင်းနှီးခင်မင်တဲ့သူကိုတောင် ငွေချေးပေးဖို့ အရမ်းခက်ခဲနေကြတာ..
လိုင်းပေါ်မှာမှတ်ပုံတင်လေးပြရုံနဲ့ ငွေချေးပေးမယ်ဆိုတာဖြစ်နိုင်ပါ့မလား..တကယ်ချေးပေးတယ်ဆိုရင်တောင် ငွေပေးငွေယူမယုံကြည်ရတာကို..၁၀၀ မှာတစ်ယောက်တောင် ဒီလိုရူးနှမ်းတဲ့အလုပ်မျိုးလုပ်မပေးလောက်ဘူး..အဲ့တော့ ချင့်ယုံကြပါနော်..ခု ညီမလေးတယောက် သူ့အဖေနေမကောင်းလို့ ဆေးခန်းပြချင်လို့ လိုင်းပေါ်က
စပေါ်ပေးရမယ် တစ်သိန်းကို တစ်သောင်းလွှဲရမယ်ဆိုလို့ လွှဲပေးလိုက်တာ..ခုလိမ်သွားပါတယ်တဲ့.. အဲ့ညီမလေးက သူ့လိုအဖြစ်မျိုး တစ်ခြားသူတွေဖြစ်မှာဆိုးလို့ ဆောင်းယွန်းကို အကူအညီတောင်းလို့ ပြောပြပေးတာပါ..ဘယ်သူ့ကိုမှ မယုံပါနဲ့.❌❌ လိမ်တဲ့သူတွေက နည်းအမျိုးမျိုးနဲ့လိမ်နေကြတာပါ..
အလုပ်ပေးမယ်ဆိုတိုင်းလဲ မယုံပါနဲ့ .သေချာလေ့လာစုံစမ်းပြီးမှ လုပ်ကြပါနော်….”ဆိုပြီး ရေးသားမျှဝေပေးလာတာ ဖြစ်ပါတယ်။အခုလိုကာလမှာ လိမ်တဲ့သူတွေ များလာတာကြောင့် ပြည်သူတွေ အရာရာကို သတိထားဆောင်ရွက်ကြပါနေ