ဗဟုသုတ

ချမ်းသာမယ့် နည်းလမ်းပဲ သိထားလို့မဖြစ်ဘူး သင့်ကို ဆင်းရဲသွားစေနိုင်တဲ့ အချက်တွေကိုလည်း သိထားရမယ်

ခ်မ္းသာမယ့္ နည္းလမ္းဆိုတာ ရွိသလို၊ ဆင္းရဲမယ့္ နည္းလမ္းေတြလည္း ရွိပါတယ္။

ခ်မ္းသာမယ့္ နည္းလမ္းကို မသိေသးသူေတြက ဆင္းရဲေစမယ့္ နည္းလမ္းေတြကို ရေအာင္ ေရွာင္ရွားလိုက္တာနဲ႔ ခ်မ္းသာမယ့္ နည္းလမ္းကို တစ္ဖက္ကေန ျပန္လည္က်င့္သုံးရာ ေရာက္ေစမွာပါေနာ္။

အခုေဖာ္ျပေပးမွာကေတာ့ သင့္ကို အျမန္ဆုံး ဆင္းရဲေစနိုင္တဲ့ အမူအက်င့္ (၅) မ်ိဳး ျဖစ္ပါတယ္။ ေရွာင္ရွားၾကဖို႔လိုပါတယ္

(၁) ကိုယ္ရွာနိုင္တာထက္ ပိုသုံးရင္

တစ္ခ်ိဳ႕ေတြက အသုံးနဲ႔အျဖဳန္း မကြဲၾကပါဘူး။ တစ္ခ်ိဳ႕ ေငြသုံးအလြန္ၾကမ္းပါတယ္။ ဒီလူေတြဟာ ေသခ်ာေပါက္ မခ်မ္းသာၾကဘူးဆိုတာ သတိခ်ပ္ေစခ်င္ပါတယ္။တစ္ခ်ိဳ႕ေတြကကိုယ္ရွာတာ ကိုယ္သုံးဖို႔ပဲဆိုၿပီး သေဘာထားကာ အရမ္းကာေရာ ေလၽွာက္သုံးတတ္ၾကပါတယ္။ ရွာနိုင္သေလာက္ အခ်ိန္ေတာ့ သုံးရဦးမွာပါဘဲ။မရွာနိုင္ေတာ့ရင္ေတာ့ ဆင္းရဲျခင္းဆိုတဲ့ဒဏ္ကို ခံစားရမွာပဲ ျဖစ္ပါတယ္ …။

(၂) မလိုအပ္ေသာေနရာေတြမွာ ေငြအသုံးျပဳျခင္း

မအပ္စပ္ေသာအရာဆိုတာက တစ္ခါတေလ ဂုဏ္ပကာသနတစ္ခုအတြက္ ေငြေၾကးကို ဒလေဟာသုံးတာမ်ိဳးပါ။

ဥပမာအေနနဲ႔ ျမင္သာေအာင္ေျပာရရင္ သုံးႏွစ္ေလာက္ ေနလို႔ျဖစ္ေနတဲ့အိမ္ကို သူမ်ားဆီကေန အေႂကြးခံၿပီး ျပန္ဖ်က္ေဆာက္တာတို႔ ဘာတို႔ေပါ့။အေႂကြးအတြက္ အတိုးက ဆပ္ေနရလို႔ အေႂကြးႏြံ နစ္ေနပါတယ္။တစ္ခါတေလ ဘတ္စ္ကားေလာက္နဲ႔ သြားလို႔ရတဲ့ခရီးကို ရွိုးပဲ့တယ္ဆိုၿပီး တကၠစီပဲ စီးတဲ့ အက်င့္မ်ိဳးေပါ့။

တစ္ခ်ိဳ႕ကက်ေတာ့ ေရခဲေသတၱာ တစ္ခုရွိေနရက္နဲ႔ ေနာက္ထပ္ ေရခဲေသတၱာတစ္လုံး ထပ္ဝယ္တာမ်ိဳး ရွိတတ္ပါတယ္။အလြန္ေဈးႀကီးတဲ့ အစားအစာေတြကိုပဲ ေန႔စဥ္လိုလို စားေနတာမ်ိဳးေပါ့။ တစ္ခ်ိဳ႕က ေငြကုန္ေၾကးက်မ်ားမွ ဂုဏ္ရွိတာလို႔ ထင္တဲ့ သူေတြလည္း ရွိပါေသးတယ္ …။

