ၾကားသိရသမွ်

သစ်သူခိုးဖမ်းပေးနေတဲ့ PDF တွေကို အကြမ်းဖက်သမားတွေပါဆိုပြီး အရေးယူပေးဖို့ စစ်ကောင်စီကို တောင်းဆို သာကော သစ်ကုမ္ပဏီ

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် သစ်တောကြိုးဝိုင်းတွေက အဖိုးတန်သစ်တွေကို ကာကွယ်တားဆီးပေးနေတဲ့ PDF တွေကို အကြမ်းဖက်သမားတွေပါဆိုပြီး အရေးယူပေးဖို့ ပီကင်းအခြေစိုက် တရုတ်သစ်ကုမ္ပဏီ (China Timber And Trade Association CTTA) က “စကစ” ဝန်ကြီး ဦးခင်မောင်ရီဆီကို စာရေးတောင်းဆိုထားပါတယ်။

PDF က သစ်တောကြိုးဝိုင်းအတွင်း မိုင်းတွေထောင်ဖို့ ခြိမ်းခြောက်နေကြောင်းနဲ့ အဲဒီလုပ်ရပ်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိစ္ဆာန်တွေအတွက် အင်မတန်အန္တရာယ်ကြီးတဲ့လုပ်ရပ်လို့ စာထဲမှာ ဖေါ်ပြထားပါတယ်။

မြန်မာ့အဖိုးတန်သစ်တောတွေမှာ အဲဒီလိုပြုမူဖို့ခြိမ်းခြောက်တာကို နိုင်ငံတကာအသိုက်အဝန်းနဲ့အတူ ကန့်ကွက်ကြောင်းလည်း တရုတ်ကုမ္ပဏီက ဆိုထားပါတယ်။တရုတ်ကုမ္ပဏီဘက်က မြန်မာသစ်တောဌာနကို ဒေါ်လာ (၁) သိန်းလှူဒါန်းပေးမှာဖြစ်သလို မြန်မာ“စကစ” ဘက်ကလည်း သစ်တောကြိုးဝိုင်းလုံခြုံရေးနဲ့ နယ်မြေငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်တပ်တွေ ချထားပေးရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက် PDF တွေကို ဖေါ်ထုတ်ဖမ်းဆီးပေးဖို့လည်း တရုတ်ကုမ္ပဏီက တောင်းဆိုထားတာ တွေ့ရပါတယ်။အခုလ (၁၈) ရက်နေ့က သစ်ခိုးကားတစ်စီးကို ပညာပေးအနေနဲ့ ယင်းမာပင် PDF က မီးရှို့ဖျက်ဆီးခဲ့အပြီး တရုတ်ကုမ္ပဏီက အခုလို စာရေးတောင်းဆိုတာဖြစ်ပါတယ်။

စာအရ အလောင်းတော်ကဿပနယ်မြေက သစ်ခိုးထုတ်မှုမှာ တရုတ်ကုမ္ပဏီ ပတ်သက်နေတာကို သက်သေပြနေတာလို့ မုံရွာက သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေး ပညာရှင်တစ်ဦးက ပြောပါတယ်။

စာရေးသားတောင်းဆိုတဲ့ တရုတ်ကုမ္ပဏီနဲ့ “စကစ” ဝန်ကြီး ဦးခင်မောင်ရီကို အခုစာနဲ့ပတ်သက်လို့ အတည်ပြုချက်ပေးဖို့ ကြိုးစားပေမဲ့ အခုထိတော့ မရသေးပါဘူး။ ။

crd

————-

အေလာင္းေတာ္ကႆပ အမ်ိဳးသားဥယ်ာဥ္ သစ္ေတာႀကိဳးဝိုင္းေတြက အဖိုးတန္သစ္ေတြကို ကာကြယ္တားဆီးေပးေနတဲ့ PDF ေတြကို အၾကမ္းဖက္သမားေတြပါဆိုၿပီး အေရးယူေပးဖို႔ ပီကင္းအေျခစိုက္ တ႐ုတ္သစ္ကုမၸဏီ (China Timber And Trade Association CTTA) က “စကစ” ဝန္ႀကီး ဦးခင္ေမာင္ရီဆီကို စာေရးေတာင္းဆိုထားပါတယ္။

PDF က သစ္ေတာႀကိဳးဝိုင္းအတြင္း မိုင္းေတြေထာင္ဖို႔ ၿခိမ္းေျခာက္ေနေၾကာင္းနဲ႔ အဲဒီလုပ္ရပ္ဟာ သဘာဝပတ္ဝန္းက်င္နဲ႔ ေတာ႐ိုင္းတိစာၦန္ေတြအတြက္ အင္မတန္အႏၲရာယ္ႀကီးတဲ့လုပ္ရပ္လို႔ စာထဲမွာ ေဖၚျပထားပါတယ္။

ျမန္မာ့အဖိုးတန္သစ္ေတာေတြမွာ အဲဒီလိုျပဳမူဖို႔ၿခိမ္းေျခာက္တာကို ႏိုင္ငံတကာအသိုက္အဝန္းနဲ႔အတူ ကန႔္ကြက္ေၾကာင္းလည္း တ႐ုတ္ကုမၸဏီက ဆိုထားပါတယ္။တ႐ုတ္ကုမၸဏီဘက္က ျမန္မာသစ္ေတာဌာနကို ေဒၚလာ (၁) သိန္းလႉဒါန္းေပးမွာျဖစ္သလို ျမန္မာ“စကစ” ဘက္ကလည္း သစ္ေတာႀကိဳးဝိုင္းလုံၿခဳံေရးနဲ႔ နယ္ေျမၿငိမ္းခ်မ္းေရးအတြက္ လက္နက္ကိုင္တပ္ေတြ ခ်ထားေပးရမယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ အၾကမ္းဖက္ PDF ေတြကို ေဖၚထုတ္ဖမ္းဆီးေပးဖို႔လည္း တ႐ုတ္ကုမၸဏီက ေတာင္းဆိုထားတာ ေတြ႕ရပါတယ္။အခုလ (၁၈) ရက္ေန႔က သစ္ခိုးကားတစ္စီးကို ပညာေပးအေနနဲ႔ ယင္းမာပင္ PDF က မီးရႈိ႕ဖ်က္ဆီးခဲ့အၿပီး တ႐ုတ္ကုမၸဏီက အခုလို စာေရးေတာင္းဆိုတာျဖစ္ပါတယ္။

စာအရ အေလာင္းေတာ္ကႆပနယ္ေျမက သစ္ခိုးထုတ္မႈမွာ တ႐ုတ္ကုမၸဏီ ပတ္သက္ေနတာကို သက္ေသျပေနတာလို႔ မုံ႐ြာက သဘာဝပတ္ဝန္းက်င္ ေစာင့္ေရွာက္ေရး ပညာရွင္တစ္ဦးက ေျပာပါတယ္။

စာေရးသားေတာင္းဆိုတဲ့ တ႐ုတ္ကုမၸဏီနဲ႔ “စကစ” ဝန္ႀကီး ဦးခင္ေမာင္ရီကို အခုစာနဲ႔ပတ္သက္လို႔ အတည္ျပဳခ်က္ေပးဖို႔ ႀကိဳးစားေပမဲ့ အခုထိေတာ့ မရေသးပါဘူး။ ။

crd