ၾကားသိရသမွ်

တချိန်ကYBS -89 ပေါ်မှာ ယပ်တောင်လေးတွေ ဝေပေးခဲ့တဲ့မေတ္တာရှင်မလေး A Nyein

တချိန်ကYBS -89 ပေါ်မှာ ယပ်တောင်လေးတွေ ဝေပေးခဲ့တဲ့မေတ္တာရှင်မလေး

အခုတော့ စစ်ဘေးရှောင်ပြည်သူတွေကြားမှာ မေတ္တာအလင်းရောင်တွေပေးနေတဲ့ မီးအိမ်ရှင်မလေး ။

YBS-89 ပေါ်မှာ မိန်းကလေးတယောက် ယပ်တောင်သည် အဘတဦးကို ” အဘ ယပ်တောင်တချောင်း ဘယ်လောက်လဲ”တဲ့ ..အဘက..`တချောင်း ၂၀၀ ကျပ်ပါ´ တဲ့။မိန်းကလေးကတစည်းလုံးဆို ဘယ်လောက်လဲ အဘ ဆိုတော့…တစည်းလုံးယူရင် ၂၀၀၀၀ ကျပ်ပါ တဲ့

မိန်းကလေး က ဒါဆိုရင် ကျမ တစည်းလုံးယူမယ် ၊ အဘကြည့်ရတာ နေမကောင်းဘူးထင်တယ်တဲ့ ။ ဟုတ်ပါတယ် အဘကြည့်ရတာ နေမကောင်းတဲ့ပုံပါ ။

မိန်းကလေးက ယပ်တောင်တစည်းလုံးဝယ်ပြီး ကားပေါ်က ခရီးသည်တွေကို ယပ်တောင် တချောင်းစီပေးခဲ့ပါတယ်။ မန္တလေးဆေးကျောင်းမှ စာမေးပွဲ ဖြေပြီး ရန်ကုန် အလည်လာတာလို့ သိရပါတယ်

ဘယ်အရာက လောကကို အလှဆင်နေသလဲဆိုဤအရာက လောကကို အလှဆင်နေပါတယ်လို့ တန်းဖြေလိုက်မှာဘဲ ။

သာဓု သာဓု သာဓုပါ.. လေးစားပါတယ်။
#ANyein
#CrdOrginalUploader

zawgyi







#ANyein
#CrdOrginalUploader