ဗဟုသုတ

ရောဂါပေါင်း၂၆ မျိူးကျော်ကိုသက်သာစေတဲ့ ကြိတ်မှန်ပင်

ရောဂါပေါင်း၂၆ မျိူးကျော်ကိုသက်သာစေတဲ့ ဆေးဖက်ဝင် ကြိတ်မှန်ပင်

(၁) အပင်တစ်ပင်လုံး (ပဉ္စငါးပါး) ပြုတ်ရည်ကို အားတိုးဆေးအဖြစ်လည်းကောင်း၊ အသည်းရောင် ရောဂါနှင့် အရေပြားရောဂါကုဆေးအဖြစ်လည်းကောင်း၊ အသုံးပြုလေ့ရှိပါတယ်။ျ

(၂) အမြစ်ပါမကျန် အပင်တစ်ပင်လုံးကိုကြိတ်၍ ရရှိလာသော သတ္တုရည်နှစ်စက်ခန့်ကို ပျားရည်နှင့် ရော၍ မွေးကင်းစကလေးများကို တိုက်ကျွေးပေးခြင်းဖြင့် နှာစေးချောင်းဆိုးရောဂါတို့ကို ပျောက်ကင်း စေပါတယ်။

(၃) ဆံံပင်ကျန်းမာရေးအတွက် ကြိတ်မှန်ပင်ကို အောက်ပါနည်းလမ်းအသွယ်သွယ်တို့ဖြင့် အသုံးပြု နိုင်ပါတယ်။

(က) ဆံပင်ပေါက်မှုကို အားပေးသည့်အပြင် ဆံပင်ကိုနက်မှောင်သန်စွမ်းစေပါတယ်။ အပင်တစ်ပင် လုံးကို ကြိတ်ချေ၍ ရလာသောသတ္တုရည်ကို ဆံပင်နက်ဆိုးဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ၎င်းအ ရည်ဖြင့် ဦးရေပြားကိုနှိပ်နယ်ပေးခြင်းဖြင့်လည်း ဆံပင်သန်စွမ်းစေပါတယ်။

(ခ) ကွမ်းရွက်၊ ကြိတ်မှန်ရွက်၊ မြင်းခွာရွက်၊ ထောလပတ်ရွက်၊ လက်ဖက်ပုပ်နှင့် ဆီးဖြူသီး စတဲ့ ခြောက်မျိုးကို အလေးချိန်ပမာဏ ဆတူရောထောင်း၍ ကြိတ်ချေပါ။

ရလာသည့် ၎င်းခြောက်မျိုး၏အ ရည်ကို အုန်းဆီစစ်စစ်နှင့် ဆတူရောစပ်၍ အညိုရောင်ဖန်ပုလင်းသန့်သန့်ထဲမှာ ထည့်သိမ်းပြီး နေ့စဉ် လိမ်းပေးခြင်းဖြင့် မကြာမီဆံသားများ နက်မှောင်တောက်ပြောင်လာပါလိမ့်မယ်။

၎င်းဆံပင်နက်လိမ်း ဆေးဆီလိမ်းရင်း တရော်ကင်ပွန်သီးတို့ဖြင့် ခေါင်းလျှော်ပေးပါ။ ခေါင်းမလျှော်မီ တစ်ရက်ကြို၍ ည ဘက်မှာဆံပင်နက်အုန်းဆီကို များများလိမ်း၍အိပ်ပြီး နံနက်မှာခေါင်းလျှော်ပါ။

၎င်းဆံပင်နက်အုန်းဆီ ကို လိမ်းပေးခြင်းဖြင့် အရွယ်မတိုင်မီ ဆံပင်ဖြူသူရော၊ ဇရာကြောင့်ဆံပင်ဖြူသူများအတွက်ပါ ဆံသား နှင့်ဦးရေတို့ကို ကျန်းမာစေပြီး ဆံပင်တွေ နက်မှောင်လာစေနိုင်ပါတယ်။

(ဂ) ကြိတ်မှန်ရွက်နှင့် နှမ်းနက်တို့ကို ဆတူရောကာ အမှုန့်ပြုပြီး နွားနို့နှင့်အမြဲမှီဝဲ သောက်သုံးပေး ခြင်းဖြင့် အနာရောဂါများကင်းစင်၍ အသက်ရှည်ကာ ဆံပင်များနက်မှောင်လာစေနိုင်ပါတယ်။

(ဃ) ကြိတ်မှန်ရွက်၊ မန်ကျီးသီး၊ ဆီးဖြူသီးတို့ကိုရောပြီး ညက်စွာကြိတ်၍ မှီဝဲစားသုံးခြင်းဖြင့် ဆံပင် ကျွတ်ခြင်းနှင့် ထိပ်ပြောင်ခြင်းတို့ သက်သာလာပြီး ဆံပင်ပြန်ပေါက်လာပါလိမ့်မယ်။

(၄) အရွက်ကို ချောင်းဆိုး၊

ခေါင်းကိုက်ရောဂါ၊ အဆစ်ရောင်ရောဂါ၊ ထိပ်ပြောင်မွှေးကျွတ်ရောဂါ၊ အကြိတ်နာ၊ မီးယပ်ထိန်ခြင်းနှင့်

ကာလသားရောဂါများအတွက် အသုံးပြုနိုင်သလို၊ ချွေးပေါက်ဖွင့်ဆေး၊ အနာအုံဆေးနှင့် ဖန်ဆေး (အနာသန့်စင်ဆေး) အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

