ဗဟုသုတ

ဗိုက်ထဲမှာ အစာမရှိပဲ ကော်ဖီသောက်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ

ဗိုက်ထဲမှာ အစာမရှိပဲ ကော်ဖီသောက်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ

ကော်ဖီသောက်ခြင်းကနေ ရလာမယ့် အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်နော်။ဒါပေမယ့် ဗိုက်ထဲမှာ အဆာ မရှိပဲ အထူးသဖြင့် မနက် စောစော အချိန် မျိုးတွေ မှာ အစာ မရှိပဲ ကော်ဖီ သောက်ရင် တော့ ကျန်းမာရေးကို အများကြီး ထိ ခိုက်စေ၊

ဆိုးကျိုးတွေ အများကြီး ရှိပါတယ်တဲ့။ Nevada-Reno တက္ကသိုလ် မှ အဖွဲ့ တစ်ဖွဲ့ကနေ မ ဝေးတော့ တဲ့ အနာဂါတ် မှာ ကကော်ဖီ စေ့ကို biodesel အဖြစ် အသုံးပြု နိုင်တယ်ဆိုတဲ့ အချက်ကို တွေ့ ခဲ့ပါတယ်။ကားမီးခိုး ငွေ့ တွေ က

ကော်ဖီ နံ့ တွေ ထွက် လာနိုင် မယ့် အနေ အထား မျိုးပါ။အဲ့ဒီ အဖွဲ့ က နေ မနက် အစောပိုင်းမှာ ပထမဆုံး သောက်တဲ့ ကော်ဖီ တစ်ခွက်က ဗိုက် ထဲမှာ လောင်စာ တစ်ခု လည်း ဖြစ်သွား နိုင်ပါတယ်။ဗိုက်ထဲမှာ အစာ မရှိပဲ ကော်ဖီ သောက်မိရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ ကို Brightside မှာ အခုလို ဖော်ပြထားပါတယ်။

သကြားဓါတ်ကို မြင့်တက်စေ

မနက် စောစော အစာ မရှိပဲနဲ့ ကော်ဖီ သောက်လိုက်မိရင်တော့ဆဲလ်တွေဟာ သွေးတွင်း သကြားဓါတ်ကို ထိန်းညှိ ပေးတဲ့ နေရာမှာ သွားပြီး အခက် တွေ့ စေပါတယ်တဲ့။ဒီ ဖြစ်ရပ် ရဲ့ နောက်ဆက်တွဲကြောင့် ရောဂါ အမျိုးမျိုး ဖြစ် စေပါတယ်တဲ့။ဝိတ် တက်လာတာ၊အရေပြား မှာ Infection ဝင် တာ မျိုးတွေ အထိ ပါ ဖြစ်လာစေပါတယ်။

ပိုအိပ်ချင်လာနိုင်

ကော်ဖီ သောက် တယ်ဆိုတာ လန်းဆန်းတက်ကြွ ဖို့ပါနော်။ဒါပေမယ့်လည်း အစာမရှိတဲ့ ဗိုက်ထဲကို ကော်ဖီ ဖြည့်လိုက်မယ်ဆိုရင် တော့ ဆန့်ကျင် ဘက် ရလဒ် ရသွားနိုင်ပါတယ်နော်။ Caffeine တွေ ကstress hormones level တွေကို ပို တိုးသွားစေပြီး အိပ်ချင် စိတ် တွေ ပေါက် သွားစေ၊မောပန်း

နွမ်းနယ် သွားစေနိုင်ပါတယ်။မနက် စောစော ဗိုက်ထဲမှာ အစာမရှိပဲ cappuccino တစ်ခွက်ကို သကြား ရောပြီး သောက် လိုက် မယ် ဆိုရင် ခဏ အကြာမှာ လူက အိပ်ချင် သွားတာ မျိုးတွေ ဖြစ်စေပါတယ်တဲ့။ blood glucose levels တွေ ကျ သွားပြီး ပင်ပန်း အားအင်ကုန်ခမ်းသလို ဖြစ်သွားလို့ အဲ့ဒီလို ခံစားရတာပါ။

Minerals သတ္တုဓါတ် တွေကို လျင်မြန်စွာ ကုန်ခမ်းစေ

လူ့ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ Minerals သတ္တုဓါတ် တွေကို လျင်မြန်စွာ ကုန်ခမ်း စေနိုင်ပါတယ်တဲ့။မနက် စောစော ကော် ဖီ ကို သောက် မယ်ဆိုရင် တော့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ် တွေ ကုန် ခမ်း သွားစေနိုင်ပါတယ်။

