ျပည္တြင္းသတင္း

သ႐ုပ္ေဆာင္ ရဲတိုက္ ႏွင့္ ပိုင္တံခြန္ တို႔ကို ေဖ့စ္ဘြတ္ခ္ေပၚက ျပစ္မႉမ်ားျဖင့္ တရားစြဲ

သ႐ုပ္ေဆာင္ ရဲတိုက္ႏွင့္ ပိုင္တံခြန္တို႔ကို ေဖ့စ္ဘြတ္ခ္ေပၚက ျပစ္မႉမ်ားျဖင့္ တရားစြဲ

အင္းစိန္ေထာင္မွာ ဖမ္းဆီးခံေနရတဲ့ သ႐ုပ္ ေဆာင္ ရဲတိုက္နဲ႔ ေမာ္ဒယ္ပိုင္တံခြန္တို႔ကို စစ္ေကာင္စီက ေဖ့စ္ဘြတ္ခ္နဲ႔ မီဒီယာေတြေပၚက

အေထာက္ အထားေတြနဲ႔တရားစြဲထားတာျဖစ္ၿပီးတရား လိုကိုစစ္ၿပီးမွ အာမခံေလွ်ာက္မယ္လို႔ သူတို႔ရဲ႕ဥပေဒအႀကံေပးက ေျပာပါတယ္။

သ႐ုပ္ေဆာင္ရဲတိုက္ကို လသာရဲစခန္းက ပုဒ္မ ၅၀၅(က) ၊ မရမ္းကုန္းရဲစခန္းက မူး ယစ္ပုဒ္မ ၁၆(ဂ)တို႔နဲ႔ တရားစြဲ ထားတာျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ ပိုင္တံခြန္ကိုေတာ့ ေျမာက္ဒဂုံရဲစခန္းက ပုဒ္မ ၅၀၅(က) နဲ႔ တရားစြဲထားပါတယ္။

သူတို႔ႏွစ္ဦးစလုံးရဲ႕ အမႈေတြကို စတင္စြဲဆိုခဲ့တဲ့ ေမလ ၄ ရက္ေန႔ကေန ရက္ေပါင္း ၁၈၀ အတြင္းအၿပီးစစ္ေဆးသြားဖို႔ရွိတယ္လို႔

သူတို႔ရဲ႕ ဥပေဒအႀကံေပး ေရွ႕ေန ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။ “အမႈသြားအမႈလာ အေနအထားကေတာ့

ကိုပိုင္တံခြန္က အျပင္မွာ ေဆာင္႐ြက္ေနတာေတြထက္ ေဖ့စ္ဘြတ္ခ္ေပၚ တင္ထားတာေတြအေပၚ မူတည္ၿပီးစြဲထားတာျဖစ္တဲ့အတြက္

သိပ္ျပင္းျပင္းထန္ထန္မရွိဘူး။ ကိုရဲတိုက္အမႈကလည္း သူကိုယ္တိုင္ေဆာင္႐ြက္ခဲ့တာထက္ မီဒီယာေပၚမွာ တင္ထားတဲ့

အင္တာဗ်ဴး တစ္ခုအေပၚမွာ မူတည္ၿပီး စြဲထားတာျဖစ္တဲ့အတြက္ သိပ္ျပင္းျပင္းထန္ထန္မရွိဘူး။

တခုရွိတာက စိတ္ႂကြစိတ္ျပား ၁၁ ျပားနဲ႔ ဆက္စပ္ပစၥည္းေတြနဲ႔ပတ္သက္ၿပီး စြဲထားတဲ့အမႈကေတာ့ အာ႐ုံနည္းနည္းစိုက္ၿပီး လိုက္ရမယ္။

အာမခံက တင္ရင္လည္း သူတို႔ကလက္ရွိမွာ က်န္းမာေရးကေကာင္းေနတယ္။ အထူးတရား႐ုံးမွာ တင္သမွ်အမႈ အားလုံးကို အာမခံမေပးဘူး။

လတ္တေလာ တင္ရင္ပယ္မယ့္ အတူတူတရားလိုကိုစစ္ၿပီးမွာ အမႈက ခိုင္ခိုင္မာမာ မရွိဘူးဆိုရင္ ဘယ္လိုအမႈမ်ိဳးမဆို

အာမ ခံတင္လို႔ရတဲ့အေပၚမူတည္ၿပီး အာမခံေလွ်ာက္ထားပါမယ္” သ႐ုပ္ေဆာင္ရဲတိုက္နဲ႔ပိုင္တံခြန္တို႔ကို အင္းစိန္ေထာင္

