ဗဟုသုတ

အရူးအသင္းနဲ႕ အကန္းအသင္းတို႕ကန္တဲ့ ေဘာလံုးပြဲက ေပးတဲ့ အသိပညာ…

အရူးအသင္းနဲ႕ အကန္းအသင္းတို႕ကန္တဲ့ ေဘာလံုးပြဲက ေပးတဲ့ အသိပညာ…
တခါက မ်က္မျမင္အသင္းနဲ႔ အ႐ူးအသင္း ေဘာလုံး ကန္ၾကမယ္ဆိုလို႔ ပရိသတ္ကလည္း ႀကိတ္ႀကိတ္တိုး လာၿပီး အားေပးၾကတယ္။ ဘာေတြကို ဘယ္လို ကန္ၾကေလမလဲ ေပါ့…။

ၿပိဳင္ပြဲ မစခင္မွာ မ်က္မျမင္အသင္းရဲ႕ နည္းျပက သူ႔အသင္းသားေတြကို “မင္းတို႔က မ်က္မျမင္ေတြ ဆိုေတာ့ အၾကားနဲ႔ ကန္ၾကရမယ္။ မင္းတို႔ ကန္သြင္းရမယ့္ ဂိုးေပါက္မွာ…

ငါ ေခါင္းေလာင္း ခ်ိတ္ထားေပးမယ္။ အဲဒီေနရာကို ေဘာလုံး သယ္လာၿပီး သြင္းကြာ။ ေဘာလုံးမွာလည္း ခ်ဴတပ္ေပးထား မယ္ကြာ။ ၿပီးေတာ့…

မင္းတို႔အခ်င္းခ်င္း သိရေအာင္ မင္းတို႔ ဖိနပ္ေတြမွာလည္း ခ်ဴ တပ္ေပးထားမယ္ကြာ… ရၿပီလား” လို႔ မွာတယ္။ “ရၿပီ ဆရာ၊ ဒါဆိုရင္ေတာ့ အဆင္ေျပၿပီ ဆရာ”

မ်က္မျမင္အသင္းကို သူ ႔နည္းျပမွာေနတာေတြ႕တဲ့ အ႐ူးအသင္း နည္းျပကလည္း ကြင္းထဲမွာ ထင္ရာလုပ္ေနၾကတဲ့ သူ႔ရဲ႕အသင္းသားေတြကို လွမ္းေခၚလိုက္တယ္… ။ အ႐ူးေတြက…

အားလုံး ကိုယ္လက္အဂၤါ ေကာင္းၾကၿပီး ဗလေကာင္းေကာင္းနဲ႔ ေထာင္ေထာင္ေမာင္းေမာင္း ေတြခ်ည္းပဲ။ ဒါေပမဲ့ ဦးေႏွာက္ မေကာင္းၾကဘူး။

သူ႔ အသင္းသားေတြကို မွာတာက… “ မွတ္ထားၾကကြ၊ ေဘာလုံးကို ဂိုးေပါက္ထဲ ကို မ်ားမ်ားသြင္း… ျဖစ္ႏိုင္ရင္ မင္တို႔ (၁၁) ေယာက္လုံး…

တေယာက္ တဂိုး သြင္းၾကကြာ။ ဒါဆိုရင္ ငါတို႔ ႏိုင္ၿပီ။ မသြင္းႏိုင္ ရင္ေတာ့ ငါ႐ိုက္မွာေနာ္ ” တဲ့။ အ႐ူးေတြက “ဟာ စိတ္ခ် ဆရာ။ တေယာက္ တဂိုး ရေအာင္ သြင္းမွာ”

ဒီလိုနဲ႔ စကန္ၾကတာ ငါးမိနစ္နဲ႔ ပြဲက ၿပီးသြားတယ္။ ၿပီးမွာေပါ့…အေျဖကလည္း ၾကည့္ေလ… (၁၁) ဂိုး ဂိုးမရွိ။ ႏိုင္သြားတာက မ်က္မျမင္ အသင္း။ ႏိုင္သာ သြားရတယ္…

မ်က္မျမင္ေတြက ဂိုးသြင္းဖို႔ ေနေနသာသာ ေဘာလုံးေတာင္ မထိလိုက္ၾကရဘူး။ အ႐ူးေတြကပဲ ကိုယ့္ဂိုးကိုယ္ ျပန္သြင္း သြားၾကတာ။

