ဗဟုသုတ

သားသမီး”တွေ မရှိတော့တဲ့ “အိမ်” (ဖတ်ရင်းနဲ့ အိမ်ကိုပြန်ပြေးချင်မိ)











unicode

သားတွေ သမီးတွေ အရွယ်ရောက်လို့ မိဘဆီကနေ ထွက်ခွာသွားပြီး နောက်ပိုင်း အိမ်ကြီးဟာ အရင်လို မစိမ်းလန်းတော့ပါဘူး…

ဘယ်သား ဘယ်သမီးများ အဖေနဲ့ အမေဆီ ဘယ်တော့ ပြန်လာမလဲ မျှော်နေရတဲ့ မိဘအိုကြီး နှစ်ယောက်တည်း အထီးကျန် နေဆဲ…

တကယ်လို့ တန္ဒတစ်ခုသာ ပြည့်မယ်ဆိုရင် မိဘတွေကတော့ သားသမီးတွေ အားလုံး ဘေးမှာ ရှိနေစေချင်မှာ အမှန်ပါပဲ…

ငယ်ငယ်တုန်းက ကစားခဲ့တဲ့ အရုပ်တွေက အမေ့ရဲ့ လွမ်းစိတ်ကို တိုးစေတယ်… အဖေကတော့ ဘာမှ မပြောပေမယ့် အိပ်ယာဝင်တိုင်း အမြဲတမ်း သတိရနေမှာပါ…

သားသမီးတွေကို ဖုန်း မဆက်ရဲကြဘူးလေ ဘာလို့ဆိုတော့ သူတို့ အလုပ်တွေနဲ့ ရှုပ်နေလို့ ဖုန်းမပြောအားမှာ စိုးတယ်လေ… သူတို့ အလုပ်အားရင်တော့ တို့ဆီ ပြန်လာမှာပဲလို့ တွေးရင် ပျော်နေပါတယ်…

သူတို့ ပြန်လာရင် သူတို့ ကြိုက်တတ်တဲ့ အစားအသောက်တွေ ချက်ကြွေးဖို့ အမေကတော့ အမြဲတမ်းအဆင်သင့်ပါ…

သားတွေ သမီးတွေ မရှိတဲ့ အိမ်ကြီးဟာ ချောက်ကပ် ပျင်းစရာ ကောင်းပေမယ့် တစ်နေ့နေ့တော့ စိမ်းလန်း ပါလိမ့်မယ်…

အားလုံး မိဘနဲ့ အနေဝေးခြင်းမှ ကင်းဝေ ကြပါစေ…

ဖိုးသူတော် (www.phothutaw.com)

Credit:ကျော်လင်းနိုင် – ပစ်တိုင်းထောင်