ေ႐ႊထက္တန္ဖိုးရွိတဲ့ အထုပ္ေလးေတြမို႔ လႊင့္မပစ္ေစခ်င္
မုန႔္ဘူးေတြ ကင္မရာဘူးေတြ ဖိနပ္ဘူးေတြထဲမွာ Silica Gel Bags လို႔ေခၚတဲ့ ဂ်ယ္လီလို အလုံးေလးေတြ အေစ့ေလးေတြပါတဲ့ အိတ္ေလးကို ေတြ႕ဖူးၾကမွာပါ။
ဒီအထုပ္ေလးေတြကို ေတြ႕တာနဲ႔ အသုံးမလို ေလာက္ဘူး အႏၲရာယ္ရွိမလားမသိဘူးဆိုၿပီး လႊင့္ပစ္လိုက္ၾကပါတယ္။ တကယ္တမ္းမွာေတာ့ ဒီအိတ္ေလးေတြက အရမ္းကို အသုံးဝင္ပါတယ္။
သူဟာ ဆီလီကြန္ဒိုင္ေအာက္ဆိုက္ဒ္ျဖစ္ၿပီး ဆီလီကြန္ဒိုင္ေအာက္ဆိုဒ္ဟာ ေဘးနားက အရာဝတၳဳေတြကို ေျခာက္ေသြ႕ေနေစတာျဖစ္ပါတယ္။ ဒါဟာ အဆိပ္မဟုတ္ပါဘူး။
ဒါေပမဲ့ ကေလးေတြကိုေတာ့ မထိေတြ႕ေစ ခိုင္းသင့္ပါဘူး။ ေကာက္စားလိုက္တာမ်ိဳး ျဖစ္မွာစိုးလို႔ပါ။ Silica Gel Bags လို႔ေခၚတဲ့ ဒီအိတ္ ေလးေတြရဲ႕ အသုံးဝင္ပုံက အံ့မခန္းပါပဲ။
(၁) ကိုယ့္ရဲ႕ Gym ပစၥည္းအသုံးအေဆာင္ ထည့္တဲ့အိတ္ထဲကို ထည့္ထားရင္, ဗက္တီးရီးယားနဲ႔ မႈိေပါက္ဖြားျခင္း မရွိေအာင္ ကာကြယ္ေပးႏိုင္ပါေသးတယ္။ အနံ႔ဆိုးေတြကိုလည္း ေပ်ာက္ကင္းေစပါတယ္။
(၂) ဖုန္းကို မေတာ္တဆ ေရထိသြားရင္ ဒီအထုပ္ေလးေတြ ကူႏိုင္ကယ္ႏိုင္ပါတယ္။ သူက ဆန္ထဲမွာ ထားတာထက္ေတာင္ ပိုစြမ္းပါေသးတယ္။ ဒီအထုပ္ေလးေတြအမ်ားႀကီးကို ခြက္ထဲထည့္ၿပီး ဖုန္းကိုထားလိုက္ပါ။ စိုထိုင္းမႈကို အလ်င္ျမန္ဆုံးစုပ္ယူလိုက္ႏိုင္ပါတယ္။
(၃) ဓာတ္ပုံေဟာင္းေတြကိုလည္း မပ်က္စီးေစဖို႔ ကယ္တင္ႏိုင္ပါေသးတယ္။ ဓာတ္ပုံအေဟာင္းေတြကို ဘူးတစ္ခုထဲမွာ သိမ္းထားတယ္ဆိုရင္ အဲဒီဘူးထဲကို ဒီအိတ္ ေလးေတြ ထည့္ထားလိုက္ပါ။ ဓာတ္ပုံေတြ ေဆးကြာ ပူးကပ္ၿပီးပ်က္စီးျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။
(၄) သူ႔ကို ကားမွန္ေအာက္ေျခ ကားဒတ္ရွ္ ဘုတ္ေပၚ တင္ထားမယ္ဆိုရင္လည္း ျမဴေတြ ႏွင္းေတြေၾကာင့္ ကားမွန္စိုစြတ္တာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါေသးတယ္။
(၅) ကင္မရာအိတ္ထဲ ထည့္ထားမယ္ဆိုရင္ လည္း ကင္မရာကို ေျခာက္ေသြ႕စြာ သိမ္းဆည္း ထားႏိုင္မွာပဲျဖစ္ပါတယ္။
(၆) မုတ္ဆိတ္ရိတ္ဓားေတြကို ၾကာရွည္ ထက္ျမေနေစေခ်င္ရင္ ဒီအိတ္ေလးေတြကို သုံးႏိုင္ပါတယ္။ မုတ္ဆိတ္ရိတ္ဓားေတြ ထားတဲ့ေနရာမွာ ဒီအိတ္ေလးေတြကိုထားေပးမယ္ဆိုရင္ အစိုဓာတ္ေတြကို စုပ္ယူေပးၿပီး မုတ္ဆိတ္ ရိတ္ဓားေတြ တာရွည္ခံေစဖို႔ ကူညီေပးပါတယ္။
