ၾကားသိရသမွ်

ကြမ်း ပိုး တစ်ကောင် ကြောင့် စည်းစိမ်ကုန် မတတ် ဖြစ်ခဲ့ ရတဲ့ က အိမ်ရှင်

မဂ်လာပါ ပရိတ်သတ်ကြီးရေ

ကယ်လီဖိုးနီးယားပြည်နယ် အင်ဂယ်ဝုဒ် မြို့ မှာ ကြမ်းပိုးတစ်ကောင် ကြောင့်

ဒေါ်လာ ၁သန်းကျော် လျော်ကြေးပေးလိုက်ရတဲ့ ဖြစ်စဉ် တစ်ခု တကယ် ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်ပုံကတော့ အမေရိကန်နိုင်ငံ အင်ဂယ်ဝုဒ်မြို့မှာ နေထိုင်တဲ့ အိမ်ငှါးလင်မယားဟာ သူတို့ရဲ့ကလေးကို ကြမ်းပိုးတစ်ကောင်က ကိုက်လိုက်တာကြောင့် အိမ်ပိုင်ရှင်ကို တရားစွဲဆိုခဲ့လိုက်တာပဲ ဖြစ်ပါတယ်။

ကြမ်းပိုးကိုက်လိုက်တာကြောင့် ထိုသုံးနှစ်အရွယ်ကလေးလေးမှာ တစ်ကိုယ်လုံး အနီစက်တွေ ဖြစ်သွားလို့ ဆေးရုံကို အမြန်ပြေးခဲ့ရပါတယ်။

ဆရာဝန်ပြကြည့်တဲ့အခါ အကောင်ကိုက်လို့ ဖြစ်တာကို သိခဲ့ရပြီး အိမ်ရောက်တဲ့အခါ တစ်အိမ်လုံးရှာဖွေကြည့်လိုက်တော့ ကြမ်းပိုးတွေကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါနဲ့ပဲ အိမ်ရှင်အိမ်ငှါး ကုမ္ပဏီကို ဖုန်းဆက်ပြီး ပရိဘောဂတွေကိုလဲပေးဖို့ပြောပေမယ့်လည်း အဖြူရောင်ဆေးမှုန့်တွေကိုသာ လာဖြူးပေးသွားခဲ့ပါတယ်။

ဒီနောက်မှာတော့ တစ်ခြားအိမ်အသစ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အရင်နေခဲ့တဲ့ အိမ်ရှင်ကို တရားစွဲဆိုခဲ့ပါတယ်။

တရားရုံးကတော့ ဒီအမှု ကို စီရင် ပေးခဲ့ပြီး နစ်နာကြေး အဖြစ်ဒေါ်လာ ၁သန်းကျော် ပေးဆောင်ဖို့ အတွက် စီ ရင် ချက် တကယ် ချ ခဲ့ ပါ တယ် ။

လျော် ကြေးရ ရှိ ပေ မယ့် လည်း ကြမ်းပိုး ကိုက်ခံခဲ့ရတဲ့ ကလေး လေးရဲ့ အမာ ရွတ် တွေ ခုထိ မပျောက် သေးဘူးလို့ လည်း သိ ရ ပါ တယ်..

တော် တော် လည်း ဆန်း ကြယ် တဲ့ ဖြစ် ရပ် လို့ပြောရမ လို ပါ ပဲ နော်

အခုလို ဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ခြင်းစီတိုင်းကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ c r d