သီးသန႔္ေဆာင္မွာ ထိန္းသိမ္းထားတာျဖစ္ၿပီး က်န္းမာေရးေကာင္းမြန္ၾကတယ္လို႔ သိရပါတယ္။

သူတို႔ကို အင္းစိန္ေထာင္တြင္းအထူးတရား ႐ုံးမွာ စစ္ေဆးေနတာျဖစ္ၿပီး သ႐ုပ္ေဆာင္ရဲတိုက္ကို ဇြန္လ ၁ ရက္နဲ႔ ၃ ရက္ေန႔

သ႐ုပ္ ေဆာင္ပိုင္တံခြန္ကိုေတာ့ ဇြန္လ ၉ ရက္ေန႔မွာ ႐ုံးခ်ိန္းျပန္ေခၚပါတယ္။ “အင္းစိန္ေထာင္ သီးသန႔္ေဆာင္မွာထားတယ္။

အေဆာင္နံပတ္ေတာ့မသိဘူးဗ်။ အားလုံးအတူတူထားတာ ေတာ့မဟုတ္ေလာက္ဘူး။

တစ္ေယာက္နဲ႔ တစ္ေယာက္ခြဲထားၾကလိမ့္မယ္။ အထဲမွာ ၅၀၅(က) နဲ႔စြဲထားတာက ေလးေထာင္ေလာက္ရွိေတာ့

အေဆာင္ေတြေတာ့ ကြဲၾကလိမ့္မယ္ထင္တယ္။” လို႔ သူတို႔ရဲ႕ ေရွ႕ေနက ေျပာပါတယ္။

သ႐ုပ္ေဆာင္ရဲတိုက္ ကို ဧၿပီ ၃ ရက္ေန႔က မရမ္းကုန္းၿမိဳ႕နယ္သမိုင္းလမ္းဆုံးမွာဖမ္းဆီး ခဲ့တာျဖစ္ၿပီး ပိုင္တံခြန္ကိုေတာ့ ဧၿပီ ၈ ရက္

ေန႔က ေျမာက္ဒဂုံက သူ႔ရဲ႕ေနအိမ္မွာဖမ္းဆီး ခဲ့တာျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္နဲ႔ ေမတိုးခိုင္တို႔သုံးဦးကိုေတာ့

ေမလ ၂၇ရက္ေန႔က ေက်ာက္တံတား ရဲစခန္းကေန ေက်ာက္တံတားတရား႐ုံးကို ပုဒ္မ ၅၀၅ (က)နဲ႔ အမႈစြဲတင္ထားပါတယ္။

သူတို႔သုံးေယာက္ကို လည္း အင္းစိန္ေထာင္ သီးသန႔္ေဆာင္မွာပဲ ထိန္းသိမ္းထားတာျဖစ္ပါတယ္။

Credit DVB

Unicode

သရုပ်ဆောင် ရဲတိုက်နှင့် ပိုင်တံခွန်တို့ကို ဖေ့စ်ဘွတ်ခ်ပေါ်က ပြစ်မှူများဖြင့် တရားစွဲ

အင်းစိန်ထောင်မှာ ဖမ်းဆီးခံနေရတဲ့ သရုပ် ဆောင် ရဲတိုက်နဲ့ မော်ဒယ်ပိုင်တံခွန်တို့ကို စစ်ကောင်စီက ဖေ့စ်ဘွတ်ခ်နဲ့ မီဒီယာတွေပေါ်က

အထောက် အထားတွေနဲ့တရားစွဲထားတာဖြစ်ပြီးတရား လိုကိုစစ်ပြီးမှ အာမခံလျှောက်မယ်လို့ သူတို့ရဲ့ဥပဒေအကြံပေးက ပြောပါတယ်။

သရုပ်ဆောင်ရဲတိုက်ကို လသာရဲစခန်းက ပုဒ်မ ၅၀၅(က) ၊ မရမ်းကုန်းရဲစခန်းက မူး ယစ်ပုဒ်မ ၁၆(ဂ)တို့နဲ့ တရားစွဲ ထားတာဖြစ်ပါတယ်။

သရုပ်ဆောင် ပိုင်တံခွန်ကိုတော့ မြောက်ဒဂုံရဲစခန်းက ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲထားပါတယ်။

