အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
ဉာဏ္ေကာင္းသူေတြဟာ သာမန္လူေတြထက္ ပိုမိုပ်င္းရိေလ့ရွိေၾကာင္း ေလ့လာေတြ႕ရွိ
စိတ္ပညာရွင္ေတြရဲ႕ သုေတသနေလ့လာခ်က္ေတြအရ ဉာဏ္ေကာင္းၿပီးဖန္တီးႏိုင္စြမ္း ျမင့္မားသူေတြဟာ သာမန္လူေတြထက္ ပိုမိုပ်င္းရိေလ့ ရွိၾကတယ္လို႔ ဆိုပါတယ္။

အံအားသင့္စရာေကာင္းတဲ့ ေလ့လာေတြ႕ရွိခ်က္တခုျဖစ္တာေၾကာင့္ယုံႏိုင္စရာေတာ့မရွိေပမယ့္စိတ္ပညာရွင္ေတြနဲ႔ သုေတသနပညာရွင္ေတြကေတာ့
ဒီေလ့လာေတြရွိခ်က္ဟာအမွန္တကယ္ ျဖစ္တယ္ဆိုတာကိုသုေတသန အေထာက္အထား ေပါင္းမ်ားစြာနဲ႔ဖြင့္ဆိုရွင္းလင္းခဲ့ၾကပါတယ္။
ဉာဏ္ပိုေကာင္းၿပီး IQ ျမင့္မားသူေတြဟာ ဦးေႏွာက္ရဲ႕စြမ္းအင္ကို ပိုမိုအသုံးျပဳရတာေၾကာင့္ ခႏၶာကိုယ္လႈပ္ရွားမႈ အပိုင္းမွာ ပိုမိုပ်င္းရိၾကတာပဲျဖစ္ၿပီး
သူတို႔ဟာ ဦးေႏွာက္နဲ႔ေတြးေခၚၿပီးလုပ္ရတဲ့ ကိစၥေတြကိုေတာ့ အလြယ္တကူ ပ်င္းရိ သြားျခင္းမရွိၾကပါဘူး။ လြယ္လြယ္ကူကူ ေျပာရမယ့္ဆိုရင္ေတာ့
လူက ပ်င္းေပမယ့္ ဦးေႏွာက္ကေတာ့ မပ်င္းဘူးဆိုတာကို ဆိုလိုတာပဲ ျဖစ္ပါတယ္။
သာမန္အားျဖင့္ တက္တက္ႂကြႂကြရွိသူေတြကေတာ့ စဥ္းစားေတြးေတာရတဲ့ ကိစၥေတာ္ေတာ္မ်ားမ်ားကို အခ်ိန္ၾကာၾကာ ျပဳလုပ္ႏိုင္ျခင္းမရွိတာေၾကာင့္ ခႏၶာကိုယ္လႈပ္ရွားမႈေတြကို ျပဳလုပ္ၾကတာပဲ ျဖစ္ပါတယ္။
ဒီ သုေတသနေလ့လာခ်က္ကို အတည္ျပဳဖို႔အတြက္ စိတ္ပညာရွင္ေတြနဲ႔ ေလ့လာသူေတြဟာ အထက္တန္း ေက်ာင္းသား အေယာက္ ၆၀ခန႔္ကိုအုပ္စု ၂ စုခြဲကာ သုေတသနျပဳလုပ္ခဲ့ၾကပါတယ္။
သာမန္ထက္ပိုၿပီး စဥ္းစားေတြးေခၚခ်င္တဲ့ လူအေယာက္ ၃၀ နဲ႔သာမန္ေလာက္သာ စဥ္းစားခ်င္တဲ့လူ အေယာက္ ၃၀ ခန႔္ကိုႏႈိင္းယွဥ္ၿပီး သုေတသနျပဳလုပ္ခဲ့ၾကရမွာ
စဥ္းစားေတြးေခၚမႈ အားေကာင္းသူေတြဟာ သာမန္ေလာက္သာ စဥ္းစားခ်င္သူေတြထက္ ခႏၶာကိုယ္လႈပ္ရွားမႈအားနည္းၾကတဲ့အျပင္ စဥ္းစားေတြးေခၚတဲ့

အလုပ္တခုတည္းကိုသာ အာ႐ုံစိုက္ၾကတာေၾကာင့္ က်န္တဲ့ ဗာဟီရကိစၥ အေတာ္မ်ားမ်ားကို လစ္ဟင္းသြားတတ္ ၾကတာကိုလည္း ေတြ႕ရွိခဲ့ၾကရပါတယ္။
ဒီ သုေတသနေလ့လာခ်က္ ဟာဆိုရင္ေတာ့ ဉာဏ္ပိုေကာင္းၾကသူေတြရဲ႕ ကိုယ္လက္လႈပ္ရွား အားနည္းမႈနဲ႔တျခားေသာ ကိစၥေတြကို စိတ္ဝင္စားမႈ
အားနည္းျခင္းေၾကာင့္ ျဖစ္ေပၚလာႏိုင္တဲ့က်န္းမာေရးအက်ိဳးဆက္ေတြနဲ႔လူမႈကိစၥေတြကို ေထာက္ျပထားတဲ့အျပင္ ဒီလူေတြဟာအမွန္တကယ္
ပ်င္းရိၾကသူေတြေတာ့မဟုတ္ဘဲဦးေႏွာက္စြမ္းအင္ကို ပိုမိုအသုံးခ် ရျခင္းေၾကာင့္သာ ျဖစ္ေၾကာင္းကို ဖြင့္ဆိုရွင္းလင္းျပသခဲ့ၾကပါတယ္။
Credit
Unicode
ဉာဏ်ကောင်းသူတွေဟာ သာမန်လူတွေထက် ပိုမိုပျင်းရိလေ့ရှိကြောင်း လေ့လာတွေ့ရှိ
စိတ်ပညာရှင်တွေရဲ့ သုတေသနလေ့လာချက်တွေအရ ဉာဏ်ကောင်းပြီးဖန်တီးနိုင်စွမ်း မြင့်မားသူတွေဟာ သာမန်လူတွေထက် ပိုမိုပျင်းရိလေ့ ရှိကြတယ်လို့ ဆိုပါတယ်။