(၃) တစ္ေယာက္ကိုမွ မကူညီဖူးျခင္း

ဒါကလည္း လူမႈေရးဘက္ကေန ၾကည့္မယ္ဆိုရင္ မျဖစ္သင့္တဲ့ကိစၥပါ။

သင္ဟာ ဘယ္သူ႔ကိုမွ ေလာက္ေလာက္လားလား မကူညီဖူးဘူး၊ အားလုံးကို အေပၚစီးကေန ဆက္ဆံခဲ့ဖူးသူ၊ အကူအညီလာေတာင္းသူ မွန္သမၽွကို ခပ္ပ်က္ပ်က္ ခပ္ရိုင္းရိုင္းေျပာၿပီး ေမာင္းထုတ္တတ္သူဆိုရင္ သင္ ဒုကၡေရာက္ေနခ်ိန္မွာ တစ္ေယာက္ေယာက္က သင့္ကို လာၿပီးကူညီမယ္လို႔မေမၽွာ္လင့္ပါနဲ႔။

ဒီေတာ့ လူေလာကမွာ ေနထိုင္မယ္ဆိုရင္ ကိုင္းကၽြန္းမွီ၊ ကၽြန္းကိုင္းမွီစိတ္ဓာတ္ ထားရမွာပါေနာ္ …။

(၄) အေႂကြးထူျခင္း

လူတစ္ေယာက္ကို ဆင္းရဲတြင္းထဲမွာ ၾကာရွည္နစ္ေစတဲ့ အရာကေတာ့ အေႂကြးပါဘဲ။

လက္ရွိ အရပ္ထဲမွာ ေငြတိုးေခ်းစားသူေတြနဲ႔သာ ေငြေၾကးကိစၥ အလုပ္လုပ္ပါက အေတာ္ေလး ေၾကာက္စရာေကာင္းတာကို ေတြ႕ရပါတယ္။တစ္ခ်ိဳ႕က လုံးဝမျဖစ္သင့္တဲ့ အတိုးႏႈန္းနဲ႔ ေငြတိုးေခ်းစားေနတာေတြလည္း ရွိပါတယ္။

တစ္လလၽွင္ ေငြက်ပ္တစ္သိန္းမွာ အတိုးႏႈန္း (၂၅)%ကေန အနိမ့္ဆုံး (၁၀)%အထိ ရွိပါတယ္။ေငြပမာဏမ်ားေလ အတိုးေပၚအတိုးဆင့္ၿပီး ဆင္းရဲတြင္းနစ္ေလပါဘဲ။ေငြကို အတိုးနဲ႔ယူသုံးတာက လက္တေလာ အဆင္ေျပနိုင္ေပမယ့္ ေရရွည္မွာ အဆင္မေျပနိုင္ဘူးဆိုတာ ေကာင္းေကာင္းသေဘာေပါက္ဖို႔ လိုပါတယ္ …။

(၅) ေလာင္းကစားနဲ႔ အေပ်ာ္အပါးမက္ျခင္း

တစ္ခ်ိဳ႕ေတြက ေငြစေၾကးစေလး ရႊင္လာၿပီဆိုရင္ တစ္ထိုင္တည္းနဲ႔ ပိုက္ဆံဂဏန္းငါးလုံးေလာက္ အသာေလးကုန္နိုင္တဲ့ ဘီယာဆိုင္တို႔၊ ေကတီဗြီတို႔၊ မာဆက္တို႔ကို မ်က္ေစာင္းထိုးခ်င္ၾကပါတယ္။

တစ္ခ်ိဳ႕က ဒီလိုမဟုတ္ပဲ ေငြေမ်ာ ေငြနဲ႔လိုက္-ဆိုၿပီး ေလာင္းကစားကို ဝါသနာထုံၾကပါတယ္။ ေလာင္းကစားဆိုတာ ဘယ္တုန္းကမွ လူကို သုခတရားေတြ ေပးစြမ္းတာမ်ိဳး မရွိပါဘူး …။

တစ္ခ်ိဳ႕အက်ိဳးေပးတယ္ဆိုတာ ေလာေလာဆယ္ ကံလိုက္ေနလို႔ပါ။ ေလာင္းကစားသမားေတြအမ်ားစုကို ၾကည့္လိုက္ပါ … ဘယ္သူက လူေမြးလူေရာင္ ေျပာင္လို႔လဲ။ဒီလိုပဲ တစ္ခ်ိဳ႕ဆို ေငြရႊင္ၿပီဆိုရင္ မိန္းမဘက္ကို လွည့္တတ္ၾကပါေသးတယ္ …။