ဘာျဖစ္လို႔လဲ ဆိုေတာ့… မ်က္မျမင္ေတြက စမ္းစမ္း စမ္းစမ္းနဲ႔ ခ်ဴသံ ၾကားရာေနာက္ ေျပးလိုက္ေနၾကလို႔ ရႈပ္ေထြး ေနေလေတာ့ အ႐ူးေတြက ဟိုဘက္ကို မကန္ေတာ့ဘဲ…

ဆရာမွာထားတဲ့အတိုင္း နီးလည္းနီး ရွင္းလည္း ရွင္းတဲ့ ကိုယ့္ဂိုးမွန္းလည္း ကိုယ္မသိၾက ေလေတာ့ ကန္ထည့္လိုက္တာ ဂိုးတာေပါ့။ အဓိက က ဂိုးဝင္ဖို႔ မဟုတ္လား။

ဒီလိုနဲ႔ တေယာက္ၿပီးတစ္ေယာက္ ကိုယ့္ဂိုးကိုယ္ သြင္းလိုက္ၾကတာ (၁၀) ဂိုး ျဖစ္သြားတယ္။ ဂိုးသမား ကလည္း မင္းတို႔ အလွည့္ ၿပီးၿပီလား…

ငါ့အလွည့္… လာထား ဆိုၿပီး ေဘာလုံးေလးကို ဂိုးေရွ႕ ခ်ၿပီး ေနာက္ေပါက္ေလးနဲ႔ ကန္ထည့္လိုက္တာ ဂိုးတာေပါ့။

တသင္းလုံး ထ ခုန္ၾကတယ္။ ေပ်ာ္လိုက္ၾကတာ။ သူတို႔ တသင္းလုံး ဂိုးသြင္းၾကရ လို႔ေလ။ ဒီလိုနဲ႔ပဲ မ်က္မျမင္ အသင္းက အ႐ူး အသင္းကို တဂိုးမွ မသြင္းရဘဲ (၁၁) ဂိုး ဂိုးမရွိနဲ႔ ႏိုင္သြားေတာ့တယ္။

ေလာကမွာ ဘယ္အရာေတြနဲ႔ ဘယ္လိုပဲ ျပည့္စုံေနပါေစ အေၾကာင္းအက်ိဳး၊ အေကာင္းအဆိုး၊ အမွားအမွန္၊ ဓမၼနဲ႔ အဓမၼ ကို ခြဲျခားသိျမင္ႏိုင္ေသာ အသိဉာဏ္ပညာ မရွိလွ်င္…

ဘယ္သူပဲျဖစ္ျဖစ္ ကိုယ့္ဂိုးကိုယ္ သြင္းမိၿပီး ကိုယ္က်ိဳး နည္းသြားႏိုင္တယ္ ဆိုတာပါပဲ။ ခြဲျခား သိျမင္ႏိုင္ေသာ အသိဉာဏ္ ရွိၾကပါေစ။

လူထုဦးလွ# ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္မ်ွေ၀ျခင္း ျဖစ္ပါသည္။

Unicode

အရူးအသင်းနဲ့ အကန်းအသင်းတို့ကန်တဲ့ ဘောလုံးပွဲက ပေးတဲ့ အသိပညာ…
တခါက မျက်မမြင်အသင်းနဲ့ အရူးအသင်း ဘောလုံး ကန်ကြမယ်ဆိုလို့ ပရိသတ်ကလည်း ကြိတ်ကြိတ်တိုး လာပြီး အားပေးကြတယ်။ ဘာတွေကို ဘယ်လို ကန်ကြလေမလဲ ပေါ့…။

ပြိုင်ပွဲ မစခင်မှာ မျက်မမြင်အသင်းရဲ့ နည်းပြက သူ့အသင်းသားတွေကို “မင်းတို့က မျက်မမြင်တွေ ဆိုတော့ အကြားနဲ့ ကန်ကြရမယ်။ မင်းတို့ ကန်သွင်းရမယ့် ဂိုးပေါက်မှာ…

ငါ ခေါင်းလောင်း ချိတ်ထားပေးမယ်။ အဲဒီနေရာကို ဘောလုံး သယ်လာပြီး သွင်းကွာ။ ဘောလုံးမှာလည်း ချူတပ်ပေးထား မယ်ကွာ။ ပြီးတော့…

မင်းတို့အချင်းချင်း သိရအောင် မင်းတို့ ဖိနပ်တွေမှာလည်း ချူ တပ်ပေးထားမယ်ကွာ… ရပြီလား” လို့ မှာတယ်။ “ရပြီ ဆရာ၊ ဒါဆိုရင်တော့ အဆင်ပြေပြီ ဆရာ”