(၅) ကြိတ်မှန်ရွက် လတ်လတ်ဆတ်ဆတ်ကို နေရိပ်ထဲမှာ အခြောက်လှန်း၍ အမှုန့်ထောင်းပါ။ ထိုအမှုန့်နှင့် နွားနို့ကိုတစ်လတိတိသောက်ပေးခြင်းဖြင့် ယိုင်နဲ့နေသောသွားများလည်း ခိုင်မာလာစေပါ တယ်။

တစ်နှစ်သောက်ခဲ့ပါက မျက်စိကန်းနေသူများလည်း အမြင်သန်နိုင်ပါတယ်။ ဆွံ့အနေသောသူ များပင် စကားပြောနိုင်ပါလိမ့်မယ်။ နားပင်းသူများ အသံကြားလာပါလိမ့်မယ်။

(၆) ကြိတ်မှန်ပင် အစိုတစ်ပင်လုံးကို ညက်ညက်ကြိတ်ချေပြီး နှမ်းနက်၏အဆီ (နှမ်းနက်ဆီ) ဖြင့် ချက်ကာ ကိုယ်ရေပြားရောဂါ အနူစွဲခြင်းများကို လိမ်းပေးခြင်းဖြင့် ရောဂါပျောက်ကင်းစေပါတယ်။

(၇) ကြိတ်မှန်ရွက် သတ္တုရည်နှင့် ပင်စိမ်းရွက် သတ္တုရည်တို့ကိုဆတူရော၍ တစ်နေ့နှစ်ကြိမ်ခန့် မီးလောင်နာပေါ်တွင် လိမ်းပေးခြင်းဖြင့် အပူလောင်ခြင်း လုံးဝပျောက်ကင်းစေရုံသာမက အမာရွတ် လုံးဝမကျန်စေတော့ပေ။

(၈) ကြိတ်မှန်ရွက်နှင့် ခွေးသေးပန်းရွက်တို့ကို ရှိန်းခိုအနည်းငယ်ထည့်ကြိတ်၍ ရလာသောထိုဆေး ရည်အနှစ်တို့ကို – –

(က) ကလေးနှာပိတ်ခြင်းအတွက် ငယ်ထိပ်မှ နှာခေါင်းအထိဆွဲချပေးပါ။ –

(ခ) ကျောပူ၊ ခေါင်းပူ၊ ချွဲထခြင်းအတွက် ငယ်ထိပ်ပေါ်တွင် ပါးပါးလိမ်းပေးပါ။ –

(ဂ) ကလေးအညှော်မိ၊ သန်ထ၊ သန်ဝမ်းသွား၊ ကျောက်ဝက်သက်၊ ရေကျောက် ရောဂါများအတွက် မိခင်နို့ရည်ဖြင့် ဖျော်ပြီးတိုက်ပေးပါ။

(၉) မီးယပ်သွေးငုပ်ခြင်းအတွက် အရွက်ကို ထန်းလျက်အနက်ရောင်ဖြင့် သုံးခွက်တစ်ခွက်တင် ကြို၍သောက်ပေးခြင်းဖြင့် ရာသီသွေးပေါ်လာစေနိုင်ပါတယ်။ သားဖွားပြီးနောက် သားအိမ်ကိုက်ခဲခြင်း ကိုလည်း ပျောက်ကင်းစေပါတယ်။

(၁၀) နို့တိုက်မိခင်များ

နို့ရည်ခမ်းခြင်းအတွက် ကြိတ်မှန်ရွက်ကို ဟင်းခါးချက်၍ သောက်ပေးပါ။

(၁၁) အရေပြားပေါ်တွင် ရေယုန်ကြီးနာဖြစ်ပါက ကြိတ်မှန်ပင်၏ အမြစ်နှင့် နနွင်းမှုန့်တို့ိကို ရေဖြင့် သွေး၍နေ့စဉ် လိမ်းကျံပေးပါက ပျောက်ကင်းနိုင်ပါတယ်။

(၁၂) ကြိတ်မှန်ရွက်၊ နှမ်းနက်နှင့် ဆီးဖြူသီးခြောက်ကို အလေးချိန်တူယူ၍ အလေးချိန်သုံးဆ သကြားကိုထည့်ရော၍ အမှုန့်ပြုလုပ်ပြီး နေ့စဉ်မပြတ် မှီဝဲစားသုံးခြင်းဖြင့် သက်ရှည်ကျန်းမာ၍ အိုသော အဖြစ်မှ နှေးပါလိမ့်မယ်။

(၁၃) ကြိတ်မှန်ပင် အမြစ်နှင့်နနွင်းကို အရွယ်အစားအညီအမျှ အမှုန့်ထောင်းပြီး လိမ်းပေးပါက လိပ် ခေါင်းရောဂါ ပျောက်ပါတယ်။

(၁၄) ကာလသားရောဂါအတွက် ရှေးတိုင်းရင်းသမားတော်ကြီးများ၏ ဆေးဖော်နည်းဖြစ်ပါတယ်။ ကြိတ်မှန်ရွက်၊ ကြစုသီး၊ သစ်ဆိမ့်သီး၊ နှပ်ချိုမြစ်၊ ကြေးနီမှုန့်၊ သံမှုန့်တို့ကို အညီအမျှအလေးချိန်ယူ၍ မှုန့်ညက်အောင်ထောင်းပြီး အနာရှိရာလိမ်းပါက ပျောက်ကင်းစေပါတယ်။

(၁၅) အကျိတ်ရောဂါအတွက် ပင်စိမ်းရွက်၊ ရွေးဖြူရွက်၊ ဗုံလုံခါးရွက်တို့ကို အညီအမျှစီယူ၍ ၎င်းပမာ ဏ၏သုံးဆမျှပိုသော ကြိတ်မှန်ရွက်သတ္တုရည်တွင်ရော၍ ကြိတ်ပြီး အတောင့်လုပ်ထားပါ။