အံအားသင့်စရာကောင်းတဲ့ လေ့လာတွေ့ရှိချက်တခုဖြစ်တာကြောင့်ယုံနိုင်စရာတော့မရှိပေမယ့်စိတ်ပညာရှင်တွေနဲ့ သုတေသနပညာရှင်တွေကတော့
ဒီလေ့လာတွေရှိချက်ဟာအမှန်တကယ် ဖြစ်တယ်ဆိုတာကိုသုတေသန အထောက်အထား ပေါင်းများစွာနဲ့ဖွင့်ဆိုရှင်းလင်းခဲ့ကြပါတယ်။
ဉာဏ်ပိုကောင်းပြီး IQ မြင့်မားသူတွေဟာ ဦးနှောက်ရဲ့စွမ်းအင်ကို ပိုမိုအသုံးပြုရတာကြောင့် ခန္ဓာကိုယ်လှုပ်ရှားမှု အပိုင်းမှာ ပိုမိုပျင်းရိကြတာပဲဖြစ်ပြီး
သူတို့ဟာ ဦးနှောက်နဲ့တွေးခေါ်ပြီးလုပ်ရတဲ့ ကိစ္စတွေကိုတော့ အလွယ်တကူ ပျင်းရိ သွားခြင်းမရှိကြပါဘူး။ လွယ်လွယ်ကူကူ ပြောရမယ့်ဆိုရင်တော့
လူက ပျင်းပေမယ့် ဦးနှောက်ကတော့ မပျင်းဘူးဆိုတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
သာမန်အားဖြင့် တက်တက်ကြွကြွရှိသူတွေကတော့ စဉ်းစားတွေးတောရတဲ့ ကိစ္စတော်တော်များများကို အချိန်ကြာကြာ ပြုလုပ်နိုင်ခြင်းမရှိတာကြောင့် ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။
ဒီ သုတေသနလေ့လာချက်ကို အတည်ပြုဖို့အတွက် စိတ်ပညာရှင်တွေနဲ့ လေ့လာသူတွေဟာ အထက်တန်း ကျောင်းသား အယောက် ၆၀ခန့်ကိုအုပ်စု ၂ စုခွဲကာ သုတေသနပြုလုပ်ခဲ့ကြပါတယ်။

သာမန်ထက်ပိုပြီး စဉ်းစားတွေးခေါ်ချင်တဲ့ လူအယောက် ၃၀ နဲ့သာမန်လောက်သာ စဉ်းစားချင်တဲ့လူ အယောက် ၃၀ ခန့်ကိုနှိုင်းယှဉ်ပြီး သုတေသနပြုလုပ်ခဲ့ကြရမှာ
စဉ်းစားတွေးခေါ်မှု အားကောင်းသူတွေဟာ သာမန်လောက်သာ စဉ်းစားချင်သူတွေထက် ခန္ဓာကိုယ်လှုပ်ရှားမှုအားနည်းကြတဲ့အပြင် စဉ်းစားတွေးခေါ်တဲ့
အလုပ်တခုတည်းကိုသာ အာရုံစိုက်ကြတာကြောင့် ကျန်တဲ့ ဗာဟီရကိစ္စ အတော်များများကို လစ်ဟင်းသွားတတ် ကြတာကိုလည်း တွေ့ရှိခဲ့ကြရပါတယ်။
ဒီ သုတေသနလေ့လာချက် ဟာဆိုရင်တော့ ဉာဏ်ပိုကောင်းကြသူတွေရဲ့ ကိုယ်လက်လှုပ်ရှား အားနည်းမှုနဲ့တခြားသော ကိစ္စတွေကို စိတ်ဝင်စားမှု
အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ကျန်းမာရေးအကျိုးဆက်တွေနဲ့လူမှုကိစ္စတွေကို ထောက်ပြထားတဲ့အပြင် ဒီလူတွေဟာအမှန်တကယ်
ပျင်းရိကြသူတွေတော့မဟုတ်ဘဲဦးနှောက်စွမ်းအင်ကို ပိုမိုအသုံးချ ရခြင်းကြောင့်သာ ဖြစ်ကြောင်းကို ဖွင့်ဆိုရှင်းလင်းပြသခဲ့ကြပါတယ်။
Credit



