အကြမ်းဖက်စစ်အာဏာသိမ်းမှုနှင့်အတူ တစ်ကျော့ပြန်ပေါက်ဖွားလာသည့် နယ်စပ်ဖြတ်ကျော် တရုတ်ရာဇ၀တ်ဂိုဏ်းများ
ပြိုလဲပျက်စီးနေသည့် စီးပွားရေးနှင့် အုပ်ချုပ်ရေးတို့သည် မြန်မာနိုင်ငံရှိ ရာဇဝတ်မှုလုပ်ငန်းများအတွက် နေရာသစ်တစ်ခုကို ဖန်တီးပေးလိုက်သည်။မြန်မာနိုင်ငံသည် အုပ်စုဖွဲ့လုပ်ဆောင်သည့် နိုင်ငံဖြစ်ကျော် ရာဇဝတ်ဂိုဏ်းများအတွက် ဆွဲဆောင်မှုရှိသည့် နေရာတစ်ခုဖြစ်လာသည်။
ပြိုလဲပျက်စီးနေသည့် စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပရမ်းပတာအခြေအနေများကြောင့် တရားဝင်စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရန် မဖြစ်နိုင်တော့ပေ။ အဆိုပါအခင်းအကျင်းသည် အုပ်စုဖွဲ့ရာဇဝတ်ဂိုဏ်းများ ကျင်လည်ရန် ရေခံမြေခံကောင်းများဖြစ်လာပြီး ၎င်းတို့သည် အရပ်သားအစိုးရဖြုတ်ချခံရပြီး အချိန်တိုအတွင်းမှာပင် မြန်မာနိုင်ငံတွင် ပြန်လည်ခြေချလာကြသည်။
စစ်တပ်၏ ကသောင်းကနင်းအုပ်ချုပ်မှုများစတင်ပြီး နှစ်လအတွင်း ရာဇဝတ်မှုလုပ်ငန်းများ မြန်မာနိုင်ငံတွင် တစ်ရှိန်ထိုးမြင့်တက်လာခဲ့ရာ ဒေသတွင်း နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီးကာကွယ်ရေး အားထုတ်မှုကြိုးပမ်မှုအပေါ် စိန်ခေါ်မှုအသစ်များ ထပ်မံကျရောက်လာသည်။
အစဉ်အဆက်ဆိုသလို တရုတ်နှင့် နိုင်ငံဖြတ်ကျော်တရုတ်ဂိုဏ်းများသည် ၎င်းတို့၏ နည်းလမ်းမျိုးစုံဖြင့် လှုပ်ရှားမှုများအရှိန်မြင့်တင်ရာတွင် ဗဟိုချက်နေရာက ပါဝင်လှုပ်ရှားလေ့ရှိသည်။ တစ်ခါတစ်ရံ အခြားပုံစံတစ်မျိုးဖြင့်လည်း လှုပ်ရှားလေ့ရှိသည်။
တစ်ဖန် ၎င်းတို့သည် တပ်မတော်၏ထိန်းချုပ်မှုအောက်ရှိ နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်အဖွဲ့များနှင့် အုပ်စုဖွဲ့ပူးပေါင်းဆောင်ရွက်သလို တရုတ်နယ်စပ်တစ်လျှောက်ရှိ လက်နက်ကိုင်အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်သည်။
အဆိုပါလက်နက်ကိုင်အဖွဲ့များသည် တရားမဝင် ဝင်ငွေရရှိနိုင်သည့် အခွင့်အလမ်းနှင့်အတူ အာဏာသိမ်းပြီးနောက် ထွက်ပေါ်လာသည့်အဖွဲ့များဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေတစ်ခုတည်းကပင် တရားမဝင်လုပ်ငန်းများလုပ်ဆောင်ရန် ကူညီလမ်းခင်းပေးနိုင်သည်။
ဘဏ်လုပ်ငန်းလည်ပတ်မှုအင်မတန်နှေးကွေးနေသလို လက်လီလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများကလည်း တစ်ရှိန်ထိုးကျဆင်းနေသည်။ ထို့အပြင် နိုင်ငံတစ်၀ှမ်းရှိ မြို့ကြီး၊ မြို့ငယ်များတွင်လည်း တည်ငြိမ်အေးချမ်းမှုမရှိပေ။
အာရှနှင့်အခြားဒေသများရှိ အဓိကရင်းနှီးမြုပ်နှံသူများသည် ရည်ရွယ်ထားသည့် ဒေါ်လာဘံလျံချီသည့် ရင်းနှီးမြှုပ်နှံမှုများကို ဖျက်သိမ်းလိုက်ကြပြီး အသေးစားနှင့်အလတ်စားနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများလည်း ၎င်းတို့၏လုပ်ငန်းများကို ပိတ်သိမ်းလာနိုင်ဖွယ်ရှိသည်။
အသေးစားငွေကြေးရန်ပုံငွေအဖွဲ့၏ အပြည်ပြည်ဆိုင်ရာမန်နေဂျာက ” အင်တာနက်ကလည်း မရဘူး။ လုံခြုံရေးအခြေအနေကလည်း တော်တော်လေးဆိုးရွားနေတယ်။ ငွေသားကို အခြေခံလည်ပတ်တဲ့လုပ်ငန်းတွေ ပြန်ကောင်းလာဖို့ လိုအပ်နေတဲ့အခြေအနေမှာ ဘယ်လိုပုံစံမျိုးနဲ့ ကျွန်တော်တို့ရှေ့ဆက် လုပ်နိုင်မလဲဆိုတာ ပြောရတော်တော်ခက်ပါတယ်” ဟု UDIP ကိုပြောသည်။
မြန်မာ့စီးပွားရေးသည် ၂၀၂၁ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းကျဆင်းသွားမည် ဟုကမ္ဘာ့ဘဏ်ကခန့်မှန်းထားပြီး ပုဂ္ဂလိကလေ့လာသုံးသပ်သူများကမူ ၂၀ ရာခိုင်နှုန်းကျဆင်းလိမ့်မည်ဟု ခန့်မှန်းကြသည်။
ပြန်လည်အသက်ဝင်လာသော ရာဇဝတ်မြို့တော် ရွှေကုက္ကို
အာဏာသိမ်းမှုမတိုင်မီ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည် ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရသည် ထိုင်း – မြန်မာနယ်စပ်ဒေသတစ်လျှောက် နယ်စပ်ဖြတ်ကျော် တရုတ်ရာဇဝတ်ဂိုဏ်များ၏ လှုပ်ရှားမှုများကို စစ်ဆေးရန် ကြိုးပမ်းခဲ့သည်။
၂၀၂၀ပြည့်နှစ် ဇွန်လတွင် ကရင်ပြည်နယ်ရှိ ရွှေကုက္ကိုမြို့နယ်တွင်းရှိ တရားမဝင်လောင်းကစားမှုများနှင့် ငွေကြေးခ၀ါချမှုများအား စုံစမ်းစစ်ဆေးရန် ကော်မရှင်တစ်ရပ်ဖွဲ့စည်းခဲ့သည်။
ရွှေကုက္ကို နိုင်ငံတကာအဆင့်မီ မြို့သစ်စီမံကိန်းသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၏ မြောက်ဘက်ဆယ်မိုင် (၁၅ ကီလိုမီတာခန့်)အကွာတွင် အကောင်အထည်ဖော်နေသော စီမံကိန်းတခုဖြစ်သည်။ ရွှေကုက္ကိုမြိုင်မြို့သစ်စီမံကိန်းသည် ကရင်ပြည်နယ်၏ ချိုင်းနားတောင်းဟုလူသိများသည်။