အေပ်ာ္အပါးဘက္ကို လွည့္တတ္ၾကပါတယ္။ အဲဒီလိုမိန္းမဆိုတာ ေငြက ဘယ္ခလုတ္ကို ႏွိပ္ရင္ထြက္တယ္ဆိုတာ သိၿပီးသား မိန္းမလည္ေတြက မ်ားပါတယ္။ေနာက္ ေရာဂါဘယ ကူးစက္မႈရွိ၊ မရွိကလည္း စိတ္မခ်ရပါဘူး။ သင့္အတြက္ ဆင္းရဲတြင္းနက္ေစမယ့္ အမူအက်င့္ေတြမို႔ ေရွာင္ရွားဖို႔ လိုပါတယ္ေနာ္ …။ ။

Credit To: နတ္စည္ေတာ္ (Shwemom)

Unicode

ချမ်းသာမယ့် နည်းလမ်းဆိုတာ ရှိသလို၊ ဆင်းရဲမယ့် နည်းလမ်းတွေလည်း ရှိပါတယ်။

ချမ်းသာမယ့် နည်းလမ်းကို မသိသေးသူတွေက ဆင်းရဲစေမယ့် နည်းလမ်းတွေကို ရအောင် ရှောင်ရှားလိုက်တာနဲ့ ချမ်းသာမယ့် နည်းလမ်းကို တစ်ဖက်ကနေ ပြန်လည်ကျင့်သုံးရာ ရောက်စေမှာပါနော်။

အခုဖော်ပြပေးမှာကတော့ သင့်ကို အမြန်ဆုံး ဆင်းရဲစေနိုင်တဲ့ အမူအကျင့် (၅) မျိုး ဖြစ်ပါတယ်။ ရှောင်ရှားကြဖို့လိုပါတယ်

(၁) ကိုယ်ရှာနိုင်တာထက် ပိုသုံးရင်

တစ်ချို့တွေက အသုံးနဲ့အဖြုန်း မကွဲကြပါဘူး။ တစ်ချို့ ငွေသုံးအလွန်ကြမ်းပါတယ်။ ဒီလူတွေဟာ သေချာပေါက် မချမ်းသာကြဘူးဆိုတာ သတိချပ်စေချင်ပါတယ်။တစ်ချို့တွေကကိုယ်ရှာတာ ကိုယ်သုံးဖို့ပဲဆိုပြီး သဘောထားကာ အရမ်းကာရော လျှောက်သုံးတတ်ကြပါတယ်။ ရှာနိုင်သလောက် အချိန်တော့ သုံးရဦးမှာပါဘဲ။မရှာနိုင်တော့ရင်တော့ ဆင်းရဲခြင်းဆိုတဲ့ဒဏ်ကို ခံစားရမှာပဲ ဖြစ်ပါတယ် …။

(၂) မလိုအပ်သောနေရာတွေမှာ ငွေအသုံးပြုခြင်း

မအပ်စပ်သောအရာဆိုတာက တစ်ခါတလေ ဂုဏ်ပကာသနတစ်ခုအတွက် ငွေကြေးကို ဒလဟောသုံးတာမျိုးပါ။

ဥပမာအနေနဲ့ မြင်သာအောင်ပြောရရင် သုံးနှစ်လောက် နေလို့ဖြစ်နေတဲ့အိမ်ကို သူများဆီကနေ အကြွေးခံပြီး ပြန်ဖျက်ဆောက်တာတို့ ဘာတို့ပေါ့။အကြွေးအတွက် အတိုးက ဆပ်နေရလို့ အကြွေးနွံ နစ်နေပါတယ်။တစ်ခါတလေ ဘတ်စ်ကားလောက်နဲ့ သွားလို့ရတဲ့ခရီးကို ရှိုးပဲ့တယ်ဆိုပြီး တက္ကစီပဲ စီးတဲ့ အကျင့်မျိုးပေါ့။

တစ်ချို့ကကျတော့ ရေခဲသေတ္တာ တစ်ခုရှိနေရက်နဲ့ နောက်ထပ် ရေခဲသေတ္တာတစ်လုံး ထပ်ဝယ်တာမျိုး ရှိတတ်ပါတယ်။အလွန်ဈေးကြီးတဲ့ အစားအစာတွေကိုပဲ နေ့စဉ်လိုလို စားနေတာမျိုးပေါ့။ တစ်ချို့က ငွေကုန်ကြေးကျများမှ ဂုဏ်ရှိတာလို့ ထင်တဲ့ သူတွေလည်း ရှိပါသေးတယ် …။

