တွေ့တိုင်းပြန်ဖတ်မိတဲ့ သူတောင်းစားပုံပြင်
သူတောင်းစား ပုံပြင်
ဖတ်ပြီး သင်ခန်းစာယူလိုက်ပါ။
တစ်ခါတုန်းကပေါ့ မြို့တစ်မြို့မှာသူတောင်းစား တစ်ယောက်ရှိတယ်။
ဆင်းဆင်းရဲရဲ တောင်းစားနေရတာကို မကြည့်ရက်လို့သိကြားမင်းက လူ့ပြည်ဆင်းလာပြီးအသင် လူသား ငါ သင့်ကို ကူညီမယ်ဒါပေမဲ့ သင်ဘယ်လိုလုပ်မလဲဆိုတာကိုတော့အမှန်အတိုင်းပြောပါ လို့ပြောလိုက်တော့သူတောင်းစား က ” ကောင်းပါပြီ ” လို့ပြန်ပြောတယ်သိကြားမင်းက ” ငါ နင့်ကို ပိုက်ဆံ ငါးသိန်းပေးရင်သင် ဘာလုပ်မလဲ ဆိုတော့သူတောင်းစားက စဉ်းစားပြီး “ဖုန်းဝယ်မယ်” တဲ့၊
သိကြားမင်းက ဖုန်းဝယ်ပြီး ဘာလုပ်မလို့လဲမေးတော့သူတောင်းစားဟာ သူငယ်ချင်းတွေကို ဖုန်းဆက်ပြီးဘယ်နေရာ တောင်းကောင်းလဲ မေးပြီး အဲ့ ဒီနေရာသွားတောင်းမယ်တဲ့၊
သိကြားမင်းက စဉ်းစားတယ်ဒီငွေလောက်နဲ့ သူ့ဘဝ မပြောင်းဘူးဆိုပြီးဒါဆို သိန်းငါးဆယ် ပေးမယ် ဘာလုပ်မလဲဆိုတော့သူတောင်းစား ကတစ်ချက် ထပ်တွေးလိုက်တယ်၊ဆိုင်ကယ်တစ်စီး ဝယ်ပြီး တောင်းလို့ ကောင်းတဲ့နေရာတွေကိုမြန်မြန်သွားတောင်းလိုက်မှာပေါ့တဲ့၊
သိကြားမင်းက မဖြစ်သေးပါဘူး ဆိုပြီးသိန်း တစ်ရာပေးမယ်ကွာ… ဘာလုပ်မလဲမေးတော့သူတောင်းစားက ကားဝယ်ပြီး တစ်မြို့လုံး လိုက်တောင်းမယ်တဲ့၊
သိကြားမင်းက မဖြစ်သေးပါဘူးနောက်ဆုံးအနေနဲ့ သိန်းငါးရာပေးမယ် ဘာလုပ်မလဲဆိုတော့သူတောင်းစားက ပျော်ပြီး ဟာ တစ်မြို့လုံးမှာရှိတဲ့သူတောင်းစားတွေကို ပိုက်ဆံပေး နှင်ထုပ်ပြီးတစ်မြို့လုံးကို သူတစ်ယောက်တည်း တောင်းစားမှာပေါ့တဲ့၊
ဒီပုံပြင်လေးကအတွေးအခေါ်မရှိတဲ့လူကိုဘာပေးပေး ဘာမှ မဖြစ်လာပါဘူးအခွင့်အရေး ဘယ်လောက်ရရအတွေးအခေါ် မပြောင်းနိုင်သ၍ကောင်းမွန်တဲ့ ရလဒ်ဆိုတာ မဖြစ်ပေါ်လာပါဘူး။
ဒီသူတောင်းစားလေးကို ကြည့်ရအောင်သူ့မှာ သူ့လုပ်ငန်းချဲ့ထွင် ကြီးထွားဖို့ ( Skill set ) ဆိုတဲ့ကျွမ်းကျင်မှု အပြည့်ရှိပါတယ် ဒါပေမယ့်ချမ်းသာဖို့ အခွင့်အရေး ရနေတာတောင်တောင်းစားနေတဲ့( Mind Set ) ကို မပြောင်းလဲနိုင်တာကသူ့ဘဝရဲ့ အဖြေ ဖြစ်သွားပါတယ်။
မတူညီတဲ့ ကောင်းမွန်တဲ့ ဘဝရဲ့ရလဒ်ကို လိုချင်သူအတွက်မတူညီတဲ့ လုပ်ဆောင်ချက်တွေကိုပြုလုပ်မယ်ဆိုရင်တော့ သေချာပါတယ်သူများနဲ့မတူတဲ့ အကောင်းဆုံးဆိုတဲ့ရလဒ်တွေကို တောင့်တလိုက်ရုံနဲ့ရမယ့် ဘဝမျိုးကို ပိုင်ဆိုင်လာမှာပါ။
Change your brain,change your Life.