စစ်တပ်ထိန်းချုပ်မှုအောက်ရှိ အကျင့်ပျက်ခြစားမှုများ ပြည့်နှက်နေသည့် နယ်ခြားစောင့်တပ်သည် တရားမဝင် အွန်လိုင်းဂိမ်းလုပ်ငန်းမှာရရှိသည့် အကျိုးအမြတ်များဖြင့် ဒေါ်လာဘီလံပေါင်းများစွာတန်ဖိုးရှိသည့် စက်မှုစီမံကိန်း တစ်ခုတည်ထောင်ရန် ဝရမ်းပြေး ရှဲ့ဂျီဂျောင်းပိုင်ဆိုင်သည့် ရထိုက်ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်နေသည်။
ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် ရထိုက်ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်တွင် ရွှေကုက္ကို၌ တရားမဝင်အွန်လိုင်း လောင်းကစားလုပ်ငန်းများကိုစတင်မိတ်ဆက်ခဲ့သည်။ စင်္ကာပူကုမ္ပဏီ GBCI နှင့်တွဲဖက်ကာ တရားမဝင်ငွေကြေးရောင်းဝယ်မှုကို လွယ်ကူ အဆင်ပြေစေရန် “Fincy” ဟုခေါ်သည့် ငွေကြေးဆိုင်ရာဝန်ဆောင်မှု ဒီဂျစ်တယ် အက်ပလီကေးရှင်းတစ်ခုကို စတင်မိတ်ဆက်လိုက်သည်။
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)အစိုးရ၏ ကြိုးပမ်းမှုများသည် အောင်မြင်မှုရခဲ့သည်။ မြန်မာက တရုတ်အစိုးရအား စီမံကိန်းနှင့်ပတ်သတ်ဆက်နွယ်မှုများ ဖြတ်တောက်ရန်နှင့် ရာဇ၀တ်လှုပ်ရှားမှုများ နှိမ်နင်းမှုတွင် ကူညီပေးရန် ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်နေစဥ် စင်္ကာပူကုမ္ပဏီသည် အဆိုပါလုပ်ငန်းမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေငြာလိုက်သည်။
အာဏာသိမ်းမှုမတိုင်မီ နှစ်လအလို၊ ၂၀၂၀ပြည့်နှစ် နို၀င်ဘာလတွင် တရုတ်တရားရုံးများသည် တရုတ်လူမျိုးများ ကျူးလွန်သောရာဇဝတ်မှုများနှင့် ရွှေကုက္ကိုစီမံကိန်းနှင့် ပတ်သတ်သည့်အမှုများကိုစတင်ကြားနာခဲ့သည်။
ဇန်နဝါရီလနှောင်းပိုင်းတွင် အာဏာာသိမ်းမည် ဟုသတင်းများပျံ့နှံ့လာသည်နှင့်အမျှ ရွှေကုက္ကိုရှိ နယ်ခြားစောင့်တပ်များအပေါ် ကျရောက်နေသည့် ဖိအားအား ရုတ်တရက်လျော့ ကျသွားသည်။
ဖေဖေါ်ဝါရီ ၁ရက်နေ့တွင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရာဇဝတ်မြို့တော် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း ပို့စ်များထွက်ပေါ်လာသည်။ နာမည်ဆိုးဖြင့်ကျော်ကြားသည့် နိုက်ကလပ်များသည် ထိုင်းဘတ်ငွေ ၂၀,၀၀၀(ဒေါ်လာ ၆၇၀ ဝန်းကျင်) အနိမ့်ဆုံးကောက်ခံသည့် ခမ်းနားပြီး လူပေါင်းများစွာပါဝင်ဆင်နွှဲနိုင်သော ပွဲလမ်းသဘင်များကို ကျင်းပလိုက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေသည်ကို ညွှန်ပြနေသည်။
တစ်ချိန်တည်းမှာပင် ဖေ့စ်ဘွတ်ခ်နှင့် WeChat တို့တွင် လပေါင်းများစွာတိတ်ဆိတ်ငြိမ်သက်နေသည့် ရွှေကုက္ကိုအတွက် ဝန်ထမ်းခေါ်ယူမှုများ ပြုလုပ်လာသည်။ ရွှေကုက္ကိုရှိ အလုပ်သစ်များတွင် တရုတ်နယ်စပ်တစ်လျှောက်ရှိ ကိုးကန့်ဒေသမှ လာရောက်မည့်သူများအတွက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလည်းပါဝင်သည်။
ထို့အပြင် ဖုန်းကဒ်များရောင်းချခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်ရေး၀န်ဆောင်မှုနှင့် ငွေလွှဲအပလီကေးရှင်းများအား ကြေငြာပေးရသည့် ဝန်ဆောင်မှုလည်း ပါဝင်သည်။ “ရွှေကုက္ကို ရထိုက်မြို့တော်” (Shwe Kokko Yatai City) အွန်လိုင်းဂရုတစ်ခု၏ ပို့စ်များတွင် လောင်းကစားရုံကြမ်းပြင်၊ ဖဲချပ်များ၊အန်စာတုံးကို ပြထားသည်။
မြန်မာပြည်တွင် ထွက်ပေါ်လာသည့် တရုတ်လျှို့၀ှက်ရာဇဝဝတ်ဂိုဏ်းသစ်
ယခင် USIP၏ထုတ်ဝေခဲ့သည့်ဆောင်းပါးများတွင်အသေးစိတ်ဖော်ပြခဲ့သည့်အတိုင်း တရုတ်တို့၏ မနှစ်မြို့စရာကောင်းသည့် အရာများသည် ကရင်ပြည်နယ်တွင် ၂၀၁၇ခုနှစ်ကတည်းက နက်ရှိုင်းစွာအခြေတည်လာခဲ့သည်။ ကရင်နယ်ခြားစောင့်တပ်နှင့် ပူးပေါင်းကာ တရားမဝင်လောင်းကစားလုပ်ငန်းများ၊ လိမ်လည်မှု၊ ငွေကြေးခဝါချမှု နှင့်အခြားရာဇ၀တ်လုပ်ငန်းများ မြို့များအားလုံးတွင် ဖြန့်ကျက်နိုင်ရန် စည်းရုံးသိမ်းသွင်းမှုများပြုလုပ်လာသည်။
၎င်းတို့၏ အကြီးအကဲမှာ ဟောင်ကောင်တွင်အခြေစိုက်သည့် နိုင်ငံဖြစ်ကျော် တရုတ်လျှို့ဝှက်ရာဇဝတ်ဂိုဏ်း 14K Triad ဂိုဏ်းခေါင်းဆောင် ဝမ်ကောက်ကွိုင်ဖြစ်သည်။
၀မ်သည် မကာအိုတွင်လူသတ်မှု၊ လက်နက်မှောင်ခိုရောင်းဝယ်မှုနှင့် အခြားရာဇ၀တ်မှုများအတွက် ထောင်ဒဏ်ကျခံပြီးနောက် ကမ္ဘောဒီးယားရှိ ကမ္ဘာ့ဟောင်မန်းသမိုင်းနှင့် ယဉ်ကျေးမှုအသင်း (World Hongmen Historical and Cultural Association) ဟု သိထားကြသည့် တရားမ၀င်သော နိုင်ငံဖြတ်ကျော်ကွန်ရက် တစ်ခုတည်ထောင်ခဲ့သည်။
ကမ္ဘောဒီးယား၊ ထိုင်းနှင့်မလေးရှားတို့တွင် ဒီဂျစ်တယ်ငွေကြေးပလက်ဖောင်း Bitcoin တွင်လိမ်လည်နေသည့်အပြင် ယင်းကွန်ရက်သည် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၏ ထိန်းချုပ်ထားသော နယ်မြေရှိ ကာစီနိုလောင်းကစား လုပ်ငန်းများတွင် ပါဝင်ပတ်သတ်နေသည်။
