ပန္ကာဖြင့္ၿပီး အိပ္တတ္သူေတြ အတြက္ သိမွတ္စရာမ်ား
ပန္ကာနဲ႔ အိပ္စက္ျခင္းက သင့္က်န္းမာေရးအတြက္ ဘာလို႔မေကာင္းတာလဲ… ပန္ကာမဖြင့္ဘဲနဲ႔ မအိပ္တတ္ၾကတဲ့သူေတြကို ေတြ႕ဖူးၾကတယ္မလား။
အရမ္းပူတဲ့ ညေတြမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ခ်င္တဲ့သူေတြက သူတို႔ကို ေလ တိုက္႐ိုက္ထိေတြ႕မွ အိပ္ေပ်ာ္ တတ္ၾကတာပါ။
ပန္ကာက အဆိပ္သင့္ေစႏိုင္တဲ့ အရာမဟုတ္ေပမဲ့ ညဘက္မွာ အသုံးျပဳတာက မေကာင္းတဲ့အက်ိဳးဆက္ကို ႀကဳံေတြ႕ရႏိုင္ပါတယ္။ ပန္ကာနဲ႔ အိပ္ရင္ သင့္ခႏၶာကိုယ္က ဘယ္လိုတုံ႔ျပန္လာမလဲဆိုတာကို ေျပာျပေပးပါမယ္။
သင့္ ပါးစပ္နဲ႔ ႏွာေခါင္းဆိုင္ရာ ေလလမ္းေၾကာင္းေတြကို ေျခာက္ေစပါတယ္
အိပ္တဲ့အခါ ပန္ကာ ဖြင့္ထားတာက သင့္ခႏၶာကိုယ္က အစိုဓာတ္နဲ႔ ေခြၽးေတြကို ေရေငြ႕ပ်ံ႕သြားေအာင္ ကူညီေပးၿပီး ေရဓာတ္ ကုန္ခန္းတာ၊ ပါးစပ္နဲ ႏွာေခါင္းဆိုင္ရာ ေလလမ္းေၾကာင္းေျခာက္ေသြ႕တာေတြ ျဖစ္လာေစႏိုင္ပါတယ္။
သင္က ပန္ကာဖြင့္ၿပီးမွ အိပ္တတ္ရင္ ဒီအက်ိဳးဆက္ေတြက ျမန္ျမန္ဆန္ဆန္ေပၚလာႏိုင္တဲ့အတြက္ ေသခ်ာအာ႐ုံစိုက္ထားဖို႔ေတာ့ လိုပါတယ္။ ဒါေပမဲ့ ေရတစ္ခြက္က သင္လိုအပ္တဲ့ ေရကို သိုေလွာင္ဖို႔အတြက္ လုံေလာက္ပါတယ္။
ဓာတ္မတည့္ျခင္းကို ပို ဆိုး႐ြားလာေစႏိုင္တယ္
သင္က ဓာတ္မတည့္တဲ့ ေရာဂါ ရွိတယ္ဆိုရင္ ပန္ကာဖြင့္ၿပီး အိပ္တာက ေကာင္းတဲ့ အႀကံဉာဏ္ေတာ့မဟုတ္ပါဘူး။ ပန္ကာေလက အလာဂ်စ္ အမႈန႔္အမႊားေတြကို လည္ပတ္ေစၿပီး ပန္းနာ ရင္က်ပ္ေရာဂါ၊ မ်က္လုံးေျခာက္တာ၊ မ်က္လုံး ဓာတ္မတည့္တာ၊ ဖ်ားနာႏိုင္ေခ်ေတြ တိုးလာ ေစႏိုင္ပါတယ္။
ႂကြက္တက္ျခင္းကို ျဖစ္ေစႏိုင္တယ္
ညဘက္ မွာ အပူခ်ိန္က ျမန္ျမန္ဆန္ဆန္ ေလ်ာ့နည္းသြားၿပီး သင့္ခႏၶာကိုယ္က ပန္ကာမွ ထုတ္လုပ္တဲ့ အေအးနဲ႔ ထိေတြ႕တာက ႂကြက္သားနာက်င္တာ၊ ႂကြက္တက္တာေတြရဲ႕အေၾကာင္းအရင္းေတြထဲက တစ္ခုပါပဲ။
ပန္ကာက ထုတ္လႊတ္တဲ့ေလက ညဘက္မွာ သင့္ အပူခ်ိန္ကို တိုးလာေစၿပီး ေခါင္းကိုက္တာ၊ ပ်ိဳ႕အန္တာလို အပူနဲ႔ ဆက္စပ္တဲ့ ေနမေကာင္းတာေတြ ျဖစ္လာႏိုင္ပါတယ္။
ပန္ကာကို ဖြင့္အိပ္မယ့္အစား ဘယ္လိုလုပ္ရမလဲဆိုတာကိုလည္း မွ်ေဝေပးလိုက္ပါတယ္…