အစာ မရှိပဲ ကော်ဖီ သောက် လိုက် ရင် တော့ iron, magnesium နဲ့ ဗီတာမင် ဘီ တို့ ကို စုပ် ယူ သွားပြီး လျင်မြန်စွာ ကုန်ခမ်းသွားမှာပါ။ caffeine ဓါတ် သိပ် များ သွား ရင် တော့ အရိုးထဲမှာရှိတဲ့ Calcium ကို မြန်မြန် ကုန်ခမ်း စေကာ အရိုးသန်မာမှု အားနည်းတာ မျိုးတွေ ဖြစ်စေပါတယ်။

အစာအိမ်ကို ထိစေ

မနက် စောစော မှာ ဘာ မှ မစားပဲ နေတာ၊ကော်ဖီ လေး တစ်ခွက်ပဲ သောက်တာ မျိုးတွေ လုံးဝ မလုပ်ပါနဲ့။ကြာလာရင် အစာ အိမ် ထိ စေနိုင်ပါတယ်။ကော်ဖီမှာ ပါတဲ့ caffeine ဓါတ် က အာရုံ ကြော စနစ်ကို နှိုး ဆွ ပေးနိုင်ပါတယ်နော်။

ဒါပေမယ့် ဗိုက်ထဲမှာ အစာ မရှိပဲ သောက် ရင် တော့ အူမကြီးကို သွားထိ ခိုက်ကာ ဝမ်းလျှောတာ မျိုးတွေ ဖြစ် စေ နိုင်ပါတယ်။ဒါ့ အပြင် အစာချေ စနစ် ကိုပါ သွားပြီး ထိ ခိုက်စေကာ အစာအိမ်နာတာ ၊အောင့်တာ မျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ဝိတ်တတ်စေ

Black Coffee က ဝိတ်ကျ စေပေမယ့် အစာမရှိပဲ သောက်ရင် တော့ ဝိတ် တက် စေပါတယ်တဲ့။ Black Coffee က အိပ်စက် ခြင်းကို ထိ ခိုက် စေပါတယ်။အိပ်ရေး ပျက်တာ များရင် အချိုကို ပို တောင့်တ တတ်ပါတယ်။တောင့်တ တဲ့ အချိုတွေ၊Energy Drinks တွေကို သောက် ပါ များရင် တော့ ဝိတ်တတ်လာ စေပါတယ်နော်။

အသားခြောက်စေ

ကော်ဖီ က ခန္ဓာကိုယ်ကို ရေဓါတ် မလုံ လောက်တာ မျိုးတွေ ဖြစ်စေပါတယ်။တစ်ချို့ ရေ သောက်နည်းပြီးတော့ ကော်ဖီ အသောက်များ ရင် ပို ဆိုးပါတယ်။ရေဓါတ် မလုံ လောက်တာ များရင် တော့ အဆိပ် အတောက် တွေကို

မဖယ်ရှားနိုင် တော့ပဲ အသားအရေ ကြည်လင် စို ပြေ လှပ တာ မျိုးတွေ မရှိပဲ အသားခြောက် အသားပတ် တာတွေ ရှိလာ နိုင်ပါတယ်။အသားခြောက် ခြင်းရဲ့ နောက်ဆက် တွဲ က တော့ အရွယ် မတိုင်ခင် အရေးအကြောင်းတွေ ဖြစ် ပေါ် စေပါတယ်နော်။

ဗိုက္ထဲမွာ အစာမရွိပဲ ေကာ္ဖီေသာက္ရင္ ျဖစ္လာႏိုင္တဲ့ ဆိုးက်ိဳးမ်ား

ေကာ္ဖီေသာက္ျခင္းကေန ရလာမယ့္ အက်ိဳးေက်းဇူးေတြ အမ်ားႀကီး ရွိပါတယ္ေနာ္။ဒါေပမယ့္ ဗိုက္ထဲမွာ အဆာ မရွိပဲ အထူးသျဖင့္ မနက္ ေစာေစာ အခ်ိန္ မ်ိဳးေတြ မွာ အစာ မရွိပဲ ေကာ္ဖီ ေသာက္ရင္ ေတာ့ က်န္းမာေရးကို အမ်ားႀကီး ထိ ခိုက္ေစ၊