ယင်းလှုပ်ရှားမှုကြောင့် ၂၀၂၀၊ဒီဇင်ဘာတွင် အမေရိကန်ဘဏ္ဍာရေးဌာနက ဝမ်အား “အပြည်ပြည်ဆိုင်ရာနိုင်ငံရေးနှင့်စီးပွားရေးတည်ငြိမ်မှု” ကိုခြိမ်းခြောက်သူအဖြစ် အရေးယူပိတ်ဆို့ခဲ့သည်။ ထို့အပြင် ဝမ်သည် ၎င်းတို့လုပ်ဆောင်နေသည့် တရားမ၀င်ရာဇ၀တ်မှုများကိုခါးပတ်တစ်ကွင်း လမ်းတစ်စင်း Belt and Road Initiative (BRI) ၏ အစိတ်အပိုင်းအဖြစ်ပုံဖော်ကာ ဆင်သေကို ဆိတ်သားရေနှင့် ဖုံးရန်ကြိုးစားနေသည်ဟု အမေရိကန်ဘဏ္ဍာရေးဌာနက မှတ်ချက်ပေးသည်။
အာဏာသိမ်းပြီး တစ်ရက်အကြာမှာပင် ဝမ်၏ ကမ္ဘာ့ဟောင်မန်း အသင်းသည်တရုတ်နိုင်ငံ၊ ဖူဂျီယန်ပြည်နယ်တွင် “ဟောင်မန်း- မြန်မာ” အမည်ပေးထားသည့် အွန်လိုင်းပလက်ဖောင်းအသစ်တစ်ခုကို WeChat အများသုံးအကောင့်ဖြင့်မှတ်ပုံတင်ခဲ့သည်။
အဆိုပါ ဝက်ဆိုဒ်တွင်တင်ထားသည့် အကြောင်းအရာအများအရ ဟောင်မန်း မြန်မာသည် တရုတ်၏ အရေးကြီးသည့် နိုင်ငံခြားရေးမူဝါဒများဖြစ်သော “တရုတ်လူမျိုးများ ပြန်လည်ပေါင်းစည်းရေးကို ပံ့ပိုးပေးရန်၊ တရုတ်−မြန်မာဆက်ဆံရေး၊ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့်ခါးပတ်တစ်ကွင်း လမ်းတစ်စင်းစီမံကိန်း ကိုမြှင့်တင်ရန်” တို့ကို ထောက်ခံအားပေးရန် ရည်ရွယ်သည်။
ဝမ်ကောက်ကွိုင်ကို ၂၀၀၀ပြည့်နှစ်တွင် မြန်မာစျေးကွက်သို့ ၀င်ရောက်လာသော“မျိုးချစ်စိတ်ပြင်းထန်သည့် တရုတ်ရင်းနှီးမြှုပ်နှံသူ” ဟု ဖော်ပြသည်။ အဆိုပါဝက်ဆိုဒ်တွင် မြန်မာနိုင်ငံရှိ တရုတ်၏ပိုင်ဆိုင်မှုများကို ကာကွယ်ပေးမည် ဟောင်မန်းအသင်း၏ အစီအမံများကိုလည်း ဖော်ပြထားသည်။ ထို့ပြင် ကိုးကန့်နယ်ခြားစောင့်တပ်၏ ဦးဆောင်မှုအောက်တွင်ရှိသည့် ဘေရှောင် ကုမ္ပဏီနှင့်ပူးပေါင်းမှုကို မိတ်ဆက်ထားသည်။
သို့သော် ဝမ်၏မိတ်ဖက်များမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းများတွင် အကြီးအကျယ်ပါဝင်နေသူများဖြစ်ကြောင်းကို ချန်လှပ်ထားသည်။
“ဝမ်ကောက်ကွိုင်၏ သြဇာလွှမ်းမိုးမှုကိုအခြေတည်ကာ (ဟောင်မန်းအသင်း)သည် ကိုးကန့်ဒေသတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် သေချာပေါက် မြှင့်တင်ပေးနိုင်သည်။ မြန်မာ့စျေးကွက်ကိုဖွင့်လှစ်ကာ ထိုမှတစ်ဆင့် မြန်မာနိုင်ငံ၏ အချက်အခြာကျသည့် နေရာသို့ထိုးဖောက်နိုင်သည်” ဟု အဆိုပါ၀က်ဆိုဒ်တွင် အာမခံရေးသားထားသည်။
ရာဇ၀တ်ဂိုဏ်းတွေကို တရုတ်နှိမ်နင်းနေသလား
ထိုင်း−မြန်မာနယ်စပ်သည် တပ်မတော်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ထွက်ပြေးလာသည့်ဒုက္ခသည်များကို တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း တရုတ်လူမျိုးများမှာမူ ထိုင်းနယ်စပ်နှင့် တရုတ်နယ်စပ်ကိုဖြတ်ကျော်ကာ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သွားလာနေပုံရသည်။
ဖေဖော်ဝါရီ ၂၁ နှင့် ၂၄ရက်များတွင် တရုတ်ရဲများသည် မြန်မာလောင်းကစားမြို့များ သို့သွားမည့် တရုတ်တရုတ်ရာဇ၀တ်ဂိုဏ်းနှစ်ဖွဲ့ ကိုဖမ်းဆီးနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သည့် တရုတ်လူမျိုးအများအပြားသည် လောင်းကစားရုံများတည်ရှိရာ ဒေသများတွင် ရောက်နှင့်နေပြီးဖြစ်သည်။
လွန်ခဲ့သောငါးနှစ်တာကာလအတွင်း ဘေဂျင်းအစိုးရသည် တရားမ၀င်အွန်လိုင်းလောင်းကစားလုပ်ငန်းများ၊ မသမာမှုများနှင့် အခြားနယ်စပ်ဖြတ်ကျော် ရာဇ၀တ်လှုပ်ရှားမှုများ ပပျောက်ရေးအတွက် အဆင့်မြင့်ဆောင်ရွက်ချက်အများအပြား လုပ်ဆောင်ခဲ့သည်။ ဖမ်းဆီးမှုများ မြင့်တက်နေဆဲမှာပင် ၀မ်ကောက်ကွိုင်သည် အံ့သြစရာကောင်းစွာ ကင်းလွတ်ခွင့်ရနေသည်။ ယင်းကာလအတွင်း တရုတ်ပြည်မကြီးနှင့် ဒေသတစ်လွှားရှိ သူ၏လုပ်ငန်းများကို တိုးချဲ့လာပုံရသည်။
များပြားလှသော ဒီဂျစ်တယ်ငွေကြေးရောင်းဝင်မှု အစီအစဥ်များအပြင် ဝမ်သည် “ဟောင်မန်း” ဟော့ပေါ့ဆိုင်များကို တရုတ်နိုင်ငံအနှံ့တွင် ဖွင့်လှစ်ခဲ့ပြီး သူ့ကိုယ်ပိုင် အဖျော်ယမကာများ ရောင်းချခဲ့သည်။
သတင်းမီဒီယာများက ဝမ်သည် မလေးရှားအစိုးရ၏ အရေးယူခံရခြင်းမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေးသားနေကြသော်လည်း တရုတ်နိုင်ငံတွင် ထိုကိစ္စရပ်မျိုး မဖြစ်နိုင်ပေ။ သူသည် လွန်ခဲ့သည့်နှစ်တစ်လျှောက်လုံး တရုတ်အစိုးရ အဆင့်မြင့်အရာရှိကြီးများနှင့် ကော်ပိုရိတ်လုပ်ငန်းမှ အရာရှိများနှင့် အခမ်းအနားများ ကျင်းပနေခဲ့သည်။