၎င်းအ တောင့်ကို ဆန်ပုန်းရည်ဖြင့်ရောပြီးလိမ်းပါက အကျိတ်ရောဂါများကို လျက်မြန်စွာ ပျောက်ကင်းနိုင်ပါ တယ်။

(၁၆) နေပူထဲအထွက်များ၍ ခေါင်းအုံး၊ ခေါင်းခဲကိုက်ခြင်းအတွက် ကြိတ်မှန်ရွက်သတ္တုရည်တွင် ဆိတ်နို့ကိုဆတူယူရောပြီး နေရောင်အောက်တွင် လှမ်းပါ။ ပူနွေးနွေးရှိလာသောအခါ ရှူရှိုက်ပေးပါက ထိုရောဂါပျောက်ကင်းစေပါတယ်။

(၁၇) အသားဝါရောဂါအတွက် ကြိတ်မှန်ရွက် သတ္တုရည်ကို ငြုပ်ကောင်းမှုန့်ရော၍ နံနက်စောစော တွင် ဒိန်ရည်ဖြင့်သောက်ပါ။ ခုနှစ်ရက်တိတိဆက်သောက်ပါက ပျောက်ကင်းသွားပါလိမ့်မယ်။

(သို့) အသည်းရောင်အသားဝါနှင့် အသည်းကြီးခြင်းအတွက်ကိုလည်း ကြိတ်မှန်ပင်ကို ကြိတ်၍ရလာသော သတ္တုရည် စားပွဲတင်ဇွန်းနှစ်ဇွန်းကို နေ့စဉ်မှန်မှန်သောက်ပေးခြင်းဖြင့် အသက်ချမ်းသာရာရစေပါတယ်။

(၁၈) ပြဒါးအဆိပ်သင့်ရောဂါအတွက် ကြိတ်မှန်ရွက်သတ္တုရည်၊ ပေါက်ပန်းဖြူရွက်သတ္တုရည်၊ ဆော်ဒါ မှုန့်တို့ကို ဆန်ပုန်းရည်ဖြင့်ရောပြီး တစ်နေ့သုံးကျပ်သားခန့် သောက်ပေးပါက ပြဒါးများသည် ကျင်ငယ် (ဆီး) မှ သက်ဆင်းပျောက်ကင်းပါမယ်။

(၁၉) အဝလွန်၊ အဆီပိုနေသူများအတွက် နေ့စဉ် ညအိပ်ရာဝင်ချိန်တွင် ကြိတ်မှန်ရွက်သတ္တုရည်ဖြင့် ခန္ဓာကိုယ်ကို လိမ်းပေးပါ။ ခြောက်လတိုင်အောင် ဇွဲရှိရှိဖြင့်ပြုလုပ်ပေးခြင်းဖြင့် များပြားနေသောအဆီ များ လျော့ပါးသွားပြီး အဆီကျိတ်များလည်း ပျောက်ကင်းနိုင်ပါတယ်။

(၂၀) ကလေးငယ်များ စအိုဝတွင် တုတ်ယားယံခြင်းအတွက် ကြိတ်မှန်ရွက်သတ္တုရည်ကို စအိုဝ၌ သုံးကြိမ် (သို့) လေးကြိမ်လူးပေးပါက ပိုးများကျဆင်းလာပါလိမ့်မယ်။

(၂၁) ကြိတ်မှန်ပင်တစ်ပင်လုံးကိုယူ၍ အရိပ်တွင်သွေ့စေကာ အမှုန့်ပြု၍ ထိုအမှုန့်ဖြင့် အလေးချိန်တူ တြိဖလအမှုန့်ရောစပ်ပါ။

ထိုနှစ်မျိုးလုံး၏အလေးချိန်ဖြင့်ညီမျှသော သကြားအလေးချိန်ကိုယူပြီး အမှုန့် ပြုရောစပ်၍ ၎င်းအမှုန့် သုံးမတ်သားကို မှီဝဲစားသုံးခြင်းဖြင့် အစာမကျေရင်ပြည့်ရင်ကယ်ခြင်းနှင့် သွေး အားနည်းရောဂါတို့ ပျောက်ကင်းလာပါလိမ့်မယ်။

(၂၂) နိုင်ငံတကာ သုတေသနစမ်းသပ်ချက်အရ ကြိတ်မှန်ပင်ဟာ ဗီတာမင်ကေ၏ အစွမ်းသတ္တိနှင့် တူညီပြီးသွေးတွင်းရှိ prothrob-obin ဓာတ်ကို မြှင့်တင်ပေးသဖြင့် သွေးတိတ်စေကြောင်း၊ ပိုးသတ် ဆေးအာနိသင်ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။

ဒါကြောင့်လည်း ကြိတ်မှန်ပင်များကို မီးဖွားသည့် ကိစ္စများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ခွဲစိတ်ရာတွင်လည်းကောင်း ထည့်သွင်းအသုံးပြုကြပါ တယ်။

ဒါ့အပြင် ချောင်းဆိုးသွေးပါ၊ ဝမ်းကိုက်သွေးပါ၊ မီးယပ်သွေးများခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ လိပ်ခေါင်းသွေးယိုခြင်း၊ သွေးအန်ခြင်း၊ ဆီးတွင်သွေးပါခြင်း၊ ဒဏ်ရာသွေးထွက်ခြင်းတို့အတွက်လည်း ကြိတ်မှန်ပင်ကို သုံးနိုင်ပါတယ်။