ဆိုးက်ိဳးေတြ အမ်ားႀကီး ရွိပါတယ္တဲ့။ Nevada-Reno တကၠသိုလ္ မွ အဖြဲ႕ တစ္ဖြဲ႕ကေန မ ေဝးေတာ့ တဲ့ အနာဂါတ္ မွာ ကေကာ္ဖီ ေစ့ကို biodesel အျဖစ္ အသုံးျပဳ ႏိုင္တယ္ဆိုတဲ့ အခ်က္ကို ေတြ႕ ခဲ့ပါတယ္။ကားမီးခိုး ေငြ႕ ေတြ က

ေကာ္ဖီ နံ႔ ေတြ ထြက္ လာႏိုင္ မယ့္ အေန အထား မ်ိဳးပါ။အဲ့ဒီ အဖြဲ႕ က ေန မနက္ အေစာပိုင္းမွာ ပထမဆုံး ေသာက္တဲ့ ေကာ္ဖီ တစ္ခြက္က ဗိုက္ ထဲမွာ ေလာင္စာ တစ္ခု လည္း ျဖစ္သြား ႏိုင္ပါတယ္။ဗိုက္ထဲမွာ အစာ မရွိပဲ ေကာ္ဖီ ေသာက္မိရင္ ျဖစ္လာႏိုင္တဲ့ ဆိုးက်ိဳးေတြ ကို Brightside မွာ အခုလို ေဖာ္ျပထားပါတယ္။

သၾကားဓါတ္ကို ျမင့္တက္ေစ

မနက္ ေစာေစာ အစာ မရွိပဲနဲ႔ ေကာ္ဖီ ေသာက္လိုက္မိရင္ေတာ့ဆဲလ္ေတြဟာ ေသြးတြင္း သၾကားဓါတ္ကို ထိန္းညႇိ ေပးတဲ့ ေနရာမွာ သြားၿပီး အခက္ ေတြ႕ ေစပါတယ္တဲ့။ဒီ ျဖစ္ရပ္ ရဲ႕ ေနာက္ဆက္တြဲေၾကာင့္ ေရာဂါ အမ်ိဳးမ်ိဳး ျဖစ္ ေစပါတယ္တဲ့။ဝိတ္ တက္လာတာ၊အေရျပား မွာ Infection ဝင္ တာ မ်ိဳးေတြ အထိ ပါ ျဖစ္လာေစပါတယ္။

ပိုအိပ္ခ်င္လာႏိုင္

ေကာ္ဖီ ေသာက္ တယ္ဆိုတာ လန္းဆန္းတက္ႂကြ ဖို႔ပါေနာ္။ဒါေပမယ့္လည္း အစာမရွိတဲ့ ဗိုက္ထဲကို ေကာ္ဖီ ျဖည့္လိုက္မယ္ဆိုရင္ ေတာ့ ဆန႔္က်င္ ဘက္ ရလဒ္ ရသြားႏိုင္ပါတယ္ေနာ္။ Caffeine ေတြ ကstress hormones level ေတြကို ပို တိုးသြားေစၿပီး အိပ္ခ်င္ စိတ္ ေတြ ေပါက္ သြားေစ၊ေမာပန္း

ႏြမ္းနယ္ သြားေစႏိုင္ပါတယ္။မနက္ ေစာေစာ ဗိုက္ထဲမွာ အစာမရွိပဲ cappuccino တစ္ခြက္ကို သၾကား ေရာၿပီး ေသာက္ လိုက္ မယ္ ဆိုရင္ ခဏ အၾကာမွာ လူက အိပ္ခ်င္ သြားတာ မ်ိဳးေတြ ျဖစ္ေစပါတယ္တဲ့။ blood glucose levels ေတြ က် သြားၿပီး ပင္ပန္း အားအင္ကုန္ခမ္းသလို ျဖစ္သြားလို႔ အဲ့ဒီလို ခံစားရတာပါ။

Minerals သတၱဳဓါတ္ ေတြကို လ်င္ျမန္စြာ ကုန္ခမ္းေစ

လူ႔ခႏၶာကိုယ္ အတြက္ လိုအပ္တဲ့ Minerals သတၱဳဓါတ္ ေတြကို လ်င္ျမန္စြာ ကုန္ခမ္း ေစႏိုင္ပါတယ္တဲ့။မနက္ ေစာေစာ ေကာ္ ဖီ ကို ေသာက္ မယ္ဆိုရင္ ေတာ့ လိုအပ္တဲ့ ဗီတာမင္နဲ႔ သတၱဳဓါတ္ ေတြ ကုန္ ခမ္း သြားေစႏိုင္ပါတယ္။