ဝမ်သည် မတ်လနှောင်းပိုင်း တွင် ဘေဂျင်း၌ နိုင်ငံတကာစီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအသင်း(CAPC)၏ ပြည်ပပေါင်းစည်း ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့မှ အရာရှိများနှင့်တွေ့ဆုံခဲ့သည်။ ယင်းအဖွဲ့၏ဥက္ကဌ ကျောင်းရွှယ်က သူ၏ ” မျိုးချစ်စိတ်ဓာတ်” နှင့် နိုင်ငံရပ်ခြား ပံ့ပိုးကူညီပေးမှုများအတွက် ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခဲ့သည်။ ထူးခြားအရေးပါသည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။
CAPC သည် အစိုးရကျောထောက် နောက်ခံပြုထားသည် အစိုးရမဟုတ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံညီလာခံ (CPPCC) ၏ ဒုဥက္ကဌ ၀မ်အန်း ဦးဆောင်မှုအောက်ရှိ တရုတ်သိပ္ပံနှင့်နည်းပညာအသင်းက တိုက်ရိုက်အုပ်ချုပ်သည်။ CPPCC သည် အဓိကကျသည့် နိုင်ငံရေးအကြံပေးအဖွဲ့ဖြစ်ပြီး ကွန်မြူနစ်ပါတီနှင့်အစိုးရ၏ မူဝါဒများချမှတ်ရန် လုပ်ဆောင်ရသည့်အဖွဲ့ဖြစ်သည်။
အဆိုပါအဆင့်မြင့်အကြံပေးအဖွဲ့နှင့် ထင်ရှားသည့် ရာဇဝတ်ကောင်နှင့် ပတ်သတ်ဆက်နွယ်မှုသည် မေးခွန်းထုတ်စရာများဖြစ်လာသည်။ အထူးသဖြင့် ဖေဖေါ်ဝါရီလတွင် မလေးရှားအစိုးရက ဝမ်အား ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် ၎င်းတို့၏ဆက်နွယ်မှုအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်လာခဲ့သည်။
CAPC သည် ဝမ်နှင့် မပူးပေါင်းမှီ ၎င်း၏နောက်ကြောင်းကို မစုံစမ်းမိတာမျိုး ဖြစ်နိုင်သလို၊ ဒေသတစ်ဝှမ်းရှိ အထက်တန်းလွှာများအပေါ် ဝမ်၏သြဇာလွှမ်းမိုးမှုမှ အကျိုးအမြတ်ရနိုင်သည် ဟု CAPC ကတွက်ဆခြင်းမျိုးလည်း ဖြစ်နိုင်သည်။ တနည်းအားဖြင့် အရှေ့တောင်အာရှနှင့် တရုတ်ရဲဌာနများအကြား အဆက်အသွယ် ပြတ်တောက်မှုကြောင့်လည်း ဖြစ်နိုင်သည်။
အာဆီယံကို ဂယက်ရိုက်လာသည့် နယ်စပ်ဖြတ်ကျော်တရုတ်ရာဇ၀တ်မှုများ
တပ်မတော်၏ အကြမ်းဖက်မှုကြောင့် ပြန်လည်အသက်ဝင်လာသည့် ရာဇ၀တ်ကွန်ရက်များသည် အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအပေါ် ခြိမ်းခြောက်လာသည်နှင့်အမျှ ကရင်ပြည်နယ်တွင် အစောပိုင်းက ဖြစ်ပွားခဲ့သည့်အတိုင်း စစ်တပ်၏ အကျင့်ပျက်ခြစားသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်လာနိုင်သည့် အန္တရာယ်ကလည်း တိုးလာနေသည်။
ဥပမာအားဖြင့် ရည်မှန်းချက်ကြီးသည့် ဟောင်မန်းအသင်းသည် စစ်တပ်ကို သွယ်ဝိုက်အကာအကွယ်ပေးခြင်းဖြင့် မြန်မာပြည်တွင် ခြေကုပ်ယူလာနိုင်သည်။ အထူးသဖြင့် တရုတ်နယ်စပ်တစ်ကြောရှိ ဒေသများတွင် အခြေစိုက်နိုင်ရန် ကြိုးပမ်းလာနိုင်ပြီး အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတစ်လျှောက်ရှိ လုပ်ငန်းများလည်ပတ်ရန် တောင့်တင်းခိုင်မာသည့် အခြေစိုက်စခန်း တစ်ခုဖြစ်လာနိုင်သည်။
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးအခြေအနေမှာ လျှင်မြန်စွာယိုယွင်းယုတ်လျော့လာသည်နှင့်အမျှ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) နိုင်ငံများသည် တရုတ်ရာဇဝတ်ကွန်ရက်များ ပျံ့နှံ့လာသည့် အန္တရာယ်နှင့်ရင်ဆိုင်လာရသည်။
ဥပမာအနေဖြင့် ထိုင်းနိုင်ငံတွင် ဟောင်မန်းအသင်း၏ ဌာနခွဲသည် တရားမ၀င် နယ်စပ်ဖြတ်ကျော်ရောင်းဝယ်မှုများ လွယ်ကူချောမွေ့စေရန် ရည်ရွယ်ထားသည့် ငွေပေးချေမှုစနစ်အသစ်များနှင့် e-commerce ပလက်ဖောင်းများအား မြှင့်တင်ခြင်းအပါအ၀င် ၎င်းတို့၏ လုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်လာသည်။ ဤအတောအတွင်း ဝမ်ကောက်ကိုင်၏ မိတ်ဆွေတစ်ဦး မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံလိုက်ရသည်။
Bitcoin လိမ်လည်မှုတွင် ပါဝင်ပတ်သတ်ခဲ့မှုကြောင့် အဖမ်းခံရခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ သန်းချီပိုင်ဆိုင်မှုများကို စွန့်ခွာထွက်ပြေးခဲ့ရသည်။
ဒေသတွင်းအစိုးရများသည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်နေသည့် ကသောင်းကနင်း၊ ဖရိုဖရဲဖြစ်မှုများကြောင့် တိုင်းပြည်၏နယ်နိမိတ်ပြင်ပတွင် မတည်ငြိမ်မှုများ ဖြစ်ပွားလာနိုင်သည်ကို သတိချပ်သင့်သည်။
တရားဥပဒေစိုးမိုးမှုကင်းမဲ့နေသည့် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများ၏ ဘဏ္ဍာရေးအင်စတီကျူးရှင်းများနှင့် အကျင့်ပျက်ချစားနေသည့် အုပ်ချုပ်ရေးကို နှိမ်နင်းရန် ကြိုးပမ်းမှုမှန်သမျှအပေါ် ရိုက်ခတ်မှုများရှိနေပြီး နိုင်ငံဖြတ်ကျော်တရုတ်ရာဇဝတ်ကွန်ရက်များအတွက် ဖန်တီးပေးလိုက်သည့်အခွင့်အရေးများသည် ကြုံတွေရမည့်စိန်ခေါ်မှုများအနက် ချက်ချင်းလက်ငင်းထွက်ပေါ်လာသည့် သိသာအထင်ရှားဆုံးပြရုပ်တစ်ခုပင်ဖြစ်သည်။