မျက်မမြင်အသင်းကို သူ့နည်းပြမှာနေတာတွေ့တဲ့ အရူးအသင်း နည်းပြကလည်း ကွင်းထဲမှာ ထင်ရာလုပ်နေကြတဲ့ သူ့ရဲ့အသင်းသားတွေကို လှမ်းခေါ်လိုက်တယ်… ။ အရူးတွေက…

အားလုံး ကိုယ်လက်အင်္ဂါ ကောင်းကြပြီး ဗလကောင်းကောင်းနဲ့ ထောင်ထောင်မောင်းမောင်း တွေချည်းပဲ။ ဒါပေမဲ့ ဦးနှောက် မကောင်းကြဘူး။

သူ့ အသင်းသားတွေကို မှာတာက… “ မှတ်ထားကြကွ၊ ဘောလုံးကို ဂိုးပေါက်ထဲ ကို များများသွင်း… ဖြစ်နိုင်ရင် မင်တို့ (၁၁) ယောက်လုံး…

တယောက် တဂိုး သွင်းကြကွာ။ ဒါဆိုရင် ငါတို့ နိုင်ပြီ။ မသွင်းနိုင် ရင်တော့ ငါရိုက်မှာနော် ” တဲ့။ အရူးတွေက “ဟာ စိတ်ချ ဆရာ။ တယောက် တဂိုး ရအောင် သွင်းမှာ”

ဒီလိုနဲ့ စကန်ကြတာ ငါးမိနစ်နဲ့ ပွဲက ပြီးသွားတယ်။ ပြီးမှာပေါ့…အဖြေကလည်း ကြည့်လေ… (၁၁) ဂိုး ဂိုးမရှိ။ နိုင်သွားတာက မျက်မမြင် အသင်း။ နိုင်သာ သွားရတယ်…

မျက်မမြင်တွေက ဂိုးသွင်းဖို့ နေနေသာသာ ဘောလုံးတောင် မထိလိုက်ကြရဘူး။ အရူးတွေကပဲ ကိုယ့်ဂိုးကိုယ် ပြန်သွင်း သွားကြတာ။

ဘာဖြစ်လို့လဲ ဆိုတော့… မျက်မမြင်တွေက စမ်းစမ်း စမ်းစမ်းနဲ့ ချူသံ ကြားရာနောက် ပြေးလိုက်နေကြလို့ ရှုပ်ထွေး နေလေတော့ အရူးတွေက ဟိုဘက်ကို မကန်တော့ဘဲ…

ဆရာမှာထားတဲ့အတိုင်း နီးလည်းနီး ရှင်းလည်း ရှင်းတဲ့ ကိုယ့်ဂိုးမှန်းလည်း ကိုယ်မသိကြ လေတော့ ကန်ထည့်လိုက်တာ ဂိုးတာပေါ့။ အဓိက က ဂိုးဝင်ဖို့ မဟုတ်လား။

ဒီလိုနဲ့ တယောက်ပြီးတစ်ယောက် ကိုယ့်ဂိုးကိုယ် သွင်းလိုက်ကြတာ (၁၀) ဂိုး ဖြစ်သွားတယ်။ ဂိုးသမား ကလည်း မင်းတို့ အလှည့် ပြီးပြီလား…

ငါ့အလှည့်… လာထား ဆိုပြီး ဘောလုံးလေးကို ဂိုးရှေ့ ချပြီး နောက်ပေါက်လေးနဲ့ ကန်ထည့်လိုက်တာ ဂိုးတာပေါ့။

တသင်းလုံး ထ ခုန်ကြတယ်။ ပျော်လိုက်ကြတာ။ သူတို့ တသင်းလုံး ဂိုးသွင်းကြရ လို့လေ။ ဒီလိုနဲ့ပဲ မျက်မမြင် အသင်းက အရူး အသင်းကို တဂိုးမှ မသွင်းရဘဲ (၁၁) ဂိုး ဂိုးမရှိနဲ့ နိုင်သွားတော့တယ်။

လောကမှာ ဘယ်အရာတွေနဲ့ ဘယ်လိုပဲ ပြည့်စုံနေပါစေ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်၊ ဓမ္မနဲ့ အဓမ္မ ကို ခွဲခြားသိမြင်နိုင်သော အသိဉာဏ်ပညာ မရှိလျှင်…

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ဂိုးကိုယ် သွင်းမိပြီး ကိုယ်ကျိုး နည်းသွားနိုင်တယ် ဆိုတာပါပဲ။ ခွဲခြား သိမြင်နိုင်သော အသိဉာဏ် ရှိကြပါစေ။

လူထုဦးလှ# လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။