(၂၃) ကြိတ်မှန်ရွက်ကို ရေနွေးဖြောပြီး ပါးပါးလှီးကာ ကြက်သွန်နီဆီချက်၊ နှမ်းမှုန့်၊ ပဲမှုန့်အကျက်၊ မန်ကျည်းမှည့် (သို့) ရှောက် (သို့) သံပရာရည်၊ ငံပြာရည်တို့ဖြင့် သုပ်စားပေးခြင်းဖြင့် အသားအရည် ကြည်လင်စိုပြည်လာပြီး ဝက်ခြံများလည်းပျောက်ကင်းစေပါလိမ့်မယ်။

အမျိုးသမီးများနှင့် အထူးသင့် လျော်ပါတယ်။

(၂၄) ဆင်ခြေထောက်ရောဂါအတွက် ကြိတ်မှန်တစ်ပင်လုံးကိုကြိတ်၍ နှမ်းဆီဖြင့်ရော၍ လိမ်းပေး သင့်ပါတယ်။

(၂၅) ကြိတ်မှန်ပင်အရွက်နှင့် အမြစ်တို့ကို ကြိတ်ချေ၍သောက်ပေးခြင်းဖြင့် သည်းခြေရည်ကောင်းစွာ ထွက်ရှိစေပါတယ်။

(၂၆) ဆေးဖက်ဝင် ကြိတ်မှန်ရွက်ယိုထိုးနည်း ကြိတ်မှန်ရွက် ပဉ္စငါးပါးကို နုတ်နုတ်စင်းပြီးသား ၂၅ ကျပ်သား၊ ထန်းလျက်သန့်သန့် ၁၀ ကျပ်သား၊ အရည်ညှစ်ပြီးသား ရှောက်သီးဖတ် ၁၀ ကျပ်သား၊ ကြက်သွန်နီ ပါးပါးလှီးပြီးသား ၁၀ ကျပ်သား၊ စမုန်ျ မျိုးငါးပါး

(ဇီယာ-စမုံစပါး-စမွတ်-စမံဖြူ-စမုံဖွဲ) အမှုန့်နှစ်ပဲသားစီ လိုအပ်ပါတယ်။ ၎င်းဆေးအစုတို့ကို အိုးသစ်တစ်လုံးထဲတွင် ဆားသင့်ရုံနှင့် ရေသင့်ရုံထည့်ပါ။ ပြီးနောက် မီးဖိုတွင် ယိုထိုးသလို ထိုးပါ။

ယို အဖြစ်သို့ရောက်လာပါက အအေးခံ၍သန့်စင်သောဘူးသစ်တွင်ထည့်ပြီး အစာနှင့်ဝေးချိန် နံနက်အိပ် ရာထ၊ နေ့လည်-ညအိပ်ရာဝင် တစ်နေ့သုံးကြိမ်စားပေးပါ။

ကြိတ်မှန်ရွက်ယိုဖြင့် ပျောက်ကင်းနိုင်သောရောဂါများမှာ ခံတွင်းပျက်၊ ကိုယ်လက်ဖောရောင်၊ ကိုယ်ဝန် ရှိ ပျို့အန်နာ၊ ကိုယ်ဝန်ပျက်၊ ကြက်မျက်သင့်၊ ချောင်းဆိုးပန်းနာ၊ ခြေတုန်လက်တုန်၊ တစ်ကိုယ်လုံး ယားနာ၊

နှလုံးတုန်ရင်ခုန်၊ နှလုံးရောဂါ၊ ပွေးဝဲနှင်းခူ၊ ဖိုမအင်္ဂါစပ်ရောင်ရောဂါ၊ ဗရင်ဂျီနာ၊ မီးယပ်ကွက်၊ မီးယပ်ခေါင်းကိုက်၊ မီးယပ်ထုံကျင်၊ မေထုံလွန်၊ မျက်စိမှုန်၊ သည်းခြေပျက်၍ ယောင်ပြီးလန့်အော်သော ရောဂါ၊ လေနာ၊

ဝမ်းကိုက်၊ ဝမ်းချုပ်လွန်၊ ဝမ်းသက်လွန်၊ သလိပ်နာ၊ သားအိမ်ကိုက်ခဲ၊ သွေးပုပ်၊ သွေး ဆုံး၊ သွေးလွန၊ သွေးအားနည်း စသည့်ရောဂါများအတွက် လွန်စွာထိရောက်ပါတယ်။

ကြေးမုံသတင်းစာ

Credit

zawgyi

ေရာဂါေပါင္း၂၆ မ်ိဴးေက်ာ္ကိုသက္သာေစတဲ့ ေဆးဖက္ဝင္ ႀကိတ္မွန္ပင္

(၁) အပင္တစ္ပင္လုံး (ပၪၥငါးပါး) ျပဳတ္ရည္ကို အားတိုးေဆးအျဖစ္လည္းေကာင္း၊ အသည္းေရာင္ ေရာဂါႏွင့္ အေရျပားေရာဂါကုေဆးအျဖစ္လည္းေကာင္း၊ အသုံးျပဳေလ့ရွိပါတယ္။်

(၂) အျမစ္ပါမက်န္ အပင္တစ္ပင္လုံးကိုႀကိတ္၍ ရရွိလာေသာ သတၱဳရည္ႏွစ္စက္ခန႔္ကို ပ်ားရည္ႏွင့္ ေရာ၍ ေမြးကင္းစကေလးမ်ားကို တိုက္ေကြၽးေပးျခင္းျဖင့္ ႏွာေစးေခ်ာင္းဆိုးေရာဂါတို႔ကို ေပ်ာက္ကင္း ေစပါတယ္။

(၃) ဆံံပင္က်န္းမာေရးအတြက္ ႀကိတ္မွန္ပင္ကို ေအာက္ပါနည္းလမ္းအသြယ္သြယ္တို႔ျဖင့္ အသုံးျပဳ ႏိုင္ပါတယ္။

