ၾကားသိရသမွ်

လီအန်ဒိုလ်ကိုအနိုင်ယူနိုင်ခဲ့ရင်အောင်လအန်ဆန်းဘာဖြစ်နိုင်မလဲ

လီအန်ဒိုလ်ကိုအနိုင်ယူနိုင်ခဲ့ရင်အောင်လအန်ဆန်းဘာဖြစ်နိုင်မလဲ။

ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ One championship ရဲ့ ဝိတ်တန်မြင့်ကစားသမားရှားပါးမှုပြသနာပါ။ One Championship ရဲ့ မစ်ဒယ်ဝိတ်တန်းနဲ့အပေါ်ဘက်ဝိတ်တန်းကြီးတွေမှာကစားတဲ့ကစားသမားဦးရေဟာ လက်ချိုးရေလို့ရပါတယ်

ဒါဟာတော်တော်လေးဆိုးရွားတဲ့ပြသနာပါတစ်ခုပါ။

အောင်လနဲ့ ထိုးသတ်မယ့် လီအန်ဒရိုအားတိုင်းဒီးစ်ဟာ One Championship မစ်ဒယ်ဝိတ်တန်းရဲ့ ထိပ်ပိုင်းဖိုက်တာတစ်ယောက်ဖြစ်ပါတယ်သူအနိုင်ယူခဲ့တဲ့

ကစားသမားစာရင်းမှာ အရင်ချန်ပီယံဖြစ်တဲ့အောင်လခက်ခက်ခဲခဲအနိုင်ယူလာရတဲ့ ဘစ်ဒက်ရှ်လိုဖိုက်တာမျိုးတောင်ပါဝင်နေပါတယ်။

အဲ့ဒါကြောင့် အောင်လဟာ ဒီပွဲနိုင်ရင် ချန်ပီယံလုခွင့်ပြန်ရဖို့များပါတယ်။ ဒါကကစားသမားရှားပါးမှုပြသနာကြောင့်လဲပါဝင်သလို UFC မှာဆိုရင်လည်း အချိန်အကြာကြီး

ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ဖိုက်တာတစ်ယောက်ဟာ ခါးပတ်ပြုတ်သွားရင်တောင် ထိပ်တန်းဖိုက်တာတစ်ယောက်ကို ပြတ်ပြတ်သားသားပြန်အနိုင်ယူပြနိုင်ရင် ခါးပတ်လုခွင့်ပြန်ရတတ်တာပုံမှန်ပါဘဲ။

အဲ့ဒါကြောင့် ဒီပွဲဟာ အောက်လအန်ဆန်အတွက်ရော ၊ သူ့ပြိုင်ဖက် လီအန်ဒရိုအတွက်ရော အရမ်းကို အရေးကြီးတဲ့ပွဲပါ။ လီအန်ဒရိုကလည်း ဒီပွဲကို အနိုင်ရရှိရင် ချန်ပီယံလုခွင့်ကိုရရှိမှာ အသေအချာပါဘဲ။

အောင်လအနေနဲ့လည်း နှစ်ပွဲဆက်ရှုံးနိမ့်ပြီးနောက် နိုင်ပွဲဆာလောင်မှု ပြင်းထန်နေမယ်ဆိုတာတော့အသေအချာပါဘဲ။ ပွဲကတော့ ချန်ပီယံခါးပတ်ပွဲ မဟုတ်တာကြောင့် သုံးချီဘဲထိုးရမှာပါ။

source: Martial arts Mania Myanmar