အလွပေရးရာ

ေနေလာင္ဒဏ္ရာေတြ၊ အေရျပားနဲ႔ပတ္သက္တဲ့ေရာဂါေတြအတြက္ ရွားေစာင္းလက္ပတ္

ေနေလာင္ဒဏ္ရာေတြ၊ အေရျပားနဲ႔ပတ္သက္တဲ့ေရာဂါေတြအတြက္ ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္က ေနေလာင္ဒဏ္ရာေတြ၊ အေရျပားနဲ႔ပတ္သက္တဲ့ေရာဂါေတြအတြက္ အေကာင္းဆုံးပါပဲ။

ရွားေစာင္းလက္ပတ္က အေရျပားကို ေအးျမေစၿပီး တစ္ရႉးအသစ္ေတြကို ဖြံ႕ၿဖိဳးေစပါတယ္။ ဗီတာမင္၊ သတၱဳဓာတ္နဲ႔ Antioxidants ေတြလည္း ႂကြယ္ဝစြာပါဝင္ေနပါတယ္။

ရွားေစာင္းလက္ပတ္နဲ႔ ပ်ားရည္

ရွားေစာင္းလက္ပတ္နဲ႔ ပ်ားရည္က ေနေလာင္ဒဏ္ရာေတြ၊ ေရာင္ရမ္းမႈေတြနဲ႔ ဘက္တီးရီးယားေတြကို သက္သာေပ်ာက္ကင္းေစပါတယ္။

ပါဝင္ပစၥည္းမ်ား
ပ်ားရည္ ၁ခြက္ရဲ႕ ၄ ပုံ ၁ ပုံ
ရွားေစာင္းလက္ပတ္ စားပြဲတင္ဇြန္း ၁ ဇြန္း
အုန္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း

ပါဝင္ပစၥည္းေတြ အားလုံးကို ေရာၿပီး ဒီေဆးကို ေနေလာင္ဒဏ္ရာေပၚမွာ လိမ္းေပးပါ။ ေျခာက္သြားမွ ေရေဆးခ်ပါ။ ေန႔တိုင္းလိုလို လိမ္းေပးပါ။

ရွားေစာင္းလက္ပတ္နဲ႔ နႏြင္း

နႏြင္းကလည္း ဘက္တီးရီးယားေတြကို ေသေစႏိုင္ၿပီး ေရာင္ရမ္းတာေတြကို ေလ်ာ့က်ေစပါတယ္။ နာက်င္မႈကို ေလ်ာ့က်ေစပါတယ္။
ဆဲလ္ေတြကို ျပန္လည္သန္စြမ္းေစတဲ့အျပင္ ပ်က္စီးတဲ့ အသားအေရေတြကိုလည္း ျပန္လည္ ကုသေပးပါတယ္။

ပါဝင္ပစၥည္းမ်ား
နႏြင္းမႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းရဲ႕ ၄ ပုံ ၁ပုံ
စႏၵကူးအမႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းရဲ႕၄ ပုံ ၁ပုံ
ရွားေစာင္းလက္ပတ္ စားပြဲတင္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း

ပါဝင္ပစၥည္းေတြအားလုံးကို ေရာၿပီး ေနေလာင္ဒဏ္ရာေပၚလိမ္းေပးပါ။ ေျခာက္သြားမွ ေရေဆးခ်ပါ။ လိုအပ္ရင္ ထပ္ခါထပ္ခါ လိမ္းလို႔ရပါတယ္။

Unicode

နေလောင်ဒဏ်ရာတွေ၊ အရေပြားနဲ့ပတ်သက်တဲ့ရောဂါတွေအတွက် ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က နေလောင်ဒဏ်ရာတွေ၊ အရေပြားနဲ့ပတ်သက်တဲ့ရောဂါတွေအတွက် အကောင်းဆုံးပါပဲ။

ရှားစောင်းလက်ပတ်က အရေပြားကို အေးမြစေပြီး တစ်ရှူးအသစ်တွေကို ဖွံ့ဖြိုးစေပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidants တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

ရှားစောင်းလက်ပတ်နဲ့ ပျားရည်

ရှားစောင်းလက်ပတ်နဲ့ ပျားရည်က နေလောင်ဒဏ်ရာတွေ၊ ရောင်ရမ်းမှုတွေနဲ့ ဘက်တီးရီးယားတွေကို သက်သာပျောက်ကင်းစေပါတယ်။

ပါဝင်ပစ္စည်းများ
ပျားရည် ၁ခွက်ရဲ့ ၄ ပုံ ၁ ပုံ
ရှားစောင်းလက်ပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေ အားလုံးကို ရောပြီး ဒီဆေးကို နေလောင်ဒဏ်ရာပေါ်မှာ လိမ်းပေးပါ။ ခြောက်သွားမှ ရေဆေးချပါ။ နေ့တိုင်းလိုလို လိမ်းပေးပါ။

ရှားစောင်းလက်ပတ်နဲ့ နနွင်း

နနွင်းကလည်း ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး ရောင်ရမ်းတာတွေကို လျော့ကျစေပါတယ်။ နာကျင်မှုကို လျော့ကျစေပါတယ်။
ဆဲလ်တွေကို ပြန်လည်သန်စွမ်းစေတဲ့အပြင် ပျက်စီးတဲ့ အသားအရေတွေကိုလည်း ပြန်လည် ကုသပေးပါတယ်။

ပါဝင်ပစ္စည်းများ
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ပုံ
စန္ဒကူးအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့၄ ပုံ ၁ပုံ
ရှားစောင်းလက်ပတ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကို ရောပြီး နေလောင်ဒဏ်ရာပေါ်လိမ်းပေးပါ။ ခြောက်သွားမှ ရေဆေးချပါ။ လိုအပ်ရင် ထပ်ခါထပ်ခါ လိမ်းလို့ရပါတယ်။