ကြာအင်းဆိပ်ကြီး၊ကျောက်ဘီလူးရွာရှိစစ်အုပ်စုပိုင် Mytel တာဝါတိုင် မီးလောင်
ကြာအင်းဆိပ်ကြီး၊ ဇွန် ၂၈
News Ambassador
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်(ဝင်းရေးမြို့နယ်) ကျောက်ဘီလူးကျေးရွာရှိ
စစ်အုပ်စုပိုင် မိုင်တဲလ် (Mytel)တာဝါတိုင်သည် ယမန်နေ့ ဇွန် ၂၇ ရက်နေ့ ည ၈ နာရီကျော်အချိန်တွင် မီးလောင်ဖျက်ဆီးခံရကြောင်း KNU အထောက်အကူပြု ဒူးပလာယာခရိုင်သတင်းဌာနက ဖော်ပြထားသည်။
ပြီးခဲ့သည် ဇွန်လ ၂၄ ရက်နေ့ကလည်းတောင်ဒီး ကျုံခဝန် ထီမံထို ဖားပြကျေးရွာရှိ
မိုင်တဲလ် တာဝါတိုင်များ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ယခုကျောက်ဘီလူးကျေးရွာ ဖြစ်စဉ်အနေဖြင့် ဒုတိယအကြိမ်ဖုန်းတိုင်မီးလောင်ဖျက်စီးခံရခြင်းလည်း ဖြစ်ကြောင်းသိရသည်။
ယခုဖြစ်စဉ်များအပေါ် သက်ဆိုင်ရာနယ်မြေရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့မှလည်းစုံစမ်းစစ်ဆေးမှုများ ပြုလျှက်ရှိကြောင်းဖော်ပြထားသည်။
Photo-ဒူးပလာယာခရိုင်
————————–
ၾကာအင္းဆိပ္ႀကီး၊ေက်ာက္ဘီလူးရြာရွိစစ္အုပ္စုပိုင္ Mytel တာဝါတိုင္ မီးေလာင္
ၾကာအင္းဆိပ္ႀကီး၊ ဇြန္ ၂၈
News Ambassador
ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ့နယ္(ဝင္းေရးၿမိဳ့နယ္) ေက်ာက္ဘီလူးေက်းရြာရွိ
စစ္အုပ္စုပိုင္ မိုင္တဲလ္ (Mytel)တာဝါတိုင္သည္ ယမန္ေန႔ ဇြန္ ၂၇ ရက္ေန႔ ည ၈ နာရီေက်ာ္အခ်ိန္တြင္ မီးေလာင္ဖ်က္ဆီးခံရေၾကာင္း KNU အေထာက္အကူျပဳ ဒူးပလာယာခရိုင္သတင္းဌာနက ေဖာ္ျပထားသည္။
ၿပီးခဲ့သည္ ဇြန္လ ၂၄ ရက္ေန႔ကလည္းေတာင္ဒီး က်ဳံခဝန္ ထီမံထို ဖားျပေက်းရြာရွိ
မိုင္တဲလ္ တာဝါတိုင္မ်ား မီးရွို့ဖ်က္ဆီးခံခဲ့ရၿပီး ယခုေက်ာက္ဘီလူးေက်းရြာ ျဖစ္စဥ္အေနျဖင့္ ဒုတိယအႀကိမ္ဖုန္းတိုင္မီးေလာင္ဖ်က္စီးခံရျခင္းလည္း ျဖစ္ေၾကာင္းသိရသည္။
ယခုျဖစ္စဥ္မ်ားအေပၚ သက္ဆိုင္ရာနယ္ေျမရွိ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မွလည္းစုံစမ္းစစ္ေဆးမွုမ်ား ျပဳလၽွက္ရွိေၾကာင္းေဖာ္ျပထားသည္။
Photo-ဒူးပလာယာခရိုင္