(က) ဆံပင္ေပါက္မႈကို အားေပးသည့္အျပင္ ဆံပင္ကိုနက္ေမွာင္သန္စြမ္းေစပါတယ္။ အပင္တစ္ပင္ လုံးကို ႀကိတ္ေခ်၍ ရလာေသာသတၱဳရည္ကို ဆံပင္နက္ဆိုးေဆးအျဖစ္ အသုံးျပဳႏိုင္ပါတယ္။ ၎အ ရည္ျဖင့္ ဦးေရျပားကိုႏွိပ္နယ္ေပးျခင္းျဖင့္လည္း ဆံပင္သန္စြမ္းေစပါတယ္။

(ခ) ကြမ္း႐ြက္၊ ႀကိတ္မွန္႐ြက္၊ ျမင္းခြာ႐ြက္၊ ေထာလပတ္႐ြက္၊ လက္ဖက္ပုပ္ႏွင့္ ဆီးျဖဴသီး စတဲ့ ေျခာက္မ်ိဳးကို အေလးခ်ိန္ပမာဏ ဆတူေရာေထာင္း၍ ႀကိတ္ေခ်ပါ။

ရလာသည့္ ၎ေျခာက္မ်ိဳး၏အ ရည္ကို အုန္းဆီစစ္စစ္ႏွင့္ ဆတူေရာစပ္၍ အညိဳေရာင္ဖန္ပုလင္းသန႔္သန႔္ထဲမွာ ထည့္သိမ္းၿပီး ေန႔စဥ္ လိမ္းေပးျခင္းျဖင့္ မၾကာမီဆံသားမ်ား နက္ေမွာင္ေတာက္ေျပာင္လာပါလိမ့္မယ္။

၎ဆံပင္နက္လိမ္း ေဆးဆီလိမ္းရင္း တေရာ္ကင္ပြန္သီးတို႔ျဖင့္ ေခါင္းေလွ်ာ္ေပးပါ။ ေခါင္းမေလွ်ာ္မီ တစ္ရက္ႀကိဳ၍ ည ဘက္မွာဆံပင္နက္အုန္းဆီကို မ်ားမ်ားလိမ္း၍အိပ္ၿပီး နံနက္မွာေခါင္းေလွ်ာ္ပါ။

၎ဆံပင္နက္အုန္းဆီ ကို လိမ္းေပးျခင္းျဖင့္ အ႐ြယ္မတိုင္မီ ဆံပင္ျဖဴသူေရာ၊ ဇရာေၾကာင့္ဆံပင္ျဖဴသူမ်ားအတြက္ပါ ဆံသား ႏွင့္ဦးေရတို႔ကို က်န္းမာေစၿပီး ဆံပင္ေတြ နက္ေမွာင္လာေစႏိုင္ပါတယ္။

(ဂ) ႀကိတ္မွန္႐ြက္ႏွင့္ ႏွမ္းနက္တို႔ကို ဆတူေရာကာ အမႈန႔္ျပဳၿပီး ႏြားႏို႔ႏွင့္အၿမဲမွီဝဲ ေသာက္သုံးေပး ျခင္းျဖင့္ အနာေရာဂါမ်ားကင္းစင္၍ အသက္ရွည္ကာ ဆံပင္မ်ားနက္ေမွာင္လာေစႏိုင္ပါတယ္။

(ဃ) ႀကိတ္မွန္႐ြက္၊ မန္က်ီးသီး၊ ဆီးျဖဴသီးတို႔ကိုေရာၿပီး ညက္စြာႀကိတ္၍ မွီဝဲစားသုံးျခင္းျဖင့္ ဆံပင္ ကြၽတ္ျခင္းႏွင့္ ထိပ္ေျပာင္ျခင္းတို႔ သက္သာလာၿပီး ဆံပင္ျပန္ေပါက္လာပါလိမ့္မယ္။

(၄) အ႐ြက္ကို ေခ်ာင္းဆိုး၊

ေခါင္းကိုက္ေရာဂါ၊ အဆစ္ေရာင္ေရာဂါ၊ ထိပ္ေျပာင္ေမႊးကြၽတ္ေရာဂါ၊ အႀကိတ္နာ၊ မီးယပ္ထိန္ျခင္းႏွင့္

ကာလသားေရာဂါမ်ားအတြက္ အသုံးျပဳႏိုင္သလို၊ ေခြၽးေပါက္ဖြင့္ေဆး၊ အနာအုံေဆးႏွင့္ ဖန္ေဆး (အနာသန႔္စင္ေဆး) အျဖစ္လည္း အသုံးျပဳႏိုင္ပါတယ္။

(၅) ႀကိတ္မွန္႐ြက္ လတ္လတ္ဆတ္ဆတ္ကို ေနရိပ္ထဲမွာ အေျခာက္လွန္း၍ အမႈန႔္ေထာင္းပါ။ ထိုအမႈန႔္ႏွင့္ ႏြားႏို႔ကိုတစ္လတိတိေသာက္ေပးျခင္းျဖင့္ ယိုင္နဲ႔ေနေသာသြားမ်ားလည္း ခိုင္မာလာေစပါ တယ္။

တစ္ႏွစ္ေသာက္ခဲ့ပါက မ်က္စိကန္းေနသူမ်ားလည္း အျမင္သန္ႏိုင္ပါတယ္။ ဆြံ႕အေနေသာသူ မ်ားပင္ စကားေျပာႏိုင္ပါလိမ့္မယ္။ နားပင္းသူမ်ား အသံၾကားလာပါလိမ့္မယ္။

