ပြိုင်ဘက်ကို ပထမအချီမှာပဲ အလဲထိုးအနိုင်ယူပြီးတဲ့နောက် အောင်လ ဘာပြောခဲ့လဲ၊
” ခက်ခဲတဲ့ ယခုလို အချိန်မှာ တာဝန်ရှိသူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ကိုဘဲ စဉ်းစားပေးကြပါ။ ကိုယ့်အတွက်ကိုဘဲ မစဉ်းစားပါနဲ့လို့ ပြောကြားသွားခဲ့ပါတယ်။ ”
အစီအစဉ်တင်ဆက်သူရဲ့ အမေးတွေကို အောင်လဖြေကြားခဲ့ပုံ အပြည့်စုံကတော့ –
မေး၊ ခင်ဗျားရဲ့ ပြင်းထန်လှတဲ့ ညာလက်သီးနဲ့ ပွဲသိမ်းလိုက်ပြီးတဲ့နောက် တကဲ့ကို ခံစားချက်အပြည့်နဲ့ ခင်ဗျားကို တွေ့ရတယ်၊ ပွဲအပြီးမှာ ဘာတွေ စိတ်ထဲဖြစ်နေလဲ။
အောင်လ၊ ၊ သူက အင်တာဗျူးတစ်ခုမှာ ကျွန်တော်သူနဲ့ ရင်ဆိုင်ဖို့ကြောက်နေတယ်ပြောခဲ့တယ်၊ ကျွန်တော်သူ့ကို ပြချင်တယ်၊ ကျွန်တော် ဘယ်သူမှ မကြောက်ဘူး။ ဘယ်သူ့ကိုမှ မကြောက်ဘူး၊ မစ်ဒယ်ဝိတ်တန်းမှာ ဘယ်သူလာလာ၊ ခေါ်လာခဲ့ပါ။ တွေ့ကြတာပေါ့။
မေး၊ ၊ ခင်ဗျားကြောက်ရွံ့တာလုံးဝ မရှိဘူးဆိုတာ ပြခဲ့ပါတယ်လေ၊ ခင်ဗျား ONE Championship စီအီးအို Chatri Sityodtong နဲ့ ပွဲပြီးပြီးချင်းစကားသွားပြောတာတွေ့တယ်၊ သူ့ကို ဘာပြောတာလဲ။
အောင်လ၊ ၊ ဘယ်သူဖြစ်ဖြစ်ခေါ်ခဲ့ပါ၊ ပွဲစီစဉ်ပါ၊ ကျွန်တော် အသင့်ပဲလို့ပြောတာ၊ ကျွန်တော်ချန်ပီယံဖြစ်တုန်းက ကျွန်တော်နဲ့ ထိုးချင်တယ်ဆိုပြီး အများကြီးက ပြောကြတာရှိတယ်။ ဝယ်လတာဝိတ်တန်းချန်ပီယံကတောင် ထိုးချင်တယ်ပြောတယ်။ လာပါ၊ စီစဉ်ပါ၊ ယူရှင် အိုကာမီကလည်း ထိုးချင်တယ်၊ ဘစ်ဂ်ဒက်ရှ်နဲ့လည်း ၃ကြိမ်မြောက်ပွဲ စီစဉ်လို့ရပါတယ်။ စိတ်ဝင်စားစရာပွဲတွေ ရှိတယ်၊ ဖြစ်အောင်သာ လုပ်ပါဗျာ။
မေး၊ စိတ်ဝင်စားစရာ ပွဲ နှစ်ခု ခင်ဗျားပြောသွားတယ်၊ ဘစ်ဂ်ဒက်ရှ်နဲ့ ၃ ပွဲမြောက်၊ နောက် ယူရှင် အိုကာမီ၊ ဒါပေမဲ့ ခင်ဗျား ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် စိမ်ခေါ်ဖို့ လုံလောက်ပြီလို့ ပြောနိုင်လား၊ တခြားပွဲစဉ်တစ်ခုခု လုပ်ချင်သေးတာလား။
အောင်လ၊ ၊ ပျင်းစရာပွဲတစ်ခုကိုတော့ ဘယ်သူကမှ ကြည့်ချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပွဲကောင်းကောင်းလေးတစ်ခု စီစဉ်ပါ၊ ကျွန်တော်တို့ ထပ်လုပ်လို့လည်း ရပါတယ်။ သူ့ဘက်က လုပ်ချင်တာလုပ်ပါစေ၊ အခုပွဲအပြီးမှာတော့ စိတ်ဝင်စားစရာ ပွဲတစ်ခုခုတော့ စီစဉ်ပါ၊ One Championshiup အတွက် ပွဲကောင်းလေး လုပ်ပါ။ ပရိသတ်တွေအတွက် ပွဲကောင်းလေး လုပ်ပါ။
ကျွန်တော် မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးချင်ပါတယ်။ ဒီနှစ်ဟာ ကျွန်တော်တို့အားလုံအတွက် ခက်ခဲတဲ့ နှစ်ပါ။ ကျွန်တော့်အတွက်လည်း အရမ်းပဲ ခက်ခဲခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာ အမျိုးမျိုး ဖြစ်နေချိန် ကျွန်တော် လေ့ကျင့်ကွင်းထဲ သွားနေရတာကိုက စိတ်ပိုင်းအရ ကျွန်တော့်အတွက် အတော်ကြီးခက်ခဲပါတယ်။
မြန်မာပြည်အတွက် ဆုတောင်းပေးကြပါ၊ မြန်မာပြည်သူတွေအတွက် စဉ်းစားပေးကြပါ။ တာဝန်ရှိသူတွေ၊ လုပ်ပေးနိုင်သူတွေဆိုရင်လည်း မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စဉ်းစားပေးပါ။ ခင်ဗျားတို့ ကိုယ့်အတွက်ပဲ မစဉ်းစားကြပါနဲ့၊ ကျေးဇူးအများကြီးတင်ပါတယ်။
Zawgyi