(ဧပြီလ ၂၁ ရက်နေ့ USIP တွင်ဖော်ပြခဲ့သည့် Jason Tower ၏ Chaos Sparked by Myanmar Coup Fuels Chinese Cross-border Crime ဆောင်းပါးအား လက်ရှိအခြေအနေများနှင့်ထင်ဟက်နေဆဲဖြစ်သောကြောင့် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)
Khit Thit Media
Zawgyi
အၾကမ္းဖက္စစ္အာဏာသိမ္းမႈႏွင့္အတူ တစ္ေက်ာ့ျပန္ေပါက္ဖြားလာသည့္ နယ္စပ္ျဖတ္ေက်ာ္ တ႐ုတ္ရာဇ၀တ္ဂိုဏ္းမ်ား
ၿပိဳလဲပ်က္စီးေနသည့္ စီးပြားေရးႏွင့္ အုပ္ခ်ဳပ္ေရးတို႔သည္ ျမန္မာႏိုင္ငံရွိ ရာဇဝတ္မႈလုပ္ငန္းမ်ားအတြက္ ေနရာသစ္တစ္ခုကို ဖန္တီးေပးလိုက္သည္။ျမန္မာႏိုင္ငံသည္ အုပ္စုဖြဲ႕လုပ္ေဆာင္သည့္ ႏိုင္ငံျဖစ္ေက်ာ္ ရာဇဝတ္ဂိုဏ္းမ်ားအတြက္ ဆြဲေဆာင္မႈရွိသည့္ ေနရာတစ္ခုျဖစ္လာသည္။
ၿပိဳလဲပ်က္စီးေနသည့္ စီးပြားေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ ပရမ္းပတာအေျခအေနမ်ားေၾကာင့္ တရားဝင္စီးပြားေရးလုပ္ငန္းမ်ားလုပ္ေဆာင္ရန္ မျဖစ္ႏိုင္ေတာ့ေပ။ အဆိုပါအခင္းအက်င္းသည္ အုပ္စုဖြဲ႕ရာဇဝတ္ဂိုဏ္းမ်ား က်င္လည္ရန္ ေရခံေျမခံေကာင္းမ်ားျဖစ္လာၿပီး ၎တို႔သည္ အရပ္သားအစိုးရျဖဳတ္ခ်ခံရၿပီး အခ်ိန္တိုအတြင္းမွာပင္ ျမန္မာႏိုင္ငံတြင္ ျပန္လည္ေျခခ်လာၾကသည္။
စစ္တပ္၏ ကေသာင္းကနင္းအုပ္ခ်ဳပ္မႈမ်ားစတင္ၿပီး ႏွစ္လအတြင္း ရာဇဝတ္မႈလုပ္ငန္းမ်ား ျမန္မာႏိုင္ငံတြင္ တစ္ရွိန္ထိုးျမင့္တက္လာခဲ့ရာ ေဒသတြင္း နယ္စပ္ျဖတ္ေက်ာ္မႈခင္းမ်ား တားဆီးကာကြယ္ေရး အားထုတ္မႈႀကိဳးပမ္မႈအေပၚ စိန္ေခၚမႈအသစ္မ်ား ထပ္မံက်ေရာက္လာသည္။
အစဥ္အဆက္ဆိုသလို တ႐ုတ္ႏွင့္ ႏိုင္ငံျဖတ္ေက်ာ္တ႐ုတ္ဂိုဏ္းမ်ားသည္ ၎တို႔၏ နည္းလမ္းမ်ိဳးစုံျဖင့္ လႈပ္ရွားမႈမ်ားအရွိန္ျမင့္တင္ရာတြင္ ဗဟိုခ်က္ေနရာက ပါဝင္လႈပ္ရွားေလ့ရွိသည္။ တစ္ခါတစ္ရံ အျခားပုံစံတစ္မ်ိဳးျဖင့္လည္း လႈပ္ရွားေလ့ရွိသည္။
တစ္ဖန္ ၎တို႔သည္ တပ္မေတာ္၏ထိန္းခ်ဳပ္မႈေအာက္ရွိ နယ္ျခားေစာင့္တပ္မ်ား၊ ျပည္သူ႔စစ္အဖြဲ႕မ်ားႏွင့္ အုပ္စုဖြဲ႕ပူးေပါင္းေဆာင္႐ြက္သလို တ႐ုတ္နယ္စပ္တစ္ေလွ်ာက္ရွိ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္လည္း ပူးေပါင္းေဆာင္႐ြက္သည္။
အဆိုပါလက္နက္ကိုင္အဖြဲ႕မ်ားသည္ တရားမဝင္ ဝင္ေငြရရွိႏိုင္သည့္ အခြင့္အလမ္းႏွင့္အတူ အာဏာသိမ္းၿပီးေနာက္ ထြက္ေပၚလာသည့္အဖြဲ႕မ်ားျဖစ္သည္။
ျမန္မာႏိုင္ငံ၏ စီးပြားေရးအေျခအေနတစ္ခုတည္းကပင္ တရားမဝင္လုပ္ငန္းမ်ားလုပ္ေဆာင္ရန္ ကူညီလမ္းခင္းေပးႏိုင္သည္။
ဘဏ္လုပ္ငန္းလည္ပတ္မႈအင္မတန္ေႏွးေကြးေနသလို လက္လီလုပ္ငန္းႏွင့္ ကုန္ထုတ္လုပ္ေရးလုပ္ငန္းမ်ားကလည္း တစ္ရွိန္ထိုးက်ဆင္းေနသည္။ ထို႔အျပင္ ႏိုင္ငံတစ္၀ွမ္းရွိ ၿမိဳ႕ႀကီး၊ ၿမိဳ႕ငယ္မ်ားတြင္လည္း တည္ၿငိမ္ေအးခ်မ္းမႈမရွိေပ။
အာရွႏွင့္အျခားေဒသမ်ားရွိ အဓိကရင္းႏွီးျမဳပ္ႏွံသူမ်ားသည္ ရည္႐ြယ္ထားသည့္ ေဒၚလာဘံလ်ံခ်ီသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဖ်က္သိမ္းလိုက္ၾကၿပီး အေသးစားႏွင့္အလတ္စားႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ားလည္း ၎တို႔၏လုပ္ငန္းမ်ားကို ပိတ္သိမ္းလာႏိုင္ဖြယ္ရွိသည္။
အေသးစားေငြေၾကးရန္ပုံေငြအဖြဲ႕၏ အျပည္ျပည္ဆိုင္ရာမန္ေနဂ်ာက ” အင္တာနက္ကလည္း မရဘူး။ လုံၿခဳံေရးအေျခအေနကလည္း ေတာ္ေတာ္ေလးဆိုး႐ြားေနတယ္။ ေငြသားကို အေျခခံလည္ပတ္တဲ့လုပ္ငန္းေတြ ျပန္ေကာင္းလာဖို႔ လိုအပ္ေနတဲ့အေျခအေနမွာ ဘယ္လိုပုံစံမ်ိဳးနဲ႔ ကြၽန္ေတာ္တို႔ေရွ႕ဆက္ လုပ္ႏိုင္မလဲဆိုတာ ေျပာရေတာ္ေတာ္ခက္ပါတယ္” ဟု UDIP ကိုေျပာသည္။
ျမန္မာ့စီးပြားေရးသည္ ၂၀၂၁ခုႏွစ္တြင္ ၁၀ ရာခိုင္ႏႈန္းက်ဆင္းသြားမည္ ဟုကမာၻ႔ဘဏ္ကခန႔္မွန္းထားၿပီး ပုဂၢလိကေလ့လာသုံးသပ္သူမ်ားကမူ ၂၀ ရာခိုင္ႏႈန္းက်ဆင္းလိမ့္မည္ဟု ခန႔္မွန္းၾကသည္။
ျပန္လည္အသက္ဝင္လာေသာ ရာဇဝတ္ၿမိဳ႕ေတာ္ ေ႐ႊကုကၠိဳ
အာဏာသိမ္းမႈမတိုင္မီ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သည္ ေ႐ြးေကာက္တင္ေျမႇာက္ခံ အရပ္သားအစိုးရသည္ ထိုင္း – ျမန္မာနယ္စပ္ေဒသတစ္ေလွ်ာက္ နယ္စပ္ျဖတ္ေက်ာ္ တ႐ုတ္ရာဇဝတ္ဂိုဏ္မ်ား၏ လႈပ္ရွားမႈမ်ားကို စစ္ေဆးရန္ ႀကိဳးပမ္းခဲ့သည္။
၂၀၂၀ျပည့္ႏွစ္ ဇြန္လတြင္ ကရင္ျပည္နယ္ရွိ ေ႐ႊကုကၠိဳၿမိဳ႕နယ္တြင္းရွိ တရားမဝင္ေလာင္းကစားမႈမ်ားႏွင့္ ေငြေၾကးခ၀ါခ်မႈမ်ားအား စုံစမ္းစစ္ေဆးရန္ ေကာ္မရွင္တစ္ရပ္ဖြဲ႕စည္းခဲ့သည္။
ေ႐ႊကုကၠိဳ ႏိုင္ငံတကာအဆင့္မီ ၿမိဳ႕သစ္စီမံကိန္းသည္ ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံနယ္စပ္၊ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕၏ ေျမာက္ဘက္ဆယ္မိုင္ (၁၅ ကီလိုမီတာခန႔္)အကြာတြင္ အေကာင္အထည္ေဖာ္ေနေသာ စီမံကိန္းတခုျဖစ္သည္။ ေ႐ႊကုကၠိဳၿမိဳင္ၿမိဳ႕သစ္စီမံကိန္းသည္ ကရင္ျပည္နယ္၏ ခ်ိဳင္းနားေတာင္းဟုလူသိမ်ားသည္။