ျပတင္းေပါက္ေတြ ဖြင့္ အိပ္ပါ
ပူအိုက္တဲ့ ညေတြအတြက္ ႐ိုးရွင္းတဲ့ ေျဖရွင္းနည္းက ျပတင္းေပါက္ေတြ ဖြင့္ထားဖို႔ပါပဲ။ သဘာဝေအးျမတဲ့ ေလက သင့္အခန္းကို ေအးသြားေစပါလိမ့္မယ္။
ျပတင္းေပါက္ ဖြင့္ထားလို႔ ျခင္ကိုက္မွာ ဆိုးရင္ ျခင္ေျပးဇကာကို ျပတင္းေပါက္မွာ တပ္ထားလို႔ရပါတယ္။
အိပ္ရာ အနီးနားမွာ ေရစိုတစ္ဘတ္ (သို႔) ေရျဖည့္ထားတဲ့ ပုံးတစ္ပုံးထားပါ
သင့္အခန္း ေအးေနေစဖို႔ အိပ္ရာေဘးနားမွာ ေရစိုတစ္ဘတ္ (သို႔) ေရျဖည့္ထားတဲ့ ပုံးကို ခ်ထားပါ။ ဒီနည္းက သင့္အိပ္ခန္းထဲမွာ အစိုဓာတ္ ရလာေအာင္ ကူညီေပးႏိုင္ပါတယ္။
ပန္ကာကို ေနရာေျပာင္းၿပီး ဖြင့္ထားပါ
သင္က ပန္ကာ မပါဘဲမအိပ္ႏိုင္ရင္ ပန္ကာကို အျခားဘက္ကို လွည့္ထားၿပီး ဖြင့္ဖို႔ ႀကိဳးစားၾကည့္ပါ။ ဒီနည္းက ပန္ကာေလကို သင့္ဆီ တိုက္႐ိုက္ ထိေတြ႕ေစမွာ မဟုတ္ပါဘူး။
ဒါမွ အျပင္ဘက္ေလေတြက သင့္အခန္းထဲ ဝင္လာေအာင္ ကူညီေပးႏိုင္မွာ ျဖစ္ပါတယ္။
Credit
Unicode
ပန်ကာဖွင့်ပြီး အိပ်တတ်သူတွေ အတွက် သိမှတ်စရာများ
ပန်ကာနဲ့ အိပ်စက်ခြင်းက သင့်ကျန်းမာရေးအတွက် ဘာလို့မကောင်းတာလဲ… ပန်ကာမဖွင့်ဘဲနဲ့ မအိပ်တတ်ကြတဲ့သူတွေကို တွေ့ဖူးကြတယ်မလား။
အရမ်းပူတဲ့ ညတွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ချင်တဲ့သူတွေက သူတို့ကို လေ တိုက်ရိုက်ထိတွေ့မှ အိပ်ပျော် တတ်ကြတာပါ။
ပန်ကာက အဆိပ်သင့်စေနိုင်တဲ့ အရာမဟုတ်ပေမဲ့ ညဘက်မှာ အသုံးပြုတာက မကောင်းတဲ့အကျိုးဆက်ကို ကြုံတွေ့ရနိုင်ပါတယ်။ ပန်ကာနဲ့ အိပ်ရင် သင့်ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်လာမလဲဆိုတာကို ပြောပြပေးပါမယ်။
သင့် ပါးစပ်နဲ့ နှာခေါင်းဆိုင်ရာ လေလမ်းကြောင်းတွေကို ခြောက်စေပါတယ်
အိပ်တဲ့အခါ ပန်ကာ ဖွင့်ထားတာက သင့်ခန္ဓာကိုယ်က အစိုဓာတ်နဲ့ ချွေးတွေကို ရေငွေ့ပျံ့သွားအောင် ကူညီပေးပြီး ရေဓာတ် ကုန်ခန်းတာ၊ ပါးစပ်နဲ နှာခေါင်းဆိုင်ရာ လေလမ်းကြောင်းခြောက်သွေ့တာတွေ ဖြစ်လာစေနိုင်ပါတယ်။
