ၾကားသိရသမွ်

ထိုင္းႏိုင္ငံက ကိုဗစ္စင္တာတစ္ခုမွာ ခက္ခဲစြာ ေနထိုင္ရတဲ့ ျမန္မာအလုပ္သမားေတြရဲ႕ အေျခအေနကို ျပသလာတဲ့ ျပည္သူတစ္ဦး (ရုပ္/သံဖိုင္)

Zawgyi

ထိုင္းႏိုင္ငံက ကိုဗစ္စင္တာတစ္ခုမွာ ခက္ခဲစြာ ေနထိုင္ရတဲ့ ျမန္မာအလုပ္သမားေတြရဲ႕ အေျခအေနကို ျပသလာတဲ့ ျပည္သူတစ္ဦး (ရုပ္/သံဖိုင္)

ျမန္မာျပည္သူေတြအမ်ားအျပား စားဝတ္ေနေရးအတြက္ သြားေရာက္အလုပ္လုပ္ကိုင္ေနၾကတဲ့ ထိုင္းႏိုင္ငံမွာဆိုရင္ တစ္ေက်ာ့ျပန္ျဖစ္ပြားလာခဲ့တဲ့ ဗီဇေျပာင္းကိုဗစ္ေရာဂါေၾကာင့္ လတ္တေလာမွာ ကူးစက္မႈေတြျမင့္တက္ေနခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္ကဆိုရင္လည္း ေရာဂါကူးစက္တဲ့ လူနာေတြကိုထားစရာေနရာမရွိတာေၾကာင့္ လမ္းေဘးေတြမွာပဲ ေဆးကုသရဖို႔ ျဖစ္သလိုေနထိုင္ၾကရတာလည္း ေတြ႕ျမင္ရပါတယ္။

ဒီလို ကိုဗစ္လူနာေတြကို ထားစရာမရွိေလာက္ေအာင္ ကူးစက္ေနတာေၾကာင့္ ျမန္မာျပည္သူေတြအမ်ားအျပား လုပ္ကိုင္ေနၾကတဲ့ စက္႐ုံ၊အလုပ္႐ုံေတြလည္း ပိတ္ထားခဲ့ရပါတယ္။

တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာဆိုရင္လည္း ျမန္မာျပည္သူေတြအမ်ားစု ေရာဂါကူးစက္ခံရၿပီး အေရးေပၚထားရွိတဲ့ ကိုဗစ္စင္တာေတြမွာ ျဖစ္သလိုထားေနတာလည္း ေတြ႕ရပါတယ္။

ထိုင္းလူမ်ိဳးေတြရဲ႕ ခြဲျခားဆက္ဆံမႈေတြေၾကာင့္ ျမန္မာျပည္သူေတြအဖို႔ လက္ရွိမွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရပါတယ္။

ယခုမွာလည္း ကိုဗစ္ေရာကူးစက္ခံေနရတဲ့ ျမန္မာျပည္သူေတြ ေဆးကုသေနရတဲ့ ကိုဗစ္စင္တာရဲ႕ အေျခအေနေတြကို ျပည္သူတစ္ဦးက ဗီဒီယိုေလး႐ိုက္ျပလာခဲ့ပါတယ္။

ဒီဗီဒီယိုကေတာ့ ဆိုးဆိုး႐ြား႐ြား မိုး႐ြာသြန္းမႈေၾကာင့္ မိုးမလုံးတဲ့ ကိုဗစ္စင္တာထဲမွာ ျမန္မာျပည္သူေတြ ျဖစ္သလိုေနရတဲ့ အေျခအေနေလးေတြကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။

ျမန္မာျပည္သူေတြအတြက္ စက္႐ုံကထားတဲ့ ဒီကိုဗစ္စင္တာဟာ ပါထုန္ဌနီျပည္နယ္ထဲက လို႔လည္းသိရပါတယ္။

ယခုလို တိုင္းတစ္ပါးရဲ႕ ကိုဗစ္စင္တာေတြမွာ လူမ်ိဳးေရးခြဲျခားဆက္ဆံမႈေၾကာင့္ ဆင္းရဲဒုကၡေတြနဲ႔ ႀကဳံေတြေနတဲ့ ျမန္မာျပည္သူေတြရဲ႕ ျမင္ကြင္းေတြကေတာ့ တကယ့္ကို စိတ္မေကာင္းျဖစ္ရပါတယ္။

Unicode

ထိုင်းနိုင်ငံက ကိုဗစ်စင်တာတစ်ခုမှာ ခက်ခဲစွာ နေထိုင်ရတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေကို ပြသလာတဲ့ ပြည်သူတစ်ဦး (ရုပ်/သံဖိုင်)

မြန်မာပြည်သူတွေအများအပြား စားဝတ်နေရေးအတွက် သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံမှာဆိုရင် တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့တဲ့ ဗီဇပြောင်းကိုဗစ်ရောဂါကြောင့် လတ်တလောမှာ ကူးစက်မှုတွေမြင့်တက်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကဆိုရင်လည်း ရောဂါကူးစက်တဲ့ လူနာတွေကိုထားစရာနေရာမရှိတာကြောင့် လမ်းဘေးတွေမှာပဲ ဆေးကုသရဖို့ ဖြစ်သလိုနေထိုင်ကြရတာလည်း တွေ့မြင်ရပါတယ်။

ဒီလို ကိုဗစ်လူနာတွေကို ထားစရာမရှိလောက်အောင် ကူးစက်နေတာကြောင့် မြန်မာပြည်သူတွေအများအပြား လုပ်ကိုင်နေကြတဲ့ စက်ရုံ၊အလုပ်ရုံတွေလည်း ပိတ်ထားခဲ့ရပါတယ်။

တချို့မြို့နယ်တွေမှာဆိုရင်လည်း မြန်မာပြည်သူတွေအများစု ရောဂါကူးစက်ခံရပြီး အရေးပေါ်ထားရှိတဲ့ ကိုဗစ်စင်တာတွေမှာ ဖြစ်သလိုထားနေတာလည်း တွေ့ရပါတယ်။

ထိုင်းလူမျိုးတွေရဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် မြန်မာပြည်သူတွေအဖို့ လက်ရှိမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ယခုမှာလည်း ကိုဗစ်ရောကူးစက်ခံနေရတဲ့ မြန်မာပြည်သူတွေ ဆေးကုသနေရတဲ့ ကိုဗစ်စင်တာရဲ့ အခြေအနေတွေကို ပြည်သူတစ်ဦးက ဗီဒီယိုလေးရိုက်ပြလာခဲ့ပါတယ်။

ဒီဗီဒီယိုကတော့ ဆိုးဆိုးရွားရွား မိုးရွာသွန်းမှုကြောင့် မိုးမလုံးတဲ့ ကိုဗစ်စင်တာထဲမှာ မြန်မာပြည်သူတွေ ဖြစ်သလိုနေရတဲ့ အခြေအနေလေးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေအတွက် စက်ရုံကထားတဲ့ ဒီကိုဗစ်စင်တာဟာ ပါထုန်ဌနီပြည်နယ်ထဲက လို့လည်းသိရပါတယ်။

ယခုလို တိုင်းတစ်ပါးရဲ့ ကိုဗစ်စင်တာတွေမှာ လူမျိုးရေးခွဲခြားဆက်ဆံမှုကြောင့် ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေနေတဲ့ မြန်မာပြည်သူတွေရဲ့ မြင်ကွင်းတွေကတော့ တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်။