မာနကိုတန်ဖိုးထားတဲ့သူတွေ အသည်းကွဲတဲ့အခါ ဒီလိုနည်းနဲ့ ကုစားကြပါတယ်
လူတစ်ချို့အတွက် မာနဆိုတာ ရူးမိုက်ခြင်း တစ်မျိုးသာဖြစ်ပြီး လူတစ်ချို့အတွက် ကျပြန်တော့လည်း မာနဆိုတာ အသက်လောက်ကို အရေးကြီးပါတယ်။ဒါကတော့ ကိုယ့်ခံယူချက်နဲ့ကိုယ်လွတ်လပ်စွာ ကွဲပြားခွင့်ရှိပါတယ်
အခုဖော်ြ ပပေးမှာကတော့ မာနကို တန်ဖိုးထားတဲ့သူတွေ အသည်းကွဲတဲ့အခါမှာ ဘယ်လိုနည်းနဲ့ ကုစားတတ်သလဲ ဆိုတာကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်နော် …
(၁) လူကွယ်ရာမှာပဲ ခံစားမယ်
မာနကြီးတဲ့သူတွေ အသည်းကွဲသွားတဲ့အခါ ဘယ်တော့မှ လူရှေ့သူရှေ့မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်မှာ မဟုတ်ပါဘူး။ဘယ်လောက်ပဲ နာကျင်နေပါစေ လူရှေ့ဘယ်တော့မှ ထုတ်မပြပါဘူး။ငိုမယ် ဆိုရင်တောင် တစ်ယောက်တည်း ငို၊ တစ်ယောက်တည်းခံစားပြီး လူရှေ့မှာတော့ လုံးဝ ထုတ်ပြမယ့် သူတွေ မဟုတ်ပါဘူး …
(၂) ဘာမှမဖြစ်ချင်ဟန်ဆောင်မယ်
မာနကြီးတဲ့သူတွေ အသည်းကွဲသွားတဲ့အခါ လူတွေ မသိနိုင်ပါဘူး။အကြောင်းကတော့ ဖုံးကွယ်တာအရမ်းတော်လို့ပါ။ပြိုလဲနေတဲ့ သူတို့ရဲ့ ပုံရိပ်ကို လူရှေ့သူရှေ့မှာဘယ်တော့မှ ထုတ်ပြမှာမဟုတ်ပါဘူး
ဘယ်လောက်ပဲ စိတ်ထဲမှာ ခံစား နေရပါစေ၊ အပြုံးမပျက်ပဲ လုပ်စရာရှိတာတွေကို အေးအေးဆေးဆေး လုပ်နိုင်တဲ့သူတွေပါ။အသည်းကွဲတာ ပြန်ကုစားနို င်ပေမယ့် သိက္ခာနဲ့ မာနကို ပြန်အဖတ်ဆယ်ဖို့ ခက်တယ်ဆိုတာ ကောင်းကောင်း နားလည်ထားလို့ပါပဲ …
(၃) ရှိသမျှ အမှတ်တရတွေကို စွန့်ပစ်မယ်
မာနကြီးတဲ့သူတွေဟာ လူရှေ့မှာပဲ မာနကြီးတာမဟုတ်ပါဘူး။အတွင်းစိတ်ကိုက စိတ်နေမြင့်တဲ့သူတွေပါ။ဒါကြောင့် ပြတ်သွားတဲ့သူတစ်ယောက်နဲ့ပတ်သက်တဲ့အရာတွေကို တိတ်တိတ်လေး သိမ်းဆည်းထားမယ့် သူတွေတော့ မဟုတ် ပါဘူး
ပစ္စည်းတွေဆိုလွှင့်ပစ်၊ ဓာတ်ပုံတွေဖျက်ပစ်၊ သူနဲ့ပတ်သက်တဲ့ အမှတ်တရ တစ်ခုတလေတောင်မချန်ပဲ အားလုံးကို အပြီးတိုင် စွန့်ပစ်မယ့်သူတွေ ဖြစ်ပါတယ် …
(၄) တစ်ယောက်တည်း နေတတ်အောင် လေ့ကျင့်မယ်
မာနကြီးတဲ့သူတွေဟာ ကိုယ့်အနားမှာ မနေချင်တော့တဲ့၊ကိုယ့်ကိုယ် စိတ်ပျက်အောင်လုပ်တဲ့သူတစ်ယောက်ကို ဘဝမှာ မလိုချင်တော့ပါဘူး
ဒါကြောင့် မနေတတ်လည်း နေတတ်အောင်လေ့ကျင့်မယ့်သူတွေပါ။ပြန်အသနားခံေ တာင်းပန်ဖို့က ဝေးလေစွ တစ်ဖက်လူက ပြန်လာချင်ရင်တောင် ပြန်လာဖို့ ခွင့်မပြုတော့တဲ့ သူမျိုးတွေပါ
(၅) ပညာအသစ်တစ်ခု ရလာမယ်
မာနကြီးတဲ့သူတွေဟာ အသည်းကွဲပြီး အချိန်ဖြုန်းမယ့်သူတွေ မဟုတ်ပါဘူး။အသည်းကွဲတဲ့အတူ အကျိုးရှိတဲ့အရာ တစ်ခုကိုတော့ ရအောင်ယူမယ့်သူတွေပါ
ကိုယ်ဝါသနာပါတဲ့ အရာလေးတွေသင်ယူတာမျိုး၊ လုပ်ချင်နေခဲ့တဲ့အရာေ လးတွေကိုလုပ်လိုက်တာမျိုး၊ခရီးထွက်တာမျိုးတွေလုပ်ပြီး ပညာတစ်ခုခုတော့ ရအောင်ယူမယ့်သူတွေပါ
ချစ်သူကို ဆုံးရှုံးသွားပေမယ့် တစ်ဖက်မှာတော့ ပညာတစ်ခုရတဲ့အတွက် သူတို့မရှုံးပါဘူးနော် …
Credit
Zawgyi
မာနကိုတန္ဖိုးထားတဲ့သူေတြ အသည္းကြဲတဲ့အခါ ဒီလိုနည္းနဲ႔ ကုစားၾကပါတယ္
လူတစ္ခ်ိဳ႕အတြက္ မာနဆိုတာ ႐ူးမိုက္ျခင္း တစ္မ်ိဳးသာျဖစ္ၿပီး လူတစ္ခ်ိဳ႕အတြက္ က်ျပန္ေတာ့လည္း မာနဆိုတာ အသက္ေလာက္ကို အေရးႀကီးပါတယ္။ဒါကေတာ့ ကိုယ့္ခံယူခ်က္နဲ႔ကိုယ္လြတ္လပ္စြာ ကြဲျပားခြင့္ရွိပါတယ္
အခုေဖာ္ျ ပေပးမွာကေတာ့ မာနကို တန္ဖိုးထားတဲ့သူေတြ အသည္းကြဲတဲ့အခါမွာ ဘယ္လိုနည္းနဲ႔ ကုစားတတ္သလဲ ဆိုတာကို ေဖာ္ျပေပးမွာပဲ ျဖစ္ပါတယ္ေနာ္ …
(၁) လူကြယ္ရာမွာပဲ ခံစားမယ္
မာနႀကီးတဲ့သူေတြ အသည္းကြဲသြားတဲ့အခါ ဘယ္ေတာ့မွ လူေရွ႕သူေရွ႕မွာ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္မွာ မဟုတ္ပါဘူး။ဘယ္ေလာက္ပဲ နာက်င္ေနပါေစ လူေရွ႕ဘယ္ေတာ့မွ ထုတ္မျပပါဘူး။ငိုမယ္ ဆိုရင္ေတာင္ တစ္ေယာက္တည္း ငို၊ တစ္ေယာက္တည္းခံစားၿပီး လူေရွ႕မွာေတာ့ လုံးဝ ထုတ္ျပမယ့္ သူေတြ မဟုတ္ပါဘူး …
(၂) ဘာမွမျဖစ္ခ်င္ဟန္ေဆာင္မယ္
မာနႀကီးတဲ့သူေတြ အသည္းကြဲသြားတဲ့အခါ လူေတြ မသိႏိုင္ပါဘူး။အေၾကာင္းကေတာ့ ဖုံးကြယ္တာအရမ္းေတာ္လို႔ပါ။ၿပိဳလဲေနတဲ့ သူတို႔ရဲ႕ ပုံရိပ္ကို လူေရွ႕သူေရွ႕မွာဘယ္ေတာ့မွ ထုတ္ျပမွာမဟုတ္ပါဘူး
ဘယ္ေလာက္ပဲ စိတ္ထဲမွာ ခံစား ေနရပါေစ၊ အၿပဳံးမပ်က္ပဲ လုပ္စရာရွိတာေတြကို ေအးေအးေဆးေဆး လုပ္ႏိုင္တဲ့သူေတြပါ။အသည္းကြဲတာ ျပန္ကုစားႏို င္ေပမယ့္ သိကၡာနဲ႔ မာနကို ျပန္အဖတ္ဆယ္ဖို႔ ခက္တယ္ဆိုတာ ေကာင္းေကာင္း နားလည္ထားလို႔ပါပဲ …
(၃) ရွိသမွ် အမွတ္တရေတြကို စြန႔္ပစ္မယ္
မာနႀကီးတဲ့သူေတြဟာ လူေရွ႕မွာပဲ မာနႀကီးတာမဟုတ္ပါဘူး။အတြင္းစိတ္ကိုက စိတ္ေနျမင့္တဲ့သူေတြပါ။ဒါေၾကာင့္ ျပတ္သြားတဲ့သူတစ္ေယာက္နဲ႔ပတ္သက္တဲ့အရာေတြကို တိတ္တိတ္ေလး သိမ္းဆည္းထားမယ့္ သူေတြေတာ့ မဟုတ္ ပါဘူး။
ပစၥည္းေတြဆိုလႊင့္ပစ္၊ ဓာတ္ပုံေတြဖ်က္ပစ္၊ သူနဲ႔ပတ္သက္တဲ့ အမွတ္တရ တစ္ခုတေလေတာင္မခ်န္ပဲ အားလုံးကို အၿပီးတိုင္ စြန႔္ပစ္မယ့္သူေတြ ျဖစ္ပါတယ္ …
(၄) တစ္ေယာက္တည္း ေနတတ္ေအာင္ ေလ့က်င့္မယ္
မာနႀကီးတဲ့သူေတြဟာ ကိုယ့္အနားမွာ မေနခ်င္ေတာ့တဲ့၊ကိုယ့္ကိုယ္ စိတ္ပ်က္ေအာင္လုပ္တဲ့သူတစ္ေယာက္ကို ဘဝမွာ မလိုခ်င္ေတာ့ပါဘူး။ဒါေၾကာင့္ မေနတတ္လည္း ေနတတ္ေအာင္ေလ့က်င့္မယ့္သူေတြပါ။ျပန္အသနားခံေ တာင္းပန္ဖို႔က ေဝးေလစြ တစ္ဖက္လူက ျပန္လာခ်င္ရင္ေတာင္ ျပန္လာဖို႔ ခြင့္မျပဳေတာ့တဲ့ သူမ်ိဳးေတြပါ
(၅) ပညာအသစ္တစ္ခု ရလာမယ္
မာနႀကီးတဲ့သူေတြဟာ အသည္းကြဲၿပီး အခ်ိန္ျဖဳန္းမယ့္သူေတြ မဟုတ္ပါဘူး။အသည္းကြဲတဲ့အတူ အက်ိဳးရွိတဲ့အရာ တစ္ခုကိုေတာ့ ရေအာင္ယူမယ့္သူေတြပါ။ကိုယ္ဝါသနာပါတဲ့ အရာေလးေတြသင္ယူတာမ်ိဳး၊ လုပ္ခ်င္ေနခဲ့တဲ့အရာေ လးေတြကိုလုပ္လိုက္တာမ်ိဳး၊ခရီးထြက္တာမ်ိဳးေတြလုပ္ၿပီး ပညာတစ္ခုခုေတာ့ ရေအာင္ယူမယ့္သူေတြပါ
ခ်စ္သူကို ဆုံးရႈံးသြားေပမယ့္ တစ္ဖက္မွာေတာ့ ပညာတစ္ခုရတဲ့အတြက္ သူတို႔မရႈံးပါဘူးေနာ္ …
Credit