စစ္တပ္ထိန္းခ်ဳပ္မႈေအာက္ရွိ အက်င့္ပ်က္ျခစားမႈမ်ား ျပည့္ႏွက္ေနသည့္ နယ္ျခားေစာင့္တပ္သည္ တရားမဝင္ အြန္လိုင္းဂိမ္းလုပ္ငန္းမွာရရွိသည့္ အက်ိဳးအျမတ္မ်ားျဖင့္ ေဒၚလာဘီလံေပါင္းမ်ားစြာတန္ဖိုးရွိသည့္ စက္မႈစီမံကိန္း တစ္ခုတည္ေထာင္ရန္ ဝရမ္းေျပး ရွဲ႕ဂ်ီေဂ်ာင္းပိုင္ဆိုင္သည့္ ရထိုက္ကုမၸဏီႏွင့္ ပူးေပါင္းလုပ္ေဆာင္ေနသည္။
ထိုင္းႏိုင္ငံတြင္ အေျခစိုက္သည့္ ရထိုက္ကုမၸဏီသည္ ၂၀၁၇ ခုႏွစ္တြင္ ေ႐ႊကုကၠိဳ၌ တရားမဝင္အြန္လိုင္း ေလာင္းကစားလုပ္ငန္းမ်ားကိုစတင္မိတ္ဆက္ခဲ့သည္။ စကၤာပူကုမၸဏီ GBCI ႏွင့္တြဲဖက္ကာ တရားမဝင္ေငြေၾကးေရာင္းဝယ္မႈကို လြယ္ကူ အဆင္ေျပေစရန္ “Fincy” ဟုေခၚသည့္ ေငြေၾကးဆိုင္ရာဝန္ေဆာင္မႈ ဒီဂ်စ္တယ္ အက္ပလီေကးရွင္းတစ္ခုကို စတင္မိတ္ဆက္လိုက္သည္။
(အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္)အစိုးရ၏ ႀကိဳးပမ္းမႈမ်ားသည္ ေအာင္ျမင္မႈရခဲ့သည္။ ျမန္မာက တ႐ုတ္အစိုးရအား စီမံကိန္းႏွင့္ပတ္သတ္ဆက္ႏြယ္မႈမ်ား ျဖတ္ေတာက္ရန္ႏွင့္ ရာဇ၀တ္လႈပ္ရွားမႈမ်ား ႏွိမ္နင္းမႈတြင္ ကူညီေပးရန္ ဖိအားေပးေတာင္းဆိုမႈမ်ား ျပဳလုပ္ေနစဥ္ စကၤာပူကုမၸဏီသည္ အဆိုပါလုပ္ငန္းမွ ႏႈတ္ထြက္ေၾကာင္း တရားဝင္ေၾကျငာလိုက္သည္။
အာဏာသိမ္းမႈမတိုင္မီ ႏွစ္လအလို၊ ၂၀၂၀ျပည့္ႏွစ္ ႏို၀င္ဘာလတြင္ တ႐ုတ္တရား႐ုံးမ်ားသည္ တ႐ုတ္လူမ်ိဳးမ်ား က်ဴးလြန္ေသာရာဇဝတ္မႈမ်ားႏွင့္ ေ႐ႊကုကၠိဳစီမံကိန္းႏွင့္ ပတ္သတ္သည့္အမႈမ်ားကိုစတင္ၾကားနာခဲ့သည္။
ဇန္နဝါရီလေႏွာင္းပိုင္းတြင္ အာဏာာသိမ္းမည္ ဟုသတင္းမ်ားပ်ံ႕ႏွံ႔လာသည္ႏွင့္အမွ် ေ႐ႊကုကၠိဳရွိ နယ္ျခားေစာင့္တပ္မ်ားအေပၚ က်ေရာက္ေနသည့္ ဖိအားအား ႐ုတ္တရက္ေလ်ာ့ က်သြားသည္။
ေဖေဖၚဝါရီ ၁ရက္ေန႔တြင္ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ရာဇဝတ္ၿမိဳ႕ေတာ္ ျပန္လည္ဖြင့္လွစ္လိုက္ေၾကာင္း ပို႔စ္မ်ားထြက္ေပၚလာသည္။ နာမည္ဆိုးျဖင့္ေက်ာ္ၾကားသည့္ ႏိုက္ကလပ္မ်ားသည္ ထိုင္းဘတ္ေငြ ၂၀,၀၀၀(ေဒၚလာ ၆၇၀ ဝန္းက်င္) အနိမ့္ဆုံးေကာက္ခံသည့္ ခမ္းနားၿပီး လူေပါင္းမ်ားစြာပါဝင္ဆင္ႏႊဲႏိုင္ေသာ ပြဲလမ္းသဘင္မ်ားကို က်င္းပလိုက္ျခင္းျဖင့္ စီးပြားေရးလုပ္ငန္းမ်ား ပုံမွန္အတိုင္း ျပန္လည္လည္ပတ္ေနသည္ကို ၫႊန္ျပေနသည္။
တစ္ခ်ိန္တည္းမွာပင္ ေဖ့စ္ဘြတ္ခ္ႏွင့္ WeChat တို႔တြင္ လေပါင္းမ်ားစြာတိတ္ဆိတ္ၿငိမ္သက္ေနသည့္ ေ႐ႊကုကၠိဳအတြက္ ဝန္ထမ္းေခၚယူမႈမ်ား ျပဳလုပ္လာသည္။ ေ႐ႊကုကၠိဳရွိ အလုပ္သစ္မ်ားတြင္ တ႐ုတ္နယ္စပ္တစ္ေလွ်ာက္ရွိ ကိုးကန႔္ေဒသမွ လာေရာက္မည့္သူမ်ားအတြက္ သယ္ယူပို႔ေဆာင္ေရး ဝန္ေဆာင္မႈလည္းပါဝင္သည္။
ထို႔အျပင္ ဖုန္းကဒ္မ်ားေရာင္းခ်ျခင္းႏွင့္ ႏိုင္ငံျခားေငြလဲလွယ္ေရး၀န္ေဆာင္မႈႏွင့္ ေငြလႊဲအပလီေကးရွင္းမ်ားအား ေၾကျငာေပးရသည့္ ဝန္ေဆာင္မႈလည္း ပါဝင္သည္။ “ေ႐ႊကုကၠိဳ ရထိုက္ၿမိဳ႕ေတာ္” (Shwe Kokko Yatai City) အြန္လိုင္းဂ႐ုတစ္ခု၏ ပို႔စ္မ်ားတြင္ ေလာင္းကစား႐ုံၾကမ္းျပင္၊ ဖဲခ်ပ္မ်ား၊အန္စာတုံးကို ျပထားသည္။
ျမန္မာျပည္တြင္ ထြက္ေပၚလာသည့္ တ႐ုတ္လွ်ိဳ႕၀ွက္ရာဇဝဝတ္ဂိုဏ္းသစ္
ယခင္ USIP၏ထုတ္ေဝခဲ့သည့္ေဆာင္းပါးမ်ားတြင္အေသးစိတ္ေဖာ္ျပခဲ့သည့္အတိုင္း တ႐ုတ္တို႔၏ မႏွစ္ၿမိဳ႕စရာေကာင္းသည့္ အရာမ်ားသည္ ကရင္ျပည္နယ္တြင္ ၂၀၁၇ခုႏွစ္ကတည္းက နက္ရႈိင္းစြာအေျခတည္လာခဲ့သည္။ ကရင္နယ္ျခားေစာင့္တပ္ႏွင့္ ပူးေပါင္းကာ တရားမဝင္ေလာင္းကစားလုပ္ငန္းမ်ား၊ လိမ္လည္မႈ၊ ေငြေၾကးခဝါခ်မႈ ႏွင့္အျခားရာဇ၀တ္လုပ္ငန္းမ်ား ၿမိဳ႕မ်ားအားလုံးတြင္ ျဖန႔္က်က္ႏိုင္ရန္ စည္း႐ုံးသိမ္းသြင္းမႈမ်ားျပဳလုပ္လာသည္။
၎တို႔၏ အႀကီးအကဲမွာ ေဟာင္ေကာင္တြင္အေျခစိုက္သည့္ ႏိုင္ငံျဖစ္ေက်ာ္ တ႐ုတ္လွ်ိဳ႕ဝွက္ရာဇဝတ္ဂိုဏ္း 14K Triad ဂိုဏ္းေခါင္းေဆာင္ ဝမ္ေကာက္ကြိဳင္ျဖစ္သည္။
၀မ္သည္ မကာအိုတြင္လူသတ္မႈ၊ လက္နက္ေမွာင္ခိုေရာင္းဝယ္မႈႏွင့္ အျခားရာဇ၀တ္မႈမ်ားအတြက္ ေထာင္ဒဏ္က်ခံၿပီးေနာက္ ကေမာၻဒီးယားရွိ ကမာၻ႔ေဟာင္မန္းသမိုင္းႏွင့္ ယဥ္ေက်းမႈအသင္း (World Hongmen Historical and Cultural Association) ဟု သိထားၾကသည့္ တရားမ၀င္ေသာ ႏိုင္ငံျဖတ္ေက်ာ္ကြန္ရက္ တစ္ခုတည္ေထာင္ခဲ့သည္။
ကေမာၻဒီးယား၊ ထိုင္းႏွင့္မေလးရွားတို႔တြင္ ဒီဂ်စ္တယ္ေငြေၾကးပလက္ေဖာင္း Bitcoin တြင္လိမ္လည္ေနသည့္အျပင္ ယင္းကြန္ရက္သည္ ‘ဝ’ ျပည္ေသြးစည္းညီၫြတ္ေရး တပ္မေတာ္၏ ထိန္းခ်ဳပ္ထားေသာ နယ္ေျမရွိ ကာစီႏိုေလာင္းကစား လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သတ္ေနသည္။
