သောကြာ သားသမီးများ အတွက် ၁၃၈၄ ခုနှစ် အတွင်း တစ်နှစ်စာဟောစာတမ်း
စီးပွားရေးနှင့်အလုပ်အကိုင်
ခရီးမကြာခဏသွားရမည်။ ခက်ခဲသောခရီးများလည်း ကြုံရမည်။ လျှို့ဝှက်ချက်များအား ထိန်းသိမ်းဖို့ ခက်ခဲနေလိမ့်မည်။ ကတိစကားတည်ဖို့ ခက်မည်။ စိတ်ရှည်သည်းခံမှ လုပ်ငန်းဆောင်မည်မှု ရရှိနိုင်ပါသည်။ စီးပွားရေးအတွက် ပင်ပန်းခက်ခဲခြင်းကသာ စိတ်ပူပင်သောကကို ဖြစ်စေခြင်းဖြစ်မည်။အပျော်အပါးနှင့် စီးပွားရေးတွဲလျက် လုပ်ဆောင်တတ်ပြီး ပျော်ပျော်နေတတ်သောကြောင့် ဂရုစိုက်ရပါမည်။
အကူအညီနှင့်အထောက်အပံ့
ညီကိုမောင်နှမတွေရဲ့ကူညီထောက်ပံ့မှုများရရှိပါမယ်။ အမျိုးသားဆိုလျှင် ဇနီးသည်၏ ကူညီပံ့ပိုးမှုကို ရရှိနိုင်ပါသည်။ မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်လျှင် အကြံအစည်များ ပျက်မည်၊ လျှိုှူဝှက်ချက်ပေါက်ကြားလိမ့်မည်။
ပညာရေးနှင့်ဘာသာရေး
ပညာရေးတွင် ထူးချွန်လျက်ရှိသည်။ အားထုတ်ကြိုးစားလိုက်ရုံဖြင့် လိုချင်သော ပညာရေးအဆင့်အတန်းသို့ ရရှိနိုင်ပါသသည်။
ဘာသာရေးကို စိတ်ပါလက်ပါ လုပ်ဆောင်ပေးလျှင် ်ဘဝတိုးတက်ရေးအတွက်အထောက်အပံ့ကောင်းများဖြစ်စေပါသည်။ အပြောအဆို တည်ငြိမ်ရင့်ကျက်ပြီး စိတ်ပျံ့လွင့်မှုကို ထိန်းသိမ်းနိုင်လေ ဆုံးဖြတ်ချက်တွေ မှန်ကန်ပြီး အမှားနည်းလေ ဖြစ်မည်။
စိတ်ပိုင်းဆိုင်ရာ
လုပ်ငန်းနဲ့ပတ်သက်ပြီး စိတ်တည်ငြိမ်မှု ရှိလေပိုပြီး အောင်မြင်ထွန်းပေါက်လေဖြစ်ပါလိမ့်မယ်။ စိတ်မာန်နဲ့ဘဝင်၊လောဘစိတ်ကို ထိန်းသိမ်းဖို့ လိုပါတယ်။
ကျန်းမာရေး
လေနာခြင်း၊သလိပ်ထခြင်း၊ သွေးတိုးခြင်းစသည်တို့ကို ဂရုစိုက်ရမည့် ကာလဖြစ်ပါတယ်။ အစားအသောက်ကို ဂရုစိုက်သင့်ပါတယ်။
ဆင်ခြင်ရန်
စိတ်ရှည်ရန်နှင့် စိတ်တည်ငြိမ်မှု ရရှိရန်ဖြစ်ပါတယ်။ စိတ်ကို ထိန်းသိမ်းရပါမယ်။ စိတ်တည်ငြိမ်ရင့်ကျက်မှုများလေ ဘဝတည်ငြိမ်လေးနက်လေပါပဲ။
ယတြာ
လာမဲ့မြန်မာ နှစ်ဆန်းတစ်ရက်နေ့ နံနက် ၉နာရီ ၁၈ မိနစ်မှာ
အဖြူရောင် ၊ငွေရောင် ဝတ်ဆင်ပြီး အိမ်ကဘုရားတွင် သစ်ခွပန်း လှူ၍ ဒန်ပေါက်ထမင်း ကပ်လှူပေးပါ။
(၁)တစ်နှစ်လုံး ဘေးကင်းလိုရာပြည့်စေဖို့ကတော့ သံဗုဒ္ဓေဂါထာကို ၂၇ ခေါက်နဲ့ နဲ့မေတ္တာသုတ် ၃ ခေါက်ကို နေ့စဉ်ရွတ်ဖတ်ပေးပါ။
(၂)လမ်းပြင်၊လမ်းခင်းရန်အတွက် သဲလှူပေးပါ။
(၃) သီလ ၃ပါး ကို နေ့စဉ် ထိန်းသိမ်းပေးပါ။
zawgyi