(၇) ခရီးေဆာင္အိတ္ထဲမွာ ထည့္သြားမယ္ဆို ရင္လည္း အနံ႔အသက္ကင္းၿပီး ေျခာက္ေသြ႕မႈ ရွိေနေစမွာ ျဖစ္ပါတယ္။
(၈) သူက ေ႐ႊထည္ေငြထည္ပစၥည္းေတြကို လည္း အေရာင္မလြင့္ေအာင္ ကာကြယ္ႏိုင္တာမို႔ လက္ဝတ္ရတနာ သိမ္းတဲ့ေနရာမွာလည္း သူ႔ကို သုံးႏိုင္ပါတယ္။
(၉) သစ္ေစ့ေတြ မ်ိဳးေစ့ေတြကို ေျခာက္ေျခာက္ ေသြ႕ေသြ႕ သိမ္းဆည္းရမယ္ဆိုရင္လည္း ေလလုံတဲ့ဘူးထဲမွာ ဒီအိတ္ေလးေတြကို ထည့္ၿပီး သိမ္းဆည္းေပးႏိုင္ပါတယ္။
(၁၀) စကၠဴနဲ႔အျခားေသာ စာ႐ြက္စာတမ္း ေတြကို မႈိတက္ပ်က္စီးတာမ်ိဳး မျဖစ္ေစဖို႔ စာ႐ြက္ေတြ သိမ္းဆည္းတဲ့ေနရာမွာ ဒီအထုပ္ေလးေတြကို ထားေပးလို႔ရပါတယ္။
(၁၁) ေဆးဘူးေတြနဲ႔ မုန႔္ဘူးေတြထဲမွာ ဒီအထုပ္ ေလးေတြကို ထားသိုတယ္ဆိုတာက အစိုျပန္မႈ ကိုကာကြယ္ေစဖို႔ပါ။ ဒါေၾကာင့္ ကိုယ့္ရဲ႕ေသာက္ေဆးေတြ အားေဆး ေတြကို ဒီအထုပ္ေလးေတြနဲ႔ အတူသိမ္းဆည္းလို႔ရပါတယ္။
ကဲ ဒီေလာက္ဆိုရင္ေတာ့ သူ႔ကို လႊင့္မပစ္ဘဲ ဘယ္လိုအက်ိဳးရွိရွိသုံးလို႔ရမလဲဆိုတာ သိသြား ၾကၿပီ ထင္ပါတယ္ေနာ္။
Unicode
ရွှေထက်တန်ဖိုးရှိတဲ့ အထုပ်လေးတွေမို့ လွှင့်မပစ်စေချင်
မုန့်ဘူးတွေ ကင်မရာဘူးတွေ ဖိနပ်ဘူးတွေထဲမှာ Silica Gel Bags လို့ခေါ်တဲ့ ဂျယ်လီလို အလုံးလေးတွေ အစေ့လေးတွေပါတဲ့ အိတ်လေးကို တွေ့ဖူးကြမှာပါ။
ဒီအထုပ်လေးတွေကို တွေ့တာနဲ့ အသုံးမလို လောက်ဘူး အန္တရာယ်ရှိမလားမသိဘူးဆိုပြီး လွှင့်ပစ်လိုက်ကြပါတယ်။ တကယ်တမ်းမှာတော့ ဒီအိတ်လေးတွေက အရမ်းကို အသုံးဝင်ပါတယ်။
သူဟာ ဆီလီကွန်ဒိုင်အောက်ဆိုက်ဒ်ဖြစ်ပြီး ဆီလီကွန်ဒိုင်အောက်ဆိုဒ်ဟာ ဘေးနားက အရာဝတ္ထုတွေကို ခြောက်သွေ့နေစေတာဖြစ်ပါတယ်။ ဒါဟာ အဆိပ်မဟုတ်ပါဘူး။
ဒါပေမဲ့ ကလေးတွေကိုတော့ မထိတွေ့စေ ခိုင်းသင့်ပါဘူး။ ကောက်စားလိုက်တာမျိုး ဖြစ်မှာစိုးလို့ပါ။ Silica Gel Bags လို့ခေါ်တဲ့ ဒီအိတ် လေးတွေရဲ့ အသုံးဝင်ပုံက အံ့မခန်းပါပဲ။
(၁) ကိုယ့်ရဲ့ Gym ပစ္စည်းအသုံးအဆောင် ထည့်တဲ့အိတ်ထဲကို ထည့်ထားရင်, ဗက်တီးရီးယားနဲ့ မှိုပေါက်ဖွားခြင်း မရှိအောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ အနံ့ဆိုးတွေကိုလည်း ပျောက်ကင်းစေပါတယ်။
(၂) ဖုန်းကို မတော်တဆ ရေထိသွားရင် ဒီအထုပ်လေးတွေ ကူနိုင်ကယ်နိုင်ပါတယ်။ သူက ဆန်ထဲမှာ ထားတာထက်တောင် ပိုစွမ်းပါသေးတယ်။ ဒီအထုပ်လေးတွေအများကြီးကို ခွက်ထဲထည့်ပြီး ဖုန်းကိုထားလိုက်ပါ။ စိုထိုင်းမှုကို အလျင်မြန်ဆုံးစုပ်ယူလိုက်နိုင်ပါတယ်။
(၃) ဓာတ်ပုံဟောင်းတွေကိုလည်း မပျက်စီးစေဖို့ ကယ်တင်နိုင်ပါသေးတယ်။ ဓာတ်ပုံအဟောင်းတွေကို ဘူးတစ်ခုထဲမှာ သိမ်းထားတယ်ဆိုရင် အဲဒီဘူးထဲကို ဒီအိတ် လေးတွေ ထည့်ထားလိုက်ပါ။ ဓာတ်ပုံတွေ ဆေးကွာ ပူးကပ်ပြီးပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
(၄) သူ့ကို ကားမှန်အောက်ခြေ ကားဒတ်ရှ် ဘုတ်ပေါ် တင်ထားမယ်ဆိုရင်လည်း မြူတွေ နှင်းတွေကြောင့် ကားမှန်စိုစွတ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။
(၅) ကင်မရာအိတ်ထဲ ထည့်ထားမယ်ဆိုရင် လည်း ကင်မရာကို ခြောက်သွေ့စွာ သိမ်းဆည်း ထားနိုင်မှာပဲဖြစ်ပါတယ်။
(၆) မုတ်ဆိတ်ရိတ်ဓားတွေကို ကြာရှည် ထက်မြနေစေချေင်ရင် ဒီအိတ်လေးတွေကို သုံးနိုင်ပါတယ်။ မုတ်ဆိတ်ရိတ်ဓားတွေ ထားတဲ့နေရာမှာ ဒီအိတ်လေးတွေကိုထားပေးမယ်ဆိုရင် အစိုဓာတ်တွေကို စုပ်ယူပေးပြီး မုတ်ဆိတ် ရိတ်ဓားတွေ တာရှည်ခံစေဖို့ ကူညီပေးပါတယ်။
(၇) ခရီးဆောင်အိတ်ထဲမှာ ထည့်သွားမယ်ဆို ရင်လည်း အနံ့အသက်ကင်းပြီး ခြောက်သွေ့မှု ရှိနေစေမှာ ဖြစ်ပါတယ်။
(၈) သူက ရွှေထည်ငွေထည်ပစ္စည်းတွေကို လည်း အရောင်မလွင့်အောင် ကာကွယ်နိုင်တာမို့ လက်ဝတ်ရတနာ သိမ်းတဲ့နေရာမှာလည်း သူ့ကို သုံးနိုင်ပါတယ်။
(၉) သစ်စေ့တွေ မျိုးစေ့တွေကို ခြောက်ခြောက် သွေ့သွေ့ သိမ်းဆည်းရမယ်ဆိုရင်လည်း လေလုံတဲ့ဘူးထဲမှာ ဒီအိတ်လေးတွေကို ထည့်ပြီး သိမ်းဆည်းပေးနိုင်ပါတယ်။
(၁၀) စက္ကူနဲ့အခြားသော စာရွက်စာတမ်း တွေကို မှိုတက်ပျက်စီးတာမျိုး မဖြစ်စေဖို့ စာရွက်တွေ သိမ်းဆည်းတဲ့နေရာမှာ ဒီအထုပ်လေးတွေကို ထားပေးလို့ရပါတယ်။
(၁၁) ဆေးဘူးတွေနဲ့ မုန့်ဘူးတွေထဲမှာ ဒီအထုပ် လေးတွေကို ထားသိုတယ်ဆိုတာက အစိုပြန်မှု ကိုကာကွယ်စေဖို့ပါ။ ဒါကြောင့် ကိုယ့်ရဲ့သောက်ဆေးတွေ အားဆေး တွေကို ဒီအထုပ်လေးတွေနဲ့ အတူသိမ်းဆည်းလို့ရပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ သူ့ကို လွှင့်မပစ်ဘဲ ဘယ်လိုအကျိုးရှိရှိသုံးလို့ရမလဲဆိုတာ သိသွား ကြပြီ ထင်ပါတယ်နော်။
Zawgyi