ယင္းလႈပ္ရွားမႈေၾကာင့္ ၂၀၂၀၊ဒီဇင္ဘာတြင္ အေမရိကန္ဘ႑ာေရးဌာနက ဝမ္အား “အျပည္ျပည္ဆိုင္ရာႏိုင္ငံေရးႏွင့္စီးပြားေရးတည္ၿငိမ္မႈ” ကိုၿခိမ္းေျခာက္သူအျဖစ္ အေရးယူပိတ္ဆို႔ခဲ့သည္။ ထို႔အျပင္ ဝမ္သည္ ၎တို႔လုပ္ေဆာင္ေနသည့္ တရားမ၀င္ရာဇ၀တ္မႈမ်ားကိုခါးပတ္တစ္ကြင္း လမ္းတစ္စင္း Belt and Road Initiative (BRI) ၏ အစိတ္အပိုင္းအျဖစ္ပုံေဖာ္ကာ ဆင္ေသကို ဆိတ္သားေရႏွင့္ ဖုံးရန္ႀကိဳးစားေနသည္ဟု အေမရိကန္ဘ႑ာေရးဌာနက မွတ္ခ်က္ေပးသည္။
အာဏာသိမ္းၿပီး တစ္ရက္အၾကာမွာပင္ ဝမ္၏ ကမာၻ႔ေဟာင္မန္း အသင္းသည္တ႐ုတ္ႏိုင္ငံ၊ ဖူဂ်ီယန္ျပည္နယ္တြင္ “ေဟာင္မန္း- ျမန္မာ” အမည္ေပးထားသည့္ အြန္လိုင္းပလက္ေဖာင္းအသစ္တစ္ခုကို WeChat အမ်ားသုံးအေကာင့္ျဖင့္မွတ္ပုံတင္ခဲ့သည္။
အဆိုပါ ဝက္ဆိုဒ္တြင္တင္ထားသည့္ အေၾကာင္းအရာအမ်ားအရ ေဟာင္မန္း ျမန္မာသည္ တ႐ုတ္၏ အေရးႀကီးသည့္ ႏိုင္ငံျခားေရးမူဝါဒမ်ားျဖစ္ေသာ “တ႐ုတ္လူမ်ိဳးမ်ား ျပန္လည္ေပါင္းစည္းေရးကို ပံ့ပိုးေပးရန္၊ တ႐ုတ္−ျမန္မာဆက္ဆံေရး၊ ျမန္မာ့စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈ ႏွင့္ခါးပတ္တစ္ကြင္း လမ္းတစ္စင္းစီမံကိန္း ကိုျမႇင့္တင္ရန္” တို႔ကို ေထာက္ခံအားေပးရန္ ရည္႐ြယ္သည္။
ဝမ္ေကာက္ကြိဳင္ကို ၂၀၀၀ျပည့္ႏွစ္တြင္ ျမန္မာေစ်းကြက္သို႔ ၀င္ေရာက္လာေသာ“မ်ိဳးခ်စ္စိတ္ျပင္းထန္သည့္ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံသူ” ဟု ေဖာ္ျပသည္။ အဆိုပါဝက္ဆိုဒ္တြင္ ျမန္မာႏိုင္ငံရွိ တ႐ုတ္၏ပိုင္ဆိုင္မႈမ်ားကို ကာကြယ္ေပးမည္ ေဟာင္မန္းအသင္း၏ အစီအမံမ်ားကိုလည္း ေဖာ္ျပထားသည္။ ထို႔ျပင္ ကိုးကန႔္နယ္ျခားေစာင့္တပ္၏ ဦးေဆာင္မႈေအာက္တြင္ရွိသည့္ ေဘေရွာင္ ကုမၸဏီႏွင့္ပူးေပါင္းမႈကို မိတ္ဆက္ထားသည္။
သို႔ေသာ္ ဝမ္၏မိတ္ဖက္မ်ားမွာ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ တရားမဝင္ ကာစီႏိုေလာင္းကစားလုပ္ငန္းမ်ားတြင္ အႀကီးအက်ယ္ပါဝင္ေနသူမ်ားျဖစ္ေၾကာင္းကို ခ်န္လွပ္ထားသည္။
“ဝမ္ေကာက္ကြိဳင္၏ ၾသဇာလႊမ္းမိုးမႈကိုအေျခတည္ကာ (ေဟာင္မန္းအသင္း)သည္ ကိုးကန႔္ေဒသတြင္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေသခ်ာေပါက္ ျမႇင့္တင္ေပးႏိုင္သည္။ ျမန္မာ့ေစ်းကြက္ကိုဖြင့္လွစ္ကာ ထိုမွတစ္ဆင့္ ျမန္မာႏိုင္ငံ၏ အခ်က္အျခာက်သည့္ ေနရာသို႔ထိုးေဖာက္ႏိုင္သည္” ဟု အဆိုပါ၀က္ဆိုဒ္တြင္ အာမခံေရးသားထားသည္။
ရာဇ၀တ္ဂိုဏ္းေတြကို တ႐ုတ္ႏွိမ္နင္းေနသလား
ထိုင္း−ျမန္မာနယ္စပ္သည္ တပ္မေတာ္၏ ရက္စက္ၾကမ္းၾကဳတ္မႈေၾကာင့္ ထြက္ေျပးလာသည့္ဒုကၡသည္မ်ားကို တင္းတင္းက်ပ္က်ပ္ပိတ္ဆို႔ထားေၾကာင္း သတင္းမ်ားထြက္ေပၚေနေသာ္လည္း တ႐ုတ္လူမ်ိဳးမ်ားမွာမူ ထိုင္းနယ္စပ္ႏွင့္ တ႐ုတ္နယ္စပ္ကိုျဖတ္ေက်ာ္ကာ ျမန္မာႏိုင္ငံအတြင္း တရားမဝင္ ဝင္ေရာက္သြားလာေနပုံရသည္။
ေဖေဖာ္ဝါရီ ၂၁ ႏွင့္ ၂၄ရက္မ်ားတြင္ တ႐ုတ္ရဲမ်ားသည္ ျမန္မာေလာင္းကစားၿမိဳ႕မ်ား သို႔သြားမည့္ တ႐ုတ္တ႐ုတ္ရာဇ၀တ္ဂိုဏ္းႏွစ္ဖြဲ႕ ကိုဖမ္းဆီးႏိုင္ခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ မေရမတြက္ႏိုင္သည့္ တ႐ုတ္လူမ်ိဳးအမ်ားအျပားသည္ ေလာင္းကစား႐ုံမ်ားတည္ရွိရာ ေဒသမ်ားတြင္ ေရာက္ႏွင့္ေနၿပီးျဖစ္သည္။
လြန္ခဲ့ေသာငါးႏွစ္တာကာလအတြင္း ေဘဂ်င္းအစိုးရသည္ တရားမ၀င္အြန္လိုင္းေလာင္းကစားလုပ္ငန္းမ်ား၊ မသမာမႈမ်ားႏွင့္ အျခားနယ္စပ္ျဖတ္ေက်ာ္ ရာဇ၀တ္လႈပ္ရွားမႈမ်ား ပေပ်ာက္ေရးအတြက္ အဆင့္ျမင့္ေဆာင္႐ြက္ခ်က္အမ်ားအျပား လုပ္ေဆာင္ခဲ့သည္။ ဖမ္းဆီးမႈမ်ား ျမင့္တက္ေနဆဲမွာပင္ ၀မ္ေကာက္ကြိဳင္သည္ အံ့ၾသစရာေကာင္းစြာ ကင္းလြတ္ခြင့္ရေနသည္။ ယင္းကာလအတြင္း တ႐ုတ္ျပည္မႀကီးႏွင့္ ေဒသတစ္လႊားရွိ သူ၏လုပ္ငန္းမ်ားကို တိုးခ်ဲ႕လာပုံရသည္။
မ်ားျပားလွေသာ ဒီဂ်စ္တယ္ေငြေၾကးေရာင္းဝင္မႈ အစီအစဥ္မ်ားအျပင္ ဝမ္သည္ “ေဟာင္မန္း” ေဟာ့ေပါ့ဆိုင္မ်ားကို တ႐ုတ္ႏိုင္ငံအႏွံ႔တြင္ ဖြင့္လွစ္ခဲ့ၿပီး သူ႔ကိုယ္ပိုင္ အေဖ်ာ္ယမကာမ်ား ေရာင္းခ်ခဲ့သည္။
သတင္းမီဒီယာမ်ားက ဝမ္သည္ မေလးရွားအစိုးရ၏ အေရးယူခံရျခင္းမွ ထြက္ေျပးတိမ္းေရွာင္ေနရေၾကာင္း ေရးသားေနၾကေသာ္လည္း တ႐ုတ္ႏိုင္ငံတြင္ ထိုကိစၥရပ္မ်ိဳး မျဖစ္ႏိုင္ေပ။ သူသည္ လြန္ခဲ့သည့္ႏွစ္တစ္ေလွ်ာက္လုံး တ႐ုတ္အစိုးရ အဆင့္ျမင့္အရာရွိႀကီးမ်ားႏွင့္ ေကာ္ပိုရိတ္လုပ္ငန္းမွ အရာရွိမ်ားႏွင့္ အခမ္းအနားမ်ား က်င္းပေနခဲ့သည္။
