Zawgyiျဖင့္ဖတ္ရန္
အာသီးေရာင္ၿပီး လည္ေခ်ာင္းနာတဲ့ သူေတြအတြက္ နာရီပိုင္းအတြင္း သက္သာေပ်ာက္ကင္းေစမည့္ သဘာဝ ေဆးနည္း
အာသီးေရာင္ၿပီး လည္ေခ်ာင္းနာတဲ့ သူေတြ အတြက္ နာရီပိုင္းအတြင္း သက္သာေပ်ာက္ကင္းေစ မည့္ သဘာဝ ေဆးနည္းေတြကို ေဖာ္ျပေပး လိုက္ ပါတယ္။ အာသီးေရာင္ျခင္းကို (Tonsillitis)လို႔ ေခၚဆိုပါတယ္။
ဘာ့ေၾကာင့္ အာသီးေရာင္ၿပီး လည္ေခ်ာင္းနာ ရသလဲ ဆိုေတာ့က ေဆာင္းကုန္ေႏြကူးၿပီး ေႏြအခါေရာက္ၿပီဆိုတာနဲ႔ ခႏၶာကိုယ္ အတြင္း အပူဓာတ္ မ်ား လြန္ကဲၿပီး အာသီးေရာင္၍ လည္ေခ်ာင္းနာ တတ္ပါတယ္။
အခုလို ပူျပင္းတဲ့ ရာသီမွာ ေရမ်ားမ်ားေသာက္ပါ။ ဝမ္းမခ်ဳပ္ ပါေစႏွင့္…အသီးအႏွံ မ်ားမ်ားစားသုံးေပးပါ။ အာသီးေရာင္တဲ့ လကၡဏာဟာ အစားအစာမ်ား ၿမိဳခ် ပါက လည္ေခ်ာင္း အတြင္း ခံစား ရခက္ေအာင္ နာက်င္ ပါတယ္။
ဒီလိုျဖစ္ေနၿပီ ဆိုတာနဲ႔ ပထမအဦးဆုံး ေရေႏြးျဖဴ ထဲသို႔ အိမ္သုံးဆား တစ္ဇြန္းခန႔္ထည့္၍ ေရာေမႊၿပီး ၎ဆားရည္(Salt water)ျဖင့္ ေခါင္းေမာ့၍ အာေခါင္ အတြင္းေရာက္ေအာင္ ပလုပ္ က်င္းေပးပါ။
ဒုတိယနည္း တစ္မ်ိဳးကေတာ့….သေဘာသႌး ႏုႏုထြတ္ထြတ္ တစ္လုံးကို အပင္မွ ခူးဆြတ္၍ ေရသန႔္စင္ေအာင္ေဆးေၾကာၿပီး အလုံးလိုက္ ေၾကညႇက္ေအာင္ ဝါးစားၿပီး ၿမိဳခ် လိုက္ပါ။ အထက္ပါ ေဖာ္ျပထားတဲ့(၂)ခ်က္ကို ခ်က္ခ်င္း ျပဳလုပ္ပါ။
တတိယ ေနာက္ဆုံးနည္း ကေတာ့ (ပ်ားရည္စစ္စစ္+ဂ်င္း(ခ်င္း) ႏွင့္ သံပရာသီး(သို႔)ေရွာက္သီး) ဂ်င္းကို ပါးပါးလွပ္လွပ္လွီးပါ.. သံပရားသီးကို အေစ့ အခြံပါေအာင္ ကြင္းလွီးပါ။ ဤ (၂)မ်ိဳးကို သန႔္စင္ေသာ ပုလင္းဗူးထဲ ၌ေရာ ထည့္၍ ပ်ားရည္ စစ္စစ္ကို ဂ်င္းအဖ့တ္ သံပရာသီးအဖတ္ ျမဳပ္ေအာင္ထည့္၍ တစ္ပတ္ခန႔္ၾကာေအာင္ ေလလုံေအာင္ အဖုံးပိတ္ ထား လိုက္ပါ။
တစ္ပတ္ခန႔္ၾကာေသာ္….၎ အဖတ္မ်ားႏွင့္ပ်ားရည္ကို ေန႔/ည ပုံမွန္စားသုံးေပးျခင္းျဖင့္ (Tonsillitis)လို႔ေခၚတဲ့ အာသီးေရာင္ ေရာဂါကို လုံးဝအရွင္း ေပ်ာက္ကင္းေစ ပါသည္။ ခဏ ခဏ ျဖစ္တတ္သူေတြက ဒီေဆးနည္း အတိုင္း ေဖာ္စပ္ထားၿပီး အိမ္မွာေဆာင္ ထားသင့္ ပါတယ္။
Credit