(၆) ႀကိတ္မွန္ပင္ အစိုတစ္ပင္လုံးကို ညက္ညက္ႀကိတ္ေခ်ၿပီး ႏွမ္းနက္၏အဆီ (ႏွမ္းနက္ဆီ) ျဖင့္ ခ်က္ကာ ကိုယ္ေရျပားေရာဂါ အႏူစြဲျခင္းမ်ားကို လိမ္းေပးျခင္းျဖင့္ ေရာဂါေပ်ာက္ကင္းေစပါတယ္။

(၇) ႀကိတ္မွန္႐ြက္ သတၱဳရည္ႏွင့္ ပင္စိမ္း႐ြက္ သတၱဳရည္တို႔ကိုဆတူေရာ၍ တစ္ေန႔ႏွစ္ႀကိမ္ခန႔္ မီးေလာင္နာေပၚတြင္ လိမ္းေပးျခင္းျဖင့္ အပူေလာင္ျခင္း လုံးဝေပ်ာက္ကင္းေစ႐ုံသာမက အမာ႐ြတ္ လုံးဝမက်န္ေစေတာ့ေပ။

(၈) ႀကိတ္မွန္႐ြက္ႏွင့္ ေခြးေသးပန္း႐ြက္တို႔ကို ရွိန္းခိုအနည္းငယ္ထည့္ႀကိတ္၍ ရလာေသာထိုေဆး ရည္အႏွစ္တို႔ကို – –

(က) ကေလးႏွာပိတ္ျခင္းအတြက္ ငယ္ထိပ္မွ ႏွာေခါင္းအထိဆြဲခ်ေပးပါ။ –

(ခ) ေက်ာပူ၊ ေခါင္းပူ၊ ခြၽဲထျခင္းအတြက္ ငယ္ထိပ္ေပၚတြင္ ပါးပါးလိမ္းေပးပါ။ –

(ဂ) ကေလးအေညႇာ္မိ၊ သန္ထ၊ သန္ဝမ္းသြား၊ ေက်ာက္ဝက္သက္၊ ေရေက်ာက္ ေရာဂါမ်ားအတြက္ မိခင္ႏို႔ရည္ျဖင့္ ေဖ်ာ္ၿပီးတိုက္ေပးပါ။

(၉) မီးယပ္ေသြးငုပ္ျခင္းအတြက္ အ႐ြက္ကို ထန္းလ်က္အနက္ေရာင္ျဖင့္ သုံးခြက္တစ္ခြက္တင္ ႀကိဳ၍ေသာက္ေပးျခင္းျဖင့္ ရာသီေသြးေပၚလာေစႏိုင္ပါတယ္။ သားဖြားၿပီးေနာက္ သားအိမ္ကိုက္ခဲျခင္း ကိုလည္း ေပ်ာက္ကင္းေစပါတယ္။

(၁၀) ႏို႔တိုက္မိခင္မ်ား

ႏို႔ရည္ခမ္းျခင္းအတြက္ ႀကိတ္မွန္႐ြက္ကို ဟင္းခါးခ်က္၍ ေသာက္ေပးပါ။

(၁၁) အေရျပားေပၚတြင္ ေရယုန္ႀကီးနာျဖစ္ပါက ႀကိတ္မွန္ပင္၏ အျမစ္ႏွင့္ နႏြင္းမႈန႔္တို႔ိကို ေရျဖင့္ ေသြး၍ေန႔စဥ္ လိမ္းက်ံေပးပါက ေပ်ာက္ကင္းႏိုင္ပါတယ္။

(၁၂) ႀကိတ္မွန္႐ြက္၊ ႏွမ္းနက္ႏွင့္ ဆီးျဖဴသီးေျခာက္ကို အေလးခ်ိန္တူယူ၍ အေလးခ်ိန္သုံးဆ သၾကားကိုထည့္ေရာ၍ အမႈန႔္ျပဳလုပ္ၿပီး ေန႔စဥ္မျပတ္ မွီဝဲစားသုံးျခင္းျဖင့္ သက္ရွည္က်န္းမာ၍ အိုေသာ အျဖစ္မွ ေႏွးပါလိမ့္မယ္။

(၁၃) ႀကိတ္မွန္ပင္ အျမစ္ႏွင့္နႏြင္းကို အ႐ြယ္အစားအညီအမွ် အမႈန႔္ေထာင္းၿပီး လိမ္းေပးပါက လိပ္ ေခါင္းေရာဂါ ေပ်ာက္ပါတယ္။

(၁၄) ကာလသားေရာဂါအတြက္ ေရွးတိုင္းရင္းသမားေတာ္ႀကီးမ်ား၏ ေဆးေဖာ္နည္းျဖစ္ပါတယ္။ ႀကိတ္မွန္႐ြက္၊ ၾကစုသီး၊ သစ္ဆိမ့္သီး၊ ႏွပ္ခ်ိဳျမစ္၊ ေၾကးနီမႈန႔္၊ သံမႈန႔္တို႔ကို အညီအမွ်အေလးခ်ိန္ယူ၍ မႈန႔္ညက္ေအာင္ေထာင္းၿပီး အနာရွိရာလိမ္းပါက ေပ်ာက္ကင္းေစပါတယ္။

(၁၅) အက်ိတ္ေရာဂါအတြက္ ပင္စိမ္း႐ြက္၊ ေ႐ြးျဖဴ႐ြက္၊ ဗုံလုံခါး႐ြက္တို႔ကို အညီအမွ်စီယူ၍ ၎ပမာ ဏ၏သုံးဆမွ်ပိုေသာ ႀကိတ္မွန္႐ြက္သတၱဳရည္တြင္ေရာ၍ ႀကိတ္ၿပီး အေတာင့္လုပ္ထားပါ။