သင်က ပန်ကာဖွင့်ပြီးမှ အိပ်တတ်ရင် ဒီအကျိုးဆက်တွေက မြန်မြန်ဆန်ဆန်ပေါ်လာနိုင်တဲ့အတွက် သေချာအာရုံစိုက်ထားဖို့တော့ လိုပါတယ်။ ဒါပေမဲ့ ရေတစ်ခွက်က သင်လိုအပ်တဲ့ ရေကို သိုလှောင်ဖို့အတွက် လုံလောက်ပါတယ်။
ဓာတ်မတည့်ခြင်းကို ပို ဆိုးရွားလာစေနိုင်တယ်
သင်က ဓာတ်မတည့်တဲ့ ရောဂါ ရှိတယ်ဆိုရင် ပန်ကာဖွင့်ပြီး အိပ်တာက ကောင်းတဲ့ အကြံဉာဏ်တော့မဟုတ်ပါဘူး။ ပန်ကာလေက အလာဂျစ် အမှုန့်အမွှားတွေကို လည်ပတ်စေပြီး ပန်းနာ ရင်ကျပ်ရောဂါ၊ မျက်လုံးခြောက်တာ၊ မျက်လုံး ဓာတ်မတည့်တာ၊ ဖျားနာနိုင်ချေတွေ တိုးလာ စေနိုင်ပါတယ်။
ကြွက်တက်ခြင်းကို ဖြစ်စေနိုင်တယ်
ညဘက် မှာ အပူချိန်က မြန်မြန်ဆန်ဆန် လျော့နည်းသွားပြီး သင့်ခန္ဓာကိုယ်က ပန်ကာမှ ထုတ်လုပ်တဲ့ အအေးနဲ့ ထိတွေ့တာက ကြွက်သားနာကျင်တာ၊ ကြွက်တက်တာတွေရဲ့အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။
ပန်ကာက ထုတ်လွှတ်တဲ့လေက ညဘက်မှာ သင့် အပူချိန်ကို တိုးလာစေပြီး ခေါင်းကိုက်တာ၊ ပျို့အန်တာလို အပူနဲ့ ဆက်စပ်တဲ့ နေမကောင်းတာတွေ ဖြစ်လာနိုင်ပါတယ်။
ပန်ကာကို ဖွင့်အိပ်မယ့်အစား ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း မျှဝေပေးလိုက်ပါတယ်…
ပြတင်းပေါက်တွေ ဖွင့် အိပ်ပါ
ပူအိုက်တဲ့ ညတွေအတွက် ရိုးရှင်းတဲ့ ဖြေရှင်းနည်းက ပြတင်းပေါက်တွေ ဖွင့်ထားဖို့ပါပဲ။ သဘာဝအေးမြတဲ့ လေက သင့်အခန်းကို အေးသွားစေပါလိမ့်မယ်။
ပြတင်းပေါက် ဖွင့်ထားလို့ ခြင်ကိုက်မှာ ဆိုးရင် ခြင်ပြေးဇကာကို ပြတင်းပေါက်မှာ တပ်ထားလို့ရပါတယ်။
အိပ်ရာ အနီးနားမှာ ရေစိုတစ်ဘတ် (သို့) ရေဖြည့်ထားတဲ့ ပုံးတစ်ပုံးထားပါ
သင့်အခန်း အေးနေစေဖို့ အိပ်ရာဘေးနားမှာ ရေစိုတစ်ဘတ် (သို့) ရေဖြည့်ထားတဲ့ ပုံးကို ချထားပါ။ ဒီနည်းက သင့်အိပ်ခန်းထဲမှာ အစိုဓာတ် ရလာအောင် ကူညီပေးနိုင်ပါတယ်။
ပန်ကာကို နေရာပြောင်းပြီး ဖွင့်ထားပါ
သင်က ပန်ကာ မပါဘဲမအိပ်နိုင်ရင် ပန်ကာကို အခြားဘက်ကို လှည့်ထားပြီး ဖွင့်ဖို့ ကြိုးစားကြည့်ပါ။ ဒီနည်းက ပန်ကာလေကို သင့်ဆီ တိုက်ရိုက် ထိတွေ့စေမှာ မဟုတ်ပါဘူး။
ဒါမှ အပြင်ဘက်လေတွေက သင့်အခန်းထဲ ဝင်လာအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
Credit