crd_to_owner
hein_htet_kyaw
Credit to
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭_ပေးပါသည်
ေတြ႔တိုင္းျပန္ဖတ္မိတဲ့ သူေတာင္းစားပုံျပင္
သူေတာင္းစား ပုံျပင္
ဖတ္ၿပီး သင္ခန္းစာယူလိုက္ပါ။
တစ္ခါတုန္းကေပါ့ ၿမိဳ႕တစ္ၿမိဳ႕မွာသူေတာင္းစား တစ္ေယာက္ရွိတယ္။
ဆင္းဆင္းရဲရဲ ေတာင္းစားေနရတာကို မၾကည့္ရက္လို႔သိၾကားမင္းက လူ႔ျပည္ဆင္းလာၿပီးအသင္ လူသား ငါ သင့္ကို ကူညီမယ္ဒါေပမဲ့ သင္ဘယ္လိုလုပ္မလဲဆိုတာကိုေတာ့အမွန္အတိုင္းေျပာပါ လို႔ေျပာလိုက္ေတာ့သူေတာင္းစား က ” ေကာင္းပါၿပီ ” လို႔ျပန္ေျပာတယ္သိၾကားမင္းက ” ငါ နင့္ကို ပိုက္ဆံ ငါးသိန္းေပးရင္သင္ ဘာလုပ္မလဲ ဆိုေတာ့သူေတာင္းစားက စဥ္းစားၿပီး “ဖုန္းဝယ္မယ္” တဲ့၊
သိၾကားမင္းက ဖုန္းဝယ္ၿပီး ဘာလုပ္မလို႔လဲေမးေတာ့သူေတာင္းစားဟာ သူငယ္ခ်င္းေတြကို ဖုန္းဆက္ၿပီးဘယ္ေနရာ ေတာင္းေကာင္းလဲ ေမးၿပီး အဲ့ ဒီေနရာသြားေတာင္းမယ္တဲ့၊
သိၾကားမင္းက စဥ္းစားတယ္ဒီေငြေလာက္နဲ႔ သူ႔ဘဝ မေျပာင္းဘူးဆိုၿပီးဒါဆို သိန္းငါးဆယ္ ေပးမယ္ ဘာလုပ္မလဲဆိုေတာ့သူေတာင္းစား ကတစ္ခ်က္ ထပ္ေတြးလိုက္တယ္၊ဆိုင္ကယ္တစ္စီး ဝယ္ၿပီး ေတာင္းလို႔ ေကာင္းတဲ့ေနရာေတြကိုျမန္ျမန္သြားေတာင္းလိုက္မွာေပါ့တဲ့၊
သိၾကားမင္းက မျဖစ္ေသးပါဘူး ဆိုၿပီးသိန္း တစ္ရာေပးမယ္ကြာ… ဘာလုပ္မလဲေမးေတာ့သူေတာင္းစားက ကားဝယ္ၿပီး တစ္ၿမိဳ႕လုံး လိုက္ေတာင္းမယ္တဲ့၊
သိၾကားမင္းက မျဖစ္ေသးပါဘူးေနာက္ဆုံးအေနနဲ႔ သိန္းငါးရာေပးမယ္ ဘာလုပ္မလဲဆိုေတာ့သူေတာင္းစားက ေပ်ာ္ၿပီး ဟာ တစ္ၿမိဳ႕လုံးမွာရွိတဲ့သူေတာင္းစားေတြကို ပိုက္ဆံေပး ႏွင္ထုပ္ၿပီးတစ္ၿမိဳ႕လုံးကို သူတစ္ေယာက္တည္း ေတာင္းစားမွာေပါ့တဲ့၊
ဒီပုံျပင္ေလးကအေတြးအေခၚမရွိတဲ့လူကိုဘာေပးေပး ဘာမွ မျဖစ္လာပါဘူးအခြင့္အေရး ဘယ္ေလာက္ရရအေတြးအေခၚ မေျပာင္းနိုင္သ၍ေကာင္းမြန္တဲ့ ရလဒ္ဆိုတာ မျဖစ္ေပၚလာပါဘူး။
ဒီသူေတာင္းစားေလးကို ၾကည့္ရေအာင္သူ႔မွာ သူ႔လုပ္ငန္းခ်ဲ႕ထြင္ ႀကီးထြားဖို႔ ( Skill set ) ဆိုတဲ့ကၽြမ္းက်င္မႈ အျပည့္ရွိပါတယ္ ဒါေပမယ့္ခ်မ္းသာဖို႔ အခြင့္အေရး ရေနတာေတာင္ေတာင္းစားေနတဲ့( Mind Set ) ကို မေျပာင္းလဲနိုင္တာကသူ႔ဘ၀ရဲ့ အေၿဖ ျဖစ္သြားပါတယ္။
မတူညီတဲ့ ေကာင္းမြန္တဲ့ ဘ၀ရဲ့ရလဒ္ကို လိုခ်င္သူအတြက္မတူညီတဲ့ လုပ္ေဆာင္ခ်က္ေတြကိုျပဳလုပ္မယ္ဆိုရင္ေတာ့ ေသခ်ာပါတယ္သူမ်ားနဲ႔မတူတဲ့ အေကာင္းဆုံးဆိုတဲ့ရလဒ္ေတြကို ေတာင့္တလိုက္႐ုံနဲ႔ရမယ့္ ဘဝမ်ိဳးကို ပိုင္ဆိုင္လာမွာပါ။
Change your brain,change your Life.
crd_to_owner
hein_htet_kyaw
Credit to
ေလးစားစြာ𝐂𝐫𝐞𝐝𝐢𝐭_ေပးပါသည္