(၃) တစ်ယောက်ကိုမှ မကူညီဖူးခြင်း

ဒါကလည်း လူမှုရေးဘက်ကနေ ကြည့်မယ်ဆိုရင် မဖြစ်သင့်တဲ့ကိစ္စပါ။

သင်ဟာ ဘယ်သူ့ကိုမှ လောက်လောက်လားလား မကူညီဖူးဘူး၊ အားလုံးကို အပေါ်စီးကနေ ဆက်ဆံခဲ့ဖူးသူ၊ အကူအညီလာတောင်းသူ မှန်သမျှကို ခပ်ပျက်ပျက် ခပ်ရိုင်းရိုင်းပြောပြီး မောင်းထုတ်တတ်သူဆိုရင် သင် ဒုက္ခရောက်နေချိန်မှာ တစ်ယောက်ယောက်က သင့်ကို လာပြီးကူညီမယ်လို့မမျှော်လင့်ပါနဲ့။

ဒီတော့ လူလောကမှာ နေထိုင်မယ်ဆိုရင် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီစိတ်ဓာတ် ထားရမှာပါနော် …။

(၄) အကြွေးထူခြင်း

လူတစ်ယောက်ကို ဆင်းရဲတွင်းထဲမှာ ကြာရှည်နစ်စေတဲ့ အရာကတော့ အကြွေးပါဘဲ။

လက်ရှိ အရပ်ထဲမှာ ငွေတိုးချေးစားသူတွေနဲ့သာ ငွေကြေးကိစ္စ အလုပ်လုပ်ပါက အတော်လေး ကြောက်စရာကောင်းတာကို တွေ့ရပါတယ်။တစ်ချို့က လုံးဝမဖြစ်သင့်တဲ့ အတိုးနှုန်းနဲ့ ငွေတိုးချေးစားနေတာတွေလည်း ရှိပါတယ်။

တစ်လလျှင် ငွေကျပ်တစ်သိန်းမှာ အတိုးနှုန်း (၂၅)%ကနေ အနိမ့်ဆုံး (၁၀)%အထိ ရှိပါတယ်။ငွေပမာဏများလေ အတိုးပေါ်အတိုးဆင့်ပြီး ဆင်းရဲတွင်းနစ်လေပါဘဲ။ငွေကို အတိုးနဲ့ယူသုံးတာက လက်တလော အဆင်ပြေနိုင်ပေမယ့် ရေရှည်မှာ အဆင်မပြေနိုင်ဘူးဆိုတာ ကောင်းကောင်းသဘောပေါက်ဖို့ လိုပါတယ် …။

(၅) လောင်းကစားနဲ့ အပျော်အပါးမက်ခြင်း

တစ်ချို့တွေက ငွေစကြေးစလေး ရွှင်လာပြီဆိုရင် တစ်ထိုင်တည်းနဲ့ ပိုက်ဆံဂဏန်းငါးလုံးလောက် အသာလေးကုန်နိုင်တဲ့ ဘီယာဆိုင်တို့၊ ကေတီဗွီတို့၊ မာဆက်တို့ကို မျက်စောင်းထိုးချင်ကြပါတယ်။

တစ်ချို့က ဒီလိုမဟုတ်ပဲ ငွေမျော ငွေနဲ့လိုက်-ဆိုပြီး လောင်းကစားကို ဝါသနာထုံကြပါတယ်။ လောင်းကစားဆိုတာ ဘယ်တုန်းကမှ လူကို သုခတရားတွေ ပေးစွမ်းတာမျိုး မရှိပါဘူး …။

တစ်ချို့အကျိုးပေးတယ်ဆိုတာ လောလောဆယ် ကံလိုက်နေလို့ပါ။ လောင်းကစားသမားတွေအများစုကို ကြည့်လိုက်ပါ … ဘယ်သူက လူမွေးလူရောင် ပြောင်လို့လဲ။ဒီလိုပဲ တစ်ချို့ဆို ငွေရွှင်ပြီဆိုရင် မိန်းမဘက်ကို လှည့်တတ်ကြပါသေးတယ် …။

အပျော်အပါးဘက်ကို လှည့်တတ်ကြပါတယ်။ အဲဒီလိုမိန်းမဆိုတာ ငွေက ဘယ်ခလုတ်ကို နှိပ်ရင်ထွက်တယ်ဆိုတာ သိပြီးသား မိန်းမလည်တွေက များပါတယ်။နောက် ရောဂါဘယ ကူးစက်မှုရှိ၊ မရှိကလည်း စိတ်မချရပါဘူး။ သင့်အတွက် ဆင်းရဲတွင်းနက်စေမယ့် အမူအကျင့်တွေမို့ ရှောင်ရှားဖို့ လိုပါတယ်နော် …။ ။

Credit To: နတ်စည်တော် (Shwemom)