က်မၼာေရး ဗဟုသုတ

လက်သည်းခွံပေါ်က အဖြူရောင် လခြမ်းလေးတွေရဲ့ အဓိပ္ပါယ်

လက်သည်းခွံပေါ်က အဖြူရောင် လခြမ်းလေးတွေရဲ့ အဓိပ္ပါယ်

သင့်ရဲ့ လက်ချောင်းလေးတွေကို ကြည့်တဲ့အခါ လက်သည်းခွံ အရင်းနေရာ ကနေ ထွက်လာတဲ့ အဖြူရောင် လခြမ်းသဏ္ဍာန်လေးတွေကို သတိပြုမိ ပါသလား

တကယ်တော့ ဒီလခြမ်းလေးတွေက လက်သည်းရဲ့ အရမ်းကို အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်

လက်သည်းခွံပေါ်က အဖြူရောင် လခြမ်းလေးတွေရဲ့ အဓိပ္ပါယ်1

ဒါက လက်သည်းမှာ ပါတဲ့ အစိတ်အပိုင်း တစ်ခုဆိုတာထက် ပိုပါတယ်။ အကြောင်းကတော့ ဒီလခြမ်းလေးတွေ ကတဆင့် သင့်ရဲ့ ကျန်းမာရေး အခြေအနေကို အများကြီး သိနိုင်လို့ပဲ ဖြစ်ပါတယ်….

တရုတ်ဆေးပညာမှာ လက်သည်းပေါ်က လခြမ်းလေးတွေကို လေဖိအားတိုင်း ကိရိယာလိုပဲ ကျန်းမာရေးကို တိုင်းတဲ့ ကိရိယာတစ်ခု အနေနဲ့ မှတ်ယူ ပါတယ်။ လခြမ်းရဲ့ အခြေအနေက သင့်ကျန်းမာရေး သင်္ကေတပါ။

ကျန်းမာရေး ချွတ်ယွင်းလာတဲ့ အခါမှာ လခြမ်းက ပြောင်းလဲလာတာ၊ လုံးဝ ပျောက်သွားတာတွေ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးပြန်ကောင်းလာတဲ့ အချိန်မှာ လခြမ်းလေးတွေက မူလအခြေအနေအတိုင်း ပြန်ဖြစ်လာတတ် ပါတယ်။

ဆေးပညာရှင်များရဲ့ အဆိုအရ လက်ချောင်း ၈ ချောင်းကနေ လက်ချောင်း အားလုံးပေါ်မှာအထိ လခြမ်းတွေ ရှိနေမယ် ဆိုရင် ကျန်းမာရေးက အကောင်းဆုံး အခြေအနေမှာ ရှိနေတာကို ပြပါတယ်။ လခြမ်းက ပိုဖြူလေ ကျန်းမာရေး ပိုကောင်းလေပဲ ဖြစ်ပါတယ်

လခြမ်းတွေကို ၈ ချောင်းအောက် ပိုနည်းပြီး တွေ့ရမယ် ဆိုရင် စွမ်းအင် ပိုနည်းသွားပြီး ခုခံအားစနစ်လည်း အားနည်းနေတာကို ပြတာဖြစ် ပါတယ်။ လက်မ နှစ်ချောင်းပေါ်မှာပဲ လခြမ်းတွေ ရှိတယ် ဆိုရင်တော့ အလွယ်တကူ နာမကျန်းဖြစ် နိုင်တယ် ဆိုတာကို သိထားရပါမယ်

လေ့လာမှု တစ်ခုအရ လက်သည်းခွံ အားလုံးမှာ လခြမ်းတွေ လုံးဝ မရှိဘူး ဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ မညီမျှမှုတွေ အများကြီးဖြစ်နေ တာကို ပြတာပဲဖြစ် ပါတယ်

သိုင်းရွိုက်ဂလင်း၊ သံဓာတ် အားနည်းတာ၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ စိတ်ကျရောဂါ ၊ ဗီတာမင်ဘီ 12 ချို့တဲ့ရောဂါတွေဖြစ် တတ်ပါ တယ်

သင့်ရဲ့ အိုင်အိုဒင်း ပမာဏနဲ့ ဗီတာမင်ဘီ 12 ပမာဏကို စစ်ဆေး ကြည့်သင့် ပါတယ်။ သိုင်းရိုွက် အလုပ်လုပ်ပုံနဲ့ သွေးဖိအားတွေနဲ့လည်း ဆက်စပ် နေတတ်ပါတယ်

