ၾကားသိရသမွ်

အာမခံပေးဖို့တောင် မလွယ်ကူတဲ့အခြေအနေတစ်ခုမှာရှိနေတဲ့ ပိုင်တံခွန်ရဲ့အမှုအနေအထား

အာမခံပေးဖို့တောင် မလွယ်ကူတဲ့အခြေအနေတစ်ခုမှာရှိနေတဲ့

ပိုင်တံခွန်ရဲ့ အမှုအနေအထား နဲ့ပါတ်သက်ပြီးပြောပြလာတဲ့ ပိုင်တံခွန်ရဲ့ရှေ့နေ

စစ်ကောင်စီက ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီး တရားစွဲထားတဲ့

သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန် အမှုကို ဇွန်လ ၉ ရက် ဒီနေ့ ရုံးချိန်းခေါ်ခဲ့ပြီး

တရားလို မြောက်ဒဂုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးဇော်မင်းအောင်ကို အင်းစိန်ထောင် တွင်း တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။

အမှုကို ပြန်ချေပနိုင်ဖို့ တရားလိုရဲ့ စွပ်စွဲချက်တွေ ခိုင်မာမှုရှိမရှိ ပိုင်တံခွန် ရဲ့ဥပဒေအကြံပေးက သုံးသပ်နေပြီး

တရားလိုပြသက်သေတွေရဲ့စွဲချက်တွေကို နောက်ရုံးချိန်းမှာ စောင့်ကြည့်ရဦးမယ်လို့

ပိုင်တံခွန်ရဲ့ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါ တယ်။

သရုပ်ဆောင်ပိုင်တံခွန်ကို အင်းစိန်ထောင်တွင်း သီးသန့်ဆောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး

အခုရုံးချိန်းမှာ ကျန်းမာရေး ကောင်းမွန်တာတွေ့ရတယ်လို့ ရှေ့နေကပြောပါတယ်။

ပိုင်တံခွန်ကိုစကစက စွဲချက်တင်ရာမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်က အထောက်အထားတွေနဲ့ စွပ်စွဲတာဖြစ်ပါ တယ်။

သရုပ်ဆောင် ပိုင်တံခွန်ကို ဧပြီ ၈ရက် နေ့က မြောက်ဒဂုံက

သူ့ရဲ့နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။

ပိုင်တံခွန်အမှု အတွက် နောက်ရုံးချိန်းကို ဇွန်လ ၂၃ ရက်နေ့မှာပြန်ခေါ်ထားပြီး

တရားလိုပြ သက်သေတွေကို ဆက်စစ်မှာဖြစ်ပါတယ်။

အင်းစိန်ထောင်ထဲ ရောက်ပြီး ပုဒ်မ ၅၀၅ နဲ့အစွဲခံထားရသူ တွေကို အာမခံပေးလေ့မရှိတဲ့အတွက်

ပိုင်တံခွန်အတွက် အာမခံလျှောက်ထားဖို့ ကလည်း ခက်ခဲနေတယ်လို့ သူ့ရဲ့ဥပဒေအကြံပေးက ပြောပါတယ်။

Source – DVB Burmese

Zawgyi Version