Unicode ျဖင့္ဖတ္ရန္
အာသီးရောင်ပြီး လည်ချောင်းနာတဲ့ သူတွေအတွက် နာရီပိုင်းအတွင်း သက်သာပျောက်ကင်းစေမည့် သဘာဝ ဆေးနည်း
အာသီးရောင်ပြီး လည်ချောင်းနာတဲ့ သူတွေ အတွက် နာရီပိုင်းအတွင်း သက်သာပျောက်ကင်းစေ မည့် သဘာဝ ဆေးနည်းတွေကို ဖော်ပြပေး လိုက် ပါတယ်။ အာသီးရောင်ခြင်းကို (Tonsillitis)လို့ ခေါ်ဆိုပါတယ်။
ဘာ့ကြောင့် အာသီးရောင်ပြီး လည်ချောင်းနာ ရသလဲ ဆိုတော့က ဆောင်းကုန်နွေကူးပြီး နွေအခါရောက်ပြီဆိုတာနဲ့ ခန္ဓာကိုယ် အတွင်း အပူဓာတ် များ လွန်ကဲပြီး အာသီးရောင်၍ လည်ချောင်းနာ တတ်ပါတယ်။
အခုလို ပူပြင်းတဲ့ ရာသီမှာ ရေများများသောက်ပါ။ ဝမ်းမချုပ် ပါစေနှင့်…အသီးအနှံ များများစားသုံးပေးပါ။ အာသီးရောင်တဲ့ လက္ခဏာဟာ အစားအစာများ မြိုချ ပါက လည်ချောင်း အတွင်း ခံစား ရခက်အောင် နာကျင် ပါတယ်။
ဒီလိုဖြစ်နေပြီ ဆိုတာနဲ့ ပထမအဦးဆုံး ရေနွေးဖြူ ထဲသို့ အိမ်သုံးဆား တစ်ဇွန်းခန့်ထည့်၍ ရောမွှေပြီး ၎င်းဆားရည်(Salt water)ဖြင့် ခေါင်းမော့၍ အာခေါင် အတွင်းရောက်အောင် ပလုပ် ကျင်းပေးပါ။
ဒုတိယနည်း တစ်မျိုးကတော့….သဘောင်္သီး နုနုထွတ်ထွတ် တစ်လုံးကို အပင်မှ ခူးဆွတ်၍ ရေသန့်စင်အောင်ဆေးကြောပြီး အလုံးလိုက် ကြေညှက်အောင် ဝါးစားပြီး မြိုချ လိုက်ပါ။ အထက်ပါ ဖော်ပြထားတဲ့(၂)ချက်ကို ချက်ချင်း ပြုလုပ်ပါ။
တတိယ နောက်ဆုံးနည်း ကတော့ (ပျားရည်စစ်စစ်+ဂျင်း(ချင်း) နှင့် သံပရာသီး(သို့)ရှောက်သီး) ဂျင်းကို ပါးပါးလှပ်လှပ်လှီးပါ.. သံပရားသီးကို အစေ့ အခွံပါအောင် ကွင်းလှီးပါ။ ဤ (၂)မျိုးကို သန့်စင်သော ပုလင်းဗူးထဲ ၌ရော ထည့်၍ ပျားရည် စစ်စစ်ကို ဂျင်းအဖ့တ် သံပရာသီးအဖတ် မြုပ်အောင်ထည့်၍ တစ်ပတ်ခန့်ကြာအောင် လေလုံအောင် အဖုံးပိတ် ထား လိုက်ပါ။
တစ်ပတ်ခန့်ကြာသော်….၎င်း အဖတ်များနှင့်ပျားရည်ကို နေ့/ည ပုံမှန်စားသုံးပေးခြင်းဖြင့် (Tonsillitis)လို့ခေါ်တဲ့ အာသီးရောင် ရောဂါကို လုံးဝအရှင်း ပျောက်ကင်းစေ ပါသည်။ ခဏ ခဏ ဖြစ်တတ်သူတွေက ဒီဆေးနည်း အတိုင်း ဖော်စပ်ထားပြီး အိမ်မှာဆောင် ထားသင့် ပါတယ်။
Credit