သူတို့နှစ်ဦးစလုံးရဲ့ အမှုတွေကို စတင်စွဲဆိုခဲ့တဲ့ မေလ ၄ ရက်နေ့ကနေ ရက်ပေါင်း ၁၈၀ အတွင်းအပြီးစစ်ဆေးသွားဖို့ရှိတယ်လို့

သူတို့ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။ “အမှုသွားအမှုလာ အနေအထားကတော့

ကိုပိုင်တံခွန်က အပြင်မှာ ဆောင်ရွက်နေတာတွေထက် ဖေ့စ်ဘွတ်ခ်ပေါ် တင်ထားတာတွေအပေါ် မူတည်ပြီးစွဲထားတာဖြစ်တဲ့အတွက်

သိပ်ပြင်းပြင်းထန်ထန်မရှိဘူး။ ကိုရဲတိုက်အမှုကလည်း သူကိုယ်တိုင်ဆောင်ရွက်ခဲ့တာထက် မီဒီယာပေါ်မှာ တင်ထားတဲ့

အင်တာဗျူး တစ်ခုအပေါ်မှာ မူတည်ပြီး စွဲထားတာဖြစ်တဲ့အတွက် သိပ်ပြင်းပြင်းထန်ထန်မရှိဘူး။

တခုရှိတာက စိတ်ကြွစိတ်ပြား ၁၁ ပြားနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး စွဲထားတဲ့အမှုကတော့ အာရုံနည်းနည်းစိုက်ပြီး လိုက်ရမယ်။

အာမခံက တင်ရင်လည်း သူတို့ကလက်ရှိမှာ ကျန်းမာရေးကကောင်းနေတယ်။ အထူးတရားရုံးမှာ တင်သမျှအမှု အားလုံးကို အာမခံမပေးဘူး။

လတ်တလော တင်ရင်ပယ်မယ့် အတူတူတရားလိုကိုစစ်ပြီးမှာ အမှုက ခိုင်ခိုင်မာမာ မရှိဘူးဆိုရင် ဘယ်လိုအမှုမျိုးမဆို

အာမ ခံတင်လို့ရတဲ့အပေါ်မူတည်ပြီး အာမခံလျှောက်ထားပါမယ်” သရုပ်ဆောင်ရဲတိုက်နဲ့ပိုင်တံခွန်တို့ကို အင်းစိန်ထောင်

သီးသန့်ဆောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကြတယ်လို့ သိရပါတယ်။

သူတို့ကို အင်းစိန်ထောင်တွင်းအထူးတရား ရုံးမှာ စစ်ဆေးနေတာဖြစ်ပြီး သရုပ်ဆောင်ရဲတိုက်ကို ဇွန်လ ၁ ရက်နဲ့ ၃ ရက်နေ့

သရုပ် ဆောင်ပိုင်တံခွန်ကိုတော့ ဇွန်လ ၉ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ပါတယ်။ “အင်းစိန်ထောင် သီးသန့်ဆောင်မှာထားတယ်။

အဆောင်နံပတ်တော့မသိဘူးဗျ။ အားလုံးအတူတူထားတာ တော့မဟုတ်လောက်ဘူး။

တစ်ယောက်နဲ့ တစ်ယောက်ခွဲထားကြလိမ့်မယ်။ အထဲမှာ ၅၀၅(က) နဲ့စွဲထားတာက လေးထောင်လောက်ရှိတော့

အဆောင်တွေတော့ ကွဲကြလိမ့်မယ်ထင်တယ်။” လို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။

သရုပ်ဆောင်ရဲတိုက် ကို ဧပြီ ၃ ရက်နေ့က မရမ်းကုန်းမြို့နယ်သမိုင်းလမ်းဆုံးမှာဖမ်းဆီး ခဲ့တာဖြစ်ပြီး ပိုင်တံခွန်ကိုတော့ ဧပြီ ၈ ရက်

နေ့က မြောက်ဒဂုံက သူ့ရဲ့နေအိမ်မှာဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့သုံးဦးကိုတော့

မေလ ၂ရရက်နေ့က ကျောက်တံတား ရဲစခန်းကနေ ကျောက်တံတားတရားရုံးကို ပုဒ်မ ၅၀၅ (က)နဲ့ အမှုစွဲတင်ထားပါတယ်။

သူတို့သုံးယောက်ကို လည်း အင်းစိန်ထောင် သီးသန့်ဆောင်မှာပဲ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

Credit DVB