ဝမ္သည္ မတ္လေႏွာင္းပိုင္း တြင္ ေဘဂ်င္း၌ ႏိုင္ငံတကာစီးပြားေရးႏွင့္ နည္းပညာပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ေရးအသင္း(CAPC)၏ ျပည္ပေပါင္းစည္း ေဆာင္႐ြက္ေရးလုပ္ငန္းအဖြဲ႕မွ အရာရွိမ်ားႏွင့္ေတြ႕ဆုံခဲ့သည္။ ယင္းအဖြဲ႕၏ဥကၠဌ ေက်ာင္း႐ႊယ္က သူ၏ ” မ်ိဳးခ်စ္စိတ္ဓာတ္” ႏွင့္ ႏိုင္ငံရပ္ျခား ပံ့ပိုးကူညီေပးမႈမ်ားအတြက္ ဂုဏ္ထူးေဆာင္ဆုခ်ီးျမႇင့္ခဲ့သည္။ ထူးျခားအေရးပါသည့္ ျဖစ္ရပ္တစ္ခုျဖစ္သည္။
CAPC သည္ အစိုးရေက်ာေထာက္ ေနာက္ခံျပဳထားသည္ အစိုးရမဟုတ္သည့္အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး တ႐ုတ္ျပည္သူ႔ႏိုင္ငံေရးအတိုင္ပင္ခံညီလာခံ (CPPCC) ၏ ဒုဥကၠဌ ၀မ္အန္း ဦးေဆာင္မႈေအာက္ရွိ တ႐ုတ္သိပၸံႏွင့္နည္းပညာအသင္းက တိုက္႐ိုက္အုပ္ခ်ဳပ္သည္။ CPPCC သည္ အဓိကက်သည့္ ႏိုင္ငံေရးအႀကံေပးအဖြဲ႕ျဖစ္ၿပီး ကြန္ျမဴနစ္ပါတီႏွင့္အစိုးရ၏ မူဝါဒမ်ားခ်မွတ္ရန္ လုပ္ေဆာင္ရသည့္အဖြဲ႕ျဖစ္သည္။
အဆိုပါအဆင့္ျမင့္အႀကံေပးအဖြဲ႕ႏွင့္ ထင္ရွားသည့္ ရာဇဝတ္ေကာင္ႏွင့္ ပတ္သတ္ဆက္ႏြယ္မႈသည္ ေမးခြန္းထုတ္စရာမ်ားျဖစ္လာသည္။ အထူးသျဖင့္ ေဖေဖၚဝါရီလတြင္ မေလးရွားအစိုးရက ဝမ္အား ဖမ္းဝရမ္းထုတ္လိုက္ၿပီးေနာက္ ၎တို႔၏ဆက္ႏြယ္မႈအေပၚ ေမးခြန္းထုတ္မႈမ်ား ျမင့္တက္လာခဲ့သည္။
CAPC သည္ ဝမ္ႏွင့္ မပူးေပါင္းမွီ ၎၏ေနာက္ေၾကာင္းကို မစုံစမ္းမိတာမ်ိဳး ျဖစ္ႏိုင္သလို၊ ေဒသတစ္ဝွမ္းရွိ အထက္တန္းလႊာမ်ားအေပၚ ဝမ္၏ၾသဇာလႊမ္းမိုးမႈမွ အက်ိဳးအျမတ္ရႏိုင္သည္ ဟု CAPC ကတြက္ဆျခင္းမ်ိဳးလည္း ျဖစ္ႏိုင္သည္။ တနည္းအားျဖင့္ အေရွ႕ေတာင္အာရွႏွင့္ တ႐ုတ္ရဲဌာနမ်ားအၾကား အဆက္အသြယ္ ျပတ္ေတာက္မႈေၾကာင့္လည္း ျဖစ္ႏိုင္သည္။
အာဆီယံကို ဂယက္႐ိုက္လာသည့္ နယ္စပ္ျဖတ္ေက်ာ္တ႐ုတ္ရာဇ၀တ္မႈမ်ား
တပ္မေတာ္၏ အၾကမ္းဖက္မႈေၾကာင့္ ျပန္လည္အသက္ဝင္လာသည့္ ရာဇ၀တ္ကြန္ရက္မ်ားသည္ အုပ္ခ်ဳပ္ေရးႏွင့္ တရားဥပေဒစိုးမိုးေရးအေပၚ ၿခိမ္းေျခာက္လာသည္ႏွင့္အမွ် ကရင္ျပည္နယ္တြင္ အေစာပိုင္းက ျဖစ္ပြားခဲ့သည့္အတိုင္း စစ္တပ္၏ အက်င့္ပ်က္ျခစားသည့္ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျမင့္တက္လာႏိုင္သည့္ အႏၲရာယ္ကလည္း တိုးလာေနသည္။
ဥပမာအားျဖင့္ ရည္မွန္းခ်က္ႀကီးသည့္ ေဟာင္မန္းအသင္းသည္ စစ္တပ္ကို သြယ္ဝိုက္အကာအကြယ္ေပးျခင္းျဖင့္ ျမန္မာျပည္တြင္ ေျခကုပ္ယူလာႏိုင္သည္။ အထူးသျဖင့္ တ႐ုတ္နယ္စပ္တစ္ေၾကာရွိ ေဒသမ်ားတြင္ အေျခစိုက္ႏိုင္ရန္ ႀကိဳးပမ္းလာႏိုင္ၿပီး အေရွ႕ေတာင္အာရွႏွင့္ တ႐ုတ္ႏိုင္ငံတစ္ေလွ်ာက္ရွိ လုပ္ငန္းမ်ားလည္ပတ္ရန္ ေတာင့္တင္းခိုင္မာသည့္ အေျခစိုက္စခန္း တစ္ခုျဖစ္လာႏိုင္သည္။
ျမန္မာႏိုင္ငံ၏ အုပ္ခ်ဳပ္ေရးအေျခအေနမွာ လွ်င္ျမန္စြာယိုယြင္းယုတ္ေလ်ာ့လာသည္ႏွင့္အမွ် အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း(အာဆီယံ) ႏိုင္ငံမ်ားသည္ တ႐ုတ္ရာဇဝတ္ကြန္ရက္မ်ား ပ်ံ႕ႏွံ႔လာသည့္ အႏၲရာယ္ႏွင့္ရင္ဆိုင္လာရသည္။
ဥပမာအေနျဖင့္ ထိုင္းႏိုင္ငံတြင္ ေဟာင္မန္းအသင္း၏ ဌာနခြဲသည္ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ေရာင္းဝယ္မႈမ်ား လြယ္ကူေခ်ာေမြ႕ေစရန္ ရည္႐ြယ္ထားသည့္ ေငြေပးေခ်မႈစနစ္အသစ္မ်ားႏွင့္ e-commerce ပလက္ေဖာင္းမ်ားအား ျမႇင့္တင္ျခင္းအပါအ၀င္ ၎တို႔၏ လုပ္ငန္းမ်ားကို အရွိန္ျမႇင့္လုပ္ေဆာင္လာသည္။ ဤအေတာအတြင္း ဝမ္ေကာက္ကိုင္၏ မိတ္ေဆြတစ္ဦး မေလးရွားႏိုင္ငံတြင္ ဖမ္းဆီးခံလိုက္ရသည္။
Bitcoin လိမ္လည္မႈတြင္ ပါဝင္ပတ္သတ္ခဲ့မႈေၾကာင့္ အဖမ္းခံရျခင္းျဖစ္ၿပီး ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ ၎တို႔၏ သန္းခ်ီပိုင္ဆိုင္မႈမ်ားကို စြန႔္ခြာထြက္ေျပးခဲ့ရသည္။
ေဒသတြင္းအစိုးရမ်ားသည္ ျမန္မာႏိုင္ငံတြင္ စစ္တပ္အာဏာသိမ္းမႈ၏ အက်ိဳးဆက္ေၾကာင့္ ျဖစ္ေပၚေနသည့္ ကေသာင္းကနင္း၊ ဖ႐ိုဖရဲျဖစ္မႈမ်ားေၾကာင့္ တိုင္းျပည္၏နယ္နိမိတ္ျပင္ပတြင္ မတည္ၿငိမ္မႈမ်ား ျဖစ္ပြားလာႏိုင္သည္ကို သတိခ်ပ္သင့္သည္။
တရားဥပေဒစိုးမိုးမႈကင္းမဲ့ေနသည့္ ျမန္မာႏိုင္ငံသည္ ေဒသတြင္းႏိုင္ငံမ်ား၏ ဘ႑ာေရးအင္စတီက်ဴးရွင္းမ်ားႏွင့္ အက်င့္ပ်က္ခ်စားေနသည့္ အုပ္ခ်ဳပ္ေရးကို ႏွိမ္နင္းရန္ ႀကိဳးပမ္းမႈမွန္သမွ်အေပၚ ႐ိုက္ခတ္မႈမ်ားရွိေနၿပီး ႏိုင္ငံျဖတ္ေက်ာ္တ႐ုတ္ရာဇဝတ္ကြန္ရက္မ်ားအတြက္ ဖန္တီးေပးလိုက္သည့္အခြင့္အေရးမ်ားသည္ ႀကဳံေတြရမည့္စိန္ေခၚမႈမ်ားအနက္ ခ်က္ခ်င္းလက္ငင္းထြက္ေပၚလာသည့္ သိသာအထင္ရွားဆုံးျပ႐ုပ္တစ္ခုပင္ျဖစ္သည္။
(ဧၿပီလ ၂၁ ရက္ေန႔ USIP တြင္ေဖာ္ျပခဲ့သည့္ Jason Tower ၏ Chaos Sparked by Myanmar Coup Fuels Chinese Cross-border Crime ေဆာင္းပါးအား လက္ရွိအေျခအေနမ်ားႏွင့္ထင္ဟက္ေနဆဲျဖစ္ေသာေၾကာင့္ ဘာသာျပန္ဆိုထားျခင္းျဖစ္ပါသည္။)
Khit Thit Media