အစာ မရွိပဲ ေကာ္ဖီ ေသာက္ လိုက္ ရင္ ေတာ့ iron, magnesium နဲ႔ ဗီတာမင္ ဘီ တို႔ ကို စုပ္ ယူ သြားၿပီး လ်င္ျမန္စြာ ကုန္ခမ္းသြားမွာပါ။ caffeine ဓါတ္ သိပ္ မ်ား သြား ရင္ ေတာ့ အ႐ိုးထဲမွာရွိတဲ့ Calcium ကို ျမန္ျမန္ ကုန္ခမ္း ေစကာ အ႐ိုးသန္မာမႈ အားနည္းတာ မ်ိဳးေတြ ျဖစ္ေစပါတယ္။

အစာအိမ္ကို ထိေစ

မနက္ ေစာေစာ မွာ ဘာ မွ မစားပဲ ေနတာ၊ေကာ္ဖီ ေလး တစ္ခြက္ပဲ ေသာက္တာ မ်ိဳးေတြ လုံး၀ မလုပ္ပါနဲ႔။ၾကာလာရင္ အစာ အိမ္ ထိ ေစႏိုင္ပါတယ္။ေကာ္ဖီမွာ ပါတဲ့ caffeine ဓါတ္ က အာ႐ုံ ေၾကာ စနစ္ကို ႏႈိး ဆြ ေပးႏိုင္ပါတယ္ေနာ္။

ဒါေပမယ့္ ဗိုက္ထဲမွာ အစာ မရွိပဲ ေသာက္ ရင္ ေတာ့ အူမႀကီးကို သြားထိ ခိုက္ကာ ဝမ္းေလွ်ာတာ မ်ိဳးေတြ ျဖစ္ ေစ ႏိုင္ပါတယ္။ဒါ့ အျပင္ အစာေခ် စနစ္ ကိုပါ သြားၿပီး ထိ ခိုက္ေစကာ အစာအိမ္နာတာ ၊ေအာင့္တာ မ်ိဳးေတြ ျဖစ္ေစႏိုင္ပါတယ္။

ဝိတ္တတ္ေစ

Black Coffee က ဝိတ္က် ေစေပမယ့္ အစာမရွိပဲ ေသာက္ရင္ ေတာ့ ဝိတ္ တက္ ေစပါတယ္တဲ့။ Black Coffee က အိပ္စက္ ျခင္းကို ထိ ခိုက္ ေစပါတယ္။အိပ္ေရး ပ်က္တာ မ်ားရင္ အခ်ိဳကို ပို ေတာင့္တ တတ္ပါတယ္။ေတာင့္တ တဲ့ အခ်ိဳေတြ၊Energy Drinks ေတြကို ေသာက္ ပါ မ်ားရင္ ေတာ့ ဝိတ္တတ္လာ ေစပါတယ္ေနာ္။

အသားေျခာက္ေစ

ေကာ္ဖီ က ခႏၶာကိုယ္ကို ေရဓါတ္ မလုံ ေလာက္တာ မ်ိဳးေတြ ျဖစ္ေစပါတယ္။တစ္ခ်ိဳ႕ ေရ ေသာက္နည္းၿပီးေတာ့ ေကာ္ဖီ အေသာက္မ်ား ရင္ ပို ဆိုးပါတယ္။ေရဓါတ္ မလုံ ေလာက္တာ မ်ားရင္ ေတာ့ အဆိပ္ အေတာက္ ေတြကို

မဖယ္ရွားႏိုင္ ေတာ့ပဲ အသားအေရ ၾကည္လင္ စို ေျပ လွပ တာ မ်ိဳးေတြ မရွိပဲ အသားေျခာက္ အသားပတ္ တာေတြ ရွိလာ ႏိုင္ပါတယ္။အသားေျခာက္ ျခင္းရဲ႕ ေနာက္ဆက္ တြဲ က ေတာ့ အ႐ြယ္ မတိုင္ခင္ အေရးအေၾကာင္းေတြ ျဖစ္ ေပၚ ေစပါတယ္ေနာ္။