သင့်ကလေးကို ချစ်ရင် ဟော့ဒေါ့ချောင်းတွေ ကျွေးတာ ချက်ချင်း ရပ်လိုက်ပါ
သင့်ကလေးကို ချစ်တယ်ဆိုရင် ဟော့ဒေါ့လို့ခေါ်တဲ့ အသင့်စားအသားချောင်းလေးတွေကို ကျွေးတာ ချက်ချင်း ရပ်လိုက်ပါ.. လို့ ဆရာဝန်တွေက တိုက်တွန်းလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတာ သင်သိချင်မှာပါ။
သုတေသနတွေအရ တစ်လကို ဟော့ဒေါ့ ၁၂ ချောင်းကျော် စားတဲ့ ကလေးတွေဟာ တခြားကလေးတွေထက် သွေးကင်ဆာဖြစ်နိုင်ခြေ ၉ ဆ မြင့်မားတာကို တွေ့ရှိထားပါတယ်။ ဒါ့အပြင် တစ်ပတ်ကို ဟော့ဒေါ့တစ်ချောင်းစားတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကနေလဲ ဦးနှောက် အကြိတ် ဖြစ်ပွားနိုင်ခြေရှိတဲ့ ကလေးတွေ မွေးဖွားနိုင်ခြေရှိတယ်လို့လဲ ဆိုပါတယ်။
ဟော့ဒေါ့ဟာ ဘာကြောင့် ဒီလိုရောဂါတွေဖြစ်စေရတာပါလဲ.. ဝက်အူချောင်းတို့ ဟော့ဒေါ့တို့ကို တာရှည်ခံနိုင်ဖို့အတွက် နိုက်ထရိုက်နဲ့ နိုက်ထရိတ်လို ဓာတုပစ္စည်းတွေကို အသုံးပြုရပါတယ်။ နိုက်ထရိတ်ကို ဖြစ်စေတဲ့ နိုက်ထရိုက်ဟာ သဘာ၀ အတိုင်းဖြစ်ပေါ်တဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ အေမင်းနဲ့ ဓာတ်ပြုပါတယ်။
ဒီဓာတ်ပြုမှုကနေ ကင်ဆာကိုဖြစ်စေတဲ့ နိုက်ထရို အေမင်းဓာတ်ကို ထုတ်ပေးလို့ပါပဲ။ နိုက်ထရိုအေမင်းဓာတ်ဟာ နိုက်ထရိုက် သို့မဟုတ် နိုက်ထရိတ် နဲ့ထိတွေ့ထားတဲ့ အသား ကနေ အစာခြေလမ်းကြောင်းတစ်လျှောက်မှာ ထွက်ပေါ်လာပါတယ်။ နိုက်ထရိုက်ဟာ အစာအိမ်ကင်ဆာနဲ့ ဆက်စပ်တယ်ဆိုတဲ့အကြောင်းကို ၂၀၁၀ ခုနှစ်ကတည်းက လေ့လာတွေ့ရှိထားပြီး ဖြစ်ပါတယ်။ တချို့လေ့လာမှုတွေအရဆိုရင်လဲ အစာပြွန်ကင်ဆာဖြစ်ပွားမှုနဲ့ ဆက်စပ်နေပါသေးတယ်။ ဒါတင်မက သေးပါဘူး။
နိုက်ထရိုက်ဟာ ဦးနှောက်နဲ့ သိုင်းရွိုက်ကင်ဆာတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကိုလဲ သက်သေနဲ့တကွ တွေ့ရှိထားပါသေးတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နိုင်ငံတကာ သုတေသနနဲ့ ကင်ဆာအဖွဲ့အစည်းကလည်း နိုက်ထရိုက် နဲ့ နိုက်ထရိတ်တွေဟာ လူသားတွေကို ကင်ဆာဖြစ်စေတဲ့ အရာတွေအဖြစ် ၂၀၁၀ မှာ ကြေညာခဲ့ဖူးပါသေးတယ်။
ဟင်းနုနွယ်လို ဟင်းရွက်တွေမှာလဲ သဘာဝအားဖြင့် နိုက်ထရိတ်ဓာတ်ဟာ မြင့်မားနေတတ်ပေမယ့် အရွက်တွေက ထွက်တဲ့ နိုက်ထရိတ်ကတော့ အစာအိမ်ကင်ဆာနဲ့ ဆက်စပ်နေတာမရှိဘူးလို့ ၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့တဲ့ IARC 2010 သုတေသနက ဆိုပါတယ်။
သင့္ကေလးကို ခ်စ္ရင္ ေဟာ့ေဒါ့ေခ်ာင္းေတြ ေကၽြးတာ ခ်က္ခ်င္း ရပ္လိုက္ပါ
သင့္ကေလးကို ခ်စ္တယ္ဆိုရင္ ေဟာ့ေဒါ့လို႔ေခၚတဲ့ အသင့္စားအသားေခ်ာင္းေလးေတြကို ေကၽြးတာ ခ်က္ခ်င္း ရပ္လိုက္ပါ.. လို႔ ဆရာဝန္ေတြက တိုက္တြန္းလိုက္ပါတယ္။ ဘာျဖစ္လို႔လဲဆိုတာ သင္သိခ်င္မွာပါ။
သုေတသနေတြအရ တစ္လကို ေဟာ့ေဒါ့ ၁၂ ေခ်ာင္းေက်ာ္ စားတဲ့ ကေလးေတြဟာ တျခားကေလးေတြထက္ ေသြးကင္ဆာျဖစ္နိုင္ေၿခ ၉ ဆ ျမင့္မားတာကို ေတြ႕ရွိထားပါတယ္။ ဒါ့အျပင္ တစ္ပတ္ကို ေဟာ့ေဒါ့တစ္ေခ်ာင္းစားတဲ့ ကိုယ္ဝန္ေဆာင္မိခင္ေတြကေနလဲ ဦးေႏွာက္ အႀကိတ္ ျဖစ္ပြားနိုင္ေျခရွိတဲ့ ကေလးေတြ ေမြးဖြားနိုင္ေျခရွိတယ္လို႔လဲ ဆိုပါတယ္။
ေဟာ့ေဒါ့ဟာ ဘာေၾကာင့္ ဒီလိုေရာဂါေတြျဖစ္ေစရတာပါလဲ.. ဝက္အူေခ်ာင္းတို႔ ေဟာ့ေဒါ့တို႔ကို တာရွည္ခံနိုင္ဖို႔အတြက္ နိုက္ထရိုက္နဲ႔ နိုက္ထရိတ္လို ဓာတုပစၥည္းေတြကို အသုံးျပဳရပါတယ္။ နိုက္ထရိတ္ကို ျဖစ္ေစတဲ့ နိုက္ထရိုက္ဟာ သဘာ၀ အတိုင္းျဖစ္ေပၚတဲ့ ပရိုတင္းတစ္မ်ိဳးျဖစ္တဲ့ ေအမင္းနဲ႔ ဓာတ္ျပဳပါတယ္။
ဒီဓာတ္ျပဳမႈကေန ကင္ဆာကိုျဖစ္ေစတဲ့ နိုက္ထရို ေအမင္းဓာတ္ကို ထုတ္ေပးလို႔ပါပဲ။ နိုက္ထရိုေအမင္းဓာတ္ဟာ နိုက္ထရိုက္ သို႔မဟုတ္ နိုက္ထရိတ္ နဲ႔ထိေတြ႕ထားတဲ့ အသား ကေန အစာေျခလမ္းေၾကာင္းတစ္ေလၽွာက္မွာ ထြက္ေပၚလာပါတယ္။ နိုက္ထရိုက္ဟာ အစာအိမ္ကင္ဆာနဲ႔ ဆက္စပ္တယ္ဆိုတဲ့အေၾကာင္းကို ၂၀၁၀ ခုႏွစ္ကတည္းက ေလ့လာေတြ႕ရွိထားၿပီး ျဖစ္ပါတယ္။ တခ်ိဳ႕ေလ့လာမႈေတြအရဆိုရင္လဲ အစာႁပြန္ကင္ဆာျဖစ္ပြားမႈနဲ႔ ဆက္စပ္ေနပါေသးတယ္။ ဒါတင္မက ေသးပါဘူး။
နိုက္ထရိုက္ဟာ ဦးေႏွာက္နဲ႔ သိုင္းရြိဳက္ကင္ဆာေတြနဲ႔ ဆက္စပ္ေနတယ္ဆိုတာကိုလဲ သက္ေသနဲ႔တကြ ေတြ႕ရွိထားပါေသးတယ္။ ကမၻာ့က်န္းမာေရးအဖြဲ႕ႀကီးရဲ့ နိုင္ငံတကာ သုေတသနနဲ႔ ကင္ဆာအဖြဲ႕အစည္းကလည္း နိုက္ထရိုက္ နဲ႔ နိုက္ထရိတ္ေတြဟာ လူသားေတြကို ကင္ဆာျဖစ္ေစတဲ့ အရာေတြအျဖစ္ ၂၀၁၀ မွာ ေၾကညာခဲ့ဖူးပါေသးတယ္။
ဟင္းႏုႏြယ္လို ဟင္းရြက္ေတြမွာလဲ သဘာဝအားျဖင့္ နိုက္ထရိတ္ဓာတ္ဟာ ျမင့္မားေနတတ္ေပမယ့္ အရြက္ေတြက ထြက္တဲ့ နိုက္ထရိတ္ကေတာ့ အစာအိမ္ကင္ဆာနဲ႔ ဆက္စပ္ေနတာမရွိဘူးလို႔ ၂၀၁၀ ခုႏွစ္က ျပဳလုပ္ခဲ့တဲ့ IARC 2010 သုေတသနက ဆိုပါတယ္။