အောက်တွင် ဗီဒီယိုဖိုင် ထည့်ထားပါသည်။
“သုံးမိနစ်” လျှပ်စစ် ရေနွေး အိုး ပျက်ရင် ပစ်မထားနဲ့အခုလိုပြင်သုံးရင် အများကြီးသုံးလို့ရတယ်။လူသုံးများနေတဲ့ဖော်ပြပါ သုံးမိနစ် လျှပ်စစ်ရေနွေးအိုးတွေဟာ လပိုင်းနဲ့ ပျက်စီး ပြီး စက္ကူ အဟောင်းရောင်းတဲ့ဆိုင်တွေမှာ အချိန်ဈေးနဲ့ လာရောင်းထားတာအများကြီးတွေ.နေရလို့ ပြုပြင် အသုံးချတဲ့နည်းကိုရေးပြလိုက်ပါတယ်။
အခုလို ပြုပြင်ပြီး ကျနော်ကိုယ်တိုင်လက်တွေ့ သုံးနေတာ ၂ နှစ်နီးပါရှိနေပြီး ဖြစ်တယ် ၊မူလ အသစ်ထက်စိတ်ချစွာ အသုံပြုနိုင်တဲ့နည်းပါ။ရေနွေးအိုး အများစု ဟာ power supply. ခေါ် လျှပ်စစ် ကို အောက်ဖက် အဝိုင်းနေရာက ကြွေးပါတယ် ၊ အဲ့ဒီနေရာ မှာတပ်ဆင်ထားတဲ့ terminal ကြေးပြားလေးတွေဟာ အလွန်ပါးပြီးအသုံးပြု တာ ကြာလာရင် အပူဒဏ်ကြောင့် ပျက်စီး ကာ ငုတ်နှစ်ခုမထိ တော့ဘဲ လျှပ်စစ်ဓာတ်မစီးနိုင်ကာ ရေနွေး ကျိုမရဖြစ်တဲ့ဘဝကိုရောက်ရပါတယ်။
အဲသည်တော့ power supplyပေးတဲ့လမ်းကြောင်းအသစ်ထွင်ပြီး တပ်ပေးလိုက်ရင်အကောင်းဖြစ်သွားပါတယ်။(အိုးအများစုက အောက်ဖက်မီးအဝင်နေရာပျက်ကြလို့ပါ)၊ပိုပြီးသေချာခြင်ရင် AVO မီတာနဲ့အောက်ဖက်က အပူပေးကွိုင်ကို ထောက်တိုင်းလို့ အချက်ပြရင် ကွိုင်ကောင်း တာပါဘဲ။
“ပြုပြင်ပုံက”
၁.ယိုးဒယား ကလာတဲ့ ဟင်းကြော်အိုး အနီတွေမှာ သုံးတဲ့ အခံဆော့ကက်ဂေါင်း (ကြွေခံဖြစ်ရပါမယ်)ကို လျှပ်စစ်ဆိုင်တွေမှာ 500/- နဲ့ ဝယ်ပါ။
၂.ရေနွေးအိုးအောက်ဖက် screw သုံးလုံးဖြုတ်ပြီးဖွင့်ပါ။ အလည် အဝိုင်းသို့ power supply ပေး သည့် ဝါယာစ နှစ်စ တွေ့ရပါမည် ။(အပြာနှင့် အနီ) ၊၎င်းအစ နှစ်ခုအား ဘဲနှုတ်သီး ပလာယာဖြင့် အသာဖြုတ်ပါ။ ပုံ (၂ )
၃.ဝယ်လာသည့်ဆော့ကက်အထိုင် မှ ကြွေသား ပါသည့်အပိုင်းကို ယူပြီး ရေနွေးဘူး၏အောက်ခြေတဖက်ခြမ်း ဝါယာကြိုး အလှမ်းမှီရာ နေရာတွင်နေရာချပါ။(အခြားဘက်တွင် အချက်ပြ မီး/pilot lamp)ရှိသည်။
၄.အောက်ခြေ အပေါက်ဖောက်ရာတွင် ဖောက်စက် မရှိပါက ဖော်ပြထားသလို သံချွန် /စကေဘာ ကို မီးအပူပေးပြီး ရေနွေးဘူးအောက်ခံ ကော်သားကို အပေါက်ဖောက် ယူပါ။ ပုံ (၃)
၅.ဆော့ကက်အထိုင် ကြွေခေါင်း တပ်ဆင်နေရာချရာတွင် လျှပ်စစ်ဝင်မည့်ငုတ် နှစ်ခု မထိအောင် စံနစ်တကျ နတ်ကြပ်ပေးပါ။(တဖက်ဖက်ကို ရာဘာ ပိုက်သေး စွပ်ပေးလျှင်ပိုပြီးစိတ်ချရပါသည်။ပုံ (၄)
၆.၎င်းနောက်ပထမ ဖြုတ်ထားခဲ့သည့် ဝါယာ ၂ စကို အသစ်ထိုင်ထားသည့် ကြွေဆော့ကက်တွင် တပ်ဆင်ပေးပြီး အောက်ဘက်မှ screw သုံးလုံးကို စံနစ်တကျ ပြန်တပ် ပေးလျှင် ရေနွေးကြိုနိုင်သည့် အိုးအကောင်းတခု ရလာမည်ဖြစ်ပါသည်။ပုံ(၅)
၇.အသုံးပြု မည့် မီးကြိုးမှာ ယိုးဒယား ဟင်းကြော်အိုး အနီ တွင် အသုံပြုသည့် ကြိုးဖြစ်ပြီး အိမ်တွင် ရှိပါက ထပ်မံဝယ်ယူရန်မလိုအပ်ပါ။ ဝယ်လျှင်1500/- ကျပ် ဝန်းကျင်ပေးရပါသည်။
အိုးအထိုင် အဟောင်း မှ ဝါယာများဖြုတ်ကာ အထိုင်ကို ပြန်ပြီး အသုံပြုနိုင်ပါသည်။ဆော့ကက်အထိုင် မှာ ကြွေ ဖြစ်ရပါမည် ။ရေနွေး အိုးမှာ ဝပ် watt-900 ခန့်ဖြစ်လို့ အထိုင်တွေကို့ စံနစ်တကျ နတ်ကြပ် ရပါမည်။ မထိတထိ ဖြစ်ပါက လျှပ်စစ်spark များဖြစ်ကာ အန္တရာယ်ဖြစ်နိုင်ကြောင်းပါခမျာ။
ရေနွေးအိုး က ဈေးပေါပါတယ်။4500/-ဘဲ ပေးရတာပါ။ ပြင်သုံး ရင် ၂ နှစ် လှည့်မကြည့်ရပါဘူးဗျာ။(ယမန်နေ့က ကျနော် ပြုပြင်ပေးခဲ့သော အမျိုးတယောက်ရဲ့ ရေနွေးအိုး ပါ)ဗဟုသုတ နှင့် ငွေကိုခြွေတာနိုင်စေရန် ရေးသားတင်ပြသည်။
credit:တင်လေးဇော်
လျှပ်စစ်ကျွမ်းကျင် အဆင့် ၂