ေသာၾကာ သားသမီးမ်ား အတြက္ ၁၃၈၄ ခုႏွစ္ အတြင္း တစ္ႏွစ္စာေဟာစာတမ္း
စီးပြားေရးႏွင့္အလုပ္အကိုင္
ခရီးမၾကာခဏသြားရမည္။ ခက္ခဲေသာခရီးမ်ားလည္း ႀကဳံရမည္။ လွ်ိဳ႕ဝွက္ခ်က္မ်ားအား ထိန္းသိမ္းဖို႔ ခက္ခဲေနလိမ့္မည္။ ကတိစကားတည္ဖို႔ ခက္မည္။ စိတ္ရွည္သည္းခံမွ လုပ္ငန္းေဆာင္မည္မႈ ရရွိႏိုင္ပါသည္။ စီးပြားေရးအတြက္ ပင္ပန္းခက္ခဲျခင္းကသာ စိတ္ပူပင္ေသာကကို ျဖစ္ေစျခင္းျဖစ္မည္။အေပ်ာ္အပါးႏွင့္ စီးပြားေရးတြဲလ်က္ လုပ္ေဆာင္တတ္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္ေသာေၾကာင့္ ဂ႐ုစိုက္ရပါမည္။
အကူအညီႏွင့္အေထာက္အပံ့
ညီကိုေမာင္ႏွမေတြရဲ႕ကူညီေထာက္ပံ့မႈမ်ားရရွိပါမယ္။ အမ်ိဳးသားဆိုလွ်င္ ဇနီးသည္၏ ကူညီပံ့ပိုးမႈကို ရရွိႏိုင္ပါသည္။ မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္ တိုင္ပင္လွ်င္ အႀကံအစည္မ်ား ပ်က္မည္၊ လွ်ိဳႉဝွက္ခ်က္ေပါက္ၾကားလိမ့္မည္။
ပညာေရးႏွင့္ဘာသာေရး
ပညာေရးတြင္ ထူးခြၽန္လ်က္ရွိသည္။ အားထုတ္ႀကိဳးစားလိုက္႐ုံျဖင့္ လိုခ်င္ေသာ ပညာေရးအဆင့္အတန္းသို႔ ရရွိႏိုင္ပါသသည္။
ဘာသာေရးကို စိတ္ပါလက္ပါ လုပ္ေဆာင္ေပးလွ်င္ ္ဘဝတိုးတက္ေရးအတြက္အေထာက္အပံ့ေကာင္းမ်ားျဖစ္ေစပါသည္။ အေျပာအဆို တည္ၿငိမ္ရင့္က်က္ၿပီး စိတ္ပ်ံ႕လြင့္မႈကို ထိန္းသိမ္းႏိုင္ေလ ဆုံးျဖတ္ခ်က္ေတြ မွန္ကန္ၿပီး အမွားနည္းေလ ျဖစ္မည္။
စိတ္ပိုင္းဆိုင္ရာ
လုပ္ငန္းနဲ႔ပတ္သက္ၿပီး စိတ္တည္ၿငိမ္မႈ ရွိေလပိုၿပီး ေအာင္ျမင္ထြန္းေပါက္ေလျဖစ္ပါလိမ့္မယ္။ စိတ္မာန္နဲ႔ဘဝင္၊ေလာဘစိတ္ကို ထိန္းသိမ္းဖို႔ လိုပါတယ္။
က်န္းမာေရး
ေလနာျခင္း၊သလိပ္ထျခင္း၊ ေသြးတိုးျခင္းစသည္တို႔ကို ဂ႐ုစိုက္ရမည့္ ကာလျဖစ္ပါတယ္။ အစားအေသာက္ကို ဂ႐ုစိုက္သင့္ပါတယ္။
ဆင္ျခင္ရန္
စိတ္ရွည္ရန္ႏွင့္ စိတ္တည္ၿငိမ္မႈ ရရွိရန္ျဖစ္ပါတယ္။ စိတ္ကို ထိန္းသိမ္းရပါမယ္။ စိတ္တည္ၿငိမ္ရင့္က်က္မႈမ်ားေလ ဘဝတည္ၿငိမ္ေလးနက္ေလပါပဲ။
ယၾတာ
လာမဲ့ျမန္မာ ႏွစ္ဆန္းတစ္ရက္ေန႔ နံနက္ ၉နာရီ ၁၈ မိနစ္မွာ
အျဖဴေရာင္ ၊ေငြေရာင္ ဝတ္ဆင္ၿပီး အိမ္ကဘုရားတြင္ သစ္ခြပန္း လႉ၍ ဒန္ေပါက္ထမင္း ကပ္လႉေပးပါ။
(၁)တစ္ႏွစ္လုံး ေဘးကင္းလိုရာျပည့္ေစဖို႔ကေတာ့ သံဗုေဒၶဂါထာကို ၂၇ ေခါက္နဲ႔ နဲ႔ေမတၱာသုတ္ ၃ ေခါက္ကို ေန႔စဥ္႐ြတ္ဖတ္ေပးပါ။
(၂)လမ္းျပင္၊လမ္းခင္းရန္အတြက္ သဲလႉေပးပါ။
(၃) သီလ ၃ပါး ကို ေန႔စဥ္ ထိန္းသိမ္းေပးပါ။
crd