၎အ ေတာင့္ကို ဆန္ပုန္းရည္ျဖင့္ေရာၿပီးလိမ္းပါက အက်ိတ္ေရာဂါမ်ားကို လ်က္ျမန္စြာ ေပ်ာက္ကင္းႏိုင္ပါ တယ္။

(၁၆) ေနပူထဲအထြက္မ်ား၍ ေခါင္းအုံး၊ ေခါင္းခဲကိုက္ျခင္းအတြက္ ႀကိတ္မွန္႐ြက္သတၱဳရည္တြင္ ဆိတ္ႏို႔ကိုဆတူယူေရာၿပီး ေနေရာင္ေအာက္တြင္ လွမ္းပါ။ ပူေႏြးေႏြးရွိလာေသာအခါ ရႉရႈိက္ေပးပါက ထိုေရာဂါေပ်ာက္ကင္းေစပါတယ္။

(၁၇) အသားဝါေရာဂါအတြက္ ႀကိတ္မွန္႐ြက္ သတၱဳရည္ကို ျငဳပ္ေကာင္းမႈန႔္ေရာ၍ နံနက္ေစာေစာ တြင္ ဒိန္ရည္ျဖင့္ေသာက္ပါ။ ခုႏွစ္ရက္တိတိဆက္ေသာက္ပါက ေပ်ာက္ကင္းသြားပါလိမ့္မယ္။

(သို႔) အသည္းေရာင္အသားဝါႏွင့္ အသည္းႀကီးျခင္းအတြက္ကိုလည္း ႀကိတ္မွန္ပင္ကို ႀကိတ္၍ရလာေသာ သတၱဳရည္ စားပြဲတင္ဇြန္းႏွစ္ဇြန္းကို ေန႔စဥ္မွန္မွန္ေသာက္ေပးျခင္းျဖင့္ အသက္ခ်မ္းသာရာရေစပါတယ္။

(၁၈) ျပဒါးအဆိပ္သင့္ေရာဂါအတြက္ ႀကိတ္မွန္႐ြက္သတၱဳရည္၊ ေပါက္ပန္းျဖဴ႐ြက္သတၱဳရည္၊ ေဆာ္ဒါ မႈန႔္တို႔ကို ဆန္ပုန္းရည္ျဖင့္ေရာၿပီး တစ္ေန႔သုံးက်ပ္သားခန႔္ ေသာက္ေပးပါက ျပဒါးမ်ားသည္ က်င္ငယ္ (ဆီး) မွ သက္ဆင္းေပ်ာက္ကင္းပါမယ္။

(၁၉) အဝလြန္၊ အဆီပိုေနသူမ်ားအတြက္ ေန႔စဥ္ ညအိပ္ရာဝင္ခ်ိန္တြင္ ႀကိတ္မွန္႐ြက္သတၱဳရည္ျဖင့္ ခႏၶာကိုယ္ကို လိမ္းေပးပါ။ ေျခာက္လတိုင္ေအာင္ ဇြဲရွိရွိျဖင့္ျပဳလုပ္ေပးျခင္းျဖင့္ မ်ားျပားေနေသာအဆီ မ်ား ေလ်ာ့ပါးသြားၿပီး အဆီက်ိတ္မ်ားလည္း ေပ်ာက္ကင္းႏိုင္ပါတယ္။

(၂၀) ကေလးငယ္မ်ား စအိုဝတြင္ တုတ္ယားယံျခင္းအတြက္ ႀကိတ္မွန္႐ြက္သတၱဳရည္ကို စအိုဝ၌ သုံးႀကိမ္ (သို႔) ေလးႀကိမ္လူးေပးပါက ပိုးမ်ားက်ဆင္းလာပါလိမ့္မယ္။

(၂၁) ႀကိတ္မွန္ပင္တစ္ပင္လုံးကိုယူ၍ အရိပ္တြင္ေသြ႕ေစကာ အမႈန႔္ျပဳ၍ ထိုအမႈန႔္ျဖင့္ အေလးခ်ိန္တူ ႀတိဖလအမႈန႔္ေရာစပ္ပါ။

ထိုႏွစ္မ်ိဳးလုံး၏အေလးခ်ိန္ျဖင့္ညီမွ်ေသာ သၾကားအေလးခ်ိန္ကိုယူၿပီး အမႈန႔္ ျပဳေရာစပ္၍ ၎အမႈန႔္ သုံးမတ္သားကို မွီဝဲစားသုံးျခင္းျဖင့္ အစာမေက်ရင္ျပည့္ရင္ကယ္ျခင္းႏွင့္ ေသြး အားနည္းေရာဂါတို႔ ေပ်ာက္ကင္းလာပါလိမ့္မယ္။

(၂၂) ႏိုင္ငံတကာ သုေတသနစမ္းသပ္ခ်က္အရ ႀကိတ္မွန္ပင္ဟာ ဗီတာမင္ေက၏ အစြမ္းသတၱိႏွင့္ တူညီၿပီးေသြးတြင္းရွိ prothrob-obin ဓာတ္ကို ျမႇင့္တင္ေပးသျဖင့္ ေသြးတိတ္ေစေၾကာင္း၊ ပိုးသတ္ ေဆးအာနိသင္ရွိေၾကာင္း ေလ့လာေတြ႕ရွိရပါတယ္။

ဒါေၾကာင့္လည္း ႀကိတ္မွန္ပင္မ်ားကို မီးဖြားသည့္ ကိစၥမ်ား ေဆာင္႐ြက္ရာတြင္လည္းေကာင္း၊ ခြဲစိတ္ရာတြင္လည္းေကာင္း ထည့္သြင္းအသုံးျပဳၾကပါ တယ္။

ဒါ့အျပင္ ေခ်ာင္းဆိုးေသြးပါ၊ ဝမ္းကိုက္ေသြးပါ၊ မီးယပ္ေသြးမ်ားျခင္း၊ ႏွာေခါင္းေသြးယိုျခင္း၊ လိပ္ေခါင္းေသြးယိုျခင္း၊ ေသြးအန္ျခင္း၊ ဆီးတြင္ေသြးပါျခင္း၊ ဒဏ္ရာေသြးထြက္ျခင္းတို႔အတြက္လည္း ႀကိတ္မွန္ပင္ကို သုံးႏိုင္ပါတယ္။

(၂၃) ႀကိတ္မွန္႐ြက္ကို ေရေႏြးေျဖာၿပီး ပါးပါးလွီးကာ ၾကက္သြန္နီဆီခ်က္၊ ႏွမ္းမႈန႔္၊ ပဲမႈန႔္အက်က္၊ မန္က်ည္းမွည့္ (သို႔) ေရွာက္ (သို႔) သံပရာရည္၊ ငံျပာရည္တို႔ျဖင့္ သုပ္စားေပးျခင္းျဖင့္ အသားအရည္ ၾကည္လင္စိုျပည္လာၿပီး ဝက္ၿခံမ်ားလည္းေပ်ာက္ကင္းေစပါလိမ့္မယ္။

အမ်ိဳးသမီးမ်ားႏွင့္ အထူးသင့္ ေလ်ာ္ပါတယ္။

(၂၄) ဆင္ေျခေထာက္ေရာဂါအတြက္ ႀကိတ္မွန္တစ္ပင္လုံးကိုႀကိတ္၍ ႏွမ္းဆီျဖင့္ေရာ၍ လိမ္းေပး သင့္ပါတယ္။

(၂၅) ႀကိတ္မွန္ပင္အ႐ြက္ႏွင့္ အျမစ္တို႔ကို ႀကိတ္ေခ်၍ေသာက္ေပးျခင္းျဖင့္ သည္းေျခရည္ေကာင္းစြာ ထြက္ရွိေစပါတယ္။

(၂၆) ေဆးဖက္ဝင္ ႀကိတ္မွန္႐ြက္ယိုထိုးနည္း ႀကိတ္မွန္႐ြက္ ပၪၥငါးပါးကို ႏုတ္ႏုတ္စင္းၿပီးသား ၂၅ က်ပ္သား၊ ထန္းလ်က္သန႔္သန႔္ ၁၀ က်ပ္သား၊ အရည္ညႇစ္ၿပီးသား ေရွာက္သီးဖတ္ ၁၀ က်ပ္သား၊ ၾကက္သြန္နီ ပါးပါးလွီးၿပီးသား ၁၀ က်ပ္သား၊ စမုန္် မ်ိဳးငါးပါး

(ဇီယာ-စမုံစပါး-စမြတ္-စမံျဖဴ-စမုံဖြဲ) အမႈန႔္ႏွစ္ပဲသားစီ လိုအပ္ပါတယ္။ ၎ေဆးအစုတို႔ကို အိုးသစ္တစ္လုံးထဲတြင္ ဆားသင့္႐ုံႏွင့္ ေရသင့္႐ုံထည့္ပါ။ ၿပီးေနာက္ မီးဖိုတြင္ ယိုထိုးသလို ထိုးပါ။

ယို အျဖစ္သို႔ေရာက္လာပါက အေအးခံ၍သန႔္စင္ေသာဘူးသစ္တြင္ထည့္ၿပီး အစာႏွင့္ေဝးခ်ိန္ နံနက္အိပ္ ရာထ၊ ေန႔လည္-ညအိပ္ရာဝင္ တစ္ေန႔သုံးႀကိမ္စားေပးပါ။

ႀကိတ္မွန္႐ြက္ယိုျဖင့္ ေပ်ာက္ကင္းႏိုင္ေသာေရာဂါမ်ားမွာ ခံတြင္းပ်က္၊ ကိုယ္လက္ေဖာေရာင္၊ ကိုယ္ဝန္ ရွိ ပ်ိဳ႕အန္နာ၊ ကိုယ္ဝန္ပ်က္၊ ၾကက္မ်က္သင့္၊ ေခ်ာင္းဆိုးပန္းနာ၊ ေျခတုန္လက္တုန္၊ တစ္ကိုယ္လုံး ယားနာ၊

ႏွလုံးတုန္ရင္ခုန္၊ ႏွလုံးေရာဂါ၊ ေပြးဝဲႏွင္းခူ၊ ဖိုမအဂၤါစပ္ေရာင္ေရာဂါ၊ ဗရင္ဂ်ီနာ၊ မီးယပ္ကြက္၊ မီးယပ္ေခါင္းကိုက္၊ မီးယပ္ထုံက်င္၊ ေမထုံလြန္၊ မ်က္စိမႈန္၊ သည္းေျခပ်က္၍ ေယာင္ၿပီးလန႔္ေအာ္ေသာ ေရာဂါ၊ ေလနာ၊

ဝမ္းကိုက္၊ ဝမ္းခ်ဳပ္လြန္၊ ဝမ္းသက္လြန္၊ သလိပ္နာ၊ သားအိမ္ကိုက္ခဲ၊ ေသြးပုပ္၊ ေသြး ဆုံး၊ ေသြးလြန၊ ေသြးအားနည္း စသည့္ေရာဂါမ်ားအတြက္ လြန္စြာထိေရာက္ပါတယ္။

ေၾကးမုံသတင္းစာ

Credit