အလွပေရးရာ

ဆံသားခြောက်သွေ့တဲ့သူတွေအတွက် ပျားရည်၊ နွားနို့နဲ့ ဆံပင်ပေါင်းတင်နည်း

ဆံသားေျခာက္ေသြ႕တဲ့သူေတြအတြက္ ပ်ားရည္၊ ႏြားႏို႔နဲ႔ ဆံပင္ေပါင္းတင္နည္း

ဆံသားေျခာက္ေသြ႕ရင္ ဆံပင္ၿငိတာ၊ ဖြာတာ၊ ေခါင္းၿဖီးလိုက္ရင္ ၿငိၿပီးကြၽတ္တာေတြ အရမ္းျဖစ္ပါတယ္။ ၾကာလာရင္ ဆံပင္ေအာက္ဖ်ားေတြ ႏွစ္ခြၿပီးၿပီးဖြတာေတြပါ ျဖစ္လာပါလိမ့္မယ္။ ဆံသားက အဆီဓာတ္မရွိပဲ မြဲေျခာက္ေျခာက္ႀကီးျဖစ္ေနရင္ လုံးဝမလွပါဘူး။ ဒါေၾကာင့္ ဆံသားေျခာက္ေသြ႕တဲ့သူေတြအတြက္ ပ်ားရည္၊ ႏြားႏို႔နဲ႔ ဆံပင္ေပါင္းတင္နည္းကို မွ်ေဝေပးလိုက္ပါတယ္

ပ်ားရည္နဲ႔ႏြားႏို႔က ဆံသားကို moisture ေကာင္းေကာင္းေပးႏိုင္ၿပီး ဆံပင္လည္းသန္ေစတဲ့အတြက္ ဆံသားေျခာက္ေသြ႕တာအတြက္ေတာ့ အေကာင္းဆုံးပါပဲ။ ဒါ့အျပင္ ပ်ားရည္ကိုသုံးေပးျခင္းက ဆံေကသာေတာက္ပေစပါတယ္

လုပ္ရမယ့္ပုံစံကေတာ့ ႏြားႏို႔ကို ပန္းကန္လုံး ဆိုဒ္အေသးဆုံး ၁ လုံးစာထည့္ပါ။ ၿပီးရင္ ပ်ားရည္ – စားပြဲတင္ဇြန္း ၃ ဇြန္း(သို႔) ၄ ဇြန္းထည့္ၿပီး သမေအာင္ေမႊပါ။ ကိုယ့္ဆံပင္အေနအထားအတိုင္း ခ်ိန္ၿပီးလုပ္ပါ။ အဓိကကေတာ့ အရည္က်ဲမဟုတ္ပဲ ပ်စ္ပ်စ္ေလးျဖစ္ေနရပါမယ္။ ေသခ်ာေမႊၿပီးရင္ေတာ့ ဆံသားမွာ ႏွ႔ံေနေအာင္ ေသခ်ာသုတ္လိမ္းၿပီး ၁ နာရီထားရပါမယ္

အခ်ိန္ျပည့္ရင္ေတာ့ ႏူးညံ့တဲ့ Shampoo နဲ႔ေလွ်ာ္ၿပီး Conditioner ထပ္သုံးေပးပါ

ဆံပင္ကို တစ္ပတ္တစ္ႀကိမ္ ဒီလိုပုံမွန္ ေပါင္းတင္ေပးသြားမယ္ဆိုရင္ေတာ့ ဆံသားေျခာက္ေသြ႕တာက သိသိသာသာကို သက္သာသြားပါလိမ့္မယ္

Unicode

ဆံသားခြောက်သွေ့တဲ့သူတွေအတွက် ပျားရည်၊ နွားနို့နဲ့ ဆံပင်ပေါင်းတင်နည်း

ဆံသားခြောက်သွေ့ရင် ဆံပင်ငြိတာ၊ ဖွာတာ၊ ခေါင်းဖြီးလိုက်ရင် ငြိပြီးကျွတ်တာတွေ အရမ်းဖြစ်ပါတယ်။ ကြာလာရင် ဆံပင်အောက်ဖျားတွေ နှစ်ခွပြီးပြီးဖွတာတွေပါ ဖြစ်လာပါလိမ့်မယ်။ ဆံသားက အဆီဓာတ်မရှိပဲ မွဲခြောက်ခြောက်ကြီးဖြစ်နေရင် လုံးဝမလှပါဘူး။ ဒါကြောင့် ဆံသားခြောက်သွေ့တဲ့သူတွေအတွက် ပျားရည်၊ နွားနို့နဲ့ ဆံပင်ပေါင်းတင်နည်းကို မျှဝေပေးလိုက်ပါတယ်

ပျားရည်နဲ့နွားနို့က ဆံသားကို moisture ကောင်းကောင်းပေးနိုင်ပြီး ဆံပင်လည်းသန်စေတဲ့အတွက် ဆံသားခြောက်သွေ့တာအတွက်တော့ အကောင်းဆုံးပါပဲ။ ဒါ့အပြင် ပျားရည်ကိုသုံးပေးခြင်းက ဆံကေသာတောက်ပစေပါတယ်

လုပ်ရမယ့်ပုံစံကတော့ နွားနို့ကို ပန်းကန်လုံး ဆိုဒ်အသေးဆုံး ၁ လုံးစာထည့်ပါ။ ပြီးရင် ပျားရည် – စားပွဲတင်ဇွန်း ၃ ဇွန်း(သို့) ၄ ဇွန်းထည့်ပြီး သမအောင်မွှေပါ။ ကိုယ့်ဆံပင်အနေအထားအတိုင်း ချိန်ပြီးလုပ်ပါ။ အဓိကကတော့ အရည်ကျဲမဟုတ်ပဲ ပျစ်ပျစ်လေးဖြစ်နေရပါမယ်။ သေချာမွှေပြီးရင်တော့ ဆံသားမှာ နှ့ံနေအောင် သေချာသုတ်လိမ်းပြီး ၁ နာရီထားရပါမယ်

အချိန်ပြည့်ရင်တော့ နူးညံ့တဲ့ Shampoo နဲ့လျှော်ပြီး Conditioner ထပ်သုံးပေးပါ

ဆံပင်ကို တစ်ပတ်တစ်ကြိမ် ဒီလိုပုံမှန် ပေါင်းတင်ပေးသွားမယ်ဆိုရင်တော့ ဆံသားခြောက်သွေ့တာက သိသိသာသာကို သက်သာသွားပါလိမ့်မယ်