Credit: Trend Myanmar

Zawgyi

လက္သည္းခြံေပၚက အျဖဴေရာင္ လျခမ္းေလးေတြရဲ႕ အဓိပၸါယ္


သင့္ရဲ႕ လက္ေခ်ာင္းေလးေတြကို ၾကည့္တဲ့အခါ လက္သည္းခြံ အရင္းေနရာ ကေန ထြက္လာတဲ့ အျဖဴေရာင္ လျခမ္းသ႑ာန္ေလးေတြကို သတိျပဳမိ ပါသလား

တကယ္ေတာ့ ဒီလျခမ္းေလးေတြက လက္သည္းရဲ႕ အရမ္းကို အေရးပါတဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္

ဒါက လက္သည္းမွာ ပါတဲ့ အစိတ္အပိုင္း တစ္ခုဆိုတာထက္ ပိုပါတယ္။ အေၾကာင္းကေတာ့ ဒီလျခမ္းေလးေတြ ကတဆင့္ သင့္ရဲ႕ က်န္းမာေရး အေျခအေနကို အမ်ားႀကီး သိႏိုင္လို႔ပဲ ျဖစ္ပါတယ္….

တ႐ုတ္ေဆးပညာမွာ လက္သည္းေပၚက လျခမ္းေလးေတြကို ေလဖိအားတိုင္း ကိရိယာလိုပဲ က်န္းမာေရးကို တိုင္းတဲ့ ကိရိယာတစ္ခု အေနနဲ႔ မွတ္ယူ ပါတယ္။ လျခမ္းရဲ႕ အေျခအေနက သင့္က်န္းမာေရး သေကၤတပါ

က်န္းမာေရး ခြၽတ္ယြင္းလာတဲ့ အခါမွာ လျခမ္းက ေျပာင္းလဲလာတာ၊ လုံးဝ ေပ်ာက္သြားတာေတြ ျဖစ္တတ္ပါတယ္။ က်န္းမာေရးျပန္ေကာင္းလာတဲ့ အခ်ိန္မွာ လျခမ္းေလးေတြက မူလအေျခအေနအတိုင္း ျပန္ျဖစ္လာတတ္ ပါတယ္

ေဆးပညာရွင္မ်ားရဲ႕ အဆိုအရ လက္ေခ်ာင္း ၈ ေခ်ာင္းကေန လက္ေခ်ာင္း အားလုံးေပၚမွာအထိ လျခမ္းေတြ ရွိေနမယ္ ဆိုရင္ က်န္းမာေရးက အေကာင္းဆုံး အေျခအေနမွာ ရွိေနတာကို ျပပါတယ္။ လျခမ္းက ပိုျဖဴေလ က်န္းမာေရး ပိုေကာင္းေလပဲ ျဖစ္ပါတယ္

လျခမ္းေတြကို ၈ ေခ်ာင္းေအာက္ ပိုနည္းၿပီး ေတြ႕ရမယ္ ဆိုရင္ စြမ္းအင္ ပိုနည္းသြားၿပီး ခုခံအားစနစ္လည္း အားနည္းေနတာကို ျပတာျဖစ္ ပါတယ္။ လက္မ ႏွစ္ေခ်ာင္းေပၚမွာပဲ လျခမ္းေတြ ရွိတယ္ ဆိုရင္ေတာ့ အလြယ္တကူ နာမက်န္းျဖစ္ ႏိုင္တယ္ ဆိုတာကို သိထားရပါမယ္

ေလ့လာမႈ တစ္ခုအရ လက္သည္းခြံ အားလုံးမွာ လျခမ္းေတြ လုံးဝ မရွိဘူး ဆိုရင္ေတာ့ ခႏၶာကိုယ္တြင္းမွာ မညီမွ်မႈေတြ အမ်ားႀကီးျဖစ္ေန တာကို ျပတာပဲျဖစ္ ပါတယ္

သိုင္း႐ြိဳက္ဂလင္း၊ သံဓာတ္ အားနည္းတာ၊ နာတာရွည္ေက်ာက္ကပ္ေရာဂါ၊ စိတ္က်ေရာဂါ ၊ ဗီတာမင္ဘီ 12 ခ်ိဳ႕တဲ့ေရာဂါေတြျဖစ္ တတ္ပါ တယ္

သင့္ရဲ႕ အိုင္အိုဒင္း ပမာဏနဲ႔ ဗီတာမင္ဘီ 12 ပမာဏကို စစ္ေဆး ၾကည့္သင့္ ပါတယ္။ သိုင္း႐ိုြက္ အလုပ္လုပ္ပုံနဲ႔ ေသြးဖိအားေတြနဲ႔လည္း ဆက္စပ္ ေနတတ္ပါတယ္

Credit: Trend Myanmar