ဂျပန်ခေတ်က ဖြစ်သည်
စစ်ကိုင်းတောင်ရိုး မင်္ဂလာစေတီချောင်သို့ဂျပန်အရာရှိတစ်ဦးနှင့် စကားပြန်တစ်ဦးရောက်လာ၏
ဆွမ်းစားချိန်ဖြစ်သောကြောင့် ကြေးမောင်းထိုးတုံးခေါက်ရာ ဂျပန်အရာရှိက ဘာလုပ်တာလဲ ဟုမေး၏
စကားပြန်က ဆွမ်းစားမှာမို့ ကြေးမောင်းထိုးတုံးခေါက်ခြင်းဖြစ်ကြောင်း ရှင်းပြရာဂျပန်အရာရှိကြီးက ” ဒီဘုန်းကြီးတွေ သူများလှူတဲ့ဆွမ်းစားတာတောင် ဒီလို ကြေးမောင်းတွေတုံးတွေခေါက်ပြီးစားရင် ကိုယ့်ဖာသာရှာစား
ရင်တော့ အမြောက်ဖောက်ပြီးများ စားမလား မသိဘူး” ဟု မှတ်ချက်ပြုသတဲ့
ထိုမှတ်ချက်ကို စကားပြန်က မင်္ဂလာစေတီဆရာတော်ကြီးအား လျှောက်ထားရာ
ဆရာတော်ကြီးက ” ဘုန်းကြီးတို့ ဒီလိုကြေးမောင်းထိုး တုံးတွေ ခေါက်ပြီးစားတာဟာ ကြွားချင်လို့ မဟုတ်ဘူး
ဒီအနီးအနားမှာ ဘုရားဖူး ခရီးသွားသံဃာတော်တွေ ဆွမ်းမပြည့်စုံသေးရင်ဒီနေရာမှာ ဆွမ်း ဆွမ်းဟင်းအပြည့်အစုံ ရှိပါတယ်
ဆွမ်းစားကြွတော်မူကြပါလို့ အသိပေးဖိတ်ကြားတာ ဖြစ်တဲ့အပြင် နောက်ပြီးတော့ ရွာတွေက ဆွမ်း ဆွမ်းဟင်း လောင်းလှူကြသော ဆွမ်းဒါယိကာ ဆွမ်းဒါယိကာမ များအနေဖြင့့်
မိမိတို့လှူလိုက်တဲ့ ဆွမ်း ခဲဘွယ်တို့ကို ဆရာတော် သံဃာတော်များ ဘုန်းပေးသုံးဆောင် တော့မှာဖြစ်တဲ့အတွက် အလှူရှင်များအနေဖြင့် ကောင်းမှုကုသိုလ် အစုစုအတွက် သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ဘို့ဖြစ်တယ် တကာဟု ရှင်းပြ၏
ဆရာတော်ကြီး ရှင်းပြတာကို နားထောင်၍ဂျပန်အရာရှိကြီးက နားလည်သဘောကျသည့်အနေဖြင့် အကြိမ်ကြိမ် အလေးပြုသွားသညဟူ၏
ပေးလိုသည့် မှတ်ချက်မှာ ခရီးသွား ဆရာတောသံဃာတော်တို့အနေဖြင့် ဆွမ်းဘုဉ်းချိန်ရောက်လျှင်စားသောက်ဆိုင်များဝင်၍ အကုန်အကျခံဘုဉ်းပေးတော်မမူကြပါနှင့်
သိသိ မသိသိ ဆွမ်းစားချိန် ကြေးမောင်းထိုးတုံးခေါက်သော ကျောင်းတိုက်များသို့သာ
ဝင်ရောက် ဘုဉ်းပေးတော်မူကြပါ
၎င်းကြေးမောင်းသံ တုံးခေါက်သံတို့သည်အရှင်ဘုရားတို့အား ဆွမ်းစားပင့်ခြင်းပင်ဖြစ်ပါပေ၏
crd
winhlaingoo