ၾကားသိရသမွ်

အင်အားမမျှတဲ့တိုက်ပွဲမှာတောင် နောက်မဆုတ်တမ်းရင်ဆိုင်ရင်း သိက္ခာရှိရှိ အသက်စွန့်သွားခဲ့တဲ့ ဒီပဲယင်း PDF လူငယ်လေးတွေ

ဒီပဲယင်း PDF နဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့စဉ်မှာ စစ်ကောင်စီ တပ်ဖက်က အင်အားအလုံးအရင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တူးမီးသေနတ်ကိုင်ခဲ့တဲ့ PDF တွေအနေနဲ့ကတော့ အင်အား (၃၀) (၄၀) ဝန်းကျင်လောက်ပဲရှိခဲ့ပါတယ်။

လူအင်အားချင်းလည်း မမျှသလို လက်နှက်အင်အားချင်းလည်း ယှဉ်လို့မရနိုင်ပေမယ့် ဒီပဲယင်းနယ်သားတွေရဲ့ ရဲရင့်မှုကတော့ ချီးကျူးစရာကောင်းလွန်းပါတယ်။ တပ်ဆုပ်ဖို့သတိပေးနေပေမယ့် လုံးဝနောက်မဆုတ်ဘဲ အဆုံးထိတိုက်ပွဲဝင်ရင်းနဲ့ပဲ အသက်စွန့်သွားတဲ့အထိကို သူတို့ရဲ့ သတ္တိက ပြောင်မြောက်လွန်းခဲ့ပါတယ်။

အသက်ငယ်ငယ် လူငယ်လေးတွေပေမယ့် ခံယူချက်နဲ့ စိတ်ဓာတ်ကတော့ လက်ဖျားခါလောက်ပါတယ်။

ဒီတိုက်ပွဲမှာ လက်နှက်အကောင်းစားတွေမရှိဘဲ တူးမီးသာကိုင်ရတဲ့ PDF လူငယ်လေးတွေ အယောက် (၂၀) ကျော်ကျဆုံးခဲ့ရပါတယ်။ စစ်ကောင်စီတပ်အနေနဲ့ သေနတ်တင်မကဘဲ RPG တွေနဲ့ပါ ဆက်တိုက် ထုခဲ့တာကြောင့် အခုလိုအထိနာခဲ့ရတာပါ။

လက်နှက်ကောင်းတွေမရှိ စစ်ရေးဗျူဟာမကြွယ်ဝပေမယ့် ယုံကြည်ချက်နဲ့ မခံချင်စိတ်တွေကတော့ သွေးထဲမှာ အပြည့်ဆိုတာ အသက်နဲ့ရင်းပြီး သက်သေပြသွားခဲ့တဲ့ ဒီပဲယင်းနယ်သားလေးတွေရဲ့ ရဲစွမ်းသတ္တိကတော့ သမိုင်းကောင်းအဖြစ်နဲ့ ကျန်ရစ်ခဲ့ဦးမှာပါ။

နွေဦးကစခဲ့တဲ့တော်လှန်ရေးဟာ မိုးဦးရောက်ချိန်ထိလည်း မပြီးဆုံးနိုင်သေးပါဘူး။ ဘယ်လောက်ပဲ သံသရာရှည်ရှည် ဒီမိုကရေစီခရီးကို အဆုံးထိလျှောက်ကြဖို့ အားလုံးက တညီတညွတ်တည်း ရှိနေခဲ့ပါတယ်။

ရင်းနှီးပေးဆပ်ခဲ့ရတဲ့ အသက်သွေးချွေးတွေကို အလဟဿမဖြစ်စေဖို့ ပြည်သူတွေကလည်း ရတဲ့ဖက်ကနေ ဆန့်ကျင်တော်လှန်နေကြဆဲပါပဲ။

အနယ်နယ်အရပ်ရပ်က PDF တွေကလည်း ပြည်သူ့အောင်ပွဲကို အကောင်းဆုံးနည်းနဲ့ယူဆောင်လာပေးနိုင်ဖို့အတွက် စစ်ပညာတွေ သွားရောက်သင်ကြားပြီး မြို့ပြပြောက်ကျားစစ်တွေ ဆင်နွှဲနေခဲ့ပါတယ်။

တိုင်းပြည်က အကျဖက်ကိုရောက်လာသည့်တိုင် ပြည်သူတွေဟာ အချင်းချင်းကူညီဖေးမပေးနေဆဲပါပဲ။ အရင်ကထက်ပိုပြီး စည်းလုံးသွားတဲ့ ပြည်သူတွေရဲ့ညီညွတ်မှုဟာ စစ်အာဏာရှင်ကို အမြစ်ပြတ်ဖြုတ်ချနိုင်ဖို့ လက်နက်ကောင်းတစ်ခုဖြစ်လာမယ်ဆိုတာ သေချာနေပါတယ်။

သတင်းအရင်းမြစ်: နေရိုင်း’s FB Acc