၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ စောင့်ကြည့်ရမယ့် ဂြိုဟ်ထပ်ခြင်း ဖြစ်စဉ်များ
ချမ်းအေးတဲ့ ဆောင်းရာသီကို မကြာမီ နှုတ်ဆက်ရတော့မည်ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ ဂြိုဟ်အများစုကို နေမထွက်မီ အရှေ့အရပ်မှာ ရှာဖွေကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေခင်းမှာတော့ တပို့တွဲလဆန်း လခြမ်းကွေးကွေးလေးနဲ့ ဂျူပီတာဂြိုဟ်တို့ကို ယှဉ်တွဲပြီး တွေ့မြင်ရနိုင်ပါတယ်။
လက်ရှိအချိန်မှာ ဗီးနပ်စ် (သောကြာဂြိုဟ်)၊ မာကျူရီ (ဗုဒ္ဓဟူးဂြိုဟ်) နဲ့ မားစ် (အင်္ဂါဂြိုဟ်) တို့ မနက်ခင်းပိုင်းမှာ စုဝေးလျက်ရှိပြီး စေတန် (စနေဂြိုဟ်) သည်လည်း နေရဲ့ အနောက်ဘက်ကနေ ပတ်သွားလျက်ရှိနေပါတယ်။
မကြာခင် (မတ်လလောက်) မှာ အရှေ့အရပ်မှာ ဂြိုဟ်တွေ ထပ်ဖို့ရှိပါတယ်။ ဗီးနပ်စ်ဟာ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ အလင်းအား (-၄.၆) မဂ္ဂနီကျူ့နဲ့ အတောက်ပဆုံး လင်းလက်လာမှာဖြစ်ပြီး..၊ ၁၃ ရက်နေ့မှာတော့ အင်္ဂါဂြိုဟ် (မားစ်) နဲ့ ဓနုရာသီမှာ ပေါင်းဆုံနေထိုင်မှာ ဖြစ်ပါတယ်။ ဂရိဒဏ္ဍာရီမှာတော့ ဗီးနပ်စ် နဲ့ မားစ် ကို ချစ်သူတွေလို့ ဆိုကြပါတယ်။
ဖေဖော်ဝါရီလ ၈ ရက်နေ့မှာတော့ လဟာ မိန်ရာသီထဲက ယူရေးနပ်စ်ဂြိုဟ်နဲ့ တထပ်တည်းကျရောက်ပြီး ဖုံးကွယ်သွားမှာ ဖြစ်ပါတယ်။ တပို့တွဲ လပြည့်နေ့ (အမှန်)ဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကျရောက်ပါတယ်။
လဆန်းလကို ညဦးပိုင်းမှာမြင်ရပြီး လပြည့်လကိုတော့ တစ်ညလုံး ပြည့်ဝစွာ မြင်တွေ့ရပါတယ်။ လ ဆုတ်လ ကိုတော့ နံနက်ခင်းပိုင်းတွေမှာ တွေ့ရတတ်ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ခင်းအချိန်မှာတော့ တပို့တွဲ လဆုတ်လခြမ်း နဲ့ ဗီးနပ်စ်၊မားစ်ဂြိုဟ် တို့ကို ဓနုရာသီကြယ်စုများအတွင်း သာမန်မျက်စိနဲ့ မြင်တွေ့ရနိုင်မှာပဲ ဖြစ်ပါတော့တယ်..။ ဂြိုဟ် နက္ခတ်များကို မတ်လထဲမှာ ပိုမိုစုဝေးပြီး မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
အနာဂတ်ပညာရေးအတွက်…
သန့်ဦး (အာကာသနှင့်စကြဝဠာ သင်ထောက်ကူ)
၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းမွာ ေစာင့္ၾကည့္ရမယ့္ ၿဂိဳဟ္ထပ္ျခင္း ျဖစ္စဥ္မ်ား
ခ်မ္းေအးတဲ့ ေဆာင္းရာသီကို မၾကာမီ ႏႈတ္ဆက္ရေတာ့မည္ျဖစ္သည္။ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလထဲမွာေတာ့ ၿဂိဳဟ္အမ်ားစုကို ေနမထြက္မီ အေရွ႕အရပ္မွာ ရွာေဖြၾကည့္ရႈနိုင္မွာပဲ ျဖစ္ပါတယ္။
ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ ညေနခင္းမွာေတာ့ တပို႔တြဲလဆန္း လျခမ္းေကြးေကြးေလးနဲ႔ ဂ်ဴပီတာၿဂိဳဟ္တို႔ကို ယွဥ္တြဲၿပီး ေတြ႕ျမင္ရနိုင္ပါတယ္။
လက္ရွိအခ်ိန္မွာ ဗီးနပ္စ္ (ေသာၾကာၿဂိဳဟ္)၊ မာက်ဴရီ (ဗုဒၶဟူးၿဂိဳဟ္) နဲ႔ မားစ္ (အဂၤါၿဂိဳဟ္) တို႔ မနက္ခင္းပိုင္းမွာ စုေဝးလ်က္ရွိၿပီး ေစတန္ (စေနၿဂိဳဟ္) သည္လည္း ေနရဲ့ အေနာက္ဘက္ကေန ပတ္သြားလ်က္ရွိေနပါတယ္။
မၾကာခင္ (မတ္လေလာက္) မွာ အေရွ႕အရပ္မွာ ၿဂိဳဟ္ေတြ ထပ္ဖို႔ရွိပါတယ္။ ဗီးနပ္စ္ဟာ ေဖေဖာ္ဝါရီ ၉ ရက္ေန႔မွာ အလင္းအား (-၄.၆) မဂၢနီက်ဴ႕နဲ႔ အေတာက္ပဆုံး လင္းလက္လာမွာျဖစ္ၿပီး..၊ ၁၃ ရက္ေန႔မွာေတာ့ အဂၤါၿဂိဳဟ္ (မားစ္) နဲ႔ ဓႏုရာသီမွာ ေပါင္းဆုံေနထိုင္မွာ ျဖစ္ပါတယ္။ ဂရိဒ႑ာရီမွာေတာ့ ဗီးနပ္စ္ နဲ႔ မားစ္ ကို ခ်စ္သူေတြလို႔ ဆိုၾကပါတယ္။
ေဖေဖာ္ဝါရီလ ၈ ရက္ေန႔မွာေတာ့ လဟာ မိန္ရာသီထဲက ယူေရးနပ္စ္ၿဂိဳဟ္နဲ႔ တထပ္တည္းက်ေရာက္ၿပီး ဖုံးကြယ္သြားမွာ ျဖစ္ပါတယ္။ တပို႔တြဲ လျပည့္ေန႔ (အမွန္)ဟာ ေဖေဖာ္ဝါရီ ၁၆ ရက္ေန႔မွာ က်ေရာက္ပါတယ္။
လဆန္းလကို ညဦးပိုင္းမွာျမင္ရၿပီး လျပည့္လကိုေတာ့ တစ္ညလုံး ျပည့္ဝစြာ ျမင္ေတြ႕ရပါတယ္။ လ ဆုတ္လ ကိုေတာ့ နံနက္ခင္းပိုင္းေတြမွာ ေတြ႕ရတတ္ပါတယ္။
ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ နံနက္ခင္းအခ်ိန္မွာေတာ့ တပို႔တြဲ လဆုတ္လျခမ္း နဲ႔ ဗီးနပ္စ္၊မားစ္ၿဂိဳဟ္ တို႔ကို ဓႏုရာသီၾကယ္စုမ်ားအတြင္း သာမန္မ်က္စိနဲ႔ ျမင္ေတြ႕ရနိုင္မွာပဲ ျဖစ္ပါေတာ့တယ္..။ ၿဂိဳဟ္ နကၡတ္မ်ားကို မတ္လထဲမွာ ပိုမိုစုေဝးၿပီး ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။
အနာဂတ္ပညာေရးအတြက္…
သန္႔ဦး (အာကာသႏွင့္စၾကဝဠာ